အသစ်များ > ပွင့်လင်းမြင်သာခြင်း

ပွင့်လင်းမြင်သာခြင်း

2022-09-03

ပွင့်လင်းမြင်သာခြင်းဆိုသည်မှာ အစိုးရဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသောသတင်းအ ချက်အလက်ကို လွတ်လပ်စွာရယူသိရှိသင့်သည်ဟု အဓိပ္ပာယ်ရသည်။ ထိုသတင်းအချက်အလက်များကို အစိုး ရ၏မူဝါဒများနှင့် လက်တွေ့လုပ်ငန်းစဉ်များ၏ သက်ရောက်မှုကိုခံရမည့် သူများက တိုက်ရိုက်ရယူသိရှိသင့် သည်ဟုလည်း ဆိုလိုပါသည်။

အစိုးရအဖွဲ့တွင်း ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရာတွင် နိုင်ငံရေးပါတီများက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဥပဒေပြုလွှတ်တော်တွင်း အတိုက်အခံပါတီများသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို စစ်ဆေးစောင့် ကြည့်ခြင်းနောက်ကွယ်မှ ပင်မမောင်းနှင်အားဖြစ်နေတတ်သည်။ အစိုးရအဖွဲ့၏အပြင်ဘက်တွင်မူ အတိုက်အ ခံပါတီများသည် အစိုးရအဖွဲ့တွင်း အသုံးအဖြုန်းလေလွင့်မှု၊ စီမံခန့်ခွဲမှုလွဲမှားခြင်းနှင့် အဂတိလိုက်စားခြင်းတို့ နှင့်ဆိုင်ရာအသိပညာပေးမြှင့်တင်မှုကို လုပ်ဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။

ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုရှိရေးကို မြှင့်တင်ရန် ပါတီများ ပူးပေါင်း၍လုပ်ဆောင်နိုင်သည်။ ဥပ မာ မာလာဝီနိုင်ငံတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲဆိုင်ရာကျင့်ထုံးဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥ ပဒေပြင်ဆင်ချက်တို့ကို တွေ့ဆုံဆွေးနွေးကာ ညှိနှိုင်းသဘောတူမှုယူခဲ့ကြပြီး ရွေးကောက်ပွဲများတွင် ပွင့်လင်း မြင်သာမှုရှိခြင်းကို တိုးတက်မြင့်မားစေခဲ့၏။

ပွင့်လင်းမြင့်သာမှုကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက ဆော်ဩလှုပ်ရှားလာနိုင်သည့် သီးခြားလုပ်ငန်းများအ နက်တချို့ကို အောက်တွင် ဥပမာပေးဖော်ပြထားသည်။

  • သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာ မူဝါဒများကို မြင့်မားစေရေး (သို့) မြှင့်တင်ပေးရေး လှုံ့ ဆော်ခြင်း။
  • ဥပဒေပြုလွှတ်တော်တွင်း အချေအတင်ငြင်းခုံ၊ဝေဖန်ထောက်ပြရင်း ဥပဒေပြုခြင်းကို မြင့်မားစေရေး (သို့) မြှင့်တင်ပေးရေး လှုံ့ဆော်ခြင်း။
  • အုပ်ချုပ်ရေးမဏ္ဍိုင် နှင့်/သို့ ဗြူရိုကရေစီအုပ်ချုပ်ရေးကို စောင့်ကြည့်စစ်ဆေးရန်ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် စိစစ်သုံးသပ်သူများထံမှ ဝေဖန်စိစစ်ခြင်းများ (သို့) စောင့်ကြည့်နိုင်ရန် သီးခြား လွတ်လပ်သော စာရင်းစစ်အဖွဲ့အစည်းများ တိုးပွားလာစေရေး (သို့) တိုးမြှင့်ပေးရေး လှုံ့ဆော်ခြင်း။

