အသစ်များ > ဖက်ဒရယ်စနစ်များရှိပူးပေါင်းဆောင်ရွက်ခြင်း

ဖက်ဒရယ်စနစ်များရှိပူးပေါင်းဆောင်ရွက်ခြင်း

2022-09-06

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအများစုသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြား ပူးပေါင်းဆောင်ရွက် ခြင်းနှင့် ညှိနှိုင်းတိုင်ပင်ခြင်းတို့ကို လွယ်ကူချောမောစေရန်နည်းလမ်းများကို ဖော်ဆောင်ထားကြသည်။ အဆို ပါနည်းလမ်းများကို ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် တရားဝင်ဌာနအဖွဲ့အစည်းများမှ ဝန်ကြီးများ၊ အရာရှိ များနှင့် ကိုယ်စားလှယ်များကြား တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဖော်ဆောင်နိုင်သည်။ ယင်း သို့ဖော်ဆောင်ရာတွင် မတူသောအစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ဥပဒေပြုအမတ်များ၊ အရာရှိများနှင့် ရုံးဌာန များပါဝင်သော အစည်းအဝေးပွဲများကျင်းပသောပုံစံမျိုးဖြင့်ဖော်ဆောင်နိုင်သည်။

ဗဟို-ပြည်နယ်ပူးပေါင်းဆောင်ရွက်မှုအပြင် ဖက်ဒရယ်စနစ်အများအပြားတွင် တွေ့ရအများဆုံးအရာမှာ ပြည် နယ်အချင်းချင်းဆက်ဆံရေးများပင် ဖြစ်သည်။ ယင်းသို့ပြည်နယ်ချင်းပူးပေါင်းဆောင်ရွက်ရာတွင် အိမ်နီးချင်း ပြည်နယ်ဒေသများတွင် ကြုံတွေ့နေရသော နယ်စည်းမခြားအရေးကိစ္စရပ်များကို ဖြေရှင်းတတ်ကြသည်။ ဥ ပမာအားဖြင့် ဂျာမနီတွင် ပြည်နယ်အစိုးရများသည် ဒေသတွင်း စားသုံးသူအပြုအမူကို လွှမ်းမိုးချုပ်ကိုင်ထား သည့် ဆိုင်ပိတ်ချိန်များကို ရှောင်ရှားပြီး စီးပွားရေးအရမညီမျှမှု မဖြစ်ပေါ်စေရန်အတွက် စျေးဆိုင်များနှင့်စား သောက်ဆိုင်များ ပိတ်ရမည့်အချိန်ကို စည်းမျဉ်းဥပဒေနှင့်အညီဖြစ်စေရန်(ဗဟိုအစိုးရနှင့်သီးခြားလွတ်လပ်စွာ) သဘောတူညီချက်များ ချမှတ်လုပ်ဆောင်ရသည်။

တစ်ခါတစ်ရံ ပြည်နယ်ချင်းပူးပေါင်းဆောင်ရွက်မှုကို ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိနယ်မြေဒေသအားလုံး ကို လွှမ်းခြုံနိုင်ရန်အထိ တိုးချဲ့ဆောင်ရွက်ကြသည်။ ဥပမာ ဩစတြေးလျတွင် ဩစတြေးလျအစိုးရများကောင် စီ(ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ နယ်မြေအကြီးအကဲဝန်ကြီးများနှင့် ဩစတြေးလျဒေသန္တရအစိုးရအ ဖွဲ့ဥက္ကဌတို့ပါဝင်)တစ်ရပ်နှင့် ဩစတြေးလျပြည်နယ်များနှင့် နယ်မြေပိုင်နယ်အားလုံးမှ ဝန်ကြီးချုပ်များနှင့်အ ကြီးအကဲဝန်ကြီးများပါဝင်သော ဩစတြေးလျဖက်ဒရေးရှင်းကောင်စီဟူ၍ရှိသည်၊ ထိုကောင်စီနှစ်ရပ်သည် လူ ထုအကျိုးပြုဝန်ဆောင်မှုကို ညှိနှိုင်းတိုင်ပင်၍ ဖြည့်ဆည်းပေးသည်၊ အမျိုးသားအစိုးရနှင့်လည်း အတူအလုပ် တွဲလုပ်သည်။

