အသစ်များ > လူထုမီဒီယာ

လူထုမီဒီယာ

2023-01-20

လူထုမီဒီယာ (သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်) သည် နိုင်ငံရေးတွင် အလွန်အရေးပါ သောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည်။ နိုင်ငံသားများသည် အစိုးရ၊ နိုင်ငံရေးတို့နှင့်ပတ်သက်သောသ တင်းအချက်အလက်အများစုကို လူထုမီဒီယာမှ ရရှိသည်။ မီဒီယာအစည်းအရုံးများမှပေးသော သတင်းအချက် အလက်သည် မူဝါဒတစ်ရပ် သို့မဟုတ် ပါတီတစ်ဖွဲ့ကို ပံ့ပိုးပေးနိုင် သို့မဟုတ် အတိုက်အခံပြုနိုင်သည်။ ဤအ ချက်သည် မီဒီယာကို ပြည်သူ့သဘောထားအမြင်အပေါ် လွှမ်းမိုးရန်အာဏာများစွာ ပေးအပ်လိုက်သည်။

မီဒီယာသည် အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှုနှင့် စွမ်းဆောင်ရည်ညံ့ဖျင်းမှုတို့ကို ဖော်ထုတ်ပေးနိုင်သည်။ ဤနည်းအားဖြင့် မီဒီယာသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို မြှင့်တင်ပေးသည်။

ဤအကြောင်းများကြောင့် မီဒီယာကို တစ်ခါတစ်ရံ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးပြီးနောက် အစိုးရ၏ “စတုတ္ထမဏ္ဍိုင်”အဖြစ်​ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် မီဒီယာနှင့် အခြားမဏ္ဍိုင်သုံးရပ် ကြား ကွဲပြားမှုမှာ လွတ်လပ်သောမီဒီယာအပေါ် အပြန်အလှန် ထိန်းကျောင်းစစ်ဆေးမှုပိုင်းတွင် အများကြီးပို မိုအားနည်းနေခြင်းပင်ဖြစ်သည်။

နိုင်ငံရေးဖြစ်စဉ်များအတွင်း မီဒီယာ၏အခန်းကဏ္ဍ

မီဒီယာသည် သတင်းအချက်အလက်နှင့် အချေအတင်ဆွေးနွေးမှုကို ထွန်းကားစေနိုင်သည့်အခန်းကဏ္ဍရှိခြင်း ကြောင့် ဒီမိုကရေစီ၏အဓိကကျောရိုးဖြစ်သည်။ အထူးအားဖြင့် မီဒီယာသည် အောက်ပါအခန်းကဏ္ဍများကို ဆောင်ရွက်သည်။

