အသစ်များ > နိုင်ငံရေးလမ်းပြမြေပုံ

နိုင်ငံရေးလမ်းပြမြေပုံ

2022-08-29

နိုင်ငံရေးလမ်းပြမြေပုံဟူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးသတင်းစာဆရာတစ်ဦးနှင့် လူမှုရေးသမိုင်းပါမောက္ခတစ်ဦး တို့ပြုလုပ်သည့် အွန်လိုင်းစစ်ဆေးမှုတစ်ရပ်ဖြစ်သည်။ ယင်းမြေပုံတွင် လူများ၏နိုင်ငံရေးသဘောထားအမြင် များကို ဝင်ရိုး စွန်းနှစ်ခုဖြင့် ဖော်ပြထားသည်။

၁။ လူမှုရေးအရလစ်ဘရယ်အမြင်ရှိမှုမှ လူမှုရေးအရ ကွန်ဆာဗေးတစ်အမြင်ရှိခြင်း

၂။ စီးပွားရေးအရ လစ်ဘရယ်အမြင်ရှိမှုမှ စီးပွားရေးအရ ဆိုရှယ်လစ်/ကွန်မြူနစ်အမြင်ရှိခြင်း

အဆိုပါမြေပုံတွင် အထက်ပါဝင်ရိုးစွန်းနှစ်ခုကို အသုံးပြုကာ နိုင်ငံရေးသဘောထားအမြင်များကို နေရာချပေးထား သည်။ နိုင်ငံရေးလမ်းပြမြေပုံသည် ဝင်ရိုးစွန်းနှစ်ခုပါဇယားကို အသုံးပြုပြီး ပါဝင်အစမ်းသပ်ခံသူတစ်ဦးချင်းစီက ဝင် ရိုးစွန်းတစ်ခုစီတွင် -၁၀ နှင့် +၁၀ ကြားတွင်ရှိသည်။

X ဝင်ရိုးစွန်းတွင် လက်ဝဲစွန်း ‘ကွန်မြူနစ်ဝါဒ’(-၁၀)မှ လက်ယာစွန်း ‘လစ်ဘရယ်လက်သစ်ဝါဒ’(+၁၀)အထိရှိသော စီး ပွားရေးရပ်တည်ချက်များကို တိုင်းတာပြသည်။ ဇယားပါအမြင်အသီးသီးအတွက် ခေါင်းစဉ်များ အမျိုးမျိုးကွဲပြားသော် လည်း ဤတိုင်းတာချက်သည် စီးပွားရေးတွင် အစိုးရက မည်ရွေ့မည်မျှအထိ ကြားဝင်ဆောင်ရွက်သင့်ပါသည်ဟု လူ တစ်ဦး၏ထင်မြင်ချက်ကို ဖော်ပြသည်။

Y ဝင်ရိုးစွန်းတွင် ‘အစွန်းရောက်လစ်ဘရယ်/အစိုးရမဲ့ဝါဒ’( ၀ မှ -၁၀) မှသည် ‘အာဏာရှင်/ဖက်ဆစ်ဝါဒ’(၀ မှ +၁၀) အထိလူမှုရေးရပ်တည်ချက်များကို တိုင်းတာပြသည်။ ဤတိုင်းတာချက်သည် ပုဂ္ဂိုလ်ရေး (သို့မဟုတ်) လူမှုရေးရာကိစ္စ ရပ်များတွင် အစိုးရက မည်ရွေ့မည်မျှအထိ ကြားဝင်ဆောင်ရွက်သင့်ပါသည်ဟု လူတစ်ဦး၏သဘောထားအမြင်ကိုဖော် ပြသည်။

စစ်ဆေးမှုတွင် စီးပွားရေး၊ ဘာသာတရား၊ ယဉ်ကျေးမှုနှင့် အစိုးရကို လုပ်ခွင့်ပြုသင့်သည့်အရာ၊ မပြုသင့်သည့်အရာဟူ ၍ ခြုံငုံစုစည်းထားသောနယ်ပယ်ရပ်များအပါအဝင် အမျိုးအစား၆မျိုးဖြင့် ထုတ်ဖော်ချက် ၆၂ ချက်ပါဝင်သည်။ တုံ့ပြန် ဖြေဆိုသူက ‘အဆိုပြုချက်တစ်ခုစီကို ‘လုံး၀သဘောတူသည်’၊ ‘သဘောတူသည်’၊ ‘ကန့်ကွက်သည်’ (သို့မဟုတ်) ‘လုံး၀ ကန့်ကွက်သည်’ဟူ၍ တစ်ခုခုဖြင့် အဖြေပေးနိုင်သည်။

ရလဒ်တွင် ဖြေဆိုသူ၏အတွေးအခေါ်မူဝါဒရပ်တည်မှုသည် အထက်ဖော်ပြပါ ဇယားတစ်ခုကဲ့သို့ အခြားဇယားတစ်ခုခု တွင်ရှိနေသည်ကို တွေ့နိုင်သည်။

အတွေးအခေါ်မူဝါဒအမျိုးအစားများ

လူအများအပေါ် လွှမ်းမိုးမှုအရှိဆုံးအတွေးအခေါ်မူဝါဒသုံးရပ်အကြောင်းကို ဤအခန်းတွင် အသေးစိတ်ဖော်ပြပါမည်။ ၎င်းတို့မှာ လစ်ဘရယ်ဝါဒ၊ ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးတွင် မပါမပြီးသလောက်ရှိသည့် အခြားအတွေးအခေါ်မူဝါဒများစွာလည်း ရှိသေး၏။ အောက်ပါစာရင်းတွင် အမျိုးအစားများ အလိုက်အတွေးအခေါ်မူဝါဒများကို ဖော်ပြထားသည်။ ယင်းထဲမှအချို့ကို ပုံ xx ရှိ နိုင်ငံရေးလမ်းပြမြေပုံတွင် တွေ့နိုင် သည်။

တစ်သီးပုဂ္ဂလလူအပေါ် အဓိကထားသောအတွေးအခေါ်များ

လစ်ဘရယ်ဝါဒ၊ လစ်ဘရယ်လက်သစ်ဝါဒ၊ ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒ၊ ခရစ်ယာန်ဒီမိုကရေစီ

သာတူညီမျှရေးလိုလားသောအတွေးအခေါ်များ

ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ မာ့က်စ်ဝါဒ၊ စတာလင်ဝါဒ၊ မော်ဝါဒ၊ အစိုးရမဲ့ဝါဒ

အစုအဖွဲ့ပေါင်းစည်းမှုကို အဓိကထားသောအတွေးအခေါ်များ

ဆိုရှယ်လစ်ဝါဒ၊ ဒီမိုကရေစီနည်းကျဆိုရှယ်လစ်ဝါဒ၊ ဆိုရှယ်ဒီမိုကရေစီ၊ ကွန်မြူနစ်ဝါဒ၊ မာ့က်စ်ဝါဒ၊ အမျိုးသားရေး ဆို ရှယ်လစ်ဝါဒ

လူမျိုးစု(သို့မဟုတ်) အမျိုးသားရေးမူကို အဓိကထားသောအတွေးအခေါ်များ

အမျိုးသားရေးဝါဒ၊ ဒေသစွဲနိုင်ငံရေးစနစ်၊ ဖက်ဆစ်ဝါဒ၊ အမျိုးသား ဆိုရှယ်လစ်ဝါဒ၊ လူမျိုးဆိုင်ရာအမျိုးသားရေးဝါဒ

အစဉ်အလာဓလေ့ကို အဓိကထားသောအတွေးအခေါ်များ

ကွန်ဆာဗေးတစ်ဝါဒ၊ ခရစ်ယာန်ဒီမိုကရေစီ၊ ကွန်ဆာဗေးတစ်လက်သစ်ဝါဒ

ဘာသာတရားကို အဓိကထားသောအတွေးအခေါ်များ

ခရစ်ယာန်ဆိုရှယ်လစ်ဝါဒ၊ ခရစ်ယာန်ဒီမိုကရေစီ

လူအများပျော်ရွှင်ကောင်းစားရေးဆိုင်ရာအတွေးအခေါ်များ

အမျိုးသားဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ မာ့က်စ်ဝါဒ၊ စတာလင်ဝါဒ၊ မော်ဝါဒ

အခြားအတွေးအခေါ်များ

(သဘာ၀ပတ်ဝန်းကျင်)အစိမ်းရောင်နိုင်ငံရေး၊ ဂေဟစနစ်၊ ဣတိ္ထယဝါဒ

ကိုးကား။ Political Parties: Functions and Organisation in Democratic Societies