အသစ်များ > ဖင်လန်နိုင်ငံရှိ လူငယ်ရေးရာနိုင်ငံရေးပါတီ

ဖင်လန်နိုင်ငံရှိ လူငယ်ရေးရာနိုင်ငံရေးပါတီ

2022-08-29

လူငယ်ရေးရာအဖွဲ့ဆိုသည်မှာ လူငယ်(၁၈-၃၀)အဖွဲ့ဝင်များ (သို့မဟုတ်) ၎င်းတို့၏ မိခင်ပါတီဝင်များကို ပစ်မှတ်ထား သော နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်နေသည့် အဖွဲ့အစည်းများကို ဆိုလိုသည်။ မဲဆန္ဒရှင်လူငယ်များကြားတွင် မိခင် ပါတီများ၏မဲဆွယ်စည်းရုံးရေးအပေါ် ထောက်ခံမှုရရှိစေရန် လူငယ်ရေးရာအဖွဲ့များကို ဖွဲ့စည်းထားခြင်းဖြစ်သည်။လူ ငယ်ရေးရာအဖွဲ့များသည် မူဝါဒနှင့် အတွေးအခေါ်အကြောင်း အချေအတင်စကားစစ်ထိုး ဆွေးနွေးသည့်ပုံစံအဖြစ် လည်း ရှိတတ်သည်။

လူငယ်ရေးရာအဖွဲ့များသည်၎င်းတို့၏မိခင်ပါတီများအတွက်အရေးပါသောအထောက်အပံ့အခြေခံတစ်ရပ်ဖြစ်သည်။ အ နာဂတ်တွင် ဆုံးဖြတ်ချက်ချသူများကို စုဆောင်းခြင်း၊ အဖွဲ့ဝင်သစ်များဖြင့် အားဖြည့်ခြင်းစသည်တို့တွင်လည်း လူငယ် ရေးရာအဖွဲ့များက အရေးပါသောကဏ္ဍမှပါဝင်လုပ်ဆောင်ကြသည်။ ၎င်းတို့၏အဓိကလုပ်ငန်းဆောင်တာများအနက် တစ်ခုမှာ မိခင်ပါတီအဖွဲ့များတွင် မူဝါဒချမှတ်ရာ၌ ဩဇာညောင်းမှုရှိရေးပင်ဖြစ်သည်။ ထို့အပြင် အဆိုပါအဖွဲ့များသည် ငယ်ရွယ်သူပြည်သူတို့၏အကျိုးစီးပွားများကိုလည်း တာဝန်ယူကြီးကြပ်ပေးရသည်။

လူငယ်နိုင်ငံရေးအဖွဲ့အစည်းများသည် လူငယ်ထုကြား နိုင်ငံရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များအပေါ် စိတ်ပါဝင်စားလာစေရန် နှိုးဆော်ပေးပြီး ယင်းကိစ္စရပ်များအကြောင်းကို လူငယ်များနှင့်သင့်တော်မည့်ပုံစံမျိုးဖြင့်အသိ ပညာပေးဖြန့်ဝေရန် ကြိုးပမ်းကြသည်။ လူငယ်အဖွဲ့အစည်းများကြောင့်ပင် ပါတီများသည် ငယ်ရွယ်သောမျိုးဆက် သစ်အဖွဲ့ဝင်များကို ရရှိလာခြင်းဖြစ်သည်။ လူငယ်များသည် ၎င်းတို့၏ပါတီကို ပြုပြင်ပြောင်းလဲရန်နှင့် တိုးတက်စေရန် သဘောထားရေးရာအရ စိန်ခေါ်ကြသည်။ လူငယ်နိုင်ငံရေးအဖွဲ့အစည်းများသည် ၎င်းတို့၏မိခင်ပါတီများအတွင်း လို အပ်သောဝေဖန်ရေးအသံတစ်သံဖြစ်သည်။