  • သတင်းအချက်အလက်ပလက်ဖောင်း။ မီဒီယာသည် အချေအတင်ဆွေးနွေးမှုကိုပုံဖော်ပေးမည့်သ တင်းအချက်အလက်ကို ပံ့ပိုးပြီး မဲဆန္ဒရှင်များကို ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးသည်။ အသိပညာ နှင့် ရှုထောင့်အမြင်သစ်တို့၏တည်နေရာတစ်ရပ်အဖြစ် မီဒီယာသည်လူ့အဖွဲ့အစည်းကို အတွေးအမြင် များ၊ တန်ဖိုးများနှင့် ခံယူချက်အမြင်များကို ဆန်းစစ်၊အကဲဖြတ်ရန် နေရာလပ်တစ်ခု ပေးထားသည်။
  • စစ်ထုတ်ခြင်း/အစီအစဉ်သတ်မှတ်ခြင်း။ မီဒီယာသည် အခမ်းအနားဖြစ်ရပ်များကို စောင့်ကြည့်ပြီး စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်ကို ရှာဖွေသည်၊ တတ်နိုင်သမျှ လူအများနှင့် ဆက်စပ်မည့် ဇာတ်လမ်းများကို အာရုံစိုက်ကြည့်သည်။ မီဒီယာသည် အပြိုင်အဆိုင်ဖြစ်နေပြီး တစ်ခါတစ်ရံပဋိပက္ခ ဖြစ်နေသည့် စျေးကွက်တွင်းမှရရှိသည့် အချက်အလက်များကို စစ်ထုတ်ကြည့်သည်။ မီဒီယာပညာရှင် ဘားနက်ကိုဟန်က မီဒီယာသည် “ တွေးရမည့်အရာကို လူအများအား အချိန်များများယူပြောပြရာ တွင် အောင်မြင်မှုရချင်မှရနိုင်သော်လည်း မည်သည့်အကြောင်းတွေးရမည်ဟု စာဖတ်သူများကို ပြော ပြရာတွင်မူ ရပ်သပ်ရှုမောဖွယ်ရာ အောင်မြင်မှုရှိသည်”ဟု ဆိုသည်။ မီဒီယာသည် လူအများကို မည် သည့်အရာဆွေးနွေးရမည်ဟု ဆုံးဖြတ်နိုင်စေရန် ကူညီပေးသည်။
  • အသံထုတ်ဖော်မှု။ မီဒီယာသည် အမြင်အမျိုးမျိုး၊ ရပ်တည်ချက်အမျိုးမျိုးကို တင်ပြနိုင်စေရန်အတွက် ပလက်ဖောင်းတစ်ခုကို ပေးခြင်းအားဖြင့် အချေအတင်ဆွေးနွေးမှုများနှင့် ညှိနှိုင်းအဖြေရှာမှုအတွက် ဟစ်တိုင်တစ်တစ်ခုကို ပေးပါသည်။ မီဒီယာသည် အစဉ်အဆက်နားစွင့်မခံရသည့်သူများကို ထုတ် ဖော်ပြောရန် အခွင့်အလမ်းကို ပေးနိုင်သည်၊ အပြိုင်အဆိုင်ရှုထောင့်များနှင့် သိမြင်နားလည်ထား မှုများကို ဖော်ပြလာရန်ကမ်းလှမ်းပြီး အသံများကိုမြှင့်တင်ပေးသည်။
  • လေ့လာစိစစ်ခြင်း။ မီဒီယာသည် ဖြစ်ရပ်များ၊ ပါဝင်ပတ်သက်သူများနှင့် ဖြစ်စဉ်များကို လေ့လာစိစစ် ပြီး လူ့အဖွဲ့အစည်းအတွင်း မပြတ်တမ်းအဖြေရှာရန်လိုအပ်နေသော ပြဿနာရပ်များကို ဖော်ထုတ်ပြ ပါသည်။ မီဒီယာသည် လူအများကို အဖြစ်အပျက်များ၊ အတွေးအမြင်များနှင့် ဖြစ်စဉ်များကြားချိတ် ဆက်နားလည်စေပြီး ကောက်ချက်ချကာ အဓိပ္ပာယ်ရှာဖွေဖော်ထုတ်နိုင်စေရန် ကူညီပေးသည်။
  • စောင့်ကြည့်ခြင်း။ မီဒီယာသည် အာဏာလက်ဝယ်ရရှိပိုင်ဆိုင်ထားသူများကို ယင်းတို့၏တာဝန်ယူ လုပ်ဆောင်မှုများ သို့မဟုတ် တာဝန်မယူပျက်ကွက်မှုများအတွက် တာဝန်ခံနိုင်စေရန်ကူညီသည်။ မီ ဒီယာသည် အာဏာရှိသူများ၏ အလွဲအချော်များ၊ အမှားအယွင်းများကို ဖော်ထုတ်သည်၊ အာဏာရှိ သူများကို အာဏာကျင့်သုံးပုံအတွက် တာဝန်ခံစေရန် ကူညီသည်။
  • အတည်ပြုပေးခြင်း။ အများပြည်သူ့ရှေ့ပေါ်ပေါက်သောဖြစ်ရပ်များကို မီဒီယာမှတစ်ဆင့် ထပ်ဆင့် လွှင့်ပေးသည်။ ထို့ကြောင့် အဆိုပါဖြစ်ရပ်များ အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း မီဒီယာကအတည်ပြု ပေးလိုက်သည်။ သာဓကများစွာကိုကြည့်လျှင် မီဒီယာမှတ်တမ်းကို ပထမဆုံး သမိုင်းမူကြမ်းအဖြစ် ယူဆကြသည်။
  • စည်းရုံးသိမ်းသွင်းခြင်း။ မီဒီယာသည် နိုင်ငံသားများအတွက် သင်ယူရန်၊ ရွေးချယ်ရန်နှင့် နိုင်ငံရေးဖြစ် စဉ်တွင် ပါဝင်ဆောင်ရွက်လာရန် မက်လုံးများကို ပေးသည်။ မီဒီယာသည် လူ့အတွေ့အကြုံများ၊ အ တွေးအခေါ်များ၊ ယုံကြည်ချက်များနှင့် ခံယူချက်တို့ကို ဘုံသဘောတူညီရာနယ်ပယ်များအား ရှာတွေ့ နိုင်စေရန်ဟူ၍ရည်ရွယ်ကာ စည်းရုံးပေါင်းစုပေးသည်။ မီဒီယာသည် လူအများကို ၎င်းတို့အတွက်မည်  သည့်အရေးကိစ္စများက အရေးပါသည်၊ ထိုအရေးကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့မြင်တွေ့လိုသော ဆောင်ရွက်ချက်က မည်သည့်အရာဖြစ်သည်ဟူသောအချက်တို့ကို စဉ်းစားဆုံးဖြတ်နိုင်စေရန်ကူညီ ပေးသည်။
  • သီးခြားလွတ်လပ်မှု။ မီဒီယာသည် ပြင်ပအင်အားစုများက ၎င်း၏သီးခြားလွတ်လပ်မှုကို မှေးမှိန်သွား အောင်လုပ်လာနိုင်ခြင်းမရှိစေရန် ၎င်းဘာသာခုခံကာကွယ်သည်။ အကောင်းဆုံးမှာ မီဒီယာသည် မည်သည့်နိုင်ငံရေး သို့မဟုတ် အကျိုးစီးပွားတူအုပ်စုတစ်စုစု၏ လက်ကိုင်တုတ်မဖြစ်သင့်ခြင်းပင်။

ကိုးကား။ Leadership and Campaign Academy: Candidates Manual