ဖက်ဒရယ်စနစ်များရှိ အထက်လွှတ်တော်များ

ယေဘုယျအားဖြင့် ဖက်ဒရယ်စနစ်များကို တည်ဆောက်ရာတွင် သာမန်မြင်တွေ့နေကျဖွဲ့စည်းပုံလက္ခဏာ တစ်ရပ်ရှိသည်။ ယင်းမှာ အမျိုးသားအဆင့်မူဝါဒချမှတ်ခြင်းဆိုင်ရာဌာနအဖွဲ့အစည်းများအတွင်း သိသာထင် ရှားသော ပြည်နယ်အဆင့်၏သဘောထားအမြင်များကို ကိုယ်စားပြုမှုရှိရမည်ဟူ၍ပြဋ္ဌာန်းချက်ထားရှိခြင်းဖြစ် သည်။ ကိုယ်စားပြုမှုဟုဆိုရာတွင် အများအားဖြင့် ဖက်ဒရယ်ဥပဒေပြုလွှတ်တော်၏အထက်လွှတ်တော်တွင်း ပြည်နယ်ကိုယ်စားလှယ်များဖြင့် ကိုယ်စားပြုခြင်းကို ဆိုလိုသည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအများစု၏ ဖက်ဒရယ်ဥပဒေပြုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ်စနစ်အခြေခံမူကို ထည့်သွင်းထားပြီးဖြစ်သည်။ သို့ရာ တွင် ထည့်သွင်းဖွဲ့စည်းသည့်နေရာတွင် မတူကွဲလွဲချက်များတော့ရှိမည်သာ၊ ဖက်ဒရယ်စနစ်တည်ဆောက်ပုံမ တူသောနိုင်ငံများတွင် မတူသည့်အလျှောက် အထက်လွှတ်တော်၏အခန်းကဏ္ဍနှင့် အာဏာရပ်များ၊ လွှတ် တော်ဖွဲ့စည်းပုံပိုင်းတွင် ကွဲပြားနေမည်ဖြစ်သည်။

ဖက်ဒရယ်ဥပဒေပြုလွှတ်တော်အများစုတွင် လွှတ်တော်တစ်ရပ်ကို ပြည်သူလူထု၏ကိုယ်စားပြုမှုဟူသောအ ခြေခံမူအပေါ်တွင် မှီ၍ဖွဲ့စည်းထားသည်၊ သို့မှသာ လွှတ်တော်အမတ်ဖြစ်ခြင်းသည် ပြည်နယ်တစ်ခုချင်းစီရှိ လူဦးရေအပေါ်အခြေခံထားနိုင်မည်ဖြစ်သည်။ ကျန်လွှတ်တော်မှာမူ အမျိုးသားအဆင့်ရှိ ပြည်နယ်အဖွဲ့များကို ကိုယ်စားပြုသည်။ယခုပြောသောအထက်လွှတ်တော်၏ရည်ရွယ်ချက်သည် ပြည်နယ်အဖွဲ့များ၏အကျိုးစီးပွား များကို ကာကွယ်ပေးရန်နှင့် ယင်းတို့ကို တစ်နိုင်ငံလုံး၏အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်လာနိုင်စေ ရန်အတွက်ဖြစ်သည်။

