အသစ်များ > ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ

2022-08-29

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများအခန်းကဏ္ဍ

စည်းမျဉ်းခံ(ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံသော)ဒီမိုကရေစီနိုင်ငံများအားလုံးသည် နိုင်ငံရေးပါတီများအပေါ် မှီ တည်ရပြီး ကမ္ဘာအနှံ့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအများစုသည်လည်း ဒီမိုကရေစီကို အားပေးမြှင့်တင်ရာတွင် နိုင်ငံရေး ပါတီများ၏အခန်းကဏ္ဍက အကျိုးပြုသည်ကို အသိအမှတ်ပြုထားသည်။ ဆန့်ကျင်ဘက်အားဖြင့် အာဏာရှင်အုပ်ချုပ် ရေးများကမူ ပါတီများအပြိုင်အဆိုင်ရှိခြင်းကို ဖိနှိပ်စမြဲဖြစ်သည်။

ပါတီများသည် စည်းမျဉ်းခံဒီမိုကရေစီစနစ်၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အကြောင်းမူ ၎င်းတို့တွင် တစ်မူထူး ခြားစွာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းဆောင်တာများစွာရှိနေ၍ဖြစ်သည်။ အဆိုပါအဓိကလုပ်ငန်းဆောင်တာများ အနက်တချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ နိုင်ငံရေးပါတီများသည် အာဏာရရှိရေး ငြိမ်းချမ်းစွာယှဉ်ပြိုင်ရန်နှင့် မတူကွဲပြားသောအမြင်များနှင့် အဆိုပြု ချက်များအပေါ် ပွင့်လင်းစွာဆွေးနွေးငြင်းခုံရန်အတွက်(ယှဉ်ပြိုင်ခြင်း)စနစ်ပုံစံများကို ချမှတ်ထား သည်။

၂။ နိုင်ငံရေးပါတီများသည် အစိုးရဟူသောစနစ်ပုံစံများ(ကိုယ်စားပြုခြင်း)တွင်ဝင်ရောက်၍ နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကိုယ်စားပြုသည်၊ စနစ်တကျဖော်ထုတ်သည်၊ စုစည်းတင်ပြပေးသည်။

၃။ နိုင်ငံရေးပါတီများသည် တည်ငြိမ်ပြီး ရှေ့နောက်ညီညွတ်သောအစိုးရနှင့် လွှတ်တော်တွင်းဥပဒေပြုရေး (တည် ငြိမ်မှု)ကိုမြှင့်တင်ပေးသည်။

၄။ နိုင်ငံရေးပါတီများသည် အတိုက်အခံနိုင်ငံရေးနှင့် အစိုးရကို တာဝန်ခံစေရန် (တာဝန်ခံခြင်း)အတွက်ထိရောက် သောစနစ်ပုံစံများကို ထုတ်ဖော်ပေးသည်။

ဒီမိုကရေစီနည်းကျရွေးကောက်ပွဲစနစ်တစ်ရပ် ထိရောက်စွာ လည်ပတ်လုပ်ဆောင်နိုင်ရန် အထက်ပါလုပ်ငန်းဆောင် တာများကို လိုအပ်သည်။ နိုင်ငံရေးပါတီများတွင် ပန်းတိုင်၊ လမ်းစဉ်နှင့် စနစ်ရှိပါက ကိုယ်စားပြုဒီမိုကရေစီအတွက် အရေးပါသောအထက်ပါလိုအပ်ချက်များကို စံနမူနာပြဖြည့်ဆည်းပေးနိုင်မည့် သူများမှာ နိုင်ငံရေးပါတီများ ဖြစ်ပါလိမ့် မည်။(Riegner and Stacey 2014:1)

ဂျာမနီနှင့် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံရေးပါတီများ၏အရေးပါပုံအကြောင်းကိုးကားချက်

ဂျာမနီ၊ ပုဒ်မ (၂၁)

() နိုင်ငံရေးပါတီများသည် ပြည်သူလူထု၏နိုင်ငံရေးစိတ်ဆန္ဒအတိုင်းပုံဖော်လုပ်ကိုင်ကြရာတွင် ပါဝင်ဆောင်ရွက်နိုင် သည်။ ပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရမည်။ ပါတီတွင်းဖွဲ့စည်းပုံသည် ဒီမိုကရေစီအခြေခံသဘောတရားများ နှင့်အညီဖြစ်ရမည်။ ပါတီများသည် ပိုင်ဆိုင်မှုပစ္စည်းများ၊အရင်းအမြစ်များနှင့် ပါတီရန်ပုံငွေသုံးစွဲမှုများအတွက် လူထု ထံတာဝန်ခံရမည်။’

စပိန်၊ ပုဒ်မ() (နိုင်ငံရေးပါတီများ)

နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျသောအများစံနှုန်းကို ဖော်ထုတ်ရမည်၊ ပြည်သူ့ဆန္ဒကို ထုတ်ဖော်ရေးနှင့် လက်တွေ့ပုံဖော်ဆောင်ရွက်ရာတွင် ပါဝင်ကူညီရမည်ဖြစ်ပြီး နိုင်ငံရေးရာပါဝင်ဆောင်ရွက်ခြင်းအတွက် အခြေခံကိရိ ယာတစ်ခုဖြစ်ရမည်။ ပါတီများသည် မည်သို့သောလှုပ်ရှားဆောင်ရွက်ချက်ကိုမဆို ပြုလုပ်သည်ဖြစ်စေ၊ စီစဉ်ဖန်တီး သည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများကို စောင့်ထိန်းလိုက်နာရမည်။ ပါတီတွင်းဖွဲ့စည်းပုံစနစ်နှင့် လုပ်ငန်းစဉ်သည် ဒီမိုကရေစီနည်းကျဖြစ်ရမည်။