အသစ်များ > ဒီမိုကရေစီဖြစ်သည့်အရာ

ဒီမိုကရေစီဖြစ်သည့်အရာ

2022-08-29

ဒီမိုကရေစီဆိုသည်မှာ မည်သည့်အရာနည်းဟူ၍ တစ်ခုတည်းသောဖွင့်ဆိုချက်မရှိပါ။ ဒီမိုကရေစီတွင် တစ်ခုတည်း သော ထူးခြားသည့် အင်စတီကျူးရှင်းများပါအစုအဖွဲ့တစ်ရပ် မပါဝင်။ ဒီမိုကရေစီပုံစံအမျိုးမျိုးရှိပြီး ထိုပုံစံများကို ကွဲ ပြားစွာကျင့်သုံးမှုအပေါ်မူတည်၍ အကျိုးရလဒ်အမျိုးမျိုးထွက်သည်။ သီးခြားဒီမိုကရေစီပုံသဏ္ဍာန်သည် နိုင်ငံတစ်နိုင် ငံ၏ လူမှုစီးပွားရေးရာအခြေအနေများနှင့် ခိုင်မာစွာအမြစ်တွယ်နေသောနိုင်ငံတော်အဆောက်အအုံးများနှင့် မူဝါဒကျင့် သုံးမှုများအပေါ် မူတည်ပါသည်။

တစ်ချိန်တည်းမှာပင် ‘ဒီမိုကရေစီနည်းကျသော’ဟူ၍ ဂုဏ်သိက္ခာရှိရှိ ထိုက်တန်စွာထုတ်ပြောနိုင်ရန် အင်စတီကျူးရှင်း များဘက်က ပြည့်မှီနေရမည့် အနိမ့်ဆုံးသောအခြေအနေမျိုးနှင်စပ်လျဉ်း၍ အများသဘောညီမှုပေါ်လာသည်ကမူ မှတ် သားလောက်စရာဖြစ်သည်။ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းအတော်များများသည် မည်သည့်ဒီမိုကရေစီအဆင့်အ တန်းမျိုးကို နိုင်ငံများရောက်ရှိနေကြသည်ကို စောင့်ကြည့်လေ့လာကြသည်။ အမှန်စင်စစ်တွင် နိုင်ငံတချို့သည် နိုင်ငံ ခြားရေးရာမူဝါဒကို စနစ်တကျချမှတ်သည့်အခါ အထက်ပါဒီမိုကရေစီအဆင့်အတန်းများကိုပင် ထည့်သွင်းစဉ်းစားလာ ကြပြီဖြစ်သည်။

ဒီမိုကရေစီဖြစ်သည့်အရာ

ခေတ်သစ်ဒီမိုကရေစီဟူသည် အုပ်ချုပ်ပုံစနစ်တစ်ရပ်ဖြစ်သည်။ ယင်းစနစ်အရ အုပ်ချုပ်သူများသည် ၎င်းတို့၏ပြုမူ ဆောင်ရွက်ချက်များအတွက် နိုင်ငံသားများပါဝင်သော လူထုရေးရာနယ်ပယ်တွင် တာဝန်ခံနိုင်ရမည်ဖြစ်သည်။ နိုင်ငံ သားများသည် ရွေးကောက်ခံကိုယ်စားလှယ်များတစ်ဆင့် လူထုရေးရာနယ်ပယ်တွင် သွယ်ဝိုက်၍ပြုမူဆောင်ရွက်နေ ကြသူများဖြစ်သည်။

သို့သော် ဒီမိုကရေစီဟုဆိုတိုင်း ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနေရုံခြင်းဟု လျှော့ချရှုမြင်၍မရနိုင်ပါ။ ဒီမိုကရေစီအုပ် ချုပ်ရေးသည် ယေဘုယျခေါင်းစဉ်တစ်ရပ်ပင်ဖြစ်သည်။ သက်ဦးဆံပိုင်၊ အာဏာရှင်၊ ထင်ရာစိုင်းအုပ်ချုပ်သော၊ အာ ဏာရှင်ဖြစ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ အကြွင်းမဲ့အာဏာ၊ အကြွင်းမဲ့အာဏာပိုင်၊ ရိုးရာစဉ်လာ၊ ဘုရင်စနစ်၊ လူနည်းစုအစိုးရ၊ ဓနရှင်အစိုးရ၊ ပဒေသရာဇ်၊ ပုဂ္ဂိုလ်ရေးဩဇာခံအစရှိသော အုပ်ချုပ်ရေးများလည်း ရှိသည်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်သူနှင့် ဒီမိုကရေစီနည်းမကျအုပ်ချုပ်သူဟူ၍ အမျိုးအစားခွဲကြည့်နိုင်ရန် သတ်မှတ်စံနှုန်း များရှိသည်။ ယင်းစံနှုန်းများမှာ အုပ်ချုပ်သူတို့ အာဏာရယူပုံနှင့် ၎င်းတို့၏ပြုမူဆောင်ရွက်ချက်များအတွက် လူထုထံ တာဝန်ခံနိုင်စေရန် သတ်မှတ်ထားသောလက်တွေ့အလေ့အကျင့်များဖြစ်သည်။

အုပ်ချုပ်မှုအမျိုးအစားများအကြောင်း ဖွင့်ဆိုချက်

အကြွင်းမဲ့အာဏာပိုင်ဝါဒ အများအားဖြင့် အုပ်ချုပ်ရန်အကန့်အသတ်မဲ့အခွင့်အရေးရှိသည်ဟုကြွေးကြော်မှုကို အခြေ ခံထားသော အစိုးရသဘောတရား(သို့)လက်တွေ့အလေ့အကျင့်

အာဏာရှင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူလူထုထံ တာဝန်ယူမှုမရှိဘဲ နိုင်ငံတော်အပေါ် အုပ်ချုပ်ရန် အာဏာကို တစ်သီးပုဂ္ဂလအစုအဖွဲ့လေးတစ်ရပ်က ရယူကျင့်သုံးသော နိုင်ငံရေးစနစ်

သက်ဦးဆံပိုင်အလုံးစုံအာဏာရှိပြီးအုပ်ချုပ်သောလူပုဂ္ဂိုလ်

တပည့်မွေးစနစ် အပြန်အလှန်အားဖြင့် လူထုထောက်ခံမှုရရှိရန် တစ်ဦးတည်းသောလူပုဂ္ဂိုလ်(သို့မဟုတ်အစုအဖွဲ့ လေးတစ်ရပ်အပေါ် သီးခြားအကျိုးစီးပွားများပေးခြင်း(သို့မဟုတ်အရေးပေးဆက်ဆံခြင်းကိုပြုလုပ်ကာ အစိုးရက ဘက်တော်သားစုဆောင်းသည့်ဖြစ်စဉ်။

ကွန်မြူနစ်ဝါဒ - ()ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်မှုနှင့် အဆုံးစွန်အားဖြင့် အစိုးရကဲ့သို့ နိုင်ငံရေးအင်စတီကျူးရှင်းအတွက် လိုအပ်ချက်ကိုပင် ပပျောက်သွားစေရန် ဓနဥစ္စာနှင့်ပစ္စည်းများအားလုံးကို ခွဲဝေပေးခြင်း။ (အဆိုပါစနစ်ကို ထောက်ခံ လှုံ့ဆော်သော နိုင်ငံရေးအတွေးအခေါ်ဝါဒ။