ဖိလစ်ပိုင်ပြည်သူများ၏သတင်းအချက်အလက်ရယူသိရှိခွင့်

ဖိလစ်ပိုင်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူများအနေဖြင့် အစိုးရသတင်းအချက်အလက်များကို ရယူ သိရှိနိုင်ရန် အထူးအာမခံပေးထားသော နိုင်ငံသားများ၏အခြေခံရပိုင်ခွင့်များဖော်ပြချက်ကို ထည့်သွင်းထား သည်။ အဆိုပါအခြေခံရပိုင်ခွင့်များဖော်ပြချက်ပါ အပိုဒ် ၇ တွင် ပြည်သူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းသော သတင်းအချက်အလက်မှန်သမျှကို ပြည်သူများက ရယူသိရှိခွင့်ရှိပြီး ထိုအခွင့်အရေးကို အသိအမှတ်ပြုရမည် ဟူ၍ဖော်ပြထားသည်။ ထိုသတင်းအချက်အလက်မှန်သမျှတွင် တရား၀င်သတင်းမှတ်တမ်းများ၊ အစိုးရအက် ဥပဒေနှင့်ဆိုင်ရာသတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ၊ လုပ်ငန်းသဘောတူညီချက်များ၊ ဆုံးဖြတ် ချက်များသာမက မူဝါဒရေးဆွဲဖော်ဆောင်ရေးအတွက် အခြေခံအဖြစ်အသုံးပြုသည့် အစိုးရဌာနဆိုင်ရာသုတေ သနအချက်အလက်များပါဝင်ပြီး နိုင်ငံသားများက ဥပဒေပါသတ်မှတ်ချက်နှင့်အညီ သိရှိနိုင်သည်ဟု ပါရှိသည်။

ကိုးကား၊ Philippine Democracy Assessment: Rule of Law and Access to Justice

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သောပွင့်လင်းမြင်သာမှုရှိခြင်းနှင့်ဆိုင်ရာသာဓက ဖြစ်ရပ်များ

ထိုင်းနိုင်ငံ

၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံရေးပါတီများနှင့်ဆိုင်ရာအခြေခံဥပဒေနှင့် ရွေး ကောက်ပွဲဆိုင်ရာအခြေခံဥပဒေဟူ၍ သီးခြားဖော်ပြကာ ထိုဥပဒေနှစ်ရပ်အောက်တွင် ပါတီ၊ နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာငွေ၊ ရွေးကောက်ပွဲတို့နှင့်သက်ဆိုင်သောဥပဒေသစ်များ ပေါ်ထွက်လာသည်။ ထို့နောက် ရွေးကောက်ပွဲ ဆိုင်ရာကြီးကြပ်ရေးလုပ်ပိုင်ခွင့်အာဏာရှိသော သီးခြားလွတ်လပ်သည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မ ရှင်(ထိုင်းရွေး/ကော်)တစ်ရပ်သည် အခြေခံဥပဒေအရ ဩဇာကြီးမားလာခဲ့သည်။

ပါတီနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေသစ်များသည် ပါတီများအပေါ် တင်းကျပ်သောစည်းမျဉ်းဥပဒေများနှင့် စစ်ဆေးမှုများကို ပြဋ္ဌာန်းထားသည်။ ဥပဒေအရ ပါတီဌာနခွဲမှဥက္ကဋ္ဌများအပါအဝင် ပါတီတာဝန်ရှိသူမှန်သမျှ အားလုံးသည် အစိုးရရာထူးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၎င်းတို့ပိုင်ပစ္စည်းများနှင့် အကျိုးခံစားခွင့်များကို ရွေးကောက်ပွဲကော်မရှင်ထံ ထုတ်ပြန်ပေးရမည်ဖြစ်သည်။ ဥပဒေသစ်များအရ ပါတီများကို နှစ်စဉ်စာရင်းစစ်များ ဝင်စေပြီး ပါတီဝင်များ၏ထည့်ဝင်ငွေများ၊ ရန်ပုံငွေရရှိသောအရင်းအမြစ်များအပါအဝင် အလှူငွေများနှင့် ဝင်ငွေထွက်ငွေ အသုံးစရိတ်စာရင်းများကို အသေးစိတ်ဖော်ပြထားသော နှစ်စဉ်ဘဏ္ဍာရေး အစီရင်ခံစာပြုစုတင်ပြရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါအစီရင်ခံစာအားလုံးကို အများပြည်သူ သိရှိနိုင်ရန်လည်း ထုတ်ပြန်ပေးရမည် ဖြစ်သည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီစည်းမျဉ်းဥပဒေများကို ထိန်းသိမ်းကြပ်မတ်ပေးရန် တာဝန်ရှိပြီး ၎င်း၏ အခွင့်အာဏာကိုလည်း လက်တွေ့ကျင့်သုံးပြခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် စည်းမျဉ်းဥပဒေသစ်များကို လိုက်နာရန်ပျက်ကွက်သဖြင့် နိုင်ငံရေးပါတီ (၁၇) ခုကို ဖျက်သိမ်းရန် အခြေခံဥပဒေခုံရုံးထံ ပန်ကြားတင်ပြခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် တရားမဝင်သောအရင်းအမြစ်များမှ အလှူငွေ များကို လက်ခံသည့် ပါတီများကိုလည်း ဒဏ်ရိုက်မှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ပိုင်ဆိုင်ပစ္စည်းများနှင့် အကျိုးခံစားခွင့်များကို ထုတ်ပြန်ကြေညာရန်ပျက်ကွက်သည့် ပါတီတာဝန်ရှိသူများ၏ အမှုတွဲ ၃၈၀ ကျော်ကို လည်း အခြေခံဥပဒေခုံရုံးသို့ တင်ပြခဲ့သည်။

