အသစ်များ > နိုင်ငံရေးပါတီအဖွဲ့ဝင်များ

နိုင်ငံရေးပါတီအဖွဲ့ဝင်များ

2023-01-20

အဖွဲ့ဝင်ဟူသည် မည်သည့်ပါတီတိုင်းအတွက်မဆို အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ထောက်ခံသူ များနှင့် အကောင်းဆုံးချိတ်ဆက်မှုလည်း ဖြစ်သည်။ ပါတီများသည် အမျိုးမျိုးသောလူမှုရေးအစုအဖွဲ့များမှ ကြီးမားသောအဖွဲ့ဝင်အင်အားအခြေခံတစ်ရပ်ကို ရရှိရန်ကြိုးစားတတ်သည်။ အဖွဲ့ဝင်အင်အား အားသာချက် နှင့် ကွဲပြားခြားနားမှုမှာ ပါတီတွင်း မူဝါဒချမှတ်ရေးလမ်းကြောင်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။

ပါတီတစ်ခု၏အဖွဲ့ဝင်များသည် မည်သည့်ပါတီဝင်မှမဟုတ်သော နိုင်ငံသားများထက် နိုင်ငံရေးဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားသည်။ ပါတီဝင်များသည် ပါတီတွင်း မူဝါဒချမှတ်ခြင်းတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး ပါတီ၏ဦးတည် ရာလမ်းကြောင်းနှင့် ဦးစားပေးအချက်များအပေါ် သဘောတူညီမှုပေးနိုင်သည်။ ယခုလိုပါဝင်ဆောင်ရွက်ခြင်း ပုံစံမျိုးပေါ်ပေါက်ရန် ရှေ့ပြေးအခြေအနေတစ်ရပ်မှာ ပါတီအနေဖြင့် ပါတီတွင်းဒီမိုကရေစီစနစ် ထူထောင်ရေး အတွက် လုံလောက်သောဖြစ်နိုင်ခြေများကို ပေးထားရန်ပင်ဖြစ်သည်။ ဥပမာ မူဝါဒချမှတ် ရေး၊ ခေါင်းဆောင် ရွေးချယ်မှုနှင့် ဗဟိုမှအာဏာခွဲဝေရေးတို့တွင် ပါတီဝင်များ ဝင်ရောက်ဆွေးနွေးခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း များကို ဆိုလိုသည်။

ထို့အပြင် အဖွဲ့ဝင်အင်အားကြီးမားသည့် ပါတီများသည် နိုင်ငံရေးယှဉ်ပြိုင်မှုတွင် အောင်မြင်စွာပါဝင်ဆောင် ရွက်နိုင်သည့်အခွင့်အလမ်း၊ ရွေးကောက်ပွဲများ အနိုင်ရနိုင်သည့်အခွင့်အလမ်းနှင့် နိုင်ငံရေးသဘောထားအမြင် ချမှတ်ခြင်းပေါ် ဩဇာညောင်းနိုင်သည့်အခွင့်အလမ်းများတွင် ပိုမိုအားသာချက်ရှိနေသည်။ ဤသို့ဖြစ်ရခြင်းမှာ ကျယ်ပြန့်ပြီး ကွဲပြားသောအဖွဲ့ဝင်အခြေခံတစ်ရပ်ရှိထားခြင်းကြောင့် ပါတီများသည် မတူကွဲပြားသောအစုအ ဖွဲ့အသီးသီးကြား ထောက်ခံမှုရအောင် စည်းရုံးခွင့်ရရှိသလို၊ မူဝါဒများ၊ ကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍အသိ ပညာပေးမြှင့်တင်ပေးမည့် ပါတီယန္တရားများ(ဖြန့်ဝေမှုစနစ်များ)ကို ထူထောင်ခွင့်လည်းရရှိသွားပြီး အခြေခံလူ တန်းစားအဆင့်မဲဆွယ်စည်းရုံးရေးဆောင်ရွက်ချက်များတွင် စေတနာ့လုပ်အားပေးများကို အသုံးချ၍ရသွား နိုင်သည်။