အထက်လွှတ်တော်အမတ်များကို ရွေးချယ်ခြင်း

အဆိုပါပြည်နယ်လွှတ်တော်အမတ်များကို ရွေးချယ်ရေးနည်းလမ်းနှင့်ပတ်သက်လျှင် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် မတူကွဲပြားမှုများစွာရှိသည်။ ရွေးချယ်ရေးနည်းလမ်းတွင် ခန့်အပ်ရေးနှင့် ရွေးကောက်တင် မြှောက်ရေးနှစ်မျိုးပေါင်းစပ်ထားသည်လည်း ရှိသည်။ ဩစတြေးလျ၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် ပြည်နယ်ဒေသများ၌ နေထိုင်သောနိုင်ငံသားများသည် အထက်လွှတ်တော်အတွက် အမတ်များကို တိုက် ရိုက်ရွေးကောက်တင်မြှောက်သည်။ ကနေဒါတွင်မူ အထက်လွှတ်တော်အမတ်များကို ဖက်ဒရယ်ဝန်ကြီးချုပ် ကခန့်အပ်ပြီး အသက်၇၅ နှစ် အငြိမ်းစားယူချိန်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။ မလေးရှား၊ ဘယ်ဂျီယံ နှင့် စပိန်နိုင်ငံတို့တွင် တစ်ဆင့်ရွေးကောက်တင်မြှောက်ခြင်းနှင့် ခန့်အပ်ခြင်းဟူ၍ နှစ်မျိုးရောကာအမတ်များ ကို ရွေးချယ်သည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအများစုတွင် မဲဆန္ဒနယ်မြေအရွယ်စားပိုသေးငယ်မှု သို့ လူ နည်းစုအရေအတွက်သိသာထင်ရှားစွာရှိနေခြင်းတို့ကို ဦးစားပေးကာ ကိုယ်စားပြုခြင်းကို ချိန်ညှိဆောင်ရွက် ရန် ကြိုးပမ်းကြသည်။

ဂျာမနီနိုင်ငံတွင် ပြည်နယ်အစိုးရတစ်ရပ်ချင်းစီ၌ သက်ဆိုင်ရာဒေသလူဦးရေအပေါ်မူတည်၍ ဒုတိယလွှတ် တော်တွင်း မဲအရေအတွက် ရေရေရာရာရှိသည်။ ထို့နောက် ပြည်နယ်အစိုးရများသည် မဲရှိသရွေ့ အမတ်ဦးရေ အများအပြားကို ရွေးချယ်နိုင်သည်။ တောင်အာဖရိကတွင် ခရိုင်တစ်ခုစီ၌ အမတ်ဆယ်ဦးရှိသည်၊ လေးဦးသည် ခရိုင်ဥပဒေပြုလွှတ်တော်အမတ်များဖြစ်ကြပြီး ခြောက်ဦးမှာ ခရိုင်အဆင့်ပါတီများက အဆိုပြုတင်သွင်းသော ခရိုင်ဥပဒေပြုလွှတ်တော်အမတ်များထဲမှမဟုတ်ပါ။ အမေရိကန်အထက်လွှတ်တော်တွင် ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်များပါဝင်သည်၊ တစ်ဖက်တွင်အောက်လွှတ်တော်၌ ပြည်နယ်လူထု၏ဆုံးဖြတ်ချက်အရ ပြည် နယ်တစ်ခုချင်းစီမှ ကိုယ်စားလှယ်များပါဝင်သည်။ အထက်လွှတ်တော်တွင် အမတ်ဖြစ်ရန်အနိမ့်ဆုံးအသက် ကန့်သတ်ချက်သည် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်များအတွက်အသက်ကန့်သတ်ချက်ထက် ပိုမြင့် မားသည်။

