အသစ်များ > ကောင်းမွန်သောအုပ်ချုပ်ရေး၏သွင်ပြင်လက္ခဏာများ

ကောင်းမွန်သောအုပ်ချုပ်ရေး၏သွင်ပြင်လက္ခဏာများ

2022-09-01

ကောင်းမွန်သောအုပ်ချုပ်ရေးဆိုသည်မှာ အစိုးရများအနေဖြင့် အကောင်းဆုံးစံပြပုံစံမျိုးအုပ်ချုပ်နိုင်စေရန် လိုက်နာကျင့်သုံးရမည့် အခြေခံသဘောတရားများ ပါဝင်သောအစုအပေါင်းတစ်ရပ်ကို ရည်ညွှန်းသည်။ ထိုအခြေခံ သဘောတရားများရှိခြင်းကြောင့် အဂတိလိုက်စားခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ လူ့အခွင့်အ ရေးချိုးဖောက်ခြင်းတို့ ဖြစ်ပေါ်လာရန်ခဲယဉ်းသွားနိုင်သည်။ ထိုအခြေခံသဘောတရားများ၏ ရည်ရွယ်ရင်းမှာ အစိုးရများ၏ဆုံးဖြတ်ချက်များကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်သည့်နည်းလမ်းကို တိုးတက်စေ ရန်ဖြစ်သည်။ သို့မှာသာ အစိုးရများ၏ဆောင်ရွက်ချက်များသည် ပြည်သူလူထု၏လိုအပ်ချက်များနှင့်အညီဖြစ် နိုင်သည်။

ကောင်းမွန်သောအုပ်ချုပ်ရေးသည် အစိုးရများအနေဖြင့် ယင်းတို့၏မူဝါဒရည်မှန်းချက်များကို ပြည့်မီနိုင်စေရန် အတွက် လိုအပ်သော နိုင်ငံရေးနှင့် ဌာနအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အကျိုးဖြစ်ထွန်းမှုများနှင့်လည်း ဆက်စပ်နေသည်။ ကောင်းမွန်သောအုပ်ချုပ်ရေးဟုဆိုရာတွင် ပြည်သူ့ရေးရာကိစ္စရပ်များနှင့် ပြည်သူ့အရင်းအ မြစ်များကို လိုလိုလားလား၊ ထိထိရောက်ရောက်နှင့် အကျိုးရှိရှိ စီမံဆောင်ရွက်နိုင်မည့် ပြည်သူ့ရေးရာဌာနအ ဖွဲ့အစည်းများ တိုးတက်ဖြစ်ထွန်းလာစေရေးလည်း ပါဝင်သည်။ ထို့အပြင် နိုင်ငံသားများအတွက် လူ့အခွင့်အ ရေးအာမခံပေးမှု၊ အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုကို လျော့ကျစေခြင်းအပြင် တရားဥပဒေစိုးမိုး ရေးကို ရှင်သန်အားကောင်းစေခြင်းတို့လည်း ပါဝင်သေးသည်။

ကောင်းမွန်သောအုပ်ချုပ်ရေး၏အဓိပ္ပာယ်မှာ ပြည်သူလူထု၏ ပစ္စုပ္ပာန်နှင့် အနာဂတ်လိုအပ်ချက်များကို အစိုး ရက လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် မူဝါဒများနှင့် ဆုံးဖြတ် ချက်များကို ဂရုတစိုက်၊ စနစ်တကျဖြင့် ချမှတ်ဖော်ဆောင်ခြင်းဟုလည်း ဆိုလိုသည်။ ထို့အပြင် လူ့အဖွဲ့အ စည်းတွင်း လူများစုတည်းဟူသောလူမှုအစုအဖွဲ့တစ်ရပ်ကိုမဟုတ်ဘဲ လူမှုအစုအဖွဲ့အားလုံး၏အကျိုးစီးပွား များအထိပါ ထည့်သွင်းစဉ်းစားခြင်းဟုလည်း အဓိပ္ပာယ်ရသည်။

ကုလသမဂ္ဂ၏အာရှစီးပွားရေးနှင့် လူမှုရေးကော်မရှင်က ကောင်းမွန်သောအုပ်ချုပ်ရေးနှင့်စပ်လျဉ်းသောအခြေ ခံသွင်ပြင်လက္ခဏာ ၈ ရပ်ကို အောက်ပါအတိုင်းသတ်မှတ်ထားသည်။

၁။ ပါဝင်ဆောင်ရွက်ခြင်း

၂။ ပွင့်လင်းမြင်သာခြင်း

၃။ ထိရောက်ခြင်းနှင့် အကျိုးများခြင်း

၄။ လိုလိုလားလားတုံ့ပြန်ဆောင်ရွက်ခြင်း

၅။ တာဝန်ခံမှုရှိခြင်း

၆။ အများသဘောညီဆန္ဒကို ရည်စူးခြင်း

၇။ ခွင့်တူညီမျှခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်း

၈။ တရားဥပဒေစိုးမိုးခြင်း