ပါတီအဖွဲ့ဝင်သစ်စုဆောင်းခြင်းနှင့် အဖွဲ့ဝင်များ အစဉ်တက်ကြွနေစေရန်ထိန်းသိမ်း ခြင်း

အဖွဲ့ဝင်သစ်စုဆောင်းခြင်းစနစ်များ

အနိမ့်ဆုံးအသက်ကန့်သတ်ချက်ကဲ့သို့ ပါတီဖွဲ့စည်းပုံအခြေခံတွင် အဖွဲ့ဝင်လက်ခံသောသတ်မှတ်ချက်ကို တိ ကျရေရာစွာ ချမှတ်ထားရမည်ဖြစ်သည်။ အဖွဲ့ဝင်လက်ခံမှုကို ပါတီဌာနခွဲနှင့် ချိတ်ဆက်ထားသင့်ပြီး နှစ်စဉ်နှစ် တိုင်း ပြင်ဆင်ပြောင်းလဲသင့်သည်။ ဖြစ်နိုင်လျှင် နိုင်ငံရေးအရစိတ်ချလုံခြုံရပါက အဖွဲ့ဝင်လက်ခံခြင်းနှင့်ပတ် သက်ပြီး အမျိုးသားအဆင့်ကွန်ပြူတာဖြင့်အချက်အလက်ဖြည့်သွင်းခြင်းစနစ်ထားရှိလျှင်အဆင်ပြေသည်။

မည်သည့်ပါတီအတွက်မဆို အဓိကတာဝန်မှာ အဖွဲ့ဝင်အင်အားသစ်စုဆောင်းခြင်းဖြစ်သည်။ အဖွဲ့ဝင်များကို အဆိုပါတာဝန်အတွက် လေ့ကျင့်သင်ကြား၊ ပြင်ဆင်ပေးထားသင့်သည်။ အမျိုးသားအဆင့်ရှိပါတီသည် အဖွဲ့ ဝင်အင်အားသစ်စုဆောင်းရေးအတွက် ကျစ်လျစ်ခိုင်မာသောစနစ်တစ်ခု ထားရှိသင့်သည်။ လျှောက်လွှာပုံစံ၊ အဖွဲ့ဝင်ကတ်ပြား၊ အဖွဲ့ဝင်သစ်ရှာဖွေပေးသူအတွက် လုပ်ထုံးလုပ်နည်းအချက်အလက်၊ ပါတီဝင်လက်ခံမှုနှင့် စပ်လျဉ်းသောအခြားအချက်အလက်အစရှိသည်တို့ပါဝင်သော ပဋိညာဉ်စာချုပ်များ ပြင်ဆင်ထားသင့်သည်။ အဓိကအချက်အလက်မှာ အခွင့်အရေးနှင့် တာဝန်၀တ္တရားများနှင့်စပ်လျဉ်း၍ ပါတီဘက်က မည်သို့ လုပ်ကိုင် ဆောင်ရွက်သည်၊ ပါတီဝင်ဖြစ်ရခြင်း၏အဓိပ္ပာယ်မှာ မည်သို့ဖြစ်သည်ဟူ၍စသည်တို့ ပါဝင်သည်။

အဖွဲ့ဝင်လက်ခံရေးအရာရှိတာဝန်ကို ပါတီဌာနခွဲတစ်ခုချင်းစီတွင် တစ်ဦးဦးအား ခန့်အပ်တာဝန်ပေးထားသင့် သည်။ အဆိုပါအရာရှိ သူ သို့ သူမသည် အဖွဲ့ဝင်သစ်စုဆောင်းရေးအသင်းကို ဖွဲ့စည်းထားရန်တာဝန်ရှိပြီး ၎င်း အဖွဲ့က မဟာဗျူဟာတစ်ရပ်ရေးဆွဲကာ အကောင်အထည်ဖော်ရမည့်တာဝန်ကို ယူရမည်ဖြစ်သည်။ ပါတီဌာန ခွဲတိုင်းသည် အဖွဲ့ဝင်လက်ခံမှုနှင့်စပ်လျဉ်း၍ အသေးစိတ်မှတ်တမ်းတင်ထားရမည်၊ သို့မှသာ နှစ်တိုင်းအဆိုပါ မှတ်တမ်းကို ပြန်စစ်ဆေးကြည့်နိုင်မည်။ အဖွဲ့ဝင်ကြေးကိုလည်း ပါတီ၏ဘဏ်စာရင်းထဲသို့ အပ်နှံထားရမည်။ အများအားဖြင့် ဘဏ်စာရင်းသည် ပါတီ၏အဓိကဘဏ်စာရင်းဖြစ်သော်လည်း ပါတီဖွဲ့စည်းပုံ၏မတူသောအ ဆင့်အသီးသီးအတွက် စုစုပေါင်းအဖွဲ့ဝင်ကြေးများကို မည်သို့ခွဲဝေပေးမည်ဟူသော လုပ်ထုံးလုပ်နည်းပိုင်းများ တွင်လည်း မတူကွဲပြားမှုများစွာရှိသည်။

