အသစ်များ > ဖက်ဒရယ်စနစ်များဖွဲ့စည်းမှုပုံစံ

ဖက်ဒရယ်စနစ်များဖွဲ့စည်းမှုပုံစံ

2022-09-06

ဖက်ဒရယ်ပြည်ထောင်စုအများစုသည် ဒီမိုကရေစီနည်းကျနည်းလမ်းများနှင့် အလေ့အကျင်များမှတစ်ဆင့်ဖြစ် ပေါ်လာကြပြီး ယင်းတို့တွင် ဘုံတူညီသောလက္ခဏာတစ်ရပ်ရှိသည်။ အဆိုပါလက္ခဏာမှာ တစ်ဖက်တွင် အ မျိုးသားစည်းလုံးညီညွတ်မှုကို လိုချင်ပြီး ကျန်တစ်ဖက်တွင် နယ်မြေဒေသကိုယ်ပိုင်လွတ်လပ်မှုကို ဆန္ဒရှိနေ ခြင်းပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံတစ်နိုင်ငံသည် ခွဲဝေဖြန့်ဖြူးခြင်းကိစ္စရပ်များ( ဓနဥစ္စာနှင့် အာဏာနှစ်ရပ်စ လုံး)၊ ကိုယ်ပိုင်အုပ်ချုပ်လွတ်လပ်ခွင့် တောင်းဆိုမှုများနှင့် အတူယှဉ်တွဲနေထိုင်ရေးလိုအင်ဆန္ဒများကို သမိုင်း စဉ်ဆက်တွေ့ကြုံထားသည်ရှိသော် ယင်းအတွေ့အကြုံသည် ဖက်ဒရယ်စနစ်ဖွဲ့စည်းမှုပုံစံအပေါ် သက်ရောက် မှုရှိလိမ့်မည်ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများတွင် အဆင့်ပေါင်းစုံပါဝင်သောနိုင်ငံရေးရှိသည်။ အမျိုးသားအစိုးရများသည် အမျိုးသားအ ဆင့်နိုင်ငံရေး၏ဦးတည်ချက်လမ်းကြောင်းကို ပြဋ္ဌာန်းသတ်မှတ်ပေးနိုင်သည့် ယင်းတို့၏အခွင့်အရေးများကို လက်လွှတ်မခံချင်ကြသော်လည်း အုပ်ချုပ်ချိန်တွင် ယင်းအစိုးရများသည် နယ်မြေဒေသအကျိုးစီးပွားများကို လည်း ထည့်စဉ်းစားကြသည်။ ဖက်ဒရယ်စနစ် အလုပ်ဖြစ်မြောက်ရန်အတွက် ရှေ့ပြေးအခြေအနေတစ်ရပ်မှာ နယ်မြေဒေသကိုယ်ပိုင်အုပ်ချုပ်မှုအပေါ် ဗဟိုက လေးစားမှုထားရန်ပင်ဖြစ်သည်။ သို့ရာတွင် ဗဟိုအစိုးရသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးသည်ဟုထင်ရသော အရေးကိစ္စများကို ထိထိရောက်ရောက်၊ အကျိုးရှိရှိဖြေ ရှင်းရန်လိုအပ်သည့်အချိန်တွင် အာဏာများကို ပြန်ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ နယ်မြေဒေသကိုယ်ပိုင်အုပ် ချုပ်နိုင်သည့်အခွင့်အရေးနှင့် အကျိုးရှိပြီးထိရောက်သောအုပ်ချုပ်ဖြစ်ရန်လိုအပ်သည်ဟု ဆိုခြင်းသည် တစ် နည်းအားဖြင့် အမျိုးသားအစိုးရအဆင့်နှင့် ပြည်နယ်အစိုးရအဆင့်များကြား အကျိုးရှိအရာရောက်ပြီးတည်ငြိမ် သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေမည့် စည်းမျဉ်းများကို ချမှတ်ရမည်ဟု သွယ်ဝိုက်ဆိုလိုခြင်းဖြစ်သည်။

