အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အရေးပါမှု

ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အရေးပါမှု

2022-10-01

ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ဒီမိုကရေစီနည်းကျတရားဝင်မှုကို မြင့်မားစေနိုင်သည်

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် စစ်ဆေးချိန်ညှိခြင်း၊ တာဝန်ခံခြင်းနှင့် တရားဥပဒေစိုးမိုးရေးတို့လို အခြေခံမူများအား အခြေခံဥပဒေများစနစ်တစ်ရပ်ထဲ ထည့်သွင်းတည်ဆောက်ခြင်းဖြင့် တရားဝင်မှုကို တည်ထောင် ပေးနိုင်သည်။ အစိုးရအာဏာအပေါ် တင်းကျပ်သောစည်းမျဉ်းများနှင့် ကန့်သတ်ချက်များထားရှိသည်ကို ပြည်သူကသိလျှင် ဤအချက်သည် အစိုးရအပေါ် လူထု၏ယုံကြည်မှုကို မြင့်မားစေနိုင်သလို၊ ပြည်သူတွင် အစိုးရကို နာခံလိုက်နာလိုစိတ် ပိုရှိလာစေနိုင်သည်။

မည်သူ့တွင် အာဏာရှိနိုင်သည်၊ အာဏာကို မည်သို့အသုံးချနိုင်သည်ဟူ၍ ခိုင်မာသောဥပဒေများချမှတ်ထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် အဂတိလိုက်စားမှုကို ကန့်သတ်ပေးသည်။ ထို့အပြင် ဌာနအဖွဲ့အ စည်းတစ်ရပ်ကို နိုင်ငံရေးအာဏာ အလွန်အမင်းရရှိမနေစေရန်လည်း တားဆီးပေးနိုင်သည်။ အဆိုပါရည်မှန်း ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် ဒီမိုကရေစီနည်းကျဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အများအားဖြင့် အောက်ပါသွင်ပြင်လက္ခဏာရပ်များ ရှိကြသည်။

  • ဥပဒေပြု​ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအစိုးရမဏ္ဍိုင်များကြား အာဏာများကို ခွဲဝေထားခြင်း

  • (ရွေးကောက်ပွဲကဲ့သို့သောနိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးသည့်ဌာနအဖွဲ့စအည်းများ
  • အစိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မြှင့်တင်ပေးသည့် စည်းမျဉ်းများ၊ ဥပဒေများနှင့် ဌာနအဖွဲ့အစည်းများ
  • တာဝန်ခံမှုကို မြှင့်တင်ပေးပြီး နိုင်ငံသားများထံ အစိုးရများကို တရားဝင်မှုမရှိတော့လျှင် အာဏာ ဖြုတ်ချရန် အခွင့်အလမ်းပေးအပ်ထားသည့် စည်းမျဉ်းများ၊ ဥပဒေများနှင့် ဌာနအဖွဲ့အစည်းများ

ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ တရားဝင်မှုနှင့်နိုင်ငံရေးပါတီများ

ဖွဲ့စည်းပုံအခြေခံဥပဒေများသည် နိုင်ငံရေးပါဝင်ဆောင်ရွက်ကြသူအားလုံးကို ဘုံတူညီသောအခြေခံဌာနအဖွဲ့ အစည်းများ ဖန်တီးထူထောင်ခွင့်ပြုပေးမည့် အားလုံးပါဝင်နိုင်ပြီး ကိုယ်စားပြုမှုလည်းရှိကာ ပါဝင်ဆောင်ရွက် မှုရှိသည့် လုပ်ငန်းစဉ်များမှ ပေါ်ထွက်လာမည်ဆိုလျှင် ပိုမိုကျယ်ပြန့်သောတရားဝင်မှုကို ရရှိခံစားနိုင်မည်ဖြစ် သည်။ ဥပဒေပြုလွှတ်တော်နှင့် ပြည်သူကြား ကြားဝင်ဆောင်ရွက်ပေးသူများဖြစ်ကြသည့် နိုင်ငံရေးပါတီများ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေများအား နိုင်ငံတစ်နိုင်ငံ၏နိုင်ငံသားများ၏ တန်ဖိုးများနှင့် သီးခြားစရိုက်လက္ခ ဏာကို ထင်ဟပ်မှုအမှန်ရှိစေရန် လုပ်ဆောင်ပေးရေး အရေးပါသောအခန်းကဏ္ဍရှိနေကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များ၏တရားဝင်မှုနှင့် ယင်းလုပ်ငန်းစဉ်များ ရေရှည်တည်တံမှု ခိုင် မာစေရေးအတွက် လာမည့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တိုင်းအတွက် တိကျသောနည်းလမ်းပုံစံများကို ကျင့်သုံးနိုင်ရန် လိုအပ်ချက်နှင့်စပ်လျဉ်း၍ အဓိကနိုင်ငံရေးပါများကြား သဘောထားကိုက်ညီမှုတစ်ရပ် အဆင် ပြေချောမောစွာ ရှိထားရန် အထူးအရေးကြီးလှသည်။ ဥပမာဆိုရသော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စတင်မဆောင်ရွက်ခင် နိုင်ငံများရှိ နိုင်ငံရေးပါတီများသည် အသစ်(သို့ ပြင်ဆင်လိုက်သည့်)ဖြစ်သောဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ထင်ဟပ်ထည့်သွင်းထားမည်ဟု မျှော်လင့်ရသည့် ‘ဒီမိုကရေစီနည်းကျအခြေခံမူများ’နှင့် စပ်လျဉ်း၍ သဘောထားတူညီမှု ရယူထားကြသည်။

ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကို နိုင်ငံရေးအရကွဲလွဲနေသောနှစ်ဖက်တွင် တည်ဆောက်ထားမည်ဆိုပါ က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ယင်းလုပ်ငန်းစဉ်၏အဆုံးသတ်ရလဒ်အတိုင်း ကျင့်သုံးရေးအပေါ်ထား ရှိသည့် ပါဝင်ဆောင်ရွက်နေသောနိုင်ငံရေးပါတီများ၏ယုံကြည်ချက်ကို တိုးမြှင့်စေနိုင်ပါသည်။ ထို့အပြင် နိုင်ငံ တကာအသိုင်းအဝိုင်းမှ ပေးလာမည့် မည်သည့်ထောက်ခံမှုတိုင်းအတွက်ကိုမဆို တရားဝင်သောအခြေခံတစ် ရပ်ကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။

ခွဲတမ်းနေရာများ

အားလုံးပါဝင်ရေးကို ရှေးရှုပြီး ဒီမိုကရေစီနည်းကျဖွဲ့စည်းတည်ဆောက်ပုံများရှိသည့် နိုင်ငံရေးပါတီများသည် ယင်းတို့၏ပါတီဝင်များနှင့် ထောက်ခံသူများအတွင်းရှိ လူနည်းစုများနှင့် ဘေးဖယ်ထုတ်ခံအစုအဖွဲ့များ၏အ ကျိုးစီးပွားများကို ကိုယ်စားပြုပေးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်၏တရားဝင်မှုကို ခိုင်မာအား ကောင်းစေနိုင်သည်အထိ သက်ရောက်မှုရှိသည်။ ဤအခန်းကဏ္ဍသည် ပါတီများအား ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ကြုံရမည့် ကွဲပြားခြားနားမှုကို လွှဲဖယ်မထုတ်စေဘဲ မြှင့်တင်ပေးလာစေရန် စည်းမျဉ်းတကျ ထိန်းချုပ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကြောင့်ပင် အားကောင်းခိုင်မာလာတတ်သည်။ ဥပမာပြရ သော် ရဝမ်ဒါဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပဒေပြုအောက်လွှတ်တော်ရှိ အမတ်နေရာ ၈၀အနက် ၂၄နေရာ နှင့် အထက်လွှတ်တော်အမတ်နေရာ၏ ၃၀ရာခိုင်နှုန်းတို့ကို အမျိုးသမီးများအတွက် ခွဲတမ်းအဖြစ်သီးသန့်ချန် ထားပေးသည်။ ဤသို့ခွဲတမ်းနေရာသတ်မှတ်ပေးချက်ကို လက်တွေ့အကောင်အထည်ဖော်ပြီးမကြာမီတွင် အ မျိုးသမီးများသည် ရဝမ်ဒါလွှတ်တော်တွင်း အမတ်နေရာ၏ ၅၆.၃ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ကမ္ဘာတွင် လွှတ် တော်တွင်းအမျိုးသမီးကိုယ်စားပြုမှုအဆင့် အမြင့်မားဆုံးဖြစ်သွားခဲ့သည်။

အာဂျင်တီးနားဖွဲ့စည်းပုံအခြေခံဥပဒေတွင်းအနှိမ်ခံရသူများကို ပြန်လည်ကုစားပေးရေးဆောင်ရွက်ချက်

