အသစ်များ > ဒီမိုကရေစီမဖြစ်သည့်အရာ

ဒီမိုကရေစီမဖြစ်သည့်အရာ

2022-08-29

အောက်ပါအကြောင်းအရာသည် ဒီမိုကရေစီမဖြစ်သည့်အရာ (သို့မဟုတ်) ဒီမိုကရေစီက ထုတ်လုပ်ပေးနိုင်စွမ်းငှာမရှိ သောအရာများပင်ဖြစ်သည်။

ဒီမိုကရေစီအယူအဆပေါ် မျှော်မှန်းချက်များ တနင့်တပိုးထားစေရန် ဆွဲဆောင်တတ်ကြ၏၊ ထို့အပြင် ဒီမိုကရေစီကိုရရှိ လိုက်သည်နှင့် လူ့အဖွဲ့အစည်းတစ်ရပ်သည် ၎င်းတွင်ရှိသမျှသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ယဉ် ကျေးမှုဆိုင်ရာပြဿနာရပ်များအားလုံးကို ဖြေရှင်းပြီးဖြစ်လိမ့်မည်ဟူ၍ စိတ်ကူးထင်မြင်မိစေရန် ဆွဲဆောင်ကြသည် လည်းရှိသည်။ ကံအကြောင်းမလှသည်က ကောင်းမွန်သောအရာတိုင်းသည် အဖော်အပါးနှင့်လာတတ်စမြဲမဟုတ်ခြင်း ပင်ဖြစ်သည်။

ပထမတစ်ချက်မှာ ဒီမိုကရေစီစနစ်ဟုဆိုသည်နှင့် အခြားသောအစိုးရပုံစံများထက် စီးပွားရေးအရ ပိုမိုအကျိုးများသည် ဟုယူဆ၍မဖြစ်နိုင်သည်မှာ သေချာသည်။ ဒီမိုကရေစီတိုင်းပြည်များ၏ ဖွံ့ဖြိုးမှု၊ ချွေတာမှုနှင့် ရင်းနှီးမြှုပ်နှံမှုနှုန်းများ သည် ဒီမိုကရေစီမဟုတ်သောတိုင်းပြည်များထက် ပိုမိုကောင်းမွန်မနေခြင်းမျိုးဖြစ်ကောင်းဖြစ်နိုင်သည်။ အထူးသဖြင့် အကူးအပြောင်းကာလအတွင်း ထိုသို့ဖြစ်နိုင်ဖွယ်ရာရှိသည်။ အကူးအပြောင်းကာလတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်ထားသော အုပ်စုများနှင့် အုပ်ချုပ်ရေးအထက်တန်းလွှာတစ်စုသည် ငွေပင်ငွေရင်းများကို ပြန်ထုတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချခြင်း(သို့မဟုတ်) တခြားသောအဖျက်အမှောင့်အလုပ်များကို စတင်လုပ်ဆောင်ခြင်းဖြင့် အာဏာရှင်အုပ်ချုပ် ရေးလက်အောက် ၎င်းတို့ခံစားရရှိနေသည့် အခွင့်အရေးများအပေါ် လက်တွေ့(သို့မဟုတ်)မျှော်မှန်းထားသောအန္တ ရာယ်ပေးခြိမ်းခြောက်မှုများကို ပြန်လည်တုံ့ပြန်ရင်ဆိုင်သွားနိုင်သည်။ ဝင်ငွေဖြန့်ဝေခြင်း၊ စုပေါင်းဝယ်လိုအား၊ ပညာ ရေး၊ ကုန်ထုတ်စွမ်းအားနှင့် ဖန်တီးနိုင်စွမ်းအားတို့အပေါ် ရေရှည်အကျိုးဖြစ်ထွန်းသက်ရောက်စေမည့် ဒီမိုကရေစီဟူ သောအုပ်ချုပ်ရေးပုံစံအပေါ်အချိန်မီ မှီခိုလိုက်ခြင်းသည် နောက်ဆုံးတွင် စီးပွားရေးနှင့် လူမှုရေးစွမ်းဆောင်မှုပိုင်းကိုတိုး တက်စေနိုင်သည်။ သို့သော် ဤအခြေအနေမျိုးများကို ချက်ချင်းလက်ငင်းဖြစ်လာမည်ဟု အလွန်အမင်းမျှော်မှန်းမရ သည်ကတော့ သေချာသည်။