အတူပေါင်းစည်းခြင်း” ပြည်ထောင်စုများတွင် တွေ့ရသောကွဲပြားခြားနားမှုအုပ်ချုပ်ရေး

အတူပေါင်းစည်းခြင်း” ဖက်ဒရယ်စနစ်ပုံစံတစ်ရပ်ကို ထူထောင်ရာတွင် အခွင့်အလမ်းများနှင့်အန္တရာယ် များရှိသည်။ ဖက်ဒရယ်စနစ်ကို ပုံစံချမှတ်ရာတွင် နိုင်ငံများသည် အထက်ပါ အခွင့်အလမ်းများနှင့် အန္တရာယ် များကို ဂရုတစိုက် ထည့်စဉ်စားရန်လိုသည်၊ သို့မှသာ အခွင့်အလမ်းများကို မြှင့်တင်၊ အန္တရာယ်များကို​လျှော့ချ ပစ်နိုင်မည့် နိုင်ငံရေးရာဌာနအဖွဲ့အစည်းစနစ်တစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုကိုယ်ပိုင်လွတ်လပ်ခွင့် လှုပ်ရှားမှုများရှိနေသည့် မတူကွဲပြားမှုများရှိရာနိုင်ငံများတွင် တစ်ပြည်ထောင်တည်းပေါင်းစည်းနေသောပြည်နယ်များသည် လူထုအသိုင်းအဝိုင်းတစ်ရပ်၏ သီးခြားစရိုက် လက္ခဏာကို ကာကွယ်ရန်လိုအပ်ချက်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလိုချင်သော ဆန္ဒနှင့် ကိုယ့်ယဉ်ကျေးမှုကိုအ သိအမှတ်ပြုခံလိုခြင်းအစရှိသည်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဖက်ဒရယ်စနစ်သည် ယဉ်ကျေးမှုဆိုင် ရာလူနည်းစုများအား ကိုယ်ပိုင်ဘာသာစကားနှင့်ယဉ်ကျေးမှုကို ဖွံ့ဖြိုးအောင်လုပ်ရန်၊ ကိုယ်ပိုင်ဘာသာတရား ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကိုယ့်မြေသဘာ၀သယံဇာတအရင်းအမြစ်များကို ပိုမိုထိန်းချုပ်စိုးမိုးနိုင်ရန် အတွက် နည်းလမ်းများကိုပေးအပ်လိုက်သည်။ ဤသို့ပေးလိုက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုပဋိပက္ခဖြစ်နိုင် ခြေကို လျှော့ချပစ်လိုက်နိုင်သလို၊ ဌာနအစိတ်အပိုင်းများကို ပြည်ထောင်စုမှ ခွဲထွက်ရန် တားဆီးလိုက်နိုင် သည်။

အခြားတစ်ဖက်တွင်မူ ဖက်ဒရယ်စနစ်ဆန့်ကျင်သူများက ပြည်နယ်ဌာနအစိတ်အပိုင်းများ၏ ဗဟိုအစိုးရအ ပေါ် မှီခိုနေမှုကို​ လျှော့ချလိုက်ခြင်းသည် အဆိုပါဌာနအစိတ်အပိုင်းများအနေဖြင့် ခွဲထွက်ချင်စိတ်ပိုဖြစ်လာနိုင် ဖွယ်ရှိသည်ဟု ထောက်ပြကြသည်။ ထို့အတူ ဖက်ဒရယ်စနစ်တွင်ဗဟိုအစိုးရသည်အမျိုးမျိုးသော ပြည်နယ်ဒေ သ၊ တိုင်းရင်းသားလူမျိုးလူနည်းစုများနှင့် အဆမတန်အချိန်ပေး၍ လုံ့လဝီရိယအားကြီးစွာ စေ့စပ်ညှိနှိုင်းရန် လိုအပ်သည်ဟုလည်း ယင်းတို့က ပြောသည်။ ဤအချက်သည် အမျိုးသားအစိုးရ၏ထိရောက်မှုနှင့် အကျိုးရှိမှု ကို လျော့ကျစေနိုင်သည်ဟု ဝေဖန်သူများက တင်ပြသည်။ ထို့အတူ ဖက်ဒရယ်စနစ်သည် နိုင်ငံတစ်ဝန်းသာတူ ညီမျှ စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်သည့် ဗဟိုအစိုးရ၏လုပ်နိုင်စွမ်းကိုလည်း လျော့ပါးစေနိုင်သည်ဟု ယင်း တို့က ယူဆသည်။