ဖက်ဒရယ်စနစ်များတွင် အထက်လွှတ်တော်၏အခန်းကဏ္ဍ

တချို့သောအထက်လွှတ်တော်များသည် ဖက်ဒရယ်အဆင့်တွင် မဲဆန္ဒနယ်ယူနစ်များကို တိုက်ရိုက်ကိုယ်စား ပြုသည်။ ကျန်လွှတ်တော်များတွင်မူ လူနည်းစုများကို အသံထုတ်ဖော်ခွင့်ပေးရန် သို့ ဗီတိုအာဏာရပ်များပေး ရန်ပုံစံချမှတ်ထားပြန်သည်။ ဥပမာ နိုင်ဂျီးရီးယားတွင် ဒုတိယလွှတ်တော်ဖြစ်သော အထက်လွှတ်တော်သည် ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် လူများစုအုပ်ချုပ်ရေးအပေါ် စစ်ဆေးချိန်ညှိမှုထားရှိရန် ပုံစံချမှတ်ထားသည်။ ဂျာမ နီနှင့် တောင်အာဖရိကနိုင်ငံတို့တွင် အထက်လွှတ်တော်များကို အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရများကြား (ပြည်သူလူထုကို တိုက်ရိုက်ကိုယ်စားပြုခြင်းထက် ပြည်နယ်အစိုးရများကိုကိုယ်စားပြုခြင်းကိစ္စမျိုး) စေ့စပ်ညှိ နှိုင်းရေးအတွက် လုပ်ငန်းမူဘောင်တစ်ရပ်အဖြစ် အသုံးချသည်။

တချို့နိုင်ငံများတွင် အထက်လွှတ်တော်သည် ပြည်နယ်အဆင့်မဟုတ်သောအဖွဲ့များကို ကိုယ်စားပြုသော် လည်း တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများ(အီသီယိုးပီးယားမှာကဲ့သို့)ကို ကိုယ်စားပြုပြီး အမျိုးသားအစိုး ရနှင့်အထက်ပါလူမျိုးစုအသိုင်းအဝိုင်းများကြားကွဲပြားသောဟန်ချက်ညီမှုတစ်မျိုးဖြစ်အောင် ဆောင်ရွက်ပေး သည်။ အီသီယိုးပီးယားအထက်လွှတ်တော်သည် ပြည်နယ်အစိုးရအဖွဲ့များနှင့် တိုင်းရင်းသားလူမျိုးစုအသိုင်း အဝိုင်းများ၏အခွင့်အရေးများနှင့် အကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘက်ဂျက်ခွဲတမ်းလုံ လောက်စွာ ချထားပေးခြင်းနှင့် ဖွဲ့စည်းပုံဥပဒေကို ဖွင့်ဆိုရှင်းလင်းပြခြင်းအစရှိသည့် တာဝန်များကိုတိတိပပ ဆောင်ရွက်ရသည်။ အထက်ပါအလုပ်တာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံဥပဒေ ကို ‘ဖွင့်ဆိုရှင်းလင်းပြ’ရန်၊ ပြည်နယ်ဒေသများတွင် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်နှင့် ပူးတွဲအခွန်ကိစ္စများ အပေါ်ဆုံးဖြတ်ချက်ချပေးရန်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာမခံပေးအပ်ထားသည်။

ဖက်ဒရယ်ဥပဒေပြုလွှတ်တော်များရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်းလျှင် ဖက်ဒရယ်စနစ်၌ ပြင်ရခက်ခဲခြင်းနှင့် ပြုလွယ်ပြင်လွယ်ရှိ ခြင်းကြား ဟန်ချက်ညီမှုရှိရန် လိုအပ်သည်။ ဟန်ချက်ညီအောင်လုပ်ရာတွင် ဖွဲ့စည်းပုံဥပဒေပါမတူသောအ စိတ်အပိုင်းအသီးသီးအတွက် မတူသော ပြင်ဆင်ချက်လုပ်ထုံးလုပ်နည်းများ ထားရှိနိုင်သည်။