ဒုတိယတစ်ချက်မှာ ဒီမိုကရေစီဟူသည် အုပ်ချုပ်ရေးပိုင်းအရ လည်ပတ်နိုင်ရန်မလွယ်ကူပေ။ ဒီမိုကရေစီသည် ၎င်းက အစားထိုးနေရာဝင်ယူလိုက်သော အုပ်ချုပ်ရေးများထက် ဆုံးဖြတ်ချက်ချရာတွင် ပိုမိုနှောင့်နှေးမှုတောင် ရှိနိုင်သည်။အ ကြောင်းမူ ဆုံးဖြတ်ချက်ချရာတွင် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ပိုတိုင်ပင်ရသည့်အတွက်ကြောင့်ဖြစ်သည်။ (အာဏာရှင် စနစ်များအတွင်း တွေ့ရသော အကျင့်ပျက်လာဘ်စားမှု၏အတိုင်းအဆကို မည်သည့်အခါမျှလျှော့မတွက်သင့်သော် လည်း) ပိုကျယ်ပြန့်ပြီး အရင်းအမြစ်ပိုကြွယ်၀သောသူများထံ ‘လာဘ်ထိုးမှု’ပြုလုပ်ရသဖြင့် ကိစ္စခြင်းရာများ အဆင်ပြေ ပြီးမြောက်သွားနိုင်ရန်အတွက် အရင်းအနှီးသည် ပိုများပြားနိုင်သည်။ ဒီမိုကရေစီအစိုးရသစ်၏လုပ်ဆောင်ချက်အပေါ် လူထု၏ကျေနပ်အားရမှုက ပိုရှိချင်မှရှိနိုင်သည်၊ အကြောင်းမူ လိုအပ်သောစေ့စပ်ညှိနှိုင်းမှုတိုင်းတွင် မည်သူတစ်ဦးတစ် ယောက်ကိုမှ ပြီးပြည့်စုံစွာ အားရကျေနပ်မှုရှိစေနိုင်မည်မဟုတ်သည့်အပြင် ရှုံးသူများဘက်ကလည်း လွတ်လပ်စွာ စော ဒကတက်နိုင်ခွင့်ရှိနေပြန်၍ဖြစ်သည်။