လူနည်းစုပြည်နယ်များအတွင်းလူနည်းစုအသိုင်းအဝိုင်းများ

အတူပေါင်းစည်းခြင်း”ဖက်ဒရယ်စနစ်များတွင် အရေးပါသောအစိတ်အပိုင်းတစ်ရပ်မှာ လူနည်းစုများကို နိုင်ငံရေးကိုယ်ပိုင်လွတ်လပ်ခွင့် ပိုမိုပေးအပ်လိုက်ခြင်းဖြင့် ယင်းတို့၏အကျိုးစီးပွားများကို ကာကွယ်စောင့် ရှောက်ပေးခြင်းပင်ဖြစ်သည်။ လူနည်းစုအစုအဖွဲ့များ၏အလေးထားချက်များကို ဖြေရှင်းပေးရန်နည်းလမ်း တစ်ရပ်မှာ အဆိုပါအစုအဖွဲ့များထံ ယင်းတို့၏လူဦးရေအချိုးအစား သိသိသာသာရှိနေနိုင်သည့်နယ်မြေဒေသ များတွင် အကန့်အသတ်ဖြင့်ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်ရပ်ကို ချပေးလိုက်ခြင်းဖြစ်သည်။ သို့သော် အဆိုပါနယ် မြေဒေသများတွင် အခြားနေထိုင်သူအစုအဖွဲ့များရှိသည်ဆိုပါက ဖက်ဒရယ်ပြည်ထောင်စုကျင့်သုံးခြင်းသည် ယခင်က လွှမ်းမိုးထားသည့်အစုအဖွဲ့များကို ဖက်ဒရယ်အစိတ်အပိုင်းဝင်နေရာများတွင် လူနည်းစုများအဖြစ်အ သွင်ပြောင်းပေးသလိုဖြစ်သွားသည်။

ဒေသအဆင့်တွင် အဆုံးမရှိဖြစ်ပွားနေသော တိုင်းရင်းသားလူမျိုးစုပဋိပက္ခများကို တားဆီးရန်နှင့် အဆိုပါ ‘အ သစ်ထွက်ပေါ်လာသော’လူနည်းစုများကို ကာကွယ်စောင့်ရှောက်ရန်အတွက် တိုင်းပြည်အသီးသီးသည် နယ် မြေဒေသအလိုက်လူနည်းစုများ(အမျိုးသားအဆင့်လူနည်းစုများက လွှမ်းမိုးထားသော နယ်မြေဒေသအတွင်း ရှိ)ကို ကာကွယ်စောင့်ရှောက်ပေးမည့် အမျိုးမျိုးသောယန္တရားများကို ဖော်ဆောင်ကြသည်။ အတွင်ကျယ်ဆုံး ကာကွယ်စောင့်ရှောက်မှုမှာ တစ်ဦးပုဂ္ဂလနှင့် နိုင်ငံသားများ၏အခွင့်အရေးများနှင့်အခြေခံရပိုင်ခွင့်များဖော်ပြ ချက်ပင်ဖြစ်တော့သည်။ ဤဖော်ပြချက်သည် လူနည်းစုအသိုင်းအဝိုင်းများ၏အခွင့်အရေးများကို ပြည်ထောင် စုတရားစီရင်ရေးဌာနက အသိအမှတ်ပြုပြဋ္ဌာန်းပေးခြင်းဖြင့် နယ်မြေထဲနေထိုင်ကြသောလူနည်းစုများ၏အ ခွင့်အရေးအပေါ် ပြည်နယ်အစိုးရများ၏ထိပါးချိုးဖောက်နိုင်စွမ်းကို ကန့်သတ်ပေးလိုက်သည်။