ဥပမာ ကနေဒါဖွဲ့စည်းပုံဥပဒေတွင် ပြင်ရခက်ခဲမှုအတိုင်းအဆမတူသော ပြင်ဆင်ချက်အတွက် မတူသောလုပ် ထုံးလုပ်နည်းငါးမျိုးရှိသည်။ မကြာခဏဆိုသလို ဖက်ဒရယ်ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးသည် အာဏာများ ကို ခွဲဝေရေးနှင့် ပြည်နယ်အစိုးရများ ခိုင်မာတည်တံ့ရေးတို့နှင့်သက်ဆိုင်သော ပြင်ဆင်ချက်များကို အတည်ပြု ပေးရတတ်သည်။ ဥပမာ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားတို့တွင် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုရန်အ တွက် လွှတ်တော်နှစ်ရပ်စလုံးတွင် လူများစု၏အထူးဆန္ဒမဲတစ်ရပ်ကို လိုအပ်သည်။ အထူးဆန္ဒမဲအများစုအရ အတည်ပြုလက်ခံရန် မဲအရေအတွက် ၅၀ရာခိုင်နှုန်းကျော်ရန်လိုအပ်သည်၊ ဥပမာ ဆွစ်ဇာလန်နှင့် ကနေဒါတို့ တွင် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုရန် ၆၆ရာခိုင်နှုန်းဟူသောဆန္ဒမဲအများစုလေးကိုသာ လိုအပ်သည်။

ထို့အပြင် အဆိုပါပြင်ဆင်ချက်များသည် ပြည်နယ်ဥပဒေပြုလွှတ်တော်၏အထူးဆန္ဒမဲအများစုတစ်ရပ်ဖြင့် သော်လည်းကောင်း(ဥပမာ အမေရိကန် နှင့် ကနေဒါ) ပြည်နယ်ဥပဒေပြုလွှတ်တော်၏ဆန္ဒမဲအများစုတစ်ရပ် (ဥပမာအိန္ဒိယ)ဖြင့်သော်လည်းကောင်း၊ ဆွစ်ဇာလန်နှင့် ဩစတြီးယားနိုင်ငံများမှာကဲ့သို့ ‘ဆန္ဒမဲအများစုနှစ် ဆ”ကိုလိုအပ်သော လူထုဆန္ဒခံယူပွဲဖြင့်သော်လည်းကောင်း အတည်ပြုရန်လိုအပ်သည်။ ဆန္ဒမဲအများစုနှစ်ဆ သည် သီးခြားသတ်မှတ်စံနှုန်းနှစ်ရပ်နှင့်အညီ မဲအများစုတစ်ရပ်ကို လိုအပ်သည်။ ဥပမာ ဩစတြေးလျတွင် ဖွဲ့ စည်းပုံဥပဒေပြင်ဆင်ချက်များကို ပြည်နယ်အများစု၏ထောက်ခံမှုကို ရရှိသော(ပြည်နယ် ၆ ခုတွင် ၄ ခု)တွင် လူထုဆန္ဒခံယူပွဲကျင်းပပြီး နိုင်ငံလုံးအနှံ့မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒမဲအများစုဖြင့် အတည်ပြုပြဋ္ဌာန်းရမည် ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတချို့ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးမှ အမတ် ၃ပုံ ၂ ပုံနှင့် ပြည်နယ်များ မှ လေးပုံသုံးပုံအတည်ပြုချက်ရရှိရန်လိုအပ်သည်။ ဘရာဇီးနိုင်ငံတွင်မူ လွှတ်တော်နှစ်ရပ်စလုံးတွင် ၆၀ ရာခိုင် နှုန်းအတည်ပြုချက်ကို လိုအပ်သော်လည်း ပြည်နယ်အသေးလေးများမှ အထက်လွှတ်တော်အမတ်များကြီးစိုး နေသည်ကိုထောက်ရှုပါက ဤထောက်ခံမှုပမာဏသည် များသည်ဟုဆိုနိုင်သည်။ စပိန်နိုင်ငံတွင် လွှတ်တော် နှစ်ရပ်အတွင်းမှ အထူးဆန္ဒမဲအများစု ရရှိရန်လိုအပ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အသိုင်းအဝိုင်း များအတွက် အခန်းကဏ္ဍမရှိပေ။ ဩစတြီးယားနိုင်ငံတွင် ပုံမှန်အားဖြင့်အောက်လွှတ်တော်ရှိလူများစုအထူးဆ န္ဒမဲတစ်ရပ် သို့ လူထုဆန္ဒခံယူပွဲပြုလုပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာလူများစုဆန္ဒမဲတစ်ရပ်ကို လိုအပ်ပါ သည်။ ဘယ်ဂျီယံနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုမရှိသော်လည်း လွှတ်တော်နှစ်ရပ်စလုံးမှ ၃ပုံ ၁ပုံ ဆန္ဒမဲအများစုကို ရရှိရန်လိုအပ်သည့် အသေးစိတ်ကျသောလုပ်ထုံးလုပ်နည်းတစ်ရပ်ရှိသည်၊ မကြာခဏဆိုသလို ဘာသာဗေဒ ဆိုင်ရာအစုအဖွဲ့တစ်ရပ်အတွင်း ဆန္ဒမဲအများစုတစ်ရပ်ကိုလည်း လိုအပ်တတ်သည်။ ရုရှားနိုင်ငံတွင် သာမန် အားဖြင့် လွှတ်တော်နှစ်ရပ်အတွင်း အထူးသီးခြားဆန္ဒမဲအများစုကို လိုအပ်ပြီး ဖက်ဒရယ်ပြည်ထောင်စု လက် အောက်ခံပြည်နယ်များ၏ သုံးပုံနှစ်ပုံကိုလည်း လိုအပ်သည်။ တောင်အာဖရိကတွင် အောက်လွှတ်တော်၏အ ထူးသီးခြားဆန္ဒမဲအများစုအပြင် ဖွဲ့စည်းပုံပြင်ဆင်ချက်များ၏သက်ရောက်မှုခံရမည့် ပြည်နယ်ခရိုင်ကိုးခုမှ ခြောက်ခု၏ပြင်ဆင်ရန်အတွက် လိုက်လျောခွင့်ပြုချက်ကိုလည်း လိုအပ်သေးသည်။ ဩစတြေးလျနိုင်ငံတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များအတွက် အမျိုးသားလူထုဆန္ဒခံယူပွဲပြုလုပ်ပြီး ယင်းပွဲတွင် မဲထည့်သောသူများ၏ ဆန္ဒမဲအများစုနှစ်ဆကို လိုအပ်သည်။ နှစ်ဆဟူသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒမဲအများစုတစ်ရပ်အပြင် ပြည်နယ်ခြောက်ခုမှ ၄ ခု၏ဆန္ဒမဲများကို ဆိုလိုသည်။