ထင်ရာစိုင်းအုပ်ချုပ်သူ၊ အာဏာရှင်၊ ရက်စက်ကြမ်းကြုတ်စွာအုပ်စိုးသူ အာဏာအလုံးစုံရရှိထားပြီး ယင်းအာဏာကို ရက်စက်ကြမ်းကြုတ်ကာ မမျှမတနည်းလမ်းများဖြင့် ကျင့်သုံးသောအုပ်ချုပ်သူ။

ဖက်ဆစ်ဝါဒ မတူခြားနားသောလူအုပ်စုအသီးသီးကြားရှိ ကြီးမြတ်ခြင်းနှင့် သိမ်ငယ်ခြင်းတို့ကို အရေးပေးဖော်ပြကာ ဩဇာကြီးမားသောအစိုးရတစ်ရပ်ကို ထူထောင်ရန် လွတ်လပ်ခွင့်နှင့် တန်းတူညီမျှမှုတို့ကို လျှော့ချပေးရေးအဓိကလုပ် ဆောင်သော နိုင်ငံရေးအတွေးအခေါ်ဝါဒ

ဘာသာရေးအစွန်းရောက်ဝါဒ ကိုးကွယ်မှုကို အချုပ်အချာအာဏာပိုင်အခွင့်အရေးဖြစ်အောင် ဥပဒေကြောင်းအရပြ ဋ္ဌာန်းပေးသင့်ပြီး ဘာသာရေးသည် အကြွင်းမဲ့မှန်ကန်ပြီး အမှားအယွင်းမရှိသည့်အရာဟု မြင်ခြင်း။

စစ်အုပ်ချုပ်ရေး လက်နက်ဖြင့်အာဏာသိမ်းယူတတ်ကာ စစ်တပ်အရာရှိ တစ်ဦးထက်မက အုပ်ချုပ်ခြင်း

ဘုရင်စနစ် - (ဘုရင် သို့ ဘုရင်မကဲ့သို့ဧကရာဇ်မင်းတစ်ပါးက အုပ်ချုပ်သောနိုင်ငံ။

အမျိုးသားရေးဝါဒ မိမိ၏လူမျိုးအတွက် ဂုဏ်ယူပြီး မိမိတို့တွင် အတုမရှိထူးခြားသောနိုင်ငံရေးကံကြမ္မာရှိသည်ဟုယုံ ကြည်ချက်

လူနည်းစုအုပ်ချုပ်ရေး အနည်းငယ်သောလူအစုအဖွဲ့တစ်ရပ်ဖြင့် ဖွဲ့စည်းသောအစိုးရ(သို့မဟုတ်ထိုအဖွဲ့ကထိန်းချုပ် ခြင်း

တစ်ပါတီအုပ်ချုပ်ရေး တခြားပါတီများကို အာဏာမရရှိစေရန်ပိတ်ပင်(သို့ဖယ်ထုတ်ထားပြီး နိုင်ငံရေးပါတီတစ်ခု တည်းက အုပ်ချုပ်ခြင်း။

ဓနရှင်အုပ်ချုပ်ရေး အချမ်းသားဆုံးလူများဖြင့်ဖွဲ့စည်းထားသောအစိုးရ။

ပုဂ္ဂိုလ်ရေးဩဇာခံအုပ်ချုပ်ရေး အာဏာကို တစ်ဦးတည်းဩဇာဖြင့်ထိန်းချုပ်ထားနိုင်ရန် ပုဂ္ဂိုလ်ခင်၍ တရားမင်မှု အ ပေါ် အခြေခံသည့်အာဏာရှင်အုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးအတွက် ပုဂ္ဂိုလ်ရေးအရှိန်ဩဇာမှတစ်ပါး အတွေးအခေါ်ဝါဒတ ရားအခြေခံမှုနည်းပါးသည်။

အတတ်ပညာရှင်အုပ်ချုပ်မှု စက်မှုအတတ်ပညာ ကျွမ်းကျင်သူ အထက်တန်းလွှာက ထိန်းချုပ်သောလုပ်ငန်း (သို့မ ဟုတ်လူ့အဖွဲ့အစည်းကို ထိန်းချုပ်ခြင်း (သို့မဟုတ်အစိုးရ

ဘာသာရေးအခြေခံအုပ်ချုပ်မှု ဘာသာရေးကို အုပ်ချုပ်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ်ထားကာ အုပ်စိုးသော ဒီမို ကရေစီနည်းမကျသည့်အုပ်ချုပ်ရေးပုံစံ။

အကြွင်းမဲ့အာဏာရှင်စနစ် အာဏာကို ဗဟိုမှအဓိကချုပ်ကိုင်ထားသော ဒီမိုကရေစီနည်းမကျသောအုပ်ချုပ်ရေး၊ ယင်းအုပ်ချုပ်ရေးတွင်ရှိသော ခိုင်မာသည့်အတွေးအခေါ်ဝါဒတချို့ကိုကြည့်လျှင် နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနှင့်စီးပွား ရေး အခြေခံအသွင်အပြင်များကို ပြောင်းလဲပြီး အုပ်စီးထားရန်ကြိုးပမ်းသည်၊ ယင်းသို့ကြိုးပမ်းရာတွင် ကျယ်ပြန့်သော အင်စတီးကျူးရှင်းများကို အသုံးပြုသည်။

ရိုးရာအစဉ်အလာအရတရားဝင်မှု နိုင်ငံရေးအသွင်အပြင်များကို နိုင်ငံယန္တရားအဖွဲ့အစည်းများအတွင်း ကာလရှည် ကြာထိန်းကျောင်းထားနိုင်မှ ယင်းနိုင်ငံရေးအသွင်အပြင်များကို တရားဝင်သည်ဟု လက်ခံခြင်း။

