အသစ်များ > ဖက်ဒရယ်စနစ်အမျိုးအစားများ

ဖက်ဒရယ်စနစ်အမျိုးအစားများ

2022-09-06

မေး။ ဖက်ဒရယ်စနစ်အမျိုးအစားများကို ဖော်ပြပါ။

ဖြေ။ အောက်ပါနှင့်အညီ ဖက်ဒရယ်စနစ်များကို အမျိုးအစားခွဲခြားနိုင်သည်။

(က) ဖက်ဒရယ်ဝါဒကျင့်သုံးခြင်းလုပ်ငန်းစဉ် နှင့်

(ခ) ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်/ဒေသန္တရအစိုးများကြား အာဏာရပ်များနှင့် လုပ်ငန်းဆောင်တာများ ခွဲဝေ ထားခြင်း။

မေး။ ဖက်ဒရယ်ဝါဒကျင့်သုံးခြင်းလုပ်ငန်းစဉ်နှင့်အညီ ဖက်ဒရယ်စနစ်အမျိုးအစားများမှာ အဘယ်နည်း။

ဖြေ။ ဖက်ဒရယ်ဝါဒကျင့်သုံးခြင်းလုပ်ငန်းစဉ်နှင့်အညီ ရှိနိုင်သည့်အမျိုးအစားများမှာ

က) “အတူယှဉ်တွဲနေထိုင်ခြင်း”ဖက်ဒရယ်ပြည်ထောင်စုများ၊ တိုင်းပြည်၏နိုင်ငံရေးနှင့် ဘဏ္ဍာရေးပိုင်းအ ဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသော တိုင်းပြည်၏အခြေခံအုတ်မြစ် တွင်ရှိနေသည့် ဖက်ဒရယ်ဖွဲ့စည်းမှုပုံစံနှင့် သိသာထင်ရှားသောအစိတ်အပိုင်းများ(ဥပမာ ကနေဒါ၊ အိန္ဒိယနှင့် ဆွစ်ဇာလန်)

(ခ) “အတူပေါင်းစည်းခြင်း”ဖက်ဒရယ်ပြည်ထောင်စုများ၊ ထင်ရှားသိသာသောလူ့အသိုင်းအဝိုင်းများ(ဥပမာ တောင်အာဖရိက)ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို တိုးမြှင့်ရန်နှင့် အမျိုးသားနိုင်ငံများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုများကို တည်ထောင်ကျင့်သုံးကြသည်၊ သို့မဟုတ် ဗဟိုအစိုးရကို အားနည်းစေခြင်းဖြင့် အမျိုးသားနိုင်ငံတစ်နိုင်ငံကို ဆက်လက်ရှင်သန်စေရန်ကြိုးပမ်းခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုများကို တည်ထောင်ကျင့်သုံးကြသည်။

ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်/ဒေသန္တရအစိုးရများကြား အာဏာရပ်များနှင့် လုပ်ငန်းဆောင်တာများကို ခွဲဝေ ခြင်းနှင့်အညီ ရှိနိုင်သည်မှာ

(က) ပြည်နယ်အစိုးရဌာနခွဲများတွင် အမျိုးသားအစိုးရနှင့် သီးခြားအမှီအခိုကင်းစွာရပ်တည်နေသော အုပ်ချုပ် ရေးရာဌာ နအဖွဲ့အစည်း အစုံအလင်ရှိထားရာ ဗဟိုချုပ်ကိုင်မှုမရှိသောဖက်ဒရယ်ပြည်ထောင်စုများ(ဥပမာ က နေဒါ၊ အမေရိကန်)

(ခ) အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရကြား ဥပဒေပြုရေးကို မူကြမ်းရေးဆွဲရာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လုပ်ဆောင်လာရာ ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်ပြည်ထောင်စုများ(ဂျာမနီ)