အဖွဲ့ဝင်သစ်စုဆောင်းခြင်း။ မဟာဗျူဟာနှင့် အစီအစဉ်

နိုင်ငံရေးပါတီတိုင်းသည် ကြီးထွားလိုသည်။ လူ့အဖွဲ့အစည်းကို ရေရာသေချာသောဦးတည်ချက်လမ်းကြောင်း အတိုင်း ဖွံ့ဖြိုးတိုးတက်စေချင်သည့် တစ်သီးပုဂ္ဂလလူတိုင်းအတွက် ပါတီတစ်ခု၏အဖွဲ့ဝင်ဖြစ်လာခြင်းသည်  အကောင်းဆုံးရွေးချယ်စရာဖြစ်သင့်သည်။ ပါတီအဖွဲ့ဝင်ဖြစ်ခြင်းသည် လူတစ်ဦးကို ကြိုတင်စီစဉ်ချမှတ်ထား သောလမ်းစဉ်တစ်ရပ်အပေါ် သာမန်မဲလေးထည့်ရွေးချယ်ပေးလိုက်ခြင်းထက် ချမှတ်မည့်ဆုံးဖြတ်ချက်များ အပေါ် ကိုယ်တိုင်ကိုယ်ကျ ပိုမိုလွှမ်းမိုးဩဇာညောင်းနိုင်သောအခွင့်အလမ်းတစ်ရပ်ကို ပေးသင့်သည်။

ပါတီဝင်အင်အားသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထင်ဟပ်မှုရှိလျှင် အဆိုပါတီသည် ပိုမိုခိုင်မာလာပြီး ၎င်း ၏မူဝါဒများသည်လည်း ပိုမိုတရားဝင်လာတော့သည်။ ပါတီဌာနခွဲတွင် အဖွဲ့ဝင်သစ် စုဆောင်းသည့်အခါ အဆို ပါရည်မှန်းချက်ကို ဖြစ်မြောက်စေမည့် အဖွဲ့ဝင်သစ်စုဆောင်းရေးမဟာဗျူဟာတစ်ရပ် ထားရှိသင့်သည်။

ပါတီ၏အဖွဲ့ဝင်လက်ခံမှုဖွဲ့စည်းခြင်းပုံစံကို ကြည့်လိုက်ခြင်းဖြင့် စတင်ပါ။ မည်သည့်အားနည်းချက်များရှိနေ သည်၊ တစ်နည်းအားဖြင့် ဤအချက်သည် အငြိမ်းစားများက ပါတီကိုလွှမ်းမိုးထားခြင်းကြောင့်ဖြစ်နိုင်သလား။ ဥပမာ ကလေးရှိနေသာ မိသားစုများကဲ့သို့ အခြားအစုအဖွဲ့များဆီ မိမိတို့ မည်သို့ ရောက်ရှိနိုင်သနည်း။ အ တတ်ပညာရှင်များဆီ မည်သို့ ရောက်ရှိနိုင်သနည်း။ အစရှိသည်တို့ပါဝင်သောမဟာဗျူဟာဖြစ်သည်။

အဖွဲ့ဝင်သစ်စုဆောင်းရေးမဟာဗျူဟာ၏ အခြားအရေးပါသောအစိတ်အပိုင်းမှာ ပါတီ၏လှုံ့ဆော်အသိပေးစ ကားပင်ဖြစ်သည်။ ပါတီသည် မေးခွန်းတစ်ရပ်ကို အဖြေပေးပြီး ပါတီဝင်ဖြစ်လာနိုင်သူများကို လှုံ့ဆော်အသိပေးစကားတိုတိုတုတ်တုတ်ပေးရေးအတွက် စဉ်းစားဆုံးဖြတ်ရန်လိုသည်။ တစ်နည်းအားဖြင့် ပါတီသို့ အဘယ်ကြောင့် ဝင်သင့်သနည်းဟူသောမေးခွန်းကို အဖြေပေးခြင်းဖြစ်သည်။