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံတွင် သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေများမရှိပါ။ သို့ရာတွင် အတိုက်အခံညွန့်ပေါင်း အဖွဲ့များက အုပ်ချုပ်ထားသော ပြည်နယ်အစိုးရနှစ်ဖွဲ့(ဆီလန်ဂေါနှင့် ပီနန်)က သတင်းအချက်အလက်လွတ် လပ်ခွင့်ဥပဒေများကို မကြာသေးခင်တွင် ပြဋ္ဌာန်းပေးလိုက်သည်။ ဆီလန်ဂေါပြည်နယ်ညီလာခံတွင် ဆီလန် ဂေါပြည်နယ် သတင်းအချက်အလက်လွတ်လပ်ခွင့်အက်ဥပဒေကို အတည်ပြုပေးလိုက်ရာ ထိုဥပဒေအရ ပြည် နယ်အစိုးရ၏အချက်အလက်မှတ်တမ်းများကို အများပြည်သူက ရယူသိရှိခွင့်ရှိလာသည်။ ပီနန်တွင် သတင်းအ ချက်အလက်ရယူသိရှိခွင့်ကို ‘အခွင့်အရေး’တစ်ရပ်အဖြစ် အသိအမှတ်ပြုထားပြီး ထိုအခွင့်အရေးကိုအသုံးချသူ သည် တခြားကြောင်းကျိုးတစ်စုံတစ်ရာကို ပြသ၍ သတင်းအချက်အလက်ကို မေးမြန်းရယူရန်မလိုအပ်ပါ။

နယ်သာလန်နိုင်ငံရှိ လွှတ်တော်ရေးရာ စုံစမ်းမေးမြန်းပိုင်ခွင့်

စုံစမ်းမေးမြန်းပိုင်ခွင့် (ကိစ္စရပ်တစ်ခုကို အပြည့်အ၀ စူးစမ်းမေးမြန်းပိုင်ခွင့်)သည် ကျယ်ပြန့်သောအာဏာတစ် ရပ်ဖြစ်သည်။ လွှတ်တော်သည် အမတ်များထဲမှ လွှတ်တော်ရေးရာစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ခန့် အပ်သည်။ ထိုကော်မတီသည် စုံစမ်းမေးမြန်းရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်းများနှင့် နိုင်ငံသားများအနက် အလိုရှိသူမည်သူ့ကိုမဆို မေးမြန်းစစ်ဆေးရန် ဆင့်ခေါ်နိုင်သည်။ ဆင့်ခေါ်ခံရသူများ သည် ကော်မတီရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို၍ မေးမြန်းသမျှကို မပျက်မကွက်ဖြေကြားရသည်။ စုံစမ်း စစ်ဆေးရေးကော်မတီသည် တွေ့ရှိချက်များနှင့်ပတ်သက်သော အသေးစိတ်အစီရင်ခံစာကို လွှတ်တော်သို့တင် ပြရသည်။ ကော်မတီသည် သုံးသပ်ချက်နှင့် အကြံပြုချက်တို့ကို ပေးနိုင်သော်လည်း ကိုယ်တိုင်ပြစ်ဒဏ်ချစီရင် ခွင့်မရှိပါ။ မကြာသေးခင်နှစ်များအတွင်း လွှတ်တော်ရေးရာစုံစမ်းစစ်ဆေးမှုအသီးသီးကို ပြုလုပ်ထားကြပြီးဖြစ် သည်။ နိုင်ငံကူးလက်မှတ်ဆိုင်ရာစနစ်သစ်ကို တင်သွင်းရာတွင် ကြုံတွေ့ရသောလွဲချော်မှု၊ ရဲတပ်ဖွဲ့နှင့် တရား ရေးရာအာဏာပိုင်များကျင့်သုံးသော စုံစမ်းစစ်ဆေးပုံနည်းလမ်းများ၊ အမ်စတာဒမ်မြို့ ဘတ်ဂျမာမီယာတွင် လေယာဉ်ပျက်ကျမှုပြဿနာကို စီမံကိုင်တွယ်ပုံနှင့် မကြာသေးခင်ကဖြစ်ခဲ့သော ဆောက်လုပ်ရေးကုမ္ပဏီကြီး များ၏ မသမာမှုများနှင့် တရားမဝင်အမြတ်ထွက်ရေးညှိနှိုင်းကြံစည်သဘောတူစာချုပ်များ အစရှိသဖြင့်စုံစမ်း စစ်ဆေးမှုပေါင်းများစွာကို ကော်မတီကပြုလုပ်ခဲ့သည်။

ကိုးကား၊ The Dutch Political System in a Nutshell