အသစ်များ > အရပ်ဖက်လူ့အဖွဲ့အစည်းများ၏အလုပ်

အရပ်ဖက်လူ့အဖွဲ့အစည်းများ၏အလုပ်

2023-01-21

အတွင်း၊ အပြင်အုပ်စုများ

အချို့သောစီအက်စ်အိုများသည် အခြားအဖွဲ့များထက် အစိုးရနှင့်ပိုနီးစပ်မှုရှိသည်။ ဤအချက်သည် စီအက်စ် အိုများ အသုံးချသည့် ပရိယာယ်ဗျူဟာအမျိုးမျိုးကို သက်ရောက်မှုရှိသည်။ အရေးကြီးသောကွဲပြားချက်မှာ “အတွင်း” အုပ်စုများနှင့် “အပြင်”အုပ်စုများဟူ၍ဖြစ်သည်။

အတွင်းအုပ်စုများ

အတွင်းအုပ်စုများသည် အစိုးရနှင့် နီးစပ်သောဆက်ဆံရေးတစ်ရပ်ရှိသည်။ အဆိုပါအုပ်စုများသည် နိုင်ငံရေးသ မားများနှင့် ပုံမှန်စကားပြောနိုင်သည်။ အကြောင်းမူ အတွင်းအုပ်စုများသည် အလွန်အာဏာကြီး၍ဖြစ်သည်။  အတွင်းအုပ်စုများသည် အများအားဖြင့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အလုပ်သမား အုပ်စုများကဲ့သို့သော စီးပွားရေးအဆောက်အအုံ၏အရေးပါသောအပိုင်းကဏ္ဍများကို ကိုယ်စားပြုတတ်သည်။ သို့ရာတွင် အခြားသော စီအက်စ်အိုများတွင်လည်းနိုင်ငံရေးအရအရေးကြီးသောလူမှုကိစ္စရပ်များကို ဖြေရှင်းရာ တွင် အစိုးရနှင့် နီးစပ်သောဆက်ဆံရေးတစ်ရပ်ရှိထားသည်။

အတွင်းအုပ်စုများနှင့် နိုင်ငံရေးသမားများကြား ဆက်ဆံရေးသည် နှစ်ဘက်စလုံးအတွက် အကောင်းဖြစ်နိုင် သည်။ အတွင်းအုပ်စုများသည် မူဝါဒချမှတ်သူများကို တိုက်ရိုက်ဖိအားပေးနိုင်သဖြင့် အကျိုးရှိသည်။ ဤအ ချက်ကြောင့်လည်း အတွင်းအုပ်စုများအနေဖြင့် အစိုးရနှင့် လွယ်လင့်တကူ ဆက်သွယ်နိုင်ခြင်းမရှိသောအခြား အုပ်စုများထက် ၎င်းတို့၏အကျိုးစီးပွားများနှင့် အလေးထားချက်များအပေါ် ပိုမိုထိရောက်စွာ ကိုယ်စားပြုခွင့် ရလာသည်။

အတွင်းအုပ်စုများ၏ထောက်ခံမှုရှိနေခြင်းသည် အစိုးရတစ်ရပ်အတွက်အလွန်အရေးကြီးနိုင်သည်။ ဥပမာအစိုး ရသည် စီးပွားရေးကို တိုးတက်စေချင်လျှင် အရေးပါသောစက်မှုလုပ်ငန်းများကို ကိုယ်စားပြုထားသည့် အုပ် စုများ၏အကြံဉာဏ်ကို ရယူရလိမ့်မည်ဖြစ်သည်။ ဤအချက်သည် တစ်သီးပုဂ္ဂလနိုင်ငံရေးသမားများအတွက် လည်း မှန်သည်။ နိုင်ငံရေးသမားတစ်ဦးသည် အထက်ပါဩဇာအာဏာကြီးသောအုပ်စုများကို အကျိုးဖြစ်စေ မည့် မူဝါဒများကို ထောက်ခံပေးလျှင် သူ သို့မဟုတ် သူမသည် အဆိုပါအုပ်စုများ၏ထောက်ခံမှုအပေါ် မှီခိုအား ထားနိုင်သည်။ အတွင်းအုပ်စုများ၏ထောက်ခံမှုရှိနေခြင်းသည် နိုင်ငံရေးသမားတစ်ဦး၏ နိုင်ငံရေးအာဏာကို မြင့်မားစေနိုင်သည်။