ရွေးကောက်ပွဲကိစ္စရပ်များနှင့် မဲဆွယ်စည်းရေးရုံးများတွင် လူငယ်အမတ်လောင်းများကို လူငယ်အဖွဲ့အစည်းများက လမ်းညွှန်ပြသပေးသည်။ လူငယ်အဖွဲ့အစည်းများသာမရှိပါက လူငယ်အမတ်လောင်း နည်းပါးမည်ဖြစ်​ပြီး နယ်ပယ်အ သီးသီးတွင် အာဏာရာထူးနေရာများအတွက် ရွေးချယ်ခံရမည့် လူငယ်ကိုယ်စားလှယ်များ ပိုနည်းပါးသွားမည်မှာသံသ ယဖြစ်ရာမရှိပါ။ မူဝါဒရေးဆွဲရာတွင် လူငယ်များပါဝင်ဆောင်ရွက်ရေးသည် ကိုယ်စားပြုဒီမိုကရေစီ၏အရေးပါသောသ ဘာ၀တစ်ရပ်ဖြစ်သည်။ လူငယ်ဟူသည် လူငယ်ရေးရာကိစ္စရပ်များတွင် အထူးကျွမ်းကျင်သူများဖြစ်သည်မှာအမှန်ပင်။

လူငယ်နိုင်ငံရေးအဖွဲ့အစည်းများသည် ဖင်လန်နိုင်ငံ၏နိုင်ငံရေးစနစ်တွင် သိသာထင်ရှားသောအစိတ်အပိုင်းပင်ဖြစ် သည်။ ဖင်လန်နိုင်ငံတွင်ရှိသော လူငယ်နိုင်ငံရေးအဖွဲ့အစည်းတချို့တွင် အောက်ပါတို့ပါဝင်သည်။

အစိမ်းရောင်လူငယ်နှင့် ကျောင်းသားများအဖွဲ့ချုပ်

ဤအဖွဲ့သည် အမျိုးသားအစိမ်းရောင်လူငယ်အသင်းအဖွဲ့ပင်ဖြစ်သည်။ ဆင်းရဲမွဲတေမှု၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုနှင့် ကျားမလိင်တန်းတူညီမျှမရှိခြင်းစသည်တို့သည် ပင်ကိုသဘာ၀ကျကျဖြစ်ရပ်များမဟုတ်ဘဲ နိုင်ငံရေးဆိုင် ရာရွေးချယ်ချက်များဖြစ်သည်ဟု ဤအဖွဲ့ဝင်တို့က ပြောကြသည်။ အခြားနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်၍အမြဲတမ်း ရနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

သဘာ၀ပတ်ဝန်းကျင်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူမှုရေးတရားမျှတမှုတို့သည် ဤအဖွဲ့ချုပ်ကအခြေခံထားသည့် အစိမ်းရောင်လှုပ်ရှားမှု၏အဓိကမဏ္ဍိုင်ကြီးလေးရပ်ဖြစ်သည်။ မျက်မှောက်ခေတ် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေသော ဘ၀နေထိုင်မှုပုံစံများကို ဆက်ခွင့်ပြုထား၍မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က တင်ပြသည်။ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသောအရိပ်လက္ခဏာတစ်ရပ်မှာ ရာသီဥတု အလျှင်အမြန်ပြောင်းလဲလာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သဘာ၀ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုတိကျပြတ်သားသော စီမံချက်များကိုဖော်ဆောင် ရန် လိုအပ်ကြောင်း ၎င်းတို့က တင်ပြလာသည်။

ဖင်လန်လူငယ်ရေးရာဌာန

ဤအဖွဲ့သည် ၎င်းတို့ထားရှိသောစံနှုန်းများနှင့် အစီအစဉ်များနှင့်အညီ လူ့အဖွဲ့အစည်းအတွင် ဩဇာညောင်းလူငယ်နိုင် ငံရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ တက်ကြွသောနိုင်ငံသားများဖြစ်စေရန် လူငယ်များကို ပညာသင်ပေးသည်။ ၁၉၄၅ ခုနှစ်တွင် ဤအဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့သည်။

လူမှုရေးရာတိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်သူလူထုက ပါဝင်ဆုံးဖြတ်ရမည်ဟု ဤအဖွဲ့ကယုံကြည်သည်။ လူ့အဖွဲ့အ စည်းတစ်ရပ်၏တာဝန်နှင့် အစိုးရ၏တာဝန်အကြောင်းကို သတ်မှတ်ပြောဆိုရာတွင် ရှိနေသောလူမှုအရင်းအနှီးများကို မည်သို့စီမံကိုင်တွယ်မည်ဟူသောရှုထောင့်အမြင်မှမဟုတ်ဘဲ ပြည်သူလူထု၏လူမှုဘ၀ဖူလုံရေးနှင့် လူသားဆန်မှုတရား ထွန်းကားရေးဟူသောရှုထောင့်အမြင်မှသာ ဤအဖွဲ့က ပြောဆိုတတ်သည်။ ထိုသို့ ပြည်သူ့လူမှုဘ၀ဖူလုံရေးနှင့် လူ သားဆန်မှုတရားထွန်းကားရေးသည် ရှိရှိသမျှသောလူအဖွဲ့အစည်းဆိုင်ရာတိုးတက်ထွန်းကားမှုအားလုံးအနက် ပဓာန အကျဆုံးသောစံနှုန်းများဖြစ်ရမည်ဟု ဤအဖွဲ့က လက်ခံထားသည်။ လူစိတ်ရှိရေး/လူဆန်ရေးဟူသောသဘောတရား သည် ဖင်လန်လူငယ်ရေးရာအဖွဲ့အတွက် စံနှုန်းလေးရပ်ကို ဆောင်ကြဉ်းပေးလာသည်။ ၎င်းတို့မှာ ယဉ်ကျေးမှု၊ တန်း တူညီမျှရေး၊ သဘာ၀တရားကို ထိန်းသိမ်းထောက်ပံ့ရေးနှင့် အသိုင်းအဝိုင်းစိတ်ဓာတ်တို့ပင်ဖြစ်သည်။

ဖင်လန်ခရစ်ယာန်ဒီမိုကရက်တစ်လူငယ်အဖွဲ့

လူသားတိုင်းတွင် တန်းတူညီမျှသောလူ့ဂုဏ်သိက္ခာရှိရမည်ဟူသော အချက်ကို အခြေခံကာ လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းပင်ဖြစ်သည်။ ၎င်းတို့၏မူဝါဒများသည် အဆိုပါအချက်မှ စ၍တာထွက်သည်။ လူငယ်အဖွဲ့အစည်း၏မူဝါဒ များသည် သမ္မာကျမ်းစာအပေါ် အခြေခံမထားသော်လည်း ခရစ်ယာန်တို့၏လူနှင့်ဘ၀တန်ဖိုးအပေါ်အမြင်များကမူ ၎င်း အဖွဲ့အတွက် အရေးပါသည်။

နိုင်ငံရေးနယ်ပယ်တွင်မူ ခရစ်ယာန်ဒီမိုကရက်များနှင့် ခရစ်ယာန်ဒီမိုကရက်လူငယ်များသည် အလယ်-လက်ယာလမ်း စဉ်ပေါ်တွင် တည်ရှိသည်။ သို့သော် ဤအဖွဲ့၏မူဝါဒတွင် လူ့အဖွဲ့အစည်း၏ ပိုအားနည်းသောလူများဘက်က ရပ်တည် ပေးသည့်လက္ခဏာတစ်ရပ်ရှိနေသည်။