နယ်မြေဒေသများအတွင်း အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့်ဆက်စပ်၍နောက်ထပ်လမ်းကြောင်းတစ် ရပ်ရှိသည်။ ယင်းလမ်းကြောင်းအရ နယ်မြေအလိုက်လူနည်းစုတစ်ရပ်သည် ကျေးရွာတစ်စု သို့ မြို့နယ်သေး လေးများတွင် စုပြုံနေထိုင်လာအောင် ဆောင်ရွက်ပြီး ယင်းတို့အတွက် ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်မှုအတိုင်း အတာတစ်ရပ်ကို ပေးသင့်သည်။ ဤလမ်းကြောင်းအရ ပြည်နယ်အစိုးရများသည် လူနည်းစုအသိုင်းအဝိုင်း များမှ ကိုယ်စားလှယ်များကို ထည့်သွင်းပေးထားရန် လိုအပ်ချက်ရှိမည်ဖြစ်သည်။

၂၀၀၀ခုနှစ်တွင် နိုင်ငံတောင်ပိုင်းရှင် တမီးလ်လူမျိုးများနှင့် အရှေ့မြောက်ပိုင်းရှိ ဆင်ဟာလီနှင် မူစလင်များကို ကာကွယ်စောင့်ရှောက်ပေးရန် အထက်ပါဖြေရှင်းနည်းများကို သီရိလင်္ကာနိုင်ငံက အဆိုပြုခဲ့သည်။ ဆွစ်ဇာ လန်နိုင်ငံတွင် အစိုးရအဆင့်သုံးရပ်(အမျိုးသား၊ နယ်မြေနှင့် လူမျိုးစုအလိုက်)ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပေးခံထားရသည်။ ဘော့စနီးယားဟာဇီဂိုးဗီးယားနှင့် မကြာသေးမီက အိန္ဒိယနိုင်ငံတို့ကဲ့သို့ ဖက်ဒ ရယ်ပြည်ထောင်စုနိုင်ငံအများအပြားသည် အစိုးရအဆင့်သုံးရပ်စနစ်ကို ပြောင်းလဲကျင့်သုံးပြီး ယင်းစနစ်အရ ကောင်စီများနှင့် မြူနီစီပယ်အဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပေးခံရသည်။

ဖက်ဒရယ်စနစ်များရှိ ကွဲပြားခြားနားမှုကိစ္စကို ဖြေရှင်းရန်ဗျူဟာများ

အထက်ပါအခွင့်အလမ်းများနှင့် အန္တရာယ်များကို ဖြေရှင်းရန် ဖက်ဒရယ်နိုင်ငံများသည် စည်းလုံးမှုကို ထိန်း သိမ်းပြီး ကွဲပြားခြားနားမှုကို စီမံဆောင်ရွက်ရန် နည်းလမ်းအသွယ်သွယ်ကို ချဉ်းကပ်ဖော်ဆောင်ကြသည်။ အ ဓိကဗျူဟာနှစ်ရပ်ရှိသည်။ ဗျူဟာတစ်ခုမှာ လူနည်းစုများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အလေးထားသည်(‘တိုး ချဲ့တည်ဆောက်ခြင်း’ဗျူဟာများ)၊ ကျန်တစ်ခုမှာ အားလုံးပါဝင်စေခြင်းနှင့် ကွဲပြားခြားနားမှုကို တုံ့ပြန်ဆောင် ရွက်ခြင်း(‘ထည့်သွင်းတည်ဆောက်ခြင်း’ဗျူဟာများ)ကို အလေးထားသည်။