နိုင်ငံသားများ

နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံများတွင် အရေးအကြီးဆုံးအင်္ဂါရပ်ဖြစ်သည်။ အုပ်ချုပ်ရေးတိုင်းတွင် အုပ်ချုပ်သူများ ရှိကြသည်။ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးများတွင်သာနိုင်ငံသားများရှိ၏။သမိုင်းတစ်လျှောက်ကြည့်လျှင် ထွက်ပေါ်စ ဒီမိုကရေစီနိုင်ငံများ(သို့မဟုတ်)ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းနိုင်ငံများတွင် အသက်အရွယ်၊ လိင်(ကျား/)၊ လူတန်းစား၊ လူမျိုး၊ စာတတ်မြောက်ခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း၊ အခွန်ထမ်းဆောင်ခြင်းအစရှိသော မှတ်ကျောက်စံနှုန်းနှင့်အညီ နိုင်ငံသားဖြစ်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်တားမြစ်ချက်များကို ပြဋ္ဌာန်းခဲ့ကြသည်။ စုစုပေါင်းလူဦးရေ၏အ နည်းငယ်သောပမာဏလောက်သာ မဲပေးခွင့် (သို့မဟုတ်) ရွေးကောက်ခံရခွင့်ကို ရရှိကြသည်။နိုင်ငံရေးအသင်းအပင်း များ ထူထောင်ခွင့်၊ ပါဝင်ခွင့် (သို့မဟုတ်) ထောက်ခံခွင့်ကို ကန့်သတ်ထားသောလူမှုရေးအတန်းအစားများအတွက်သာ ခွင့်ပြုပေးထားသည်။ကာလရှည်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါကန့်သတ်ချက်အများစုကို ပယ်ဖျက်ပေးခဲ့ကြ သည်။ ယနေ့တွင်မူ အားလုံးပါဝင်နိုင်ရေးအတွက် မှတ်ကျောက်စံသည် မျှမျှတတရှိလာသည်။ ရွေးကောက်တင်မြှောက် ခံရမည့် ကိုယ်စားလှယ်လောင်းများအပေါ် အသက်ကန့်သတ်ချက်များ အတိုင်းအတာတစ်ရပ်အထိ ပြဋ္ဌာန်းထားဆဲဖြစ် နိုင်သော်လည်း ဌာနေနိုင်ငံဖွားအရွယ်ရောက်သူအားလုံး မဲပေးခွင့်ရှိသည်။ ယနေ့ခေတ်ဒီမိုကရေစီနိုင်ငံများတွင် မဲပေး ခွင့်(သို့မဟုတ်) ရွေးကောက်ခံနိုင်ခွင့်အပေါ် ကန့်သတ်တားမြစ်ချက်များကို တရားနည်းလမ်းတကျ ပြဋ္ဌာန်းရန်ကြိုးပမ်း သည့်နိုင်ငံတစ်နိုင်ငံမျှမရှိပါ။ သို့သော် နိုင်ငံသားဖြစ်မှုအခွင့်အရေးများကို ထိရောက်စွာ ကျင့်သုံးရေးအပေါ် တရားနည်း လမ်းမကျဘဲ ကန့်သတ်တားမြစ်လာပါက အခြေအနေသည် မတူကွဲပြားသွားနိုင်သည်။

ယှဉ်ပြိုင်ခြင်း

ယှဉ်ပြိုင်ခြင်းသည် ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အခြေခံကျသောအခြေအနေတစ်ရပ်အဖြစ် အမြဲယူဆခြင်းမ ခံရပေ။ ‘ရှေးခေတ်’ကာလဒီမိုကရေစီနိုင်ငံများသည် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို အခြေခံကာ ဆုံးဖြတ်ချက်ချ ခြင်းက အများသဘောညီဆန္ဒကို ရရှိစေသည်ဟု ယူဆခဲ့ကြသည်။ အဆိုပါဒီမိုကရေစီနိုင်ငံများတွင် ပြည်သူပြည်သား များစုဝေးကြခြင်းမှ မတူကွဲပြားသောတင်ပြချက်အသီးသီးကို နားထောင်ပြီးနောက် ဘုံတူညီသောဆောင်ရွက်ချက်တစ် ရပ်အပေါ် သဘောတူညီမှုကို ရဖွယ်ရှိသည်။ ယနေ့ခေတ်တွင် မတူသောအုပ်စုဂိုဏ်းဂဏအသီးသီးကြား ယှဉ်ပြိုင်ခြင်း သည် နယ်ပယ်ဒေသအချိုးအစားတစ်ရပ်ထက်ပို၍ လည်ပတ်လုပ်ဆောင်သော ဒီမိုကရေစီနိုင်ငံများတွင်မူ လိုအပ်သော မကောင်းမှုတစ်ရပ်လိုဖြစ်နေသည်ကို အကျယ်အပြန့်လက်ခံထားကြပြီဖြစ်သည်။ ဒီမိုကရေစီနှင့်စပ်လျဉ်း၍ လူကြိုက် အများဆုံးသောဖွင့်ဆိုချက်သည် မျှတစွာဆောင်ရွက်ပြီး ရိုးသားစွာတာဝန်ခံရသည့် ပုံမှန်ရွေးကောက်ပွဲများနှင့်အတူတူ ဟူ၍ဖြစ်သည်။

ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် အဓိကပင်မဖြစ်သော်လည်း ‘ရွေးကောက်ပွဲသာလျှင်အဓိက’ဟူသော အယူ ဝါဒထောက်ချောက်ထဲတွင် မိမိတို့ ပိတ်မိမနေသင့်ပါ။ ရွေးကောက်ပွဲအဓိကဝါဒဟူသည် ရွေးကောက်ပွဲများကျင်းပမှသာ အထက်တန်းလွှာလူတန်းစားများကြား နိုင်ငံရေးပြုမူဆောင်ရွက်ချက်ကို ငြိမ်းချမ်းစွာယှဉ်ပြိုင်မှုများအဖြစ် ဖော်ဆောင် ပေးနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရသူများသည် အနိုင်ရအောင် မည်သို့ယှဉ်ပြိုင်လုပ်ဆောင်သည်(သို့မဟုတ်) အ နိုင်ရသူကို တခြားမည်သည့်ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ထားသည်ဖြစ်စေ လူထုထောက်ခံသောတရားဝင်မှုကို အဆိုပါအနိုင်ရသူများထံ ပေးအပ်စေနိုင်မည်ဟူ၍ ယုံကြည်ထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲများကြားကာလအတွင်း နိုင်ငံသားများသည် အခြားသောကြားဝင်ညှိနှိုင်းရေးအဖွဲ့အစည်းပေါင်းများစွာမှ တစ်ဆင့် ပြည်သူ့မူဝါဒအပေါ် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနိုင်သည်။ ညှိနှိုင်းရေးအဖွဲ့အစည်းများဆိုသည်မှာ အကျိုး စီးပွားအဓိကအသင်းအပင်းများ၊ လူမှုရေးလှုပ်ရှားမှုများ၊ သစ္စာတော်ခံအုပ်စုဖွဲ့ခြင်းများ၊ တပည့်မွေးရေးအစီအမံများ အ စရှိသဖြင့်တို့ကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ခေတ်သစ်ဒီမိုကရေစီကမူ ယှဉ်ပြိုင်မှုဖြစ်စဉ်ပေါင်းများစွာကို ပေး ထားပြီး အကျိုးစီးပွားနှင့် စံနှုန်းများကို ထုတ်ဖော်ပြရန်လမ်းကြောင်းပေါင်းများစွာကိုလည်း ဖွင့်ပေးထားသည်၊ ယှဉ် ပြိုင်မှုဖြစ်စဉ်ပေါင်းများစွာဟုဆိုရာတွင် အဖွဲ့အစည်းနှင့်ဆက်စပ်၍ယှဉ်ပြိုင်ခြင်းနှင့် ပါတီတစ်ခုခုကိုထောက်ခံ၍ ယှဉ် ပြိုင်ခြင်း၊ လက်တွေ့အကျိုးဖြစ်မှုကိုအခြေခံ၍ယှဉ်ပြိုင်ခြင်းနှင့် နယ်ပယ်ပိုင်နက်တစ်ခုခုကိုအခြေခံ၍ယှဉ်ပြိုင်ခြင်း၊ စု ပေါင်းဆောင်ရွက်ကာယှဉ်ပြိုင်ခြင်းနှင့်တစ်သီးပုဂ္ဂလထီးတည်းယှဉ်ပြိုင်ခြင်းဟူ၍ဖြစ်သည်။ အဆိုပါယှဉ်ပြိုင်မှုအားလုံး သည် လက်တွေ့လှုပ်ရှားခြင်းနှင့် တစ်သားတည်းဖြစ်သည်။

ဆန္ဒမဲအများဖြင့်အုပ်ချုပ်ခြင်း

မဲပေးခွင့်ရှိသူများအနက်တစ်ဝက်ကျော်လောက်ရှိသောမဲများကို ပေါင်းစပ်ကာ ဆုံးဖြတ်ချက်ချသော အုပ်ချုပ်ရေးအဖွဲ့ အစည်းမှန်သမျှတိုင်းသည် ဒီမိုကရေစီနည်းကျဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုဆန္ဒမဲအများစုသည် မဲဆန္ဒနယ်တစ်ခုတွင်း မှဖြစ်စေ၊ ပါလီမန်တစ်ရပ်တွင်းမှဖြစ်စေ၊ ကော်မတီတစ်ရပ် ၊ မြို့တော်ကောင်စီ(သို့မဟုတ်) ပါတီတွင်းလျှို့ဝှက်အစည်း အဝေးတစ်ရပ်မှဖြစ်စေ ထွက်ပေါ်လာ၊မလာအရေးမကြီးပါ။ ဆန္ဒမဲအများဖြင့်ဆုံးဖြတ်အုပ်ချုပ်မှုတိုင်း ဒီမိုကရေစီနည်း ကျသည်ဟု ဆိုခြင်းဖြစ်သည်။ ခြွင်းချက်ကိစ္စရပ်များတော့ရှိသည်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး (သို့ မဟုတ်) လွှတ်တော်အမတ်တစ်ဦးကို ထုတ်ပယ်ရေးစသောကိစ္စရပ်မျိုးတွင် မဲအရေအတွက် ၅၀ရာခိုင်နှုန်းကျော်ရမည် ဟူသော ‘ဆန္ဒမဲအများသတ်မှတ်ချက်’ ရှိရန်လိုအပ်ကောင်းလိုအပ်နိုင်သည်။

ဆန္ဒမဲအများဖြင့်အုပ်ချုပ်ရေး၏အခြေခံသဘောတရားကိုကြည့်လျှင် လူနည်းစုအခွင့်အရေးများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးအတွက် အာမခံပေးထားသည့် အထူးပြဋ္ဌာန်းချက်များရှိရန်လိုအပ် ချက်နှင့် ဟန်ချက်ညီညီဖြစ်နေသည်ကို တွေ့ရပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုကြည့်ရင်လည်း ဆန္ဒမဲအများဖြင့် အုပ်ချုပ်ရေးပုံစံကို တွေ့နိုင်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များသည် မဲဆန္ဒရှင်အများစုကြီး လက်လှမ်းမီနိုင်ရေး(အခွင့်အရေးဆိုင်ရာဥပဒေကြမ်း)၊ အမျိုးမျိုးသော မဲဆန္ဒနယ်အသီးသီး(ပြည်နယ်သဟာယစနစ်) တွင်တစ်ပြိုင်တည်းရှိနေသော မဲဆန္ဒရှင်လူအများစုအတွက် လိုအပ်ချက်များ၊ ဗဟိုဩဇာအာဏာ၏တောင်းဆိုချက်များ (ပြည်ထောင်စုစနစ်) အတိုင်း လိုက်လျောမပေးနိုင်သော ဒေသန္တရ(သို့) တိုင်းဒေသအစိုးရအဖွဲ့များ၏ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကို သေချာစေမည့်အာမခံချက်များ၊ပါတီအားလုံးပေါင်းစည်းထားသည့်ကြီးမားသော ညွန့်ပေါင်းအစိုးရအဖွဲ့များ(အာ ဏာကိုဒီမိုကရေစီနည်းကျခွဲဝေကျင့်သုံးခြင်း) (သို့မဟုတ်) လုပ်ငန်းရှင်နှင့် အလုပ်သမားကဲ့သို့ အဓိကလူမှုရေးအစုအ ဖွဲ့များကြား လူမှုရေးကတိကဝတ်စာချုပ်များထား၍ ညှိနှိုင်းစေ့စပ်ခြင်း(ကော်ပိုရေးရှင်းစနစ်သစ်) ဟူသောဘောင်တို့ ကိုပင်ကျော်လွန်ရှိနေသည့် ပြဋ္ဌာန်းချက်များဖြစ်သည်။

လူနည်းစုအခွင့်အရေး

နိုင်ငံတစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုအခွင့်အရေးများကို ထည့်သွင်းထားတတ်သည်။ အများဆုံးတွေ့ ရသောလူနည်းစုအခွင့်အရေးနှင့်ပတ်သက်သောပုံစံတချို့မှာ -

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လူနည်းစုများကို ၎င်းတို့၏လူထုအသိုင်းအဝိုင်းအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးသောစည်းမျဉ်း များ။ ဥပမာအားဖြင့် ၁၉၇၉ခုနှစ်တွင် ဘက်စကိုဒေသသည် စပိန်နိုင်ငံ၏ပထမဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် လာခဲ့သည်။ Guernica Statue ဟူသော ရုပ်တုသည် ဘက်စကိုဒေသတွင် ဘဏ္ဍာရေးနှင့် ဒေသတွင်းရဲတပ်ဖွဲ့ဝင်များအ ပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ခဲ့ပြီး ဘက်စကိုဘာသာစကားကိုလည်း ထိုဒေသ၏တရားဝင်ရုံးသုံးဘာသာစကား အဖြစ်သတ်မှတ်ထူထောင်ပေးခဲ့သည်။ ဘက်စကိုအစိုးရသည် ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သဘာ၀သယံဇာတအရင်းအမြစ်များ၊ လူမှုရေးဝန်ဆောင်မှုများနှင့် အခြားနယ်ပယ်ရပ်အသီးသီး နှင့်စပ်လျဉ်း၍ဆုံးဖြတ်ချက်အားလုံးကို ချမှတ်သည်။ စပိန်နိုင်ငံတွင် ဘက်စကိုအစိုးရသည် အခွန်အားလုံးကိုကောက် ယူခွင့်အာဏာရှိသော တစ်ဖွဲ့တည်းသောဒေသန္တရအစိုးရဖြစ်သည်။

အာဏာခွဲဝေကျင့်သုံးခြင်း၊ အစိုးရအဖွဲ့အတွင်း လူနည်းစုများကို ကိုယ်စားပြုနိုင်စေမည့်စည်းမျဉ်းများ။ ဥပမာ လက် ဘနွန်အစိုးရသည် တိုင်းရင်းသားပဋိပက္ခကို ကန့်သတ်ရန်ဟုဆိုကာ အာဏာခွဲဝေကျင့်သုံးသောစနစ်တစ်ရပ်ကို ထူ ထောင်ခဲ့သည်။ အာဏာခွဲဝေကျင့်သုံးမှုစနစ်မှာ ကိုယ်စားလှယ်များအတွက်ပေးအပ်ထားသော အာဏာရာထူးနေရာ များကို နိုင်ငံတွင်း အကြီးမားဆုံးသော တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာအစုအဖွဲ့များ၏ကိုယ်စားလှယ်များထံမျှတ စွာ ခွဲဝေပေးထားခြင်းဖြစ်သည်။ ဥပမာ သမ္မတက မယ်ရွန်နိုက်ခရစ်ယာန်ဝင်တစ်ဦးဖြစ်ရမည်ဆိုလျှင် ဝန်ကြီးချုပ်က ဆွန်နီမူစလင်၊ လွှတ်တော်ဥက္ကဌက ရှိယာမူစလင်၊ ဒု-ဝန်ကြီးချုပ်နှင့် လွှတ်တော်ဒု-ဥက္ကဌက အော်သိုဒေါက်ခရစ်ယာန် ဝင်များဖြစ်ရမည်။

ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားခြင်း၊ လူနည်းစုဝင်များ၏ယဉ်ကျေးမှုသီးခြားစရိုက်လက္ခဏာ၊ဘာသာစကားနှင့်ယဉ် ကျေးမှုကို ကာကွယ်ပေးသည့်စည်းမျဉ်းများ။ ဥပမာ စစ်တကောင်းတောင်တန်းသည် မြန်မာနိုင်ငံနယ်စပ်တွင်ရှိပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၏အရှေ့ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သည်။ ထိုဒေသရှိ လူမျိုးစုများ၏ဘာသာရေး၊ ဘာသာစကားနှင့် လူမျိုးဓလေ့သဘာ၀သည် ကျန်ရှိသော ဘင်္ဂလားဒေ့ရှ်ပြည်သူလူထုနှင့် အကြီးအမား ကွာခြားသည်။ ၁၉၉၇ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်မူထွက်ရှိလာပြီး အိမ်တွင်းမှုသက်မွေးပညာရေး၊ မူလတန်းပညာရေး၊ အလယ်တန်းပညာရေး၊ ဒေသန္တရရဲတပ်ဖွဲ့၊ မျိုးနွယ်စုဆိုင်ရာဥပဒေနှင့် လူမှုရေးတရားမျှတမှုအပြင် တခြားသောနယ် ပယ်အရပ်ရပ်ရှိကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူလုပ်ဆောင်ရန် စစ်တကောင်းတောင်တန်းဒေသကောင်စီကို လုပ် ပိုင်ခွင့်ပေးအပ်ခဲ့သည်။

အနှိမ်ခံများကို ပြန်လည်ကုစားပံ့ပိုးပေးခြင်း စည်းမျဉ်းများနှင့် မူဝါဒများ၊ အစိုးရအဖွဲ့အတွက် လူနည်းစုဝင်များကို (လူ များစုကြီးထက်)အခွင့်အလမ်းများ သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေးအခွင့်အလမ်းများကို ပိုမိုပေး နိုင်စေမည့်စည်းမျဉ်းများ။ ဥပမာ ၁၉၉၄ခုနှစ်တွင် တောင်အာဖရိကနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းလဲခဲ့ သည်။ ထို့နောက် အစိုးရသစ်သည် ယခင်က လူမှုရေးနှင့် စီးပွားရေးဆိုင်ရာဟန်ချက်မညီမျှမှုများကို ပြန်လည်တည့် မတ်ပေးနိုင်ရန် အနှိမ်ခံများကို ပြန်လည်ကုစားပံ့ပိုးပေးခြင်းဥပဒေများကို အသုံးချရန်ရွေးချယ်လိုက်သည်။ ထိုဥပဒေ များအရ အလုပ်ရှင်များအားလုံးသည် ယခင်လူမျိုးခွဲခြားသောအစိုးရစနစ်အောက်တွင် ခွဲခြားဆက်ဆံခံခဲ့ရသောအစုအ ဖွဲ့များအား အလုပ်အကိုင်ပြန်ပေးခဲ့ရသည်။ ထိုအစုအဖွဲ့များတွင် လူမည်းများ၊ အိန္ဒိယလူမျိုးများ၊ အသားနီလူမျိုးများ (ကပြားလူမျိုး)၊ အမျိုးသမီးများနှင့် မသန်စွမ်းများပါဝင်ကြသည်။

လူနည်းစုအခွင့်အရေး ဖွင့်ဆိုချက်

အခွင့်အရေးဥပဒေကြမ်း။ တစ်သီးပုဂ္ဂလ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အထူးပြုတင်ပြထားသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာမူကြမ်းစာရွက်၊ ထိုစာရွက်တွင် နိုင်ငံသားလွတ်လပ်ခွင့်၏ ဥပဒေသက်ဝင်မှုအတိုင်းအဆကို လည်း ဖွင့်ဆိုပြထားသည်။

ပြည်နယ်သဟာရစနစ်၊ ပြည်နယ်တစ်ခုစီကို စနစ်တကျပေါင်းစည်းထားခြင်း၊ ပြည်နယ်သမဂ္ဂအဖွဲ့များ၊ ယင်းအဖွဲ့များ တွင် သီးခြားပြည်နယ်တစ်ခုစီသည် တညီတညွတ်တည်းဆုံးဖြတ်ချက်ချခြင်းဖြင့် သီးခြားအမှီအခိုကင်းလွတ်လပ်မှုရှိ ကြသည်။

အာဏာခွဲဝေကျင့်သုံးမှုဆိုင်ရာဒီမိုကရေစီ၊ ပါတီများအချင်းချင်းကြား(သို့မဟုတ်နိုင်ငံရေးစုဖွဲ့ထူထောင်ကြမှုများကြား အာဏာခွဲဝေခြင်း၊ နီးကပ်စွာပေါင်းစည်းဆောင်ရွက်ခြင်းမှတစ်ဆင့် လည်ပတ်နေသည့် ဒီမိုကရေစီပုံစံတစ်ရပ်။

ပြည်ထောင်စုစနစ်၊ ဗဟို(အများအားဖြင့်တစ်မျိုးသားလုံးနှင့်ဆိုင်ရာ)အဖွဲ့အစည်းများနှင့် ပြည်နယ်အဖွဲ့အစည်းများ ကြား အချုပ်အခြာအာဏာကို ခွဲဝေထားမှုကို အခြေခံကာ အာဏာကို နယ်မြေဒေသအခြေပြုခွဲဝေပေးထားခြင်း။

ကော်ပိုရေးရှင်းစနစ်သစ်၊ စီးပွားရေးလုပ်ငန်းနှင့် အလုပ်သမားနယ်ပယ်ကို ကိုယ်စားပြုသောအသင်းအဖွဲ့များက စီးပွား ရေးမူဝါဒကို ချမှတ်ရန် အစိုးရနှင့် အတူလုပ်ကိုင်ကြရန်ရည်ရွယ်သောဆိုရှယ်ဒီမိုကရေစီ မူဝါဒချမှတ်ခြင်းစနစ်။

ပူးပေါင်းဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏အခြေခံသွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သည်။ ပါဝင်ဆောင်ရွက်ကြသူများ သည် အစိုးရပုံစံနှင့်လုပ်ငန်းစဉ်တစ်ရပ်လုံးအတိုင်း လိုက်နာပြီး စုပေါင်းဆုံးဖြတ်ချက်များကို ဆန္ဒအလျောက်ချမှတ်ကြ သည်။ ၎င်းတို့သည် ယှဉ်ပြိုင်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်၊ လို လားချက်များကို စနစ်တကျစီမံချမှတ်ရန်၊ အာဏာပိုင်အဖွဲ့များကို တောင်းဆိုလွှာလျှောက်တင်ရန်နှင့် မူဝါဒများတွင် ဩဇာညောင်းနိုင်ရန် ပါတီများ၊ အဖွဲ့အစည်းများနှင့် လှုပ်ရှားမှုများမှတစ်ဆင့် ၎င်းတို့သည် စုပေါင်း၍ဆောင်ရွက်နိုင်ရ မည်။

ဒီမိုကရေစီကပေးသော လွတ်လပ်ခွင့်များသည် နိုင်ငံသားများကြား ဆွေးနွေးအဖြေရှာရန်၊ မိမိတို့၏ဘုံတူညီသောလို အပ်ချက်များကို ရှာဖွေဖော်ထုတ်ရန်နှင့် ဩဇာကြီးမားသောဗဟိုအာဏာတချို့အပေါ်မမှီခိုဘဲ မိမိတို့အချင်းချင်းကြား မ တူကွဲပြားချက်များကို ဖြေရှင်းတတ်ရန် အားပေးအားမြှောက်ပြုသင့်သည်။ ထို့ကြောင့် ဒီမိုကရေစီဟူသည် အပြိုင်အ ဆိုင်ဖြစ်နေသောကိုယ်စားလှယ်လောင်းများကြား ရွေးကောက်ခံရရေးနှင့် ပြန်လည်ရွေးကောက်ခံရရေးတို့အတွက်ပြိုင် ဆိုင်တိုက်ခိုက်နေခြင်းတစ်ရပ်ထက်ပိုသည်။ ခေတ်ပြိုင်နိုင်ငံရေးဆိုင်ရာအရေးအသားများတွင် ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသောအစုအဖွဲ့များ၏လှုပ်ရှားဆောင်ရွက်ချက်မှတစ်ဆင့် ယခုတင်ပြသော ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆွေးနွေးအ​ ဖြေရှာခြင်းဖြစ်စဉ်ကို ‘အရပ်ဖက်လူ့အဖွဲ့အစည်း’တည်းဟူသောခေါင်းစီးတစ်ခုတည်းဖြင့် အလွယ်မြင်နိုင်သည်။ မတူကွဲ ပြားသော လူမှုရေးသီးခြားလက္ခဏာနှင့် အကျိုးစီးပွားဆိုင်ရာအစုအဖွဲ့များသည် အစိုးရ(အပြင် ပါတီများနှင့်ပါ)နှင့်သီး ခြားအမှီအခိုကင်းရပ်တည်နေသည့်အတွက် ၎င်းတို့သည် အုပ်ချုပ်သူများ ထင်ရာစိုင်းလုပ်မလာအောင် တားဆီးနိုင်ရုံ သာမက၊ တစ်ပါးသူများ၏လိုလားချက်များကို ပိုမိုအရေးပေးသော၊ ကိုယ့်အလုပ်ကို ယုံကြည်စိတ်ပိုရှိရှိဖြင့်လုပ်လာ နိုင်သော၊ ဘုံတူညီသောကောင်းကျိုးရရှိရေး အနစ်နာခံလိုသောစိတ်ဖြင့် နိုင်ငံသားစိတ်ဓာတ်ပိုပြည့်၀စွာလုပ်လာသော နိုင်ငံသားများဖြစ်အောင်၊ ပိုမိုကောင်းမွန်သောနိုင်ငံသားများဖြစ်အောင် ပံ့ပိုးပုံသွင်းပေးသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းသည် တစ်သီးပုဂ္ဂလနှင့် အစိုးရကြား ကြားခံအလွှာတစ်ရပ်ကို ပေးအပ်သည်။ ကောင်းမွန်​ သော အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ရပ်ဟူသည် ဆုံးဖြတ်ချက်ချသူများကို မြင့်မားသည့်တောင်းဆိုချက်များဖြင့် ဖိသိပ် ဝန်ပိစေခြင်းမျိုး၊ စနစ်ကို အုပ်ထိန်းမရဖြစ်စေခြင်းမျိုးကို လုပ်ဆောင်သည်ထက် ပဋိပက္ခများကို ဖြေရှင်းပေးနိုင်ပြီး နိုင် ငံသားတို့၏အရည်အသွေးကို တိုးတက်အောင်လုပ်ပေးနိုင်သည်၊ ဤသို့လုပ်ဆောင်ရာတွင် စျေးကွက်၏ပုဂ္ဂလပိုင်စနစ် အပေါ် အထူးမှီခိုအားထားခြင်းမရှိပါ။

ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ဖြစ်စရွေးကောက်ခံရသောကိုယ်စားလှယ်များသည် အ မှန်အလုပ်လုပ်ရဆုံးသောသူများဖြစ်ကြ၏။ အများစုသည် မိမိတို့၏ဘ၀ကို အစိုးရရာထူးနေရာများတွင် ထမ်းရွက်လုပ် ကိုင်လိုသောစိတ်ဖြင့် အဓိကအသက်မွေးနေကြသည့် ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများဖြစ်ကြသည်။ ထိုလူများ သာမရှိလျှင် မည်သည့်ဒီမိုကရေစီမှ ရှင်သန်နိုင်ရန် မလွယ်ကူပါ။ ထို့ကြောင့် အဓိကမေးခွန်းထုတ်စရာဖြစ်လာရသည် မှာ နိုင်ငံရေးအထက်တန်းလွှာတစ်ရပ်(သို့မဟုတ်) ပရော်ဖက်ရှင်နယ်နိုင်ငံရေးလူတန်းစားတစ်ရပ်ရှိမည်၊ မရှိမည်ဟူ၍ မဟုတ်ဘဲ ကိုယ်စားလှယ်များကို မည်သို့ ရွေးချယ်ကာ ၎င်းတို့၏ဆောင်ရွက်ချက်များအတွက် မည်သို့တာဝန်ခံမှုကို ယူခိုင်းမည်နည်းဟူ၍ပင်ဖြစ်သည်။

ခေတ်သစ်ဒီမိုကရေစီတွင်ရှိသော ကိုယ်စားပြုခြင်းလမ်းကြောင်းများ

ရွေးကောက်တင်မြှောက်ခံရသည့်ကိုယ်စားလှယ်များ(လွှတ်တော်နှင့် သမ္မတရာထူး)သည် နိုင်ငံသားထုတစ်ရပ်လုံးကို ကာလအပိုင်းအခြားအရ တာဝန်ခံရသည်။ သို့သော် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်တွင် မိမိတို့သည် ရွေးကောက်ပွဲ များကျင်းပရန်မဟုတ်ဘဲ ပြည်သူ့ရေးရာဆုံးဖြတ်ချက်များ ချမှတ်ရန်တာဝန်ယူထားသော အစိုးရပုံစံယူထားသည့် ကိုယ်စားပြုအဖွဲ့များ အဆမတန်များပြားနေခြင်းနှင့် ရင်ဆိုင်ရသည်။ ထိုကိုယ်စားပြုအဖွဲ့များတွင် ကျယ်ပြန့်သော သီး ခြားအထူးပြုကိုယ်စားပြုခြင်းဆိုင်ရာယန္တရားတစ်ရပ်ကို စိုက်ထူထား၏။ ယင်းယန္တရားကို မဲဆန္ဒနယ်ဟူ၍ပိုင်နက်နယ် မြေအပေါ်မဟုတ်ဘဲ လက်တွေ့ဖြစ်ထွန်းနိုင်မည့်အကျိုးစီးပွားများအပေါ်အခြေခံကာ တည်ဆောက်ထားသည်။ နိုင်ငံ ရေးပါတီများကို မဆိုလိုဘဲ ယခုတင်ပြသော အကျိုးစီးပွားအခြေခံအဖွဲ့အစည်းများသည် တည်ငြိမ်မှုအရှိဆုံးဒီမိုကရေစီ နိုင်ငံများတွင် တွေ့ရသော အရပ်ဖက်လူ့အဖွဲ့အစည်း၏ပုံစံကို အခြေခံထင်ဟပ်ပြချက်ပင်ဖြစ်တော့သည်။ ခေတ်သစ်ဒီ မိုကရေစီနိုင်ငံများတွင် မိမိတို့တွေ့ရသည့် ကိုယ်စားပြုခြင်းဆိုင်ရာနောက်ဆုံးပေါ်ပုံစံဟူသည်မှာ ပြတ်တောင်းပြတ် တောင်းပေါ်ပေါ်လာတတ်သော လူမှုရေးလှုပ်ရှားမှုများကိုအခြေခံကာ ကြားဝင်ဆောင်ရွက်ကြခြင်းများပင်ဖြစ်သည်။

အသစ်ထွက်ပေါ်ပြီး ထိလွယ်၊ရှလွယ်ဖြစ်သောဒီမိုကရေစီနိုင်ငံများတွင် ၎င်းတို့၏တရွေ့ရွေ့တိုးတက်ပြောင်းလဲလာ သောသမိုင်းကြောင်းကိုကြည့်လျှင် ကိုယ်စားပြုခြင်းလမ်းကြောင်းပေါင်းများစွာကို ရရှိထားသည်ဟု မျှော်လင့်၍မရနိုင် ပါ။ စိတ်ရှုပ်လောက်စရာကောင်းသည်အထိ ထွက်ပေါ်နေသော ပါတီများ၊ အကျိုးစီးပွားများနှင့် လှုပ်ရှားမှုများစွာ၏ အခင်းအကျင်းတစ်ရပ်ကိုကြည့်လျှင် ထိုထိုအစုအဖွဲ့များအားလုံးသည် ကိုယ်စားပြုခြင်းလမ်းကြောင်းတွင် နိုင်ငံရေးအ ရဩဇာလွှမ်းမိုးမှုကိုရရှိရန် ကြိုးပမ်းကြလိမ့်မည်ဖြစ်သည်။ ဤသို့ကြိုးပမ်းလုပ်ဆောင်ကြသည်မှ အစောပိုင်းဒီမိုကရေစီ ဖော်ဆောင်ကူးပြောင်းခြင်းဖြစ်စဉ်တွင် မတည်ရှိခဲ့ဖူးသော အစိုးရပုံစံနှင့်လုပ်ငန်းစဉ်အပေါ် စိန်ခေါ်မှုများသည် ဘွားက နဲပေါ်ပေါက်လာမည်ဖြစ်သည်။

ဒီမိုကရေစီနည်းကျဖြစ်စေနိုင်သော လုပ်ထုံးလုပ်နည်းများ

သို့ရာတွင် ဒီမိုကရေစီရှင်သန်နိုင်ရန် အထူးသီးခြားလုပ်ထုံးလုပ်နည်းဆိုင်ရာစံသတ်မှတ်ချက်များကို လိုက်နာရန်လိုအပ် ပြီး နိုင်ငံသားအခွင့်အရေးများကိုလည်း လေးစားရမည်ဖြစ်သည်။ ထိုသို့လေးစားလိုက်နာရမည်ဟူသော ကန့်သတ် ချက်များကို ပြဋ္ဌာန်းထားရန်ပျက်ကွက်သည့်အပြင် ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖော်ဆောင်ထားသော ‘တ ရားဥပဒေစိုးမိုးရေး’ကို ပြန်လိုက်နာရန်ပျက်ကွက်သည့် မည်သည့်အစိုးရပုံစံနှင့် လုပ်ငန်းစဉ်တိုင်းကိုမဆို ဒီမိုကရေစီ နည်းကျမဖြစ်ဟု ယူဆသင့်ပါသည်။ ထိုလုပ်ထုံးလုပ်နည်းများ ထီးတည်းရှိနေရုံဖြင့် ဒီမိုကရေစီဟု ဆို၍မရပါ။ သို့သော် ၎င်းတို့ တည်ရှိနေခြင်းကို ဒီမိုကရေစီရှင်သန်တည်ရှိခြင်းနှင့် ခွဲခြား၍တော့မရ။ အနှစ်သာရအားဖြင့် ထိုလုပ်ထုံးလုပ် နည်းများသည် ဒီမိုကရေစီတည်ရှိရန်အတွက် လိုအပ်သော်ငြား မလုံလောက်သေးသော အခြေအနေများပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ခေတ်သစ်ဒီမိုကရေစီဟုဆိုလျှင် ရောဘတ်ဒါးလ်၏ ‘လုပ်နည်းစနစ်အနည်းဆုံးဖြစ်ရမည့်’အခြေအနေများနှင့်စပ်လျဉ်း သောစာရင်းကို တင်ပြရမည်။

၁။ ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရအပ်နှင်းထားသော မူဝါဒနှင့်စပ် လျဉ်း၍အစိုးရ၏ဆုံးဖြတ်ချက်များအပေါ် ထိန်းချုပ်နိုင်ခြင်း

၂။ အကျပ်ကိုင်မှုကို သိသိသာသာ တွေ့မြင်ရလေ့မရှိသော မကြာခဏ မျှတစွာကျင်းပသည့်ရွေးကောက်ပွဲများမှ ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များကို ရွေးချယ်ခြင်း

၃။ လက်တွေ့အားဖြင့် အရွယ်ရောက်သူတိုင်း ကိုယ်စားလှယ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိခြင်း

၄။ လက်တွေ့အားဖြင့် အရွယ်ရောက်သူတိုင်း အစိုးရအဖွဲ့အတွင်း ရွေးကောက်ခံရာထူးများအတွက် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရခွင့်ရှိခြင်း

၅။ နိုင်ငံသားတိုင်းတွင် နိုင်ငံရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းသောမိမိတို့အမြင်ကို ပြင်းထန်သောတစ်စုံတစ်ရာအ ရေးယူခံရခြင်းမရှိဘဲ လွတ်လပ်စွာ ဖော်ထုတ်ပြခွင့်ရှိခြင်း

၆။ နိုင်ငံသားတိုင်းတွင် ပုံမှန်မဟုတ်သောသတင်းအချက်အလက်ရင်းမြစ်များကို ရယူဖော်ပြခွင့်ရှိသည်။ ထို့အပြင် ပုံမှန်မဟုတ်သောသတင်းအချက်အလက်ရင်းမြစ်များတည်ရှိပြီး ဥပဒေက ကာကွယ်ပေးထားသည်။

၇။ သီးခြားလွတ်လပ်သောနိုင်ငံရေးပါတီများနှင့် အကျိုးစီးပွားအုပ်စုများအပါအဝင် နိုင်ငံသားတိုင်းတွင် သီးခြား လွတ်လပ်သောအသင်းအပင်းများ (သို့မဟုတ်) အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်ခွင့်ရှိခြင်း

ထို့နောက် လုပ်ထုံးစနစ်အခြေခံဒီမိုကရေစီအနှစ်သာရကို ပြဆိုသော အခြေအနေခုနှစ်ချက်အနက် နောက်ထပ်နှစ်ချက် ကို ထပ်ဖြည့်တင်ပြရပါက

၈။ လူထုရွေးကောက်တင်မြှောက်ခံရသောကိုယ်စားလှယ်များသည် ရွေးကောက်တင်မြှောက်မခံရသော ကိုယ်စား လှယ်များထံမှ အတိုက်အခံလုပ်ပယ်ဖျက်ခံရခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းတို့ရရှိထားသော အာ ဏာကို ကျင့်သုံးနိုင်ရမည်။ စစ်တပ်အရာရှိများ၊ သက်တမ်းရှည်ကြာအမြစ်တွယ်နေသည့်အစိုးရဝန်ထမ်းများ၊ (သို့မဟုတ်) အစိုးရစီမံခန့်ခွဲရေးသမားများတွင် ရွေးကောက်ခံအရပ်သားကိုယ်စားလှယ်များ(သို့မဟုတ်) ပြည် သူ့ကိုယ်စားလှယ်များမှ ဗီတိုအာဏာသုံးချမှတ်သောဆုံးဖြတ်ချက်များနှင့် သီးခြားကင်းလွတ်စွာ ပြုမူဆောင် ရွက်နိုင်စွမ်းရရှိနေပါက ဒီမိုကရေစီသည် ဆုံးရှုံးဖွယ်ရာသာရှိတော့မည်။

၉။ အစိုးရပုံစံနှင့်လုပ်ငန်းစဉ်သည် ကိုယ်ပိုင်အုပ်ချုပ်မှုမျိုးဖြစ်ရမည်။ နိုင်ငံရေးစနစ်အပေါ် လွှမ်းခြုံနေသောအခြား သူတစ်ချို့က ပြဋ္ဌာန်းသည့်ကန့်သတ်ချက်များနှင့် သီးခြားကင်းလွတ်စွာ ပြုမူဆောင်ရွက်နိုင်ရမည်။ အကျိုးတူ ပူးပေါင်းထားသည့်အဖွဲ့များ၊မဟာမိတ်အဖွဲ့များ၊ ဩဇာလွှမ်းမိုးမှုနယ်ပယ်များနှင့် ‘ကိုလိုနီလက်အောက်ခံပုံစံ သစ်’အစီအမံများ များပြားစွာ ဖွံ့ဖြိုးကြီးထွားနေရာ ကိုယ်ပိုင်အုပ်ချုပ်မှုဟူသောကိစ္စသည် အဓိကမေးခွန်း ထုတ်စရာဖြစ်နေသည်။ ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏မဲဆန္ဒနယ်စာရင်းဝင်ဒေသအ ပြင်ဘက်က လူအများ၏အတည်ပြုချက်မရလျှင် တာဝန်ခံရမည့်ဆုံးဖြတ်ချက်များကို မချမှတ်နိုင်တော့ပါဟူ သောစနစ်တစ်ရပ်သည် အမှန်စင်စစ် ဒီမိုကရေစီနည်းကျဖြစ်ပါသလားဟူ၍ မေးခွန်းထုတ်ရပါမည်။

ဒီမိုကရေစီနည်းကျ ဖြစ်စေနိုင်သော အခြေခံသဘောတရားများ

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ၌ ထောက်ခံမှုကိုပိုမိုရရှိကာ အောင်နိုင်သွားသော(သို့မဟုတ်) မူဝါဒအပေါ်ဩဇာ ညောင်းလိုက်နိုင်သောသူများသည် ၎င်းတို့ယာယီရရှိလိုက်သောအားသာချက်ကို အသုံးချကာ ရှုံးသူများကို ​နိုင်ငံရေး ရာထူးမရနိုင်အောင်(သို့မဟုတ်) အနာဂတ်တွင် ဩဇာလွှမ်းမိုးမှုရရှိရေး ကြိုးပမ်းမရနိုင်အောင် ပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်းနှင့် အပြန်အလှန်အားဖြင့် အာဏာနှင့်နေရာအတွက် ယခုလိုဆက်ယှဉ်ပြိုင်နိုင်စေမည့်အခွင့်အလမ်းရှိ နေသဖြင့် ယာယီရှုံးနိမ့်သွားသူများဘက်က အနိုင်ရသွားသူများ၏ ဆုံးဖြတ်ချက်များချပိုင်ခွင့်ကို လေးစားလိမ့်မည်ဖြစ် ကြောင်းကို ကိုယ်စားလှယ်များသည် အနည်းဆုံးသဘောတူထားရမည်ဖြစ်သည်။

နိုင်ငံသားများသည် အထက်ပါရွေးကောက်ပွဲယှဉ်ပြိုင်မှုဖြစ်စဉ်မှ ထွက်လာသော ဆုံးဖြတ်ချက်များကို လိုက်နာပေးဖွယ် ရာရှိသည်၊ ထိုသို့လိုက်နာပေးရန်အတွက် ရွေးကောက်ပွဲယှဉ်ပြိုင်မှုရလဒ်သည် မျှတပြီးပုံမှန်ကျင်းပသော  ရွေးကောက် ပွဲများ (သို့မဟုတ်) ပွင့်လင်းပြီး အကြိမ်ကြိမ်ပြုလုပ်သော စေ့စပ်ဆွေးနွေးပွဲများမှတစ်ဆင့် ထုတ်ဖော်ပြထားပြီးဖြစ် သည့် နိုင်ငံသားများ၏လိုလားချက်များကို အမှီသဟဲပြုထားရန်လိုသည်။

ဒီမိုကရေစီစနစ်တိုင်းတွင် မည်သူ ရွေးကောက်ခံရမည်၊ မည်သည့်မူဝါဒများကို ထိုသူတို့ လိုက်နာဆောင်ရွက်ပေးမည်ဟူ သည်နှင့်ပတ်သက်ပြီးမရေရာမှုနှင့် အမြဲရင်ဆိုင်ရသည်။ သို့ရာတွင် ထိုမရေရာမှုသည် ဒီမိုကရေစီစနစ်အားလုံး၏အူ တိုင်တွင် နှစ်မြှုပ်ချည်နှောင်ခံထားရသည်။ တလေးတစားထားရမည့် ယခင်ကချမှတ်ခဲ့သောစည်းမျဉ်းများရှိသည်။ မူ ဝါဒသက်သက်ကိုပင် ကျင့်သုံး၍တော့မရနိုင်ပါ။ စံနှုန်းပြည့်မှီရန်လိုအပ်သည့် အခြေအနေများရှိသေးသည်။ ဒီမိုကရေစီ သည် ‘ပုံမှန်အတိုင်းရှိသော’ ကန့်သတ်ထားသည့်နိုင်ငံရေးဆိုင်ရာမရေရာမှုကို နိုင်ငံရေးရာယန္တရား တည်ဆောက်မှု အ တွင်းထည့်သွင်းလိုက်ခြင်းပင်ဖြစ်သည်။ကန့်သတ်ထားသောစည်းဘောင်များသည်တစ်နိုင်ငံနှင့်တစ်နိုင်ငံကွဲပြားသည်။

ယခုပြောသောစည်းဘောင်များ၏တစ်စိတ်တပိုင်းသာဓကမှာ ပစ္စည်းဥစ္စာ၊ ပုဂ္ဂလိကလုံခြုံခွင့်၊ လွတ်လပ်စွာထုတ်ဖော် ခွင့်နှင့် အခြားအခွင့်အရေးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံပေးထားမှုများပင်ဖြစ်သည်။ သို့သော် အထိရောက် ဆုံးကန့်သတ်ဘောင်များကိုပြရပါက အကျိုးစီးပွားအုပ်စုများကြားယှဉ်ပြိုင်ခြင်းနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။