Svensk Ungdom - ဖင်လန်ရှိ လူငယ်အဖွဲ့အစည်းဖြစ်သော ဆွီဒင်ပြည်သူ့ပါတီ

ဖင်လန်နိုင်ငံတွင်ရှိသော လူငယ်အဖွဲ့အစည်းဖြစ်သည့် ဆွီဒင်ပြည်သူ့ပါတီဖြစ်သည်။ အဖွဲ့၏အဓိကရည်မှန်းချက်သည် နိုင်ငံရေးတွင် ဆွီဒင်စကားပြောဖင်လန်လူငယ်တို့၏ဩဇာလွှမ်းမိုးမှုကို မြှင့်တင်နိုင်ရန် အဆိုပါလူငယ်ထု၏စွမ်းရည်နှင့် စွမ်းပကားကို စုစည်းပေးရန်ဖြစ်သည်။ ဤအဖွဲ့သည် ပထမဦးဆုံးသော လစ်ဘရယ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သလို တစ် သီးပုဂ္ဂလဝါဒအပေါ် အခိုင်အမာယုံကြည်သည်။ လူတစ်ဦးသည် အစိုးရ၏အလွန်အကျွံ ကြားဝင်စွက်ဖက်မှုနှင့် အတား အဆီးများချမှတ်ကန့်သတ်ခံရခြင်းမရှိစေဘဲ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်ခွင့်ရှိသည်ဟု ဤအဖွဲ့ကလက်ခံ ထားသည်။ အစိုးရ၏ဆုံးဖြတ်ချက်များကို လူသားဆန်သောရှုထောင့်မှ ကြည့်မြင်စဉ်းစားသင့်ကြောင်း ၎င်းတို့ကအဆို ပြုကြသေးသည်။

Sveensk Ungdom သည် ကျယ်ပြန့်သောနိုင်ငံရေးအတွေးအခေါ်တစ်ရပ်ကို ကိုယ်စားပြုထားပြီး မတူကွဲပြားမှုကိုအား သာချက်တစ်ရပ်အဖြစ် ရှုမြင်စဉ်းစားသည်။ အဖွဲ့အစည်းကို သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ ဝင်များကပင် အဖွဲ့၏မူဝါဒကို ပုံဖော်သည်။ အဖွဲ့အစည်းတွင်ရှိသမျှသဘောထားအမြင်အားလုံးကို အဖွဲ့ဝင်များက ထောက်ခံပေးရသည်တော့မဟုတ်ပါ၊ သို့သော် အရေးကြီးသည်ဟု ၎င်းတို့ ယူဆသောပြဿနာရပ်များကို တင်ပြဆွေး နွေးနိုင်သဖြင့် အဖွဲ့အစည်း၏နိုင်ငံရေးအပေါ် ဩဇာညောင်းမှုရှိသည်ဟု ဆိုနိုင်သည်။

ဖင်လန်လက်ဝဲလူငယ်အဖွဲ့

တန်းတူညီမျှရေး၊ ဒီမိုကရေစီရှင်သန်အားကောင်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ကမ္ဘာ့အရင်းရှင်စနစ်ကို ဆန့်ကျင်ပြီး သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှုရရှိရေးတို့အတွက် နိုင်ငံရေးအရတက်ကြွလှုပ်ရှားသော လက်ဝဲစိမ်းဆန်ပြီး ဣတ္ထိယဝါဒအမြင်ရှိသည့် အရပ်သားနှင့် လူငယ်ထုတို့ပေါင်းစည်းဖွဲ့ထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