• တိုးချဲ့တည်ဆောက်ခြင်း’ဗျူဟာသည် အစုအဖွဲ့များနှင့် လူနည်းစုများ၏ ကိုယ်စားပြုမှုကို လှုံ့ဆော် သည်၊ ကွဲပြားချက်များကို နိုင်ငံရေးရာဌာနအဖွဲ့အစည်းများက အပြည့်အ၀အသိအမှတ်ပြုခံရရေးကို ရည်ရွယ်သည်။ ဤသို့သောဗျူဟာများသည် အီသီယိုးပီးယား၊ နိုင်ဂျီးရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ၏ ဖက်ဒရယ်စနစ်များတွင် အလုပ်ဖြစ်ကာထင်ရှားသည်။

ထည့်သွင်းတည်ဆောက်ခြင်း’ဗျူဟာများသည် နိုင်ငံသားများ၏ဥပဒေရှေ့မှောက်တန်းတူညီမျှမှုကို မြှင့်တင်ပြီး ယေဘုယျအားဖြင့် အစုအဖွဲ့သီးခြားစရိုက်လက္ခဏာများကို နိုင်ငံရေးရာဌာနအဖွဲ့အစည်း များက အသိအမှတ်ပြုပေးခြင်းအပေါ် ကန့်ကွက်သည်၊ သို့သော် ပုဂ္ဂလိကနယ်ပယ်တွင်း ယဉ်ကျေးမှု အပြင် အခြားသောကွဲပြားခြားနားမှုရှိနေခြင်းကိုမူ လက်ခံလေးစားမှုထားသည်။ ဤဗျူဟာများသည် အမေရိကန်၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့၏ ဖက်ဒရယ်စနစ်များတွင် အလုပ်ဖြစ်ပြီး ထင်ရှားသည်။

အဆိုပါဗျူဟာနှစ်ရပ်ကို မျှမျှတတပိုဖြစ်အောင်ချဉ်းကပ်အသုံးပြုကြသည့် ဖက်ဒရယ်စနစ်များကိုမူ အိန္ဒိယ၊ က နေဒါနှင့် ဩစတြေးလျနိုင်ငံတို့တွင် တွေ့ရနိုင်သည်။ သို့ရာတွင် ဗျူဟာနှစ်ရပ်စလုံးရှိပါဝင်အစိတ်အပိုင်းများကို မူ ဖက်ဒရယ်နိုင်ငံများအားလုံးတွင် တွေ့နိုင်သည်။

အမျိုးသားဗဟိုအဆင့်ပါတီများကို တည်ထောင်ခြင်း

ပဋိပက္ခကြုံနေရသောလူ့အဖွဲ့အစည်းများအတွင်း ပါတီစနစ်ဖွံ့ဖြိုးရေးကို လွှမ်းမိုးလုပ်ဆောင်နိုင်သောအသုံး အများဆုံးနည်းလမ်းမှာ ပါတီဖွဲ့စည်းမှု၊ မှတ်ပုံတင်မှုနှင့် လှုပ်ရှားဆောင်ရွက်မှုတို့ကို ထိန်းကွပ်ပေးမည့် စည်း မျဉ်းဥပဒေများကို တင်သွင်းချမှတ်ပေးရန်ပင်ဖြစ်သည်။ အဆိုပါစည်းမျဉ်းဥပဒေများ အလုပ်လုပ်နိုင်ရန်ပါတီ များအနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန်ရှေ့ပြေးအခြေအနေတစ်ရပ်အဖြစ်ပြည်နယ်အနှံ့ဖြစ်စေ၊ တစ် နိုင်ငံလုံးအနှံ့ဖြစ်စေ ပါတီဖွဲ့စည်းကြရန်လှုံ့ဆော်လှုပ်ရှားရနိုင်သည်။ မကြာသေးခင်နှစ်များအတွင်း ဖက်ဒရယ် စနစ်အကူးအပြောင်းနိုင်ငံများသည် အထက်ပါစီမံချက်များကို ချမှတ်လုပ်ဆောင်ခဲ့ကြသည်။