တချို့သောဖက်ဒရယ်ပြည်ထောင်စုများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ မတူသောအခန်းများအတွက် မတူ သော ပြင်ဆင်ချက်စည်းမျဉ်းများကို ချမှတ်ထားသည်။ ထို့ကြောင့် ကနေဒါတွင် အနည်းဆုံးစည်းမျဉ်းငါးချက် ရှိပြီး တချို့အရေးကိစ္စများအတွက် တညီတညွတ်တည်းလိုက်လျောခွင့်ပြုချက်ကို လိုအပ်သည်။ အလားတူပင် အိန္ဒိယနိုင်ငံတွင်လည်း မတူသောဥပဒေအခန်းများအတွက် ပြင်ဆင်ရန်မတူသောစည်းမျဉ်းများရှိသည်။ ပြည် နယ်နယ်နိမိတ်များကို ပြင်ဆင်ပြောင်းလဲရေးတွင် တစ်မူထူးခြားသည်က ပြည်နယ်များကို ထည့်မထားခြင်း ဖြစ်သည်၊ အစောပိုင်းကာလကတည်းက ပြည်နယ်နယ်နိမိတ်များကို ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်ထားမည်ဟု မျှော်လင့်သဖြင့် တကယ်တမ်းပြင်ဆင်ရာတွင် ပြည်နယ်များကို မပါစေခြင်းသည် ရည်ရွယ်ချက်ရှိရှိရွေးချယ် ထားမှုဖြစ်သည်။

