အသစ်များ > ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် နယ်မြေအခြေစိုက်နိုင်ငံရေးပါတီများ

ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် နယ်မြေအခြေစိုက်နိုင်ငံရေးပါတီများ

2022-09-06

ဖက်ဒရယ်စနစ်အကြောင်း ဆွေးနွေးပွဲများတွင် အရေးတကြီးပါဝင်နေသည်များမှာ မိမိတို့၏နယ်မြေ သို့ တိုင်း ရင်းသားလူမျိုးစုအဖွဲ့များ၏အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် လှုံ့ဆော်ကြသည့်နယ်မြေအခြေစိုက် သို့ တိုင်းရင်းသားလူမျိုးစုပါတီများပင်ဖြစ်သည်။ ဤပါတီများသည် တစ်နိုင်ငံလုံး၏အကျိုးစီးပွားအပေါ် အရေး ထားသော နိုင်ငံအနှံ့လှုံ့ဆော်သည့်ပါတီများ (SWP) နှင့်ကွဲပြားသည်။

ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားလူမျိုးစု သို့ နယ်မြေအခြေစိုက်ပါတီများကို ဩဇာအရှိန်အဝါတက်စေနိုင် သည်၊ ထို့အပြင် ယင်းပါတီများအတွက် ဗဟိုအစိုးရ၊ အခြားသောဖက်ဒရယ်အစိုးရများနှင့် SWP များနှင့်စေ့စပ် ဆွေးနွေးရန် လိုအပ်သော နိုင်ငံရေးရပ်တည်ချက်ကိုလည်း တည်ဆောက်ပေးနိုင်သည်။ တချို့ကိစ္စရပ်များတွင် ဖက်ဒရယ်စနစ်သည် ယင်းပါတီများကို အမျိုးသားနိုင်ငံရေးစနစ်ထဲ ပေါင်းစည်းစုရုံးပေးလိုက်ခြင်းဖြင့် အမျိုး သားစည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်းစေပါသည်။

နယ်မြေအဆင့်/အမျိုးသားအဆင့်ပါတီများ၏တောင်းဆိုချက်များသည် နယ်မြေအစိုးရထံ အာဏာများကို လွှဲ ပြောင်းပေးမှုနှင့် သက်ဆိုင်နေတတ်သည်။ ယင်းပါတီများသည် အဆိုပါတောင်းဆိုချက်များကို အမျိုးသားဗဟို အစိုးရထံ တိုက်ရိုက်ဖိအားပေး၍တောင်းဆိုသည်၊ ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှတစ်ဆင့် တစ်မျိုးသားလုံးနှင့်ဆိုင် ရာပါတီများ၏ နယ်မြေအခြေစိုက်ပါတီဌာနခွဲများအပေါ် ဖိအားပေး၍လည်း တောင်းဆိုကြသည်။ ဤသို့ဖိ အားပေးတောင်းဆိုခြင်းကြောင့် တစ်မျိုးသားလုံးနှင့်ဆိုင်ရာပါတီများသည် ယင်းတို့၏မူဝါဒအနေအထားများ ကို နယ်မြေအဆင့်ရွေးကောက်ပွဲစိန်ခေါ်မှုကို ပြေလည်စေရန်အတွက် တိုင်းရင်းသားလူမျိုးစု သို့ နယ်မြေခံလူ နည်းစုများ၏လိုအပ်ချက်များ၊ အလေးထားချက်များနှင့် ပိုမိုနီးကပ်စွာ ညှိနှိုင်းစေ့စပ်ယူလာရတော့သည်။

နှိုင်းယှဉ်လေ့လာချက်၊ အိန္ဒိယနိုင်ငံရှိနယ်မြေကိုယ်ပိုင်စိုးမိုးရေးစနစ်

အိန္ဒိယနိုင်ငံတွင် နယ်မြေကိုယ်ပိုင်စိုးမိုးရေးစနစ်သည် တစ်နိုင်ငံလုံးအနှံ့ဖြစ်ထွန်းသော ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး အတွေးအခေါ်ကောင်းကောင်း၊ စည်းရုံးရေးကောင်းကောင်းဖြင့်ထွက်ပေါ်လာသော လှုံ့ဆော်လှုပ်ရှားမှုများကို ကြည့်လျှင် နယ်မြေကိုယ်ပိုင်စိုးမိုးရေးစနစ်၏ပုံစံကို တွေ့ရတတ်သည်။

အထက်ပါ နိုင်ငံရေး/နယ်မြေအခြေခံ လှုပ်ရှားမှုများ၏ တောင်းဆိုချက်များသည် ပုံစံလေးမျိုးရှိသည်။

၁။ သီးခြားပြည်နယ်ဘ၀ကို လိုချင်၍ သက်ဆိုင်ရာဒေသခံလူထု၏ တောင်းဆိုချက်

၂။ အိန္ဒိယပြည်ထောင်စုမှခွဲထွက်ရေးအတွက် သက်ဆိုင်ရာဒေသခံလူထု၏တောင်းဆိုချက်

၃။ အတောင်အလက်ပြည့်၀စုံလင်သောပြည်ထောင်စုသားဘ၀ရရှိရေးအတွက် ပြည်ထောင်စုနယ်မြေပိုင်နက် များမှ လူထု၏ တောင်းဆိုချက် နှင့်

၄။ ပြည်နယ်ချင်း အငြင်းအခုံဖြစ်ရာတွင် အသာပေးဖြေရှင်းပေးမှုကို ရရှိရေးအတွက် သက်ဆိုင်ရာလူထု၏ တောင်းဆိုချက်