အပြင်အုပ်စုများ

အပြင်အုပ်စုများသည် ယေဘုယျအားဖြင့် နိုင်ငံရေးအာဏာအနည်းအကျဉ်းသာရှိသော အုပ်စုများကို ကိုယ်စား ပြုသည် (သို့ရာတွင် အဆိုပါအုပ်စုများတွင် ထောက်ခံသူက ပိုများများရှိနိုင်သည်)။ အပြင်အုပ်စုများနှင့်စပ် လျဉ်း၍ဥပမာတချို့တွင် ငြိမ်းချမ်းရေးစည်းရုံးရေးသမားများ၊ သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ သို့မ ဟုတ် တိရစာ္ဆန်အခွင့်အရေး အုပ်စုတို့ ပါဝင်သည်။ ယင်းအုပ်စုများသည် အများအားဖြင့် အစိုးရကို တိုက်ရိုက် ပြောဆိုနိုင်ခြင်းမရှိပါ။ အကျိုးရလဒ်အားဖြင့် အပြင်အုပ်စုများသည် အစိုးရအပေါ် ဖိအားပေးရန် ပရိယာယ်ဗျူ ဟာများကို သွယ်ဝိုက်၍အသုံးချရန်လိုအပ်သည်။

အပြင်အုပ်စုများသည် ၎င်းတို့၏ရည်မှန်းချက်များနှင့် လှုပ်ရှားမှုများအတွက် သတင်းအချက်အလက်ပေးကာ စည်းရုံးခြင်းများကို ပြုလုပ်ခြင်း၊ ဆန္ဒပြထုတ်ဖော်ပွဲများကို စီစဉ်ကျင်းပခြင်း သို့မဟုတ် တောင်းဆိုပန်ကြား လွှာများပြင်ဆင်ခြင်းအားဖြင့် လူထုထောက်ခံမှုနှင့် စာနာမှုကို ရရှိရန်ကြိုးစားကြသည်။ အပြင်အုပ်စုအများစု သည် ၎င်းတို့ အရေးထားသောကိစ္စရပ်များအပေါ် ပိုမိုအာရုံစိုက်လာစေရန် လူထုအခြေပြုမီဒီယာအပေါ် လွှမ်း မိုးဩဇာညောင်းနိုင်ရေးကြိုးစားကြသည်။

အပြင်အုပ်စုများသည် အပြင်ဘက်ကသူများဖြစ်နိုင်သည်။ အကြောင်းမူ ၎င်းတို့တွင် အစိုးရအဖွဲ့တွင်ဝင်ရောက် နိုင်ရန်လုံလောက်သောအာဏာမရှိပေ။ သို့ရာတွင် အပြင်အုပ်စုများသည် အပြင်ဘက်ကသူများဖြစ်နိုင်သည်။  အကြောင်းမူ ၎င်းတို့သည် အတွေးအခေါ်ယုံကြည်ချက်အခြေခံ အကြောင်းတရားများကြောင့် အပြင်ဘက်က နေကြသူများဘ၀ကို ရွေးချယ်ယူထားခြင်းကြောင့်ဖြစ်သည်။ 