တတိယတစ်ချက်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးများသည် ၎င်းတို့က အစားထိုးဝင်ယူလိုက်သော အာဏာရှင်အုပ်ချုပ်ရေး များထက် ပို၍အစီအစဉ်တကျ၊ သဘောတူခွင့်ပြုမှုရှိရှိ၊ တည်ငြိမ်မှုရှိရှိ (သို့မဟုတ်) အုပ်ချုပ်ရေးပိုနိုင်နင်းဖွယ်ရှိမည်ဟု ဆိုမရပါ။ ထိုသို့ဆိုမရခြင်းသည် ဒီမိုကရေစီနည်းကျလွတ်လပ်စွာဖော်ထုတ်ခွင့်၏တစ်စိတ်တစ်ပိုင်း အကျိုးဆက် ကြောင့်ဖြစ်သည်။ ထို့အပြင် စည်းမျဉ်းသစ်များနှင့်ယန္တရားအဖွဲ့အစည်းသစ်များအပေါ် စဉ်ဆက်မပြတ် သဘောထားကွဲ လွဲနိုင်သည့်အနေအထားကို အထက်ပါဆိုမရခြင်းက ထင်ဟပ်ပြနေပြန်သေး၏။ စည်းမျဉ်းသစ်များ(သို့မဟုတ်) ယန္တ ရားအဖွဲ့အစည်းသစ်များကိုဖော်ဆောင်ရေးအတွေးအမြင်များသည် သက်ဆိုင်ရာပုဂ္ဂိုလ်များက အသုံးမချတတ်လျှင် ပင်ကိုအားဖြင့် ကနဦးတွင် မပီပြင်ဝိုးတဝါးဖြစ်နေတတ်ပြီး အကျိုးဆက်အားဖြင့် မရေမရာဖြစ်နေတတ်သည်။ စိတ်ကူး အကြံအစည်မြင့်မြင့်မားမားဖြင့် လှုံ့ဆော်ဖြစ်ပွားလာသော ပြင်းထန်သည့်လှုပ်ရှားရုန်းကန်ရမှုများ ပေါ်ပေါက်ပြီး နောက်တွင်မှ အထက်ပါ အတွေးအမြင်များသည် ပီပြင်ရှင်းလင်းကာ ရေရာမှုရှိလာတော့သည်။ ကိုယ်ပိုင်အုပ်ချုပ်မှု ရသည်မှာ မကြာသေးသော အစုအဖွဲ့များနှင့် တစ်သီးပုဂ္ဂလများသည် ရေရာသောစည်းမျဉ်းများကို စမ်းသပ်ကျင့်သုံးပါ လိမ့်မည်၊ ရေရာသောအင်စတီကျူးရှင်းများ၏လုပ်ပုံကိုင်ပုံများကို ကန့်ကွက်ဆန္ဒပြကြပါလိမ့်မည်၊ ထို့နောက် အပေးအ ယူလုပ်ကာပြန်လည်ညှိနှိုင်းစေ့စပ်ရေးသည် ၎င်းတို့၏အလုပ်ပါဟု အရေးဆိုကြပါလိမ့်မည်။ အရေးကြီးသောအချက်မှာ ပါတီများသည် မရေရာမှုဖုံးလွှမ်းပြီး သဘောတူညီမှုခပ်တဲတဲမျှသာရှိသော ယေဘုယျစည်းမျဉ်းများဖြင့် စိတ်မပါတပါ ကစားလိုစိတ်ရှိနေခြင်းဖြစ်သည်။

အုပ်ချုပ်ရေးနိုင်နင်းခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးတစ်ခုအတွက်တင်မက အုပ်ချုပ်ရေးအားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီသည် အုပ်ချုပ်နိုင်စွမ်းပကားကို ဆုံးရှုံးစေနိုင်သည်ဟုလည်း အတွေ့အကြုံက ပြသနေပြန်သည်။ လူထုလူတန်းစားအသီးသီးတွင် ဒီမိုကရေစီစနစ်၏လုပ်ဆောင်ချက်အပေါ် မနှစ်မြို့မှုလည်းရှိလာ နိုင်သည်။ ထိုအခါ လူထုသည် ၎င်းတို့မျှော်မှန်းထားသလိုမဖြစ်၍ မကျေမနပ်ဖြစ်လာလိမ့်မည်။ တချို့ကလည်း ယှဉ် ပြိုင်မှုစည်းမျဉ်းသစ်များသည် ၎င်းတို့ကို အားနည်းစေသည်ဟုလည်း တွေးမိကြမည်။ လူအနည်းငယ်ကမူ ၎င်းတို့၏ အရေးကြီးသောအကျိုးစီးပွားများသည် လူထုထဲလူများစုကြီး၏ခြိမ်းခြောက်မှုကို ခံရသည်ဟုပင် ထင်ကောင်းထင်နိုင် သည်။