လက်ဝဲလူငယ်အဖွဲ့သည် လမ်းမများပေါ်ထွက်၍သော်လည်းကောင်း၊ နိုင်ငံရေးအဆောက်အအုံးများအတွင်းဝင်၍ သော်လည်းကောင်း လှုပ်ရှားဆောင်ရွက်ကြသည်။ ဖင်လန်လက်ဝဲလူငယ်အဖွဲ့၏သဘောထားအမြင်တွင် လူ့အဖွဲ့အ စည်းသည် လူတိုင်းကို ၎င်းတို့၏ဝင်ငွေအချိုးအစားမည်မျှဖြစ်စေ အဓိကမထားဘဲ လုံခြုံစိတ်ချရသောဘ၀နေထိုင်မှု၊ အိမ်ရာ၊ ပညာရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကိုယ်ပိုင်လွတ်လပ်မှုရရှိရေးတို့အတွက် အာမခံပေးသင့်သည်ဟု ယူ ဆထားသည်။ ကောင်းမွန်သောဘ၀ဟူသည် အခွန်ထမ်းလိုစိတ်၊ အလုပ်တာဝန်ခွဲဝေယူလိုစိတ်၊ တာဝန်ယူမှုရှိရှိဖြင့် စား သုံးမှုကို လျှော့ချသုံးစွဲလိုစိတ်များရှိရန်လိုအပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကမ္ဘာ့အရင်းရှင်စနစ်၏လက်တံ့များကို မဖြုတ် ချလျှင် သဘာဝတ်ပန်းကျင်ကို ကယ်တင်၍မရနိုင်ပါဟု ဤအဖွဲ့ကယုံကြည်သည်။

ဖင်လန်နိုင်ငံရှိ ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့

၁၉၀၆ခုနှစ်တွင် စတင်တည်ထောက်ခဲ့သော ဤအဖွဲ့သည် ကမ္ဘာကြီးကို လူသားအားလုံးအတွက် ပိုမိုမျှတသောနေရာ တစ်နေရာဖြစ်အောင် ဖန်တီးပေးလိုသောစိတ်ဆန္ဒရှိကြသည့် လူငယ်များဖြင့်ဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။

ယင်းအဖွဲ့၏အမြင်အရ ဆိုရှယ်ဒီမိုကရေစီ၏ရည်မှန်းချက်သည် လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် စည်းလုံးညီညွတ်မှုတို့ ရှိရာလူ့အဖွဲ့အစည်းတစ်ခု ထွန်းကားရေးပင်ဖြစ်သည်။ အဆိုပါလူ့အဖွဲ့အစည်းတွင် လူတစ်ဦးစီတိုင်းသည် သူ/သူမ အတွက် အပြင် လူသားအားလုံးအတွက် လူမှုဘ၀ဖူလုံရေးကို ၎င်းတို့တွင်ရှိသောအရည်အချင်းအလိုက် ဖော်ဆောင်ပေး နိုင်သည်ဟု ဤအဖွဲ့ကယုံကြည်သည်။ သဘာ၀ပတ်ဝန်းကျင်နှင့် လူသားတိုင်းသည် ဂရုစိုက်စောင့်ရှောက်မှုကိုခံရ သင့် ကြောင်း၊ အခွင့်အရေးနှင့် တာဝန်များဟန်ချက်ညီညီဖြစ်မှ တရားမျှတမှု ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ၎င်းတို့က ယူဆသည်။

ကိုယ့်ကိုယ်ကို အခြားသူများ၏နေရာမှဝင်၍ကြည့်မြင်တတ်ရမည်ဟု သိနားလည်ရန်လိုအပ်သဖြင့် ဆွေးနွေးခြင်းအနု ပညာနှင့် အတွေးအမြင်သစ်များကို လမ်းဖွင့်ပေးရေးသည် ဘ၀၏အရေးပါသောကောင်းကျိုးတရားများဖြစ်သည်ဟု ဆို ရှယ်ဒီမိုကရက်လူငယ်အဖွဲ့က ယုံကြည်ထားသည်။ အကောင်းဆုံးစံနှုန်းများနှင့် ဆောင်ရွက်ချက်များသည် ပူးပေါင်း ဆောင်ရွက်ခြင်း၏ရလဒ်ပင်ဖြစ်သည်ဟု ၎င်းတို့က ယူဆသည်။