စီအက်စ်အိုဗျူဟာများ

ဆွယ်တရားဟောခြင်း

ပြည်သူ့မူဝါဒကို လွှမ်းမိုးဩဇာညောင်းနိုင်ရန် အရပ်ဘက်လူ့အဖွဲ့အစည်းကဏ္ဍများက ကြိုးစားနေကျနည်း လမ်းတစ်ခုမှာ ဆွယ်တရားဟောခြင်းမှတစ်ဆင့်ဖြစ်သည်။ စီအက်စ်အိုများသည် အစည်းအဝေးများ၊ ဖုန်းခေါ် ခြင်း သို့မဟုတ် စာရေးသားပေးပို့ခြင်းတို့မှတစ်ဆင့် အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများအပေါ် လွှမ်းမိုး နိုင်ရန် ကြိုးစားကြသည်။ ဆွယ်တရားဟောခြင်းကို အဓိကအလုပ်(သို့ တစ်ခုတည်းသောအလုပ်)အဖြစ် ရည် ရွယ်သည့် အုပ်စုများကို လော်ဘီအုပ်စု(ဆွယ်တရားဟောအုပ်စု) သို့ လော်ဘီသမားများဟု ခေါ်ကြသည်။ နိုင် ငံရေးသမားများသည် လော်ဘီသမားများ ကိုယ်စားပြုသည့် အုပ်စု၏ လိုအပ်ချက်များနှင့် အလေးထားချက် များကို နားလည်ရန် လော်ဘီသမားများကို နားစွင့်တတ်ကြသည်။ လော်ဘီအုပ်စုများသည် စီးပွားရေးလုပ် ငန်းများ သို့မဟုတ် စက်မှုလုပ်ငန်းများကို ကိုယ်စားပြုကြသော်လည်း သဘာ၀ပတ်ဝန်းကျင်အုပ်စုများ၊ အခွင့် အရေးအုပ်စုများ သို့မဟုတ် အခြားအကျိုးစီးပွားများကိုလည်း ကိုယ်စားပြုထားကြသည်။ လော်ဘီသမားများ သည် ၎င်းတို့အုပ်စု သို့မဟုတ် အကျိုးစီးပွားအတွက် အထောက်အကူပြုမည့် ဆုံးဖြတ်ချက်များကို ချမှတ်ရန် အစိုးရကို ကြိုးစားစည်းရုံးကြသည်။ ဥပမာ လော်ဘီသမားများသည် အဆိုတင်ထားသောဥပဒေကို ထောက်ခံ မဲ သို့မဟုတ် ကန့်ကွက်မဲပေးရန် ဥပဒေပြုလွှတ်တော်အမတ်များကို ကြိုးစားအယုံသွင်းနိုင်သည်၊ သို့မဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်ကို မူဝါဒများချမှတ်ရေး သို့မဟုတ် ပြောင်းလဲရေးအတွက် စည်းရုံးနိုင်သည်။

လှုံ့ဆော်စည်းရုံးခြင်း

လှုံ့ဆော်စည်းရုံးခြင်းဟူသည် သီးခြားကိစ္စရပ် သို့မဟုတ် အကြောင်းတရားတစ်ခုအပေါ် အသိပညာမြှင့်တင် ပေးခြင်းဖြင့် အစိုးရနှင့် နိုင်ငံရေးပါတီဆောင်ရွက်ချက်များနှင့်မူဝါဒများအပေါ် တစ်သီးပုဂ္ဂလ သို့မဟုတ်အုပ်စု တစ်စုက လွှမ်းမိုးနိုင်ရန်ကြိုးစားသည့်အခါသမယပင်ဖြစ်သည်။ လှုံ့ဆော်စည်းရုံးခြင်းသည် အရေးကိစ္စရပ်တစ် ခုအပေါ် ပြည်သူ့သဘောထားအမြင်ကို သက်ရောက်စေခြင်းဖြင့် အစိုးရ နှင့်/သို့ နိုင်ငံရေးပါတီများကို တိုက် ရိုက်လွှမ်းမိုးသည်။ မီဒီယာစည်းရုံးရေးများ၊ မိန့်ခွန်းများနှင့် သုတေသနအစီရင်ခံစာထုတ်ဝေခြင်းများအပါအ ဝင် လှုံ့ဆော်စည်းရုံးရေးအုပ်စုများ အသုံးပြုကြသည် ဗျူဟာများစွာရှိပါသည်။ အထက်ပါဆောင်ရွက်ချက်များ ၏အဓိကရည်ရွယ်ချက်မှာ အုပ်စုက လိုချင်သည့် မူဝါဒမျိုးအပေါ် လူထု၏ထောက်ခံမှု အရှိန်မြင့်တက်လာစေ ရန်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း အပယ်ခံအုပ်စုများ၏အခွင့်အရေးကို ကာကွယ်ရန် အပြင်အုပ်စုများအ သုံးပြုတတ်ကြသည့် ဗျူဟာတစ်ရပ်ဖြစ်သည်။

ဆန္ဒပြထုတ်ဖော်ခြင်းမျာ

လှုံ့ဆော်စည်းရုံးခြင်းကဲ့သို့ပင် ဆန္ဒပြထုတ်ဖော်ခြင်း၏ရည်ရွယ်ချက်မှာ အရေးကိစ္စတစ်ခုနှင့်စပ်လျဉ်းပြီး လူအ များသိအောင်လုပ်ခြင်းဖြင့် အစိုးရကို လွှမ်းမိုးနိုင်ရန်ဖြစ်သည်။ သို့ရာတွင် လှုံ့ဆော်စည်းရုံးခြင်းသည် သတင်း အချက်အလက်ကို တင်ပြခြင်းဖြင့် လွှမ်းမိုးမှုရရန်ကြိုးစားချိန်တွင်  ဆန္ဒပြထုတ်ဖော်ခြင်းများမှာ လူအများနှင့် မီဒီယာတို့ လျစ်လျူရှုမရနိုင်သည့် အဖြစ်အပျက်တစ်ခုကို ဖန်တီးယူခြင်းဖြင့် လူထုထောက်ခံမှုရရှိရန် ကြိုးစား သည်။ ဆန္ဒပြထုတ်ဖော်ခြင်းများသည် သိသာထင်ရှားသောအဖြစ်အပျက်များဖြစ်နိုင်သည်။ ထို့ကြောင့် ရုပ်သံ သတင်းပေါ်တွင် ဆန္ဒပြပွဲအကြောင်း အလွန်ပင်တိုတောင်းသောဗီဒီယိုရိုက်ချက်တစ်ခုဖြင့် ပြလိုက်သည့်တိုင် လူထုသဘောထားအမြင်အပေါ် အလွန်ကြီးကြီးမားမား သက်ရောက်မှုရှိသွားနိုင်သည်။