အဖွဲ့ဝင်သစ်စုဆောင်းရေးနည်းလမ်းများ

အဖွဲ့ဝင်အများအပြားသည် အဖွဲ့ဝင်သစ်စုဆောင်းရေးအလုပ်တွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်သည်။ နည်း လမ်းတစ်ရပ်မှာ တာဝန်ယူလုပ်ဆောင်မည့်အသင်းကို ဖွဲ့စည်းရန်ဖြစ်ပြီး ယင်းအဖွဲ့တွင် အနည်းဆုံးလူငါး ယောက်ထက်မကပါဝင်ရမည်၊ အဆိုပါအဖွဲ့သည် အဖွဲ့ဝင်သစ်စုဆောင်းရေးအအစီအစဉ်ကို ပြင်ဆင်ပြီး အ ကောင်အထည်ဖော်ပေးရမည်။ ဤအစီအစဉ်သည် လက်ရှိအဖွဲ့ဝင်များကိုလည်း အဖွဲ့ဝင်သစ်ရှာခိုင်းရန် အား ပေးသင့်သည်။ အဖွဲ့ဝင်သစ်စုဆောင်းရေးသမားများသည် ပါတီ၏ “စျေးကွက်ရှာဖွေရေးသမားများ”ကဲ့သို့ဖြစ် စေရန် လေ့ကျင့်သင်ကြားပေးခံရရန်လိုအပ်သည်။ ၎င်းတို့သည် လူအများ မေးလာဖွယ်ရှိသည့်မေးခွန်းများကို အဖြေပေးတတ်ရန်လည်း သင်ပေးခံရရန်လိုသည်။ အဖွဲ့ဝင်သစ်စုဆောင်းရေးသမားများကို လက်ကမ်းစာ စောင်များနှင့် လမ်းစဉ်များကဲ့သို့ အရင်းအမြစ်များ ကောင်းစွာရှိနေရရန်လည်း ဖြည့်ဆည်းပေးထားသင့် သည်။ အဖွဲ့ဝင်စုဆောင်းခြင်းသည် ပါတီတွင်း စဉ်ဆက်မပြတ်လုပ်နေရမည့်ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။ သို့ရာတွင် “အတင်းအကျပ်လှုံ့ဆော်ခြင်း” သို့မဟုတ် “ရုတ်တရက်အလစ်ဝင်စည်းရုံးခြင်း”ကဲ့သို့ စုဆောင်းရေး မျိုးကိုလည်း အာရုံစိုက်ရသည့် သီးခြားအချိန်ကာလများလည်း ရှိုနိုင်ပါသည်။ အိမ်တိုင်ရာရောက်စည်းရုံးခြင်း၊ ရွေးကောက်ပွဲမဲဆွယ်ခြင်းများနှင့် လူထုအခမ်းအနားများသည်လည်း အဖွဲ့ဝင်ရရှိရေးအတွက် အသုံးပြုသင့် သောအခွင့်အလမ်းများဖြစ်သည်။ အခြားနည်းလမ်းများမှာ အများပြည်သူပိုင်နယ်ပယ်များ၊ အခမ်းအနားများ တွင် သတင်းအချက်အလက်ပြဇယားများ စိုက်ထူကာ ခင်းကျင်းထားခြင်းမျိုးပါဝင်သည်။ ခေါင်းဆောင်များ ဟိုသည်လှည့်လည်လမ်းလျှောက်ခြင်း၊ ပြည်သူများနှင့် ဆက်သွယ်ပြောဆိုခြင်းပုံရိပ်များကိုလည်း အဆိုပါဇ ယားတွင် တင်ပြထားနိုင်သည်။ ပါတီသည် လက်ကမ်းစာစောင်ကဲ့သို့ ဝေငှစရာတစ်စုံတစ်ရာရှိလျှင် တိုက်ရိုက် ဆက်သွယ်ခြင်းက ပိုလွယ်ကူပြီး သဘာ၀ပိုကျလာမည်ဖြစ်သည်။ အစဉ်အဆက်အသုံးပြုကျသောအခြားနည်း လမ်းများမှာ ပေးစာများ သို့မဟုတ် အီးမေးလ်များ ပို့ခြင်းပင်ဖြစ်သည်။ အဖွဲ့ဝင်သစ်စုဆောင်းရေးအတွက်မည် သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ နောက်ဆက်တွဲတုံ့ပြန်မှုကို စစ်ဆေးနိုင်ရေး လွယ်ကူစေရန်ကောင်းစွာစီ စဉ်ပြီး ဖွဲ့စည်းထားရန် လိုအပ်သည်ကို မမေ့ပါနှင့်။