နောက်ဆုံးအချက်မှာ ဒီမိုကရေစီစနစ်သည် ၎င်းတို့က အစားထိုးဝင်ယူလိုက်သော အာဏာရှင်စနစ်ထက် လူ့အဖွဲ့အ စည်းနှင့် အစိုးရလုပ်ငန်းစဉ်တို့ကို ပိုမိုပွင့်လင်းမှုရှိစေလိမ့်မည်ဟူ၍ဖြစ်သည်။ သို့သော် စီးပွားရေးကိုမူ ပိုမိုပွင့်လင်းမှုရှိ စေမည်ဟုသေချာပေါက်ပြော၍မရပြန်ပါ။ ယနေ့ခေတ် အောင်မြင်မှုအရှိဆုံး၊ ကောင်းစွာတည်ဆောက်ထားသောဒီမိုက ရေစီနိုင်ငံအတော်များများကိုကြည့်လျှင် သမိုင်းတစ်လျှောက် အမျိုးသားအကျိုးစီးပွားကာကွယ်ရေးစနစ်ကို ကျင့်သုံး ပြီး နယ်စပ်တံခါးများကို ပိတ်ထားကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစိုးရအင်စတီကျူးရှင်းများအပေါ် ကို မှီခိုထားသည်ကို တွေ့ရပါမည်။

ဒီမိုကရေစီဖော်ဆောင်ကူးပြောင်းခြင်းမည်သည် စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေးတည်ငြိမ်အေးချမ်းခြင်း၊ အုပ်ချုပ်ရေးတိုး တက်ကောင်းမွန်ခြင်း၊ နိုင်ငံရေးသဘောထားညီညွတ်ခြင်း၊ လွတ်လပ်စျေးကွက်များ(သို့မဟုတ်) ‘အတွေးအခေါ်ဝါဒ ခေတ်နိဂုံးချုပ်ခြင်း’တို့ကို မုချမလွဲဆောင်ကြဉ်းပေးလိမ့်မည်မဟုတ်ပါ။

အထက်ပါအခြင်းအရာများသည် ဒီမိုကရေစီစနစ် ခိုင်မာစေရေးကို ပိုမိုပံ့ပိုးလုပ်ဆောင်ပေးနိုင်သည်မှာ သံသယဖြစ်စရာ မရှိပါ၊ သို့သော်ထိုအခြင်းအရာများသည် ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်လိုအပ်ချက်များလည်းမဟုတ်၊ ဒီမိုကရေစီစ နစ်၏ ချက်ချင်းလက်ငင်းအကျိုးပေးရလဒ်များလည်း မဟုတ်ပြန်ပါ။ ဒီမိုကရေစီဟူသည်

  • အစိုးရဖွဲ့စည်းရန်နှင့် ပြည်သူ့မူဝါဒတွင် ဩဇာညောင်းနိုင်ရန် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်နိုင်သည့်
  • ပုံမှန်လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် လူမှုရေးနှင့် စီးပွားရေးပဋိပက္ခများကို လမ်းဖောက်ဖြေရှင်းပေးနိုင်သည့်
  • အရပ်ဖက်လူ့အဖွဲ့အစည်းကို ၎င်းတို့၏မဲဆန္ဒနယ်မြေများနှင့် လုံလောက်သောချိတ်ဆက်မှုများကို ပေးကာ စုပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းအပေါ် အရပ်ဖက်လူ့အဖွဲ့အစည်းတို့ ယုံကြည်သက်ဝင်လာစေရန်ဆောင်ရွက် ပေးနိုင်သည့် နိုင်ငံရေးရာ(ယန္တရား)တည်ဆောက်ခြင်းများ ပေါ်ထွက်လာရေးပင်ဖြစ်သည်။

အသစ်ထွက်ပေါ်စ၊ ထိလွယ်ရှလွယ်သော ဒီမိုကရေစီစနစ်သည် အထက်တွင်ဖော်ပြခဲ့သော ကောင်းကျိုးတရားများအား လုံးကို ချက်ချင်းလက်ငင်း ထုတ်လုပ်မပေးနိုင်ပါ၊ သို့သော် နောက်ဆုံးတွင် အာဏာရှင်စနစ်ထက် ဒီမိုကရေစီစနစ်ထံမှ အထက်ပါကောင်းကျိုးတရားများကို ရရှိရန်အခွင့်အလမ်းက ပိုများနေသည်။