ဆန္ဒပြထုတ်ဖော်ခြင်းများနှင့် အခြားတိုက်ရိုက်လှုပ်ရှားဆောင်ရွက်ချက်များသည် အရင်းအမြစ်(ဥပမာငွေကြေး သို့မဟုတ် ကျွမ်းကျင်ဝန်ထမ်းအင်အား)အနည်းငယ်သာ လိုအပ်သည့်မဟာဗျူဟာများဖြစ်သည်။ ဤအချက် ကြောင့်လည်း အဆိုပါဗျူဟာများကို အစိုးရအပေါ် တိုက်ရိုက် လွှမ်းမိုးနိုင်စွမ်းအာဏာမရှိသည့် စီအက်စ်အို များက နှစ်သက်ရခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာသုံးစွဲခွင့်

ဖိလစ်ပိုင်နိုင်ငံတွင် အားကောင်းသော မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ်ရှိသည်။ မီဒီယာနှင့်အရပ် ဘက်လူ့အဖွဲ့အစည်းသည် စောင့်ကြည့်အဖွဲ့အစည်းများအဖြစ် တာဝန်ထမ်းဆောင်ပြီး နိုင်ငံရေးခေါင်းဆောင် များကို၎င်းတို့၏ဆောင်ရွက်ချက်များအတွက် တာဝန်ခံနိုင်မှုရှိစေရန် တောင်းဆိုကာ နိုင်ငံရေးပြုပြင်ပြောင်းလဲ ရေးကို လှုံ့ဆော်စည်းရုံးကြသည်။ အထက်ပါအင်စတီကျူးရှင်းနှစ်ရပ်သည် ဖာဒီနန် မားကို့စ်နှင့် ဂျိုးဆက် အက် စထရာဒါတို့ကို ရာထူးမှနုတ်ထွက်စေခဲ့သည့် “ပြည်သူ့အာဏာ” အုံကြွမှုနှစ်ရပ် ပေါ်ပေါက်လာရာတွင် အဓိကနေရာမှပါဝင်ခဲ့သည်။ ယနေ့အခါတွင် မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းသည် အာယိုယိုအစိုးရကို အစောပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကတိကဝတ်များအား လက်တွေ့အကောင်အထည်ဖော်ရန် အားပေး ရာတွင် အရေးပါသောအခန်းကဏ္ဍများမှ ပါဝင်နေသည်။

၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်စွာစုဝေးခွင့်ကို အာမခံပေးထားသည်။ ဖွဲ့စည်းပုံဥပဒေသည် လွတ်လပ်စွာဟောပြောခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကိုပါ ကာကွယ်ပေးထားကာ ဖိလစ်ပိုင်မီဒီယာသည် မတူ ကွဲပြားသောအကျိုးစီးပွားများနှင့် နိုင်ငံရေးစည်းရုံးသွေးဆောင်မှုများကို ကိုယ်စားပြုသည်။ အတိုက်အခံပါတီ မဲဆွယ်စည်းရုံးရေးများကို မျှမျှတတ ထုတ်လွှင့်နိုင်စေရန် အစိုးရကို ရွေးကောက်ပွဲကာလအတွင်း မည်သည့် မီဒီယာလက်တံများကိုမဆို ထုတ်လွှင့်ခွင့်လိုင်စင်ချမပေးရန် သို့မဟုတ် ထုတ်လွှင့်ခွင့်လိုင်စင် ပြန်သိမ်းခြင်း မျိုးမပြုလုပ်နိုင်အောင် တားမြစ်ထားသည်။ ဖိလစ်ပိုင်မီဒီယာကို အာရှတွင် လွတ်လပ်မှု အရှိဆုံးမီဒီယာ ဖြစ်သည်ဟု တချို့ကယူဆကြသည်။ သို့ရာတွင် အထက်ပါကာကွယ်ပေးမှုများသည် သတင်းများ သမာသ မတ်ရှိရေးကိုမူ အာမခံမပေးပါ၊ ထို့အပြင် ကိုယ်စားလှယ်များသည် ထုတ်လွှင့်ပေးမှုအတွက် သတင်းသမားများ ကို အခကြေးငွေပေးသည်ဟု အကြိမ်ကြိမ်စွပ်စွဲမှုများလည်း ရှိနေသည်။