ဥပမာအားဖြင့် တူရကီနိုင်ငံတွင် ပါတီများသည် ပြည်နယ်ပါတီခွဲများကို ဖွဲ့စည်းရသည်၊ ပုံမှန်ပါတီ ညီလာခံများကို ကျင်းပပြီး အမျိုးသားအဆင့်ရွေးကောက်ပွဲများတွင်ဝင်ပြိုင်နိုင်ရန် ပြည်နယ်အားလုံး ၏ တစ်ဝက်တွင် ကိုယ်စားလှယ်လောင်းများကို အရွေးခံစေသည်။

• ရုရှားနိုင်ငံတွင် သမ္မတပူတင်၏ပထမဆုံးပြုပြင်ပြောင်းလဲရေးတစ်ရပ်အရ နိုင်ငံရေးပါတီများသည် ရု ရှား၏ပြည်နယ် ၈၉ ခုအများစုတွင် ပြည်နယ်အလိုက်ပါတီခွဲများကို မှတ်ပုံတင်ထားရန်လိုအပ်သည်။

• နိုင်ဂျီးရီးယားတွင်မူ ပါတီများသည် ယင်းတို့၏အမှုဆောင်ကောင်စီထဲ ပြည်နယ်အားလုံး၏သုံးပုံနှစ်ပုံ မှ ပါတီဝင်များကို ထည့်သွင်းပေးပြိး ‘ဖက်ဒရယ်လက္ခဏာ’ရှိကြောင်းကို ပြသရသည်၊ ထို့နောက် ပါ တီအမည်၊ ဆောင်ပုဒ် သို့ အမှတ်တံဆိပ်တွင် တိုင်းရင်းသားမျိုးနွယ်စု သို့ ပြည်နယ်ဒေသတစ်ခုခုကို ရည်ညွှန်းခြင်းမျိုးမဖြစ်ရန်လည်း လိုအပ်နေသည်။

• ကမ္ဘာ့လူဦးရေအထူထပ်ဆုံးဒီမိုကရေစီနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ကျွန်းစုတစ်ဝန်း ခရိုင်အားလုံး ၏သုံးပုံနှစ်ပုံ၊ ထိုခရိုင်များအတွင်း မြူနီစီပယ်အဖွဲ့များ၏ သုံးပုံနှစ်ပုံတွင် ပါတီအဖွဲ့အစည်းဆိုင်ရာ ကွန်ရက်တစ်ခုကို တည်ဆောက်ထားရသည်၊ သို့မှသာ ယင်းပါတီများသည် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည်။

ကိုးကား၊ Political Parties in Conflict-Prone Societies: Encouraging Inclusive Politics and Democratic Development

နှိုင်းယှဉ်လေ့လာချက်၊"အတူပေါင်းစည်းခြင်း"ဖက်ဒရယ်ပြည်ထောင်စုများရှိ ဘာသာစကားမူဝါဒ

ဖက်ဒရယ်စနစ်ကို ကြောင်းကျိုးညီစေရသည့်အရေးပါသောအချက်တစ်ချက်မှာ ယင်းစနစ်သည် လူနည်းစု ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အမျိုးသားအဆင့်လူ နည်းစု(ပြည်နယ်ဒေသအဆင့်တွင် လွှမ်းမိုးသည့်အစု)ကို တပေါင်းတစည်းတည်းသော နိုင်ငံတစ်ခုတွင်းမှာ ထက်ပင် ယင်း၏ယဉ်ကျေးမှုအား မြှင့်တင်ရန်အာဏာကို ပေးအပ်ထားနိုင်မည်ဖြစ်သည်။