ကိုးကား၊ Federalism: An Introduction

နယ်နိမိတ်များ၊ ပြည်နယ်များပေါင်းစုခြင်းနှင့် ပြည်နယ်သစ်များကို ဖန်တီးခြင်း

တိုင်းရင်းသားလူမျိုးစုပါဝင်သောဖက်ဒရယ်ပြည်ထောင်စုများတွင် ပြည်နယ်အရေအတွက်အသည် အများအား ဖြင့် တည်ရှိဆဲပြည်နယ်များ အကွဲကွဲအပြားပြားဖြစ်နေမှု(အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် စပိန်မှာကဲ့သို့)ကြောင့် တ ရိပ်ရိပ်မြင့်မားလာသည်။ တချို့ဖြစ်ရပ်များတွင်မူ အိမ်နီးချင်းပြည်နယ်များ၏နယ်နိမိတ်နှင့်စပ်လျဉ်း၍ အငြင်း အခုံများဖြစ်ကြသည်၊ တစ်ခါတရံ တချို့ပြည်နယ်များကို စုပေါင်းတွဲပေးထားလိုက်ရန် ဖိအားလည်းရှိတတ် သည်။ အကျိုးရလဒ်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်နယ်များကို ခွဲထားရေး သို့ တွဲထားရေးနှင့် နယ်နိမိတ်များကိုပြင်ဆင်ပြောင်းလဲရေးအတွက် တိကျရှင်းလင်းသောလုပ်ထုံးလုပ်နည်းများကို ချမှတ်ပေး ထားရန်အရေးကြီးသည်။ ထိုသို့ချမှတ်ပေးထားပါက ပြည်နယ်များ၏အရွယ်အစားပင်ဖြစ်စေ၊ အရေအတွက် ကိုပင်ဖြစ်စေ ပြင်ဆင်ပြောင်းလဲရန် လွယ်ကူလွန်းသည်လည်းမဟုတ်၊ ခက်ခဲလွန်းသည်လည်းမဟုတ် ဖြစ်နိုင် ပါသည်။ လုပ်ထုံးလုပ်နည်းက လွယ်ကူလွန်းနေလျှင် ပြည်နယ်သစ်များကို အများအပြားတောင်းဆိုလာနိုင် သည်၊ လုပ်ထုံးလုပ်နည်းက ခက်ခဲလွန်းပြန်ရင်လည်း လိုအပ်သည့်အချိန်တွင် လိုအပ်သလို ပြင်ဆင်ညှိနှိုင်းမှု လုပ်မရဘဲ ပဋိပက္ခဖြစ်စေနိုင်သည်။