အာဂျင်တီးနားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၉၄)ပါ ပုဒ်မ ၃၇အရ

(ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် အများပြည်သူအချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ယင်းမှဆင်းသက်လာသော ဥပဒေရပ်များနှင့်အညီ နိုင်ငံရေးအခွင့်အရေးများကို အပြည့်အ၀ကျင့်သုံးခြင်းအား အာမခံပေးထား သည်။ အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိပြီး တန်းတူညီမျှ၊ လျှို့ဝှက်စွာ၊ မဖြစ်မနေမဲပေးနိုင်ရမည်။

(အမျိုးသားနှင့် အမျိုးသမီးများအတွက် ရွေးကောက်ခံအမတ်နေရာများနှင့် နိုင်ငံရေးပါတီရာထူးကို တန်း တူ ယှဉ်ပြိုင်နိုင်သည့်အခွင့်အလမ်းများအား နိုင်ငံရေးပါတီများဆိုင်ရာစည်းမျဉ်းဥပဒေနှင့် ရွေးကောက်ပွဲစနစ် ထဲရှိ အပြုသဘောဆောင်ရွက်ချက်နည်းလမ်းများဖြင့် အာမခံပေးရမည်။

ဇယား ၁။ ကျား/မခွဲတမ်းနေရာသတ်မှတ်ချက်အပေါ် ထောက်ခံသူများနှင့် ဆန့်ကျင်သူများ၏တင်ပြချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တည်ငြိမ်မှုကို မြင့်မားစေနိုင်သည်

ဖွဲ့စည်းပုံအခြေခံဥပဒေများသည် နိုင်ငံများကို တည်ငြိမ်မှုပိုရှိစေနိုင်သည်။အကြောင်းမူ ယင်းဥပဒေများတွင် ပဋိပက္ခကို ရှောင်ရှားရေးနှင့် ဖြေရှင်းရေးအတွက် စနစ်များ ပါဝင်နေတတ်ခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်စိတ်ချရပြီးအစမ်းသပ်ခံနိုင်သောစနစ်များသည် အကျပ်အတည်းများ သို့ ပဋိပက္ခများ ပေါ်ပေါက် လာချိန်တွင် ဖြေရှင်းပေးရန်အသင့်ရှိနေလိမ့်မည်ဖြစ်သည်။ ယင်းပဋိပက္ခများသည် မတူသောဌာနအဖွဲ့အစည်း များကြားဖြစ်စေ(ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ရပ်ဖြင့် ဖြေရှင်းပေး)၊ မတူသောလူမှုရေးအစုအဖွဲ့များကြား ဖြစ်စေ(အခြေခံရပိုင်ခွင့်များဖော်ပြချက်ဖြင့်ဖြေရှင်းပေးဖြစ်ပေါ်နိုင်သည်။ အဆိုပါကိစ္စရပ်နှစ်ခုစလုံးတွင် အ များပြည်သူ အားကိုးအားထားပြုနိုင်သည့် အခြေခံဥပဒေများရှိထားခြင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကို မြှင့်တင်ရန် အရေးပါသောကိရိယာတစ်ခုပင်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် မူဝါဒများနှင့် ဌာနအဖွဲ့အစည်းများအတွက် လုပ်ငန်း မူဘောင်ကို ချမှတ်ပေးရန်အရေးကြီးသည်။ တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ် ရပ်၏ အရေးပါဆုံးလုပ်ငန်းဆောင်တာများအနက်တချို့တွင် အောက်ပါတို့ ပါဝင်သည်။

၁။ စျေးကွက်လည်ပတ်အလုပ်ဖြစ်နိုင်ရန်နှင့် စီးပွားရေးနယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်စေနိုင်ရန်အ တွက် ဥပဒေရေးရာနှင့် ဌာနအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းမူဘောင်ကို ချမှတ်ပေးခြင်း။ ဤသို့ချမှတ်ပေးရာတွင် အရင်းအမြစ်များစီမံခန့်ခွဲရေး၊ တည်ငြိမ်သောငွေကြေးစနစ်၊ ဘဏ်လုပ်ငန်းနှင့် အာမခံဝန်ဆောင်မှုလုပ်ငန်း များပေါ်ထွန်းရန်အတွက် ပြဋ္ဌာန်းပေးချက်များ၊ နိုင်ငံ၏အခြေခံအဆောက်အဦနှင့် တိုင်းပြည်၏ အခြားသောစီး ပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာစီးပွားရေးရာဌာနအဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့ ပါဝင်နိုင်သည်။