ဘာသာဗေဒအရကွဲပြားခြားနားသောနိုင်ငံများတွင် ဖက်ဒရစ်စနစ်၏ကြီးမားသောအားသာချက်များအနက် တစ်ခုမှာ မတူသောနယ်မြေဒေသများတွင် မတူသောဘာသာစကားများကို ထင်ပေါ်ကြီးစိုးခွင့်ပြုပေးထားခြင်း ဖြစ်ပါသည်။ နိုင်ငံအများအပြားသည် လူနည်းစုသုံးဘာသာစကားများဖြင့် သင်သောကျောင်းများကို လူသိရှင် ကြား ရန်ပုံငွေပံ့ပိုးသည်၊ အစိုးရဝန်ဆောင်မှုများရရှိခံစားခွင့်တချို့ကို ဖြည့်ဆည်းပေးသည်။ တချို့နိုင်ငံများ သည် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာထောက်ကူပစ္စည်းများကို ပံ့ပိုးပေးပြီး လူနည်းစုယဉ်ကျေးမှုဆိုင်ရာအစုအဖွဲ့ များအတွက် ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းပံ့ပိုးရေးဌာနအဖွဲ့အစည်းများ တည်ထောင်ခြင်းကို အားပေး သည်။

လူနည်းစုအခွင့်အရေးများတွင် လူနည်းစုဘာသာစကားကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ သုံး၍ပ ညာသင်ကြားခွင့်ပါဝင်နိုင်သည်။ တစ်နည်းအားဖြင့် လူနည်းစုသုံးဘာသာစကားများ(အခွန် သို့ သန်းခေါင်စာ ရင်းလျှောက်ပုံစံများကဲ့သို့)ဖြင့် အစိုးရဆိုင်ရာလျှောက်လွှားပုံစံတချို့ကို အသုံးပြုခွင့်၊ တရားရုံးစစ်ဆေးကြား နာမှုများတွင် လူနည်းစုဘာသာစကားဖြင့် ဖွင့်ဆိုရှင်းလင်းပြခံရခွင့်တို့လည်း ပါဝင်နိုင်သည်။ လူနည်းစုအခွင့် အရေးများကို ပေးအပ်သော နိုင်ငံအများအပြားတွင် အဆိုပါအခွင့်အရေးများကို ဥပဒေကြောင်းအရ နှင့်/သို့ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အာမခံပေးထားကြသည်။

ဘာသာစကားမူဝါဒကို ဗဟိုချုပ်ကိုင်မှုလျှော့ချလိုက်ရခြင်း၏အားသာချက်မှာ နယ်မြေအလိုက်လူနည်းစုများ (ဥပမာ ပဲခူးတိုင်းတွင်နေထိုင်သောကရင်လူမျိုးများ)ကို ယင်းတို့၏လူမျိုးသုံးဘာသာစကားကို သုံးစွဲခွင့်ပေး လိုက်နိုင်ခြင်းဖြစ်သည်။ ဤအချက်သည် မတူသောဘာသာစကားတစ်ရပ်(ဥပမာ ပဲခူးတိုင်းတွင်ရှိသော မြန်မာ စကားပြောသူများ)ကို ပြောကြသူအုပ်စုတစ်စုက လွှမ်းမိုးကြီးစိုးထားသော ပြည်နယ်များ သို့ နယ်မြေဒေသ များအတွင်း နယ်မြေအလိုက်လူနည်းစုများ ဘေးဖယ်ထုတ်ခံထားရသည့်အန္တရာယ်ကိုလည်း ဖြေရှင်းပေး လိုက်နိုင်သည်။

တချို့နိုင်ငံများတွင် ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်နှစ်ရပ်စလုံး၌ ဘာသာစကားအခွင့်အရေးတချို့ကို ဖက်ဒ ရယ်ဖွဲ့စည်းပုံအခြေခံဥပဒဖြင့် ကာကွယ်ပေးထားတတ်ကြသည်(ဥပမာ ကနေဒါ၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ အီသီ ယိုးပီးယား)။ တချို့နေရာများတွင်မူ ဘာသာစကားမူဝါဒသည် ပြည်နယ်အစိုးရခွဲအဆင့်၏ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ဖက်ဒရယ်တိုင်းပြည်များတွင် ဘာသာစကားမူဝါဒကို ဖြေရှင်းကြပုံနှင့်စပ်လျဉ်းသောသာဓကများ တွင် အောက်ပါတို့ ပါဝင်သည်။