စစ်မှန်သောဖင်လန်လူငယ်အဖွဲ့

ဤအဖွဲ့သည် အမျိုးသားရေးဝါဒသက်ဝင်သည်၊ ပေါ်ပြူလစ်1အမြင်ကဲသည်၊ လူမှုရေးအရ ရှေးရိုးကွန်ဆာဗေးတစ်ဆန် ​ ပြီး ဥရောပပေါင်းစည်းရေးကို ဆန့်ကျင်သော လူငယ်နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဤအဖွဲ့အတွက် အမျိုးသားရေးဝါ ဒသည် အနောက်တိုင်းဒီမိုကရေစီနှုန်းစံများကို ကာကွယ်စောင့်ရှောက်ရေးထက် အရေးအကြီးဆုံးအရာဖြစ်ပြီး ဖင်လန် အမျိုးသားရေးစရိုက်လက္ခဏာကို လေးစားစောင့်ထိန်းရေးနှင့် နောဒစ်လူမှုထောက်ပံ့ရေးစနစ်ကို ပျက်ပြားစေရန်ကြိုး ပမ်းချက်များအားလုံးအပေါ် ဆန့်ကျင်ရေးတို့ကို ရည်ရွယ်သည်။ ဖင်လန်လူမျိုးနှင့် အနောက်ယဉ်ကျေးမှုကို အထိခိုက် ခံကာ ယဉ်ကျေးမှုပေါင်းစုံစည်းလုံးရေးအတွက် မဲဆွယ်စည်းရုံးခြင်းသည် ဉာဏ်အမြော်အမြင်နည်းရာကျသည်ဟု ဤ လူငယ်အဖွဲ့က မြင်သည်။

ပေါ်ပြူလစ်ဝါဒသည် ရေပေါ်ဆီလူတစ်စု၊ အကျင့်ပျက်ခြစားမှုနှင့် မျက်နှာပြောင်တိုက်ရာကျသည့် ဗြူရိုကရေစီစနစ်တို့ ၏အကျိုးစီးပွားများကို ကန့်ကွက်ဆန့်ကျင်သော နိုင်ငံရေးအတွေးအခေါ်တစ်ရပ်ဖြစ်သည်ဟု စစ်မှန်သောဖင်လန်လူ ငယ်အဖွဲ့က ရှုမြင်သည်။ လွတ်လပ်ပြီး အကျိုးများသော စျေးကွက်စီးပွားရေးစနစ်ကို ၎င်းတို့ကထောက်ခံသည်၊ ယော ကျ်ား၊မိန်းမ မရွေးဘုံတူညီသော ဓနဥစ္စာနှင့် လူမှုဘ၀တိုးတက်ကောင်းစားရေးကို ဖန်တီးပေးမည့် အစုအဖွဲ့များဖြစ် လျှင် ၎င်းတို့က ထောက်ခံအားပေးမည်သာဖြစ်သည်။ သို့သော် ရုပ်၀တ္ထုပစ္စည်းများသည် အဆုံးသတ်ပန်းတိုင်မဟုတ် ဘဲ လူသားဆန်မှုနှင့် လူလူချင်းညှာတာရေးတို့ကို မြှင့်တင်၊ တန်ဖိုးထားရန် နည်းနားများသာဖြစ်သည်ဟု ဤအဖွဲ့က ခံ ယူထားသည်။

ကိုးကား။ Political Youth Organisations: Strengthening the Voice of Youth in Politics: The Finnish Expereince

1 ဆင်းရဲသားအကျိုးဆောင်ဝါဒဟု နိုင်ငံရေးအဘိဓာန်တချို့တွင်ဖွင့်ဆိုထားသည်။ လူထုအများ(အထူးသဖြင့် ကျေးလက်နေပြည်သူများ)သည် အုပ်ချုပ်သူရေပေါ်ဆီလူတစ်စု(အေးလိလူတန်းစား/the elites) ၏ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရကြရသည်ဖြစ်၍ထိုဖိနှိပ်ခံပြည်သူ့အကျိုးကိုထမ်းဆောင်ပေးရမည်ဟုခံယူထားသောဝါဒဖြစ်သည်။