နယ်မြေကိုယ်ပိုင်စိုးမိုးရေးသမားများနှင့်အမျိုးသားရေးဝါဒီများသည် အဓိကနယ်ပယ်ခြောက်ခုတွင် ပဋိပက္ခအ တလည်ဖြစ်ပွားကြသည်။ ယင်းနယ်ပယ်များမှာ

။ ဘာသာစကားမူဝါဒ

၂။ ပညာရေးမူဝါဒ

၃။ အရင်းအမြစ်ခွဲဝေရေး

၄။ လူထူမီဒီယာထိန်းချုပ်မှု

ရွေးကောက်ပွဲယှဉ်ပြိုင်မှု

နိုင်ငံတော်ယန္တရားကို အပြည့်အ၀ထိန်းချုပ်ကာ အသုံးပြုရေး

ကိုးကား၊ Role of Political Parties in Balancing Federalism and Regionalism

 

ယ်သာလန်နိုင်ငံရှိ ဒေသတွင်းနိုင်ငံရေးကွဲလွဲချက်များ

အမျိုးသား(ဗဟို)အဆင့်ပါတီများသည် သီးခြားလွတ်လပ်သောဒေသအဆင့်ပါတီများထက် အမျိုးအစားခွဲခြား ရပိုမိုလွယ်ကူနိုင်သည်။ မဲဆန္ဒရှင်စစ်တမ်းအရ ဒတ်ချ်မဲဆန္ဒရှင်အားလုံးသည် အမျိုးသားအဆင့်ပါတီများကို နိုင်ငံရေးရပ်တည်ချက်အရ လက်ဝဲ-လက်ယာအစွန်းတွင် ထားရှိသည်၊ နှိုင်းယှဉ်လေ့လာကာ ကြောင်းကျိုးညီ စွာအပြင် တည်ငြိမ်သောအခြေခံတစ်ခုဖြင့် ယင်းသို့ ထားရှိခြင်းဖြစ်သည်။ ဤသို့ထားလိုက်ခြင်းကြောင့် အမျိုး သားအဆင့်ပါတီများ၏အတွေးအခေါ်ဝါဒကောက်ကြောင်းပုံသည် ထင်ရှားပီပြင်သွား၏။ သို့ရာတွင် ဒေသအ ဆင့်ပါတီများအတွက်မူ ကောက်ကြောင်းပုံက အဆိုးဘက်ဖြစ်နေပြန်သည်။ အမျိုးသားအဆင့်ပါတီကောက် ကြောင်းများသည် အဓိကအားဖြင့် အမျိုးသားရေးကိစ္စရပ်အကြောင်းအရာများအပေါ်ကို အခြေခံထားသဖြင့် ယင်းတို့၏ ဒေသဆိုင်ရာအရေးကိစ္စအပေါ် ရပ်တည်ချက်များမှာမူ ပီပြင်ရှင်းလင်းမှုမရှိဖြစ်နေတတ်သည်။ သီး ခြားလွတ်လပ်သောဒေသအဆင့်ပါတီများမှာမူ ယင်းအခြေအနေနှင့်ပြောင်းပြန်ပင်။ ဒေသအဆင့်ပါတီများ၏ နိုင်ငံရေးအတွေးအခေါ်ရပ်တည်ချက်သည် အစဉ်အလာ လက်ဝဲ-လက်ယာစွန်းတွင် ရှိ၊မရှိက မသဲကွဲသော်ငြား လည်း ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်၍ ယင်းတို့၏ရပ်တည်ချက်ကမူ တိကျရှင်းလင်းသည်။ ထို့ကြောင့် သီးခြားလွတ်လပ်သောပါတီများသည် အစဉ်အလာ လက်ဝဲလက်ယာခွဲခြားချက်အပြင် နိုင်ငံရေးအရ အသစ် ဖြစ်သောကွဲလွဲချက်သုံးချက်ကို ဆောင်ကြဉ်းလာတော့သည်။ ဒေသစွဲကောက်ကြောင်းပုံရှိထားသည်ပါတီများ သည် တစ်ဖက်တွင် မြူနီစီပယ်အကျိုးစီးပွားများကြား ကွဲပြားချက်ကို အာရုံထားနေပြီး အခြားတစ်ဖက်တွင်မူ နယ်မြေဒေသ၊ ပြည်နယ်ခရိုင် သို့ အမျိုးသားအဆင့်အကျိုးစီးပွားများကို အရေးပေးနေသည်။ သီးခြားလွတ် လပ်သောဒေသအဆင့်ပါတီကောင်စီလူကြီးများသည် ပါတီဌာနခွဲများမှ ကိုယ်စားလှယ်များထက် ဒေသတွင်း အကျိုးစီးပွားများကို ပိုမိုမြှင့်တင်ပေးနိုင်သည့်အနေအထားမျိုးတွင် ရှိသည်ဟု ယင်းတို့က ယုံကြည်သည်။ ပါ တီဌာနခွဲများမှ ကိုယ်စားလှယ်များသည် တစ်ဆင့်ပိုမြင့်မားသောအုပ်ချုပ်ရေးအဆင့်များတွင် ပါတီဝင်ချင်းတူ သောသူများမှ ဖိအားများကို ပိုမိုတုံ့ပြန်ဆောင်ရွက်ပေးတတ်ကြသည်ဟု ၎င်းတို့က ယူဆထားသည်။ ဤကား ပထမကွဲလွဲချက်တစ်ရပ်ဖြစ်သည်။ ဒုတိယမြောက်နိုင်ငံရေးကွဲလွဲချက်မျဉ်းလိုင်းသစ်က အဖွဲ့အစည်းထူထောင် ခြင်ကို လိုလားခြင်းနှင့် ဆန့်ကျင်ခြင်းကြားတွင် ရှိသည်။

ကိုးကား၊ Independent Local Political Parties in the Nertherlands