အဖွဲ့ဝင်များကို တက်ကြွနေစေရန် ထိန်းထားခြင်း

ပါတီဌာနခွဲအများအပြားသည် အဖွဲ့ဝင်သစ်ကို မြန်မြန်ဆန်ဆန် စုဆောင်းလိုက်သည်နှင့် အဖွဲ့ဝင်များကိုဆုံးရှုံး သွားကြသည်။ ဤဖြစ်ရပ်သည် ပါတီအများစုရင်ဆိုင်နေကြပြဿနာဖြစ်သည်။ ပါတီဌာနခွဲများအနေဖြင့်  ၎င်း တို့ မည်သို့လုပ်ဆောင်သည်၊ မည်သည့်ဆောင်ရွက်ချက်မျိုးကို အဖွဲ့ဝင်သစ်များအား ပေးထားသည်ဆိုသောအ ချက်ကို ဂရုတစိုက်ကြည့်သင့်သည်။ လူတစ်ဦးတည်းကပင် အမြဲပြောနေသည့် ပျင်းရိစရာအစည်းအဝေးရှည် ကြီးများရှိနေသလား။ မည်သည့်ကိစ္စတိုင်းကိုမဆို လူအနည်းငယ်ကသာ လုပ်နေသလား၊ ကိစ္စအများစုကို လူ အနည်းငယ်ကသာ ဆုံးဖြတ်နေသလား။ အဖွဲ့ဝင်များကို တန်ဖိုးထား၊ သို့မဟုတ် ကြည့်ရှုစောင့်မခြင်းမျိုး မရှိ ဖြစ်နေသလား။ အဖွဲ့ဝင်သစ်များအတွက် ဝင်ပူးပေါင်းရန် လှုပ်ရှားဆောင်ရွက်ချက်နှင့် စီမံကိန်းအနည်းငယ် လောက်ပဲရှိသလား။ အဆိုပါမေးခွန်းများအတွက် အဖြေက ဟုတ်ပါသည်ဟုဆိုလျှင် ပါတီဌာနခွဲ၏လှုပ်ရှား ဆောင်ရွက်ချက်များကို အသစ်ပြင်ဆင်ရန်အချိန်ကျပြီဟု ဆိုနိုင်သည်။ သို့မဟုတ်ပါက အဖွဲ့ဝင်များကိုရရှိရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ လူအများတွင် ယင်းတို့၏အချိန်နှင့် စွမ်းအင်ကို မည်သို့သုံးစွဲမည်ဟူသောအ ချက်နှင့်စပ်လျဉ်း၍ ရွေးချယ်စရာများစွာရှိသည်။ ပါတီသည် အပြိုင်အဆိုင်ရှိပြီး ဆွဲဆောင်မှုရှိရမည်ဖြစ်သည်။

ပါတီတွင်း အဖွဲ့ဝင်ဖြစ်ခြင်းသည် မဲပေးရုံသက်သက်ထက် ကျော်လွန်သော တန်ဖိုးကို ပေးအပ်နိုင်ရမည်။ အဖွဲ့ ဝင်များသည် ပါတီ၏တန်ဖိုးထားခံရသည်ဟု ခံစားမိသောအခါ စိတ်ဓာတ်တက်ကြွကြသည်၊ ထို့အခါ ၎င်းတို့၏ ပံ့ပိုးထည့်ဝင်မှုသည် အရေးကြီးကြောင်း ထင်မြင်ခံစားမိကြသည်။ အဖွဲ့ဝင်များသည် ၎င်းတို့အတွက်အကျိုးရှိ စေသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သင်ယူချင်ကြ၊ အလုပ်လုပ်ချင်ကြသည်။ အသင်းတစ်သင်း၏အစိတ်အ ပိုင်းအဖြစ် ပါဝင်ချင်ကြသည်၊ ပါတီတွင်း အခြားသူများနှင့် တစ်သားတည်းဖြစ်ချင်ကြသည်၊ အခြားသူများ နှင့် လူမှုရေးလှုပ်ရှားဆောင်ရွက်ချက်များတွင် ပါဝင်ချင်ကြသည်။

ကိုးကား။ How To Run and Represent A Party: A Capacity-Building Handbook For Social Democr ats