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများက ယင်းတို့၏ဖွဲ့စည်းပုံဥပဒေများတွင် ပြည်နယ်သစ်များ ဖန်တီးရေး သို့ နယ်နိမိတ်များကို ပြင်ဆင်သတ်မှတ်ရေးအတွက် ထည့်သွင်းထားသောစည်းမျဉ်းများသည် အလွန်ပင်ပျော့ ပြောင်းမှုရှိသလို၊ အလွန်အမင်းတင်းကြပ်နေသည်လည်းရှိတတ်သည်။ လုပ်ထုံးလုပ်နည်းများသည် လုပ်ပိုင်ခွင့် အာဏာကို အမျိုးသားပါလီမန်တစ်ရပ်တည်း(အိန္ဒိယမှာကဲ့သို့ လွှတ်တော်နှစ်ရပ်စလုံး၏အများစုဆန္ဒမဲဖြင့် သို့ ကင်ညာနှင့် ဘယ်ဂျီယံမှာကဲ့သို့ အထူးဆန္ဒမဲအများစုဖြင့်)ကိုဖြစ်စေ၊ အမျိုးသားပါလီမန်အပြင် သက်ရောက်ခံ ပြည်နယ်အစိုးရများထံ(အမေရိကန်နှင့် ဩစတြေးလျမှာကဲ့သို့ သာမန်လူများစုဆန္ဒမဲဖြင့် သို့ ပါကစ္စတန်မှာကဲ့ သို့ အထူးဆန္ဒမဲအများစုဖြင့်)ဖြစ်စေ၊ သို့ အမျိုးသားပါလီမန်အပြင် သက်ရောက်ခံနှင့် ပြည်နယ်အဖွဲ့များအား လုံးထံ(ကနေဒါမှာကဲ့သို့)ဖြစ်စေ သို့ ပြည်နယ်အဖွဲ့၏အထူးလူများစုဆန္ဒမဲတစ်ရပ်ထံ(နိုင်ဂျီးရီးယားမှာကဲ့သို့) ဖြစ်စေ ပေးအပ်ထားနိုင်သည်။ နယ်နိမိတ်များပြင်ဆင်သတ်မှတ်ရေး စဉ်းစားရာတွင်ဖြစ်စေ၊ ပြည်နယ်သစ် များကို ဖန်တီးရေးစဉ်းစားရာတွင်ဖြစ်စေ အဆိုပါလုပ်ငန်းစဉ်ကို နိုင်ငံသားများက ဦးဆောင်၍စတင်ဆောင် ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများလည်း ရှိနိုင်သည်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ

တစ်ခုတည်းသောအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် အာဏာခွဲဝေခြင်း၊ အစိုးရအဆင့်အသီးသီး ကြားဆက်ဆံရေး၊ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများနှင့် ဖွဲ့စည်းပုံဥပဒေကို ဖွင့်ဆိုရှင်းလင်းရေးနှင့်ပြင် ဆင်ရေးအတွက် နည်းလမ်းများအပါအဝင် ဖက်ဒရယ်ပြည်ထောင်စု၏အဓိကသွင်ပြင်လက္ခဏာရပ်များနှင့် အကန့်အသတ်များကို ဖော်ပြပေးထားရန် အရေးကြီးသည်။ ပြည်နယ်အဆင့်အစိုးရဖွဲ့စည်းမှုပုံစံများကို ယေ ဘုယျအားဖြင့် ပြည်နယ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပ ဒေများသည် အစိုးရအဖွဲ့နှင့် စနစ်ယန္တရားဌာနအဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်ရှိသော် လည်း အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုတော့ရှိရမည်ဖြစ်သည်။ ပြည်နယ်ဖွဲ့စည်းပုံဥပဒေများ ကြား သိသိသာသာ ကွဲပြားချက်များရှိနိုင်ပါသည်(ဥပမာ တချို့အခြေခံဥပဒေသည် လွှတ်တော်တစ်ရပ်တည်း စနစ်ရှိသလို၊ တချို့က လွှတ်တော်နှစ်ရပ်စနစ်ထားရှိသည်၊ တချို့ဥပဒေတွင် ကိုယ်ပိုင် လူသား၏အခြေခံရပိုင် ခွင့်ဖော်ပြချက်ရှိနိုင်သလို၊ တချို့တွင် အမျိုးသားဥပဒေအပေါ် လုံးလုံးမှီခိုအားထားမှုလည်း ရှိနိုင်သည်။ မလေး ရှားတွင်မူ တချို့ဥပဒေသည် ဘုရင်စနစ်ကို ဖိတ်ခေါ်သလို၊ တချို့ဥပဒေများက သမ္မတစနစ်ကို ကြိုဆိုနေ သည်လည်း ရှိပြန်သည်။)

နိုင်ငံအနည်းငယ်တွင် အမျိုးသားဖွဲ့စည်းပုံဥပဒေသည် ပြည်နယ်အဆင့်ရှိအစိုးရဖွဲ့စည်းမှုပုံစံများကို တာဝန်ယူ ဖြေရှင်းပေးသည်။(အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ပါကစ္စတန်)