• အီသီယိုးပီးယားနိုင်ငံတွင် အဓိကဌာနေတိုင်းရင်းသားသုံးဘာသာစကားနှစ်မျိုးရှိပြီး လူနည်းစုဘာသာ စကား ၁၁ မျိုးနှင့် တခြားလူမျိုးစုသုံးဘာသာစကားများစွာရှိသည်။ တရားဝင်ရုံးသုံးဘာသာစကားဟူ ၍မရှိဘဲ ဘာသာစကားအားလုံးသည် မူအားဖြင့် တန်းတူအသိအမှတ်ပြုခံရသည်။ ပညာရေးနှင့်အစိုး ရရုံးဌာနအတွင်းမူ အင်္ဂလိပ်ဘာသာစကားကို သုံးစွဲသည်။ အန်မာဟစ်ဘာသာစကားသည် ဖက်ဒရယ် အစိုးရနှင့် ပြည်နယ်အစိုးရတချို့၏ လုပ်ငန်းခွင်သုံးဘာသာစကားဖြစ်ပြီး၊ ပြည်နယ်တစ်ခုစီသည် မိမိ တို့နှင့်အလုပ်ဖြစ်မည့်ဘာသာစကားကို ရွေးချယ်သုံးစွဲကြသည်။

အိန္ဒိယနိုင်ငံတွင် လူတစ်သန်းကျော်အသုံးပြုနေသည့် ဘာသာစကားအမျိုး ၄၀ ရှိပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် အသုံးပြုသည့်ဘာသာစကား ၁၈ မျိုးရှိသည်။ ဟိန္ဒူဘာသာစကား(လူဦးရေ၁၈ရာခိုင် နှုန်း၏မိခင်ဘာသာစကားဖြစ်ပြီး ၄၀ရာခိုင်နှုန်းကသုံးစွဲပြောဆိုကြ)သည် အဓိကအသုံးအများဆုံး ဌာ နေတိုင်းရင်းဘာသာစကားဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားမှာ ကြားခံဘာသာစကားအဖြစ်အရေး ပါသည်။ မည်သည့် ဖွဲ့စည်းပုံအခြေခံဘာသာစကားနှင့်ပြောမျှတရားဝင်မည်ဆိုသည်ကို ပြည်နယ်များ က​ ရွေးချယ်နိုင်သလို၊ တရားဝင်ရုံးသုံးဖြစ်စေ၊ အခြားဘာသာစကားများဖြင့်ဖြစ်စေ ဝန်ဆောင်မှုများ ကို ပေးနိုင်သည်။

နိုင်ဂျီးရီးယားတွင် တရားဝင်ရုံးသုံးဖြစ်သော အရေးပါသည့်ဌာနေတိုင်းရင်းသားဘာသာစကားသုံးမျိုး ရှိသည်၊ သို့ရာတွင် အနည်းဆုံးအခြားဘာသာစကားအမျိုးပေါင်း ၄၅၀ လည်းရှိသည်။ အင်္ဂလိပ်ဘာ သာစကားသည် အစိုးရဌာနနှင့် ပညာရေးတွင် အဓိကသုံးသောဘာသာစကားဖြစ်သည်။ သို့သော် ဒေ သသုံးဘာသာစကားများကိုလည်း အသုံးပြုနိုင်သည်။ ဥပမာ တရားရုံးများတွင် နိုင်ငံသားများ၏အ ခွင့်အရေးတချို့သည် နားလည်ပြီးသားဘာသာစကားအပေါ်အခြေခံထားသည်၊ နှစ်သက်ရာရွေးသုံး ၍မရပါ။

ကိုးကား၊ Federalism in Asia and beyond: The Wildbad Kreuth Federalism Days 2012