စွယ်စုံရသတင်းသမား မလူး မန်ဂါဟက်စ် ပြောသည့်အတိုင်းဆိုလျှင် “မသမာသူများရဲ့လက်ထဲမှာ သတင်း လွတ်လပ်ခွင့်ဟာ သတင်းတွေကို လွတ်လပ်စွာ ရောင်းစားခွင့်၊ သတင်းကို လူသုံးကုန်ပစ္စည်းတစ်ခု အဖြစ် လွတ်လပ်စွာရောင်းချခွင့်၊ လူထုအခြေပြုမီဒီယာကို လူထုအခြေပြုသာမန်ပစ္စည်း တစ်ခုအဖြစ် လွတ်လပ်စွာ ပြောင်းလဲပစ်ခွင့်မျိုး ဖြစ်လာပါတယ်”ဟု ဆိုရပါမည်။ ဖိလစ်ပိုင်မီဒီယာလောကတွင် အဂတိလိုက်စားမှုသည် တိုင်းပြည်၏နိုင်ငံရေးလောကတွင်း အဂတိလိုက်စားမှုကဲ့သို့ တွေ့ရလေ့ရှိသည်ဟု လူအများကဆိုသည်။  ဖိ လစ်ပိုင်မီဒီယာ၏မူလဇစ်မြစ်ကို သိချင်လျှင် ၁၉၅၀ ပြည့်အစောပိုင်းအထိ ပြန်ခြေရာကောက်ကြည့်နိုင်သည်။ ထိုစဉ်က သမ္မတ ရေမွန်မက်ဆေးဆေးက မီဒီယာလောကအသိုင်းအဝိုင်းမှသူများကို နေ့လည်စာ၊ ညစာအခမဲ့ ဖိတ်ကျွေးဆက်ဆံခြင်း၊ လိုအပ်သောငွေကြေးပံ့ပိုးမှုများပေးခြင်းဖြင့် “ပြည်သူ့ဆက်ဆံရေး”ဟူသောပညာရပ် ကို တင်သွင်းပြဋ္ဌာန်းပေးခဲ့သည်။ မားကို့စ်မိသားစုက အာဏာရှင်စနစ်ကို ကာကွယ်ပေးရန် မီဒီယာလောက သားများအား ခြိမ်းခြောက်မှုနှင့် မက်လုံးပေးမှုနှစ်ခုစလုံးသုံးကာ သွေး​ဆောင်စည်းရုံးချိန်ဖြစ်သော စစ်အုပ်ချုပ် ရေးကာလတွင်း မီဒီယာ၏သမာသမတ်ကျရေးနှင့် ဓမ္မဓိဋ္ဌာန်ကျရေးတို့ကို ထပ်မံညှိယူ​ဆောင်ရွက်ခဲ့ပြန်သည်။

မားကို့စ်အုပ်ချုပ်ရေးအဆုံးသတ်သွားချိန်တွင် မီဒီယာအဖွဲ့အစည်းအများအပြားသည် ရွေးကောက်ပွဲဝင် ကိုယ် စားလှယ်များနှင့် နိုင်ငံရေးပါတီများ တစ်ဟုန်ထိုးတိုးပွားလာမှုနှင့်အတူ နေ့ချင်းညချင်းပေါ်ပေါက်လာသည်။ မီဒီယာသည် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အခရာဖြစ်လာသည်၊ ရွေးကောက်ပွဲကာလအတွင်း မီဒီ ယာအပေါ် ပိတ်ပင်တားမြစ်မှုများရှိသည့်တိုင် ကိုယ်စားလှယ်များနှင့် မီဒီယာအရင်းအမြစ်များကြား နိုင်ငံရေး အကျိုးခံစားရမှုများမှာ ပြတ်တောက်သွားခြင်းမရှိဟု သိရသည်။

ကိုးကား။ Political Parties in Asia: Promoting Reform and Combating Corruption in Eight Countries.