အသစ်များ > အရပ်ဘက်လူ့အဖွဲ့အစည်းဆိုသည်မှာ အဘယ်နည်း

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုသည်မှာ အဘယ်နည်း

2023-01-21

နိုင်ငံရေးဟူသည် အစိုးရအဖွဲ့တွင်းမှာပင် ဖြစ်ပျက်နေသည်မဟုတ်ပါ။ လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားဆောင် ရွက်ချက်များတွင် ပါဝင်နေသည့် အစိုးရမဟုတ်သောပါဝင်ဆောင်ရွက်သူများစွာရှိပါသည်။ အဆိုပါလှုပ်ရှား ဆောင်ရွက်မှုနယ်ပယ်အတွက်ပေးထားသောနာမည်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းဟူ၍ဖြစ်ပါသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ(CSOs) မှာ အကျိုးစီးပွား၊ တန်ဖိုးများနှင့် ပန်းတိုင်များ တူညီစွာမျှဝေလက်ခံ ထားသည့် လူများက ဖွဲ့စည်းထားသောအစုအဖွဲ့များဖြစ်သည်။စီအက်စ်အိုများသည်အများအားဖြင့် လူမှုရေးပြ ဿနာရပ်များကို ဖြေရှင်းရန်၊ ၎င်းတို့၏အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပန်းတိုင်များဆီ ဆိုက်ရောက်နိုင် ရန်လူမှုရေးနှင့် နိုင်ငံရေးဆောင်ရွက်ချက်နယ်ပယ်တွင်း ပါဝင်ကြလေ့ရှိသည်။ လူမှုရေးအပြောင်းအလဲအတွက် ခိုင်မာသောတန်ဖိုးများနှင့် ယုံကြည်ချက်များရှိခြင်းကြောင့် စီအက်စ်အိုအဖွဲ့ဝင်အများအပြားသည် စေတနာ့ လုပ်အားပေးဆောင်ရွက်ကြပြီး အခြားနိုင်ငံရေးဆောင်ရွက်ကြသူများ မလုပ်သည့်အလုပ်များကို စွန့်စားလုပ် ဆောင်တတ်ကြသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းဟုဆိုရာတွင် အစိုးရနှင့် စျေးကွက်ကြား(စျေးကွက်လှုပ်ရှားမှုနယ်ပယ်) တတိယ မြောက်ကဏ္ဍဖြစ်သည်ဟု ပြောတတ်ကြသည်။ မည်သည့် စီအက်စ်အိုများမှ အကျိုးအမြတ်ရှာဖွေရန်(စီးပွား ရေးလုပ်ငန်းများကဲ့သို့)အတွက်သာ တည်ရှိသည်မဟုတ်ပါ၊ စီအက်စ်အိုများသည် နိုင်ငံသားများမှ လွတ်လပ် စွာ ဖွဲ့စည်းထားခြင်းဖြစ်၍ အစိုးရ၏လှုပ်ရှားဆောင်ရွက်ချက်များမှ အမှီအခိုကင်းလွတ်လပ်စွာတည်ရှိသည်။ သို့ရာတွင် အထက်ပါကဏ္ဍသုံးရပ်တွင် ပါဝင်ဆောင်ရွက်ကြသူများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိ တွေ့ဆက်ဆံနေရသည်မှာ မထူးခြားပါ။

အရပ်ဘက်လူ့အဖွဲ့အစည်းမှာ မည်သူဖြစ်သနည်း

အရပ်ဘက်လူ့အဖွဲ့အစည်းများကို နိုင်ငံသားများ၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံသားများက ပင် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အများအားဖြင့် အရပ်ဘက်အဖွဲ့အစည်းများသည် အလွန်ကွဲပြားသောကဏ္ဍ တစ်ရပ်ဖြစ်သည်။ ယင်းထဲတွင် အစုအဖွဲ့ပေါင်းများစွာ၊ အကျိုးစီးပွားများစွာအပြင် အဆိုပါအစုအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပဋိပက္ခများစွာတို့လည်း ပါဝင်နေတတ်သည်။

စီအက်စ်အိုများ နှင့်ပတ်သက်သောသာဓကများတွင် အောက်ပါတို့ပါဝင်သည်

  • အစိုးရမဟုတ်သောအဖွဲ့အစည်းများ (အန်ဂျီအိုများ)
  • ရပ်ရွာအသိုင်းအဝိုင်းအခြေခံအဖွဲ့အစည်းများ (စီဘီအိုများ)
  • စီးပွားရေးလုပ်ငန်းများ သို့မဟုတ် စက်မှုလုပ်ငန်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ
  • ကုန်သွယ်ရေးသမဂ္ဂများနှင့် ပညာရှင်အစည်းအရုံးများ
  • လူမှုလိင်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအစုအဖွဲ့များ
  • စေ့တနာလုပ်အားပေးအသင်းအဖွဲ့များ
  • လူမှုရေးနှင့် အားကစားကလပ်များ
  • သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအစုအဖွဲ့များ
  • လူ့အခွင့်အရေးဆိုင်ရာအုပ်စုများ

အရပ်ဘက်လူ့အဖွဲ့အစည်း၏အရေးပါပုံ

အရပ်ဘက်လူ့အဖွဲ့အစည်းများသည် သက်ဆိုင်ရာအစုအဖွဲ့များအတွက် ၎င်းတို့၏လိုအပ်ချက်များနှင့် အကျိုး စီးပွားများကို အစိုးရထံ ဖော်ထုတ်ပြရန်အတွက် လျှောက်လမ်းများကို ချပေးနိုင်သည်။ စီအက်စ်အိုများသည်  လူမှုရေးနှင့် နိုင်ငံရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပြည်သူလူထုကို အသိပေးသည်၊ သို့မှသာ အစိုးရအတွက် ပြည်သူကို လျစ်လျူရှုရန် ပိုမိုခက်ခဲသွားသည်။

ခိုင်မာသောအရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ်၏ အောက်ခြေမှအပေါ်သို့အဆင့်ဆင့်တက်လာသောအာဏာပုံ စံသည် အာဏာရှင်အစိုးရများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နိုင်သည်။ အကျိုးရလဒ်အားဖြင့် အဆိုပါအာ ဏာရှင်အစိုးရများသည် အရပ်ဘက်လူ့အဖွဲ့အစည်းများကို ကန့်သတ်ပစ်ရန် ကြိုးစားတတ်သည်။ ဤအချက် က အာဏာရှင်အစိုးရများလက်ထက်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းသည် အားနည်းပြီးအမှီအခိုကင်းလွတ် လပ်မှုမရှိဖြစ်နေတတ်သည်ဟု ဆိုလိုပါသည်။ သို့ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းသည် အာဏာရှင်စနစ်မှ ဒီ မိုကရေစီစနစ်သို့ အကူးအပြောင်းတွင် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဤအခန်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်းဆောင်ရွက်ကြသူအမျိုးမျိုးအနက် အရေးကြီးဆုံးသောတချို့အဖွဲ့အ စည်းများကို တွေ့ရလိမ့်မည်။ တစ်နည်းအားဖြင့် ရပ်ရွာအသိုင်းအဝိုင်းအခြေခံအဖွဲ့အစည်းများ(စီဘီအိုများ)၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(အန်ဂျီအိုများ) နှင့် လူမှုရေးလှုပ်ရှားမှုများ။