၂။ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး၊ နေထိုင်သူပြည်သူများ၏လုံခြုံရေးကို အာမခံပေးခြင်းနှင့် တိုင်းပြည်ကို ပြည်ပရန်စွယ်များမှ ကာကွယ်စောင့်ရှောက်ခြင်း။ ဤသို့ကာကွယ်စောင့်ရှောက်ရာတွင် ရဲနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၊ ဥပဒေစနစ်တို့ ဖွဲ့စည်းတည်ဆောက်ပုံကို ထူထောင်ချမှတ်ပေးရနှင့် သဘာ၀သယံ ဇာတအရင်းအမြစ်များကို ကာကွယ်ပေးရေးတို့ ပါဝင်နိုင်သည်။

၃။ လူ့အဖွဲ့အစည်းတွင် တွေ့ရသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးရန် ယန္တရားများနှင့် လုပ်ထုံးလုပ်နည်း များကို အစီအစဉ်တကျပြင်ဆင်ထားခြင်း။ ဤသို့ပြင်ဆင်ထားရာတွင် လုပ်ငန်းရှင်များနှင့် စားသုံးသူများကြား၊ ကုန်သွယ်ရေးမိတ်ဖက်များအချင်းချင်းကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများကြား၊ နိုင်ငံသားများနှင့် အစိုးရ အာဏာပိုင်များကြား၊ မြေရှင်နှင့် မြေငှားသမားများကြား အငြင်းပွားမှုများကို ဖြေရှင်းပေးရန်အတွက် ယန္တရား များကို ဖန်တီးပေးရေးပါဝင်နိုင်သည်။

၄။ အမျိုးသားစည်းလုံးမှုနှင့် လူမှုရေးပေါင်းစည်းညီညွတ်ခြင်းကို ခိုင်မာစေခြင်း၊ ပြည်သူ့တာဝန်နှင့် အများ ပြည်သူကောင်းကျိုးအတွက်ဟူသော စိတ်ဓာတ်နှင့် ယုံကြည်ချက်ကိုရှင်သန်ထက်မြက်စေခြင်း။ ဤသို့ရှင်သန် ထက်မြက်စေရာတွင် တိုင်းပြည်အနှံ့ အရင်းအမြစ်များကို မျှမျှတတခွဲဝေပေးခြင်း၊ လူမှုရေးအတန်းအစားအလွှာအနှံ့ အရင်းအမြစ်များကို မျှမျှတတခွဲဝေပေးခြင်း၊ အမျိုးသားစည်းလုံးရေးသင်္ကေတများကို ဖန်တီးပေး ခြင်း သို့ လူမှုအသိုင်းအဝိုင်းအားလုံး မျှမျှတတ ဆက်ဆံခံရရန်ဆောင်ရွက်ခြင်း၊ လူမှုအသိုင်းအဝိုင်းအားလုံး အစိုးရ၏ဥပဒေများနှင့် မူဝါဒများမှ တန်းတူအကျိုးခံစားခွင့်ရှိစေရန် ဆောင်ရွက်ပေးခြင်းတို့ ပါဝင်နိုင်သည်။

တည်ငြိမ်မှု၊ တိုင်းရင်းသားလူမျိုးစုပဋိပက္ခနှင့် နိုင်ငံရေးပါတီများ

ဖွဲ့စည်းပုံအခြေခံဥပဒေအများအပြားတွင် တိုင်းပြည်တွင်း အင်အားကြီးသောအစုအဖွဲ့များကို မတည်မငြိမ်ဖြစ် စေနိုင်လာခြင်းကို စည်းမျဉ်းဥပဒေနှင့်အညီထိန်းကျောင်းပေးရန်ရည်ရွယ်သည့် ဥပဒေများပါဝင်သည်။ တချို့ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် မတူသောတိုင်းရင်းသားလူမျိုးစုဆိုင်ရာအစုအဖွဲ့များ(ဥပမာ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးယား)၏ အုပ်စုလိုက်အခွင့်အရေးများကို ကာကွယ်ပေးခြင်းမှတစ်ဆင့် တိုင်းရင်းသားပဋိပက္ခမဖြစ်ပွားအောင် တားဆီးပေးရန်ရည်ရွယ်သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းထားသည်။ တချို့ဖွဲ့စည်းပုံဥပဒေ များကမူ နိုင်ငံရေးပါတီများ၏စည်းမျဉ်းဥပဒေနှင့်အညီ တိုင်းရင်းသားလူမျိုးစုပဋိပက္ခအန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