အသစ်များ > ဖက်ဒရယ်ဝါဒ၏သဘောသဘာ၀

ဖက်ဒရယ်ဝါဒ၏သဘောသဘာ၀

2022-09-06

မေး။ ဖက်ဒရယ်အခြေခံမူဟူသည်မှာ အဘယ်နည်း။

ဖြေ။ ဖက်ဒရယ်အခြေခံမူဟူသည်မှာ အစိုးရအာဏာရပ်များနှင့် တာဝန်၀တ္တရားများကို ပြည်ထောင်စု(အမျိုး သား)အစိုးရနှင့်ပြည်နယ်(တိုင်းဒေသနှင့် ခရိုင်ဒေသ)အစိုးရများကြား ခွဲခြားထားနိုင်သည်ဟူသောအခြေခံမူကို ရည်ညွှန်းသည်။ ပြည်နယ်အစိုးရများက ကျေနပ်လောက်စရာဖြေရှင်းမပေးနိုင်သော အရေးကိစ္စရပ်များကို ဖက်ဒရယ်အစိုးရထံ အပ်နှင်းရောက်ရှိလာသည်၊ ထို့နောက် ဖက်ဒရယ်အစိုးရ၏အခွင့်အာဏာသည် အဆိုပါအ ရေးကိစ္စများကို ဆောင်ရွက်ရန်အတွက် ကန့်သတ်ထားခြင်းဖြစ်သည်။

မေး။ ဖက်ဒရယ်အခြေခံမူကို မည်သို့ လက်တွေ့ဖော်ဆောင်မည်နည်း။

ဖြေ။ ဖက်ဒရယ်အခြေခံမူကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများ၏လုပ်ငန်းဆောင်တာများနှင့် အာဏာရပ် များကို ဖွင့်ဆိုသတ်မှတ်ပေးထားသည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြင့် လက်တွေ့ဖော်ဆောင်ပါ သည်။ မလေးရှားနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်စာရင်း(ပြည်ထောင်စုအစိုးရ၏လုပ်ငန်း ဆောင်တာများနှင့် အာဏာရပ်များ)၊ ပြည်နယ်စာရင်း(ပြည်နယ်အစိုးရ၏လုပ်ငန်းဆောင်တာများနှင့် အာဏာ ရပ်များ) နှင့် ပူးတွဲအာဏာစာရင်း(ဖက်ဒရယ်/ပြည်နယ်အစိုးရနှစ်ရပ်စလုံး၏ လုပ်ငန်းဆောင်တာများနှင့်အာ ဏာရပ်များ)ဟူ၍ ပါဝင်သောပြဋ္ဌာန်းချက်၌ အစိုးရလုပ်ငန်းဆောင်တာများနှင့် အာဏာရပ်များကို ထည့်သွင်း ထားသည်။

မေး။ ဖက်ဒရယ်ဝါဒသည် မည်သို့ ဖွံ့ဖြိုးလာခဲ့သနည်း။

ဖြေ။ ဖက်ဒရယ်ဝါဒသည် သီးခြားစီဖြစ်နေသော နိုင်ငံရေးအသိုင်းအဝိုင်းများကို အတူတကွစုစည်းချိတ်ဆက် ပေးရန်လိုအပ်ချက်အား တုံ့ပြန်ဆောင်ရွက်မှုတစ်ရပ်အဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ အဆိုပါနိုင်ငံရေးအသိုင်းအဝိုင်း တစ်ရပ်ချင်းစီတွင် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ ရယူနိုင်ခြင်းမရှိသော ဦးတည်ချက်များကို ဖက်ဒရယ်ဝါဒက ယင်းအသိုင်းအဝိုင်းများ၏ သက်ဆိုင်ရာသီးခြားစရိုက်လက္ခဏာများအား လက်အောက်ငယ်သားဘ၀အဖြစ်မ ရောက်စေဘဲ ရရှိနိုင်အောင် ဆောင်ရွက်ပေးသည်။

မေး။ ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း။

ဖြေ။ ဖက်ဒရယ်နိုင်ငံအားလုံးတွင် အမြင်အားဖြင့် လက်ခံကျင့်သုံးနေသဖြင့် ဖက်ဒရယ်ပုံစံ၏အနှစ်သာရဟု ဖွင့် ဆိုနိုင်သည့် လက္ခဏာငါးရပ်ရှိကြောင်း ပညာရှင်အများစုက သဘောတူကြသည်။ ယင်းငါးရပ်မှာ

၁။ အနည်းဆုံး အစိုးရအဆင့်နှစ်ရပ်ရှိရာ အဆင့်တစ်ရပ်ချင်းစီသည် ယင်းတို့၏နိုင်ငံသားများကိုယ်စား တိုက် ရိုက်ဆောင်ရွက်ခြင်း။အဆင့်တစ်ရပ်စီအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရာနယ်ပယ်တချို့အပါအဝင် အစိုးရအ ဆင့်များကြား ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအခွင့်အာဏာကို တရားဝင်ခွဲဝေထားခြင်းနှင့် အရင်းအမြစ် များ ခွဲဝေပေးထားခြင်းပင်ဖြစ်သည်။

၂။ ဖက်ဒရယ်(ဗဟိုအဆင့်) မူဝါဒချမှတ်ခြင်းဆိုင်ရာဌာနအဖွဲ့အစည်းများအတွင်း ပြည်နယ်နှင့် အစုအဖွဲ့ဆိုင် ရာသဘောထားအမြင်များကို လေးစားခြင်းနှင့် အဆိုပါအစုအဖွဲ့များ၏ကိုယ်စားပြုခွင့်ကို သတ်မှတ်ပြဋ္ဌာန်း ပေးခြင်း။

၃။ တစ်ဖက်သတ်ပြင်ဆင်မရနိုင်ဘဲ ပြည်ထောင်စုအဖွဲ့ဝင်နယ်မြေများမှလူများစုဆန္ဒမဲတစ်ရပ် သို့ အားလုံး၏ လိုက်လျောခွင့်ပြုချက်ကို လိုအပ်သော စာဖြင့်ရေးထားသည့် အမြင့်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရှိခြင်း။

၄။ အစိုးရအဆင့်အသီးသီးကြား အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ပေးမည့်ခုံသမာဓိတစ်ဦးရှိခြင်း။

၅။ တာဝန်၀တ္တရားများကို ခွဲဝေမျှယူထားရာ သို့ တာဝန်များ ဆင့်ကာဆင့်ကာရှိနေရာ နယ်ပယ်များအတွက် အစိုးရအချင်းချင်းအတွင်းပိုင်းဆက်ဆံရေးများကို လွယ်ကူချောမောစေမည့် ယန္တရားများနှင့် လုပ်ငန်းစဉ်များ။