အသစ်များ > လူမှုထောက်ပံ့ရေးစနစ်

လူမှုထောက်ပံ့ရေးစနစ်

2022-08-29

လူမှုထောက်ပံ့ရေးစနစ်ဆိုသည်မှာ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏လူမှုဖူလုံရေးကိုထောက်ပံ့ရန်ပေးထားသည့် လူမှုရေးရာအကျိုးခံစားခွင့်များနှင့် ဝန်ဆောင်မှုများအားလုံးကို ခြုံငုံ၍ခေါ်ဝေါ်သောအမည်ဖြစ်သည်။ အဆိုပါခံစားခွင့် များနှင့်ဝန်ဆောင်မှုများတွင် အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း များနှင့် အလုပ်လက်မဲ့များအတွက် ငွေကြေးထောက်ပံ့ပေးခြင်းတို့ ပါဝင်သည်။ လူမှုဖူလုံရေးစနစ်ဆိုသည်မှာ နိုင်ငံ သားများ၏စီးပွားရေးနှင့် လူမှုဖူလုံရေးကို ကာကွယ်မြှင့်တင်ပေးရာတွင် နိုင်ငံတော်က အဓိကအခန်းကဏ္ဍမှ ပါဝင် သည်ဟူသော အစိုးရအယူအဆတစ်ရပ်ပင်ဖြစ်သည်။ သာတူညီမျှရေး၊ ဓနဥစ္စာကို တန်းတူညီမျှပြန်လည်ခွဲဝေရေးနှင့် လူမှုဝန်ဆောင်မှုများကို ပေးနိုင်လောက်သည်အထိ ချမ်းသာသောလူများအတွက် အစိုးရမှ တာဝန်ယူပေးရေးအစရှိ သည့် သဘောတရားရေးရာမူဘောင်များအပေါ် အထက်ပါလူမှုထောက်ပံ့ရေးစနစ်အယူအဆက အခြေခံထားသည်။

လူမှုထောက်ပံ့ရေးစနစ်တွင် နိုင်ငံတော်မှ အရင်းအမြစ်များ(အထူးသဖြင့် အခွန်ဘဏ္ဍာ)ကို ဝန်ဆောင်မှုပေးသောလုပ် ငန်းများ(ဥပမာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအစရှိသဖြင့်) ဆီသို့လည်းကောင်း၊ တစ်သီးပုဂ္ဂလများ(အစိုးရ ထောက်ပံ့ကြေးများ)ထံသို့ တိုက်ရိုက်သော်လည်းကောင်း လွှဲပြောင်းပေးခြင်းများလည်း ပါဝင်သည်။ ယင်းသို့လွှဲပြောင်း ပေးနိုင်ရန် နိုင်ငံတော်က ပြည်သူ့ထံမှ အခွန်ကောက်သည်။ အခွန်ကောက်ရာတွင် အများအားဖြင့် ဝင်ငွေပိုများသူကို အ ခွန်ပိုတိုးကောက်ပြီး ယင်းပုံစံကို ထပ်တိုးဝင်ငွေခွန်စည်းကြပ်ခြင်းဟု ခေါ်သည်။ ဤနည်းက ချမ်းသာသူနှင့် ဆင်းရဲသူ ကြား ဝင်ငွေကွာဟချက်ကို လျှော့ချပေးသည်။

ကမ္ဘာအနှံ့ရင်ဆိုင်ခဲ့ရသော စီးပွားပျက်ကပ်သည် နိုင်ငံအများတွင် လူမှုထောက်ပံ့ရေးစနစ်ကို တင်သွင်းကျင့်သုံးလာရ ခြင်း၏အရေးပါသောအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ စီးပွားပျက်ကပ်ကာလအတွင်း လက်ဝဲကြည့်လျှင် ကွန်မြူနစ်ဝါ ဒ၏အစွန်းရောက်သဘောတရားများ၊ လက်ယာကြည့်လျှင် စည်းမျဉ်းဥပဒေမဲ့သော လေဇယ်ဖဲယားအရင်းရှင်စနစ်၏အ စွန်းရောက်သဘောတရားများ၊ အဆိုပါအစွန်းတရားနှစ်ခုကြားတွင် လူမှုထောက်ပံ့ရေးစနစ်ကို ‘အလယ်အလတ်ကျ သောလမ်း’ဟု မြင်ကြသည်။

ယနေ့ခေတ်လူမှုထောက်ပံ့ရေးစနစ်ကို လက်တွေ့ကျင့်သုံးရာတွင် ငွေသားဖြင့် လူမှုထောက်ပံ့ကြေးပေးခြင်းနှင့် (သက် ကြီးပင်စင်လစာများ(သို့မဟုတ်)အလုပ်လက်မဲ့ထောက်ပံ့ကြေးများ)နှင့် ငွေအစား ပစ္စည်း(သို့)လုပ်အားဖြင့် ထောက်ပံ့ ကြေးပေးခြင်း(ကျန်းမာရေး သို့မဟုတ် ကလေးသူငယ်စောင့်ရှောက်ရေးများကဲ့သို့) အထိချဲ့ထွင်လာကြပြီဖြစ်သည်။ အ ဆိုပါထောက်ပံ့ပေးမှုများနှင့် ဝန်ဆောင်မှုများကို ဇယား ၂ တွင်ကြည့်နိုင်သည်။ သီးခြားထုတ်နုတ်ပြထား သော တိုင်းပြည်များတွင် လူမှုရေးအတွက်ဘဏ္ဍာငွေများကို အသုံးပြုပုံ​အကြောင်းသုံးသပ်ချက်ဥပမာကို ပုံ ၁ တွင်တွေ့နိုင် သည်။

ကိုးကား - http://global.britannica.com/topic/welfare-state

ပုံ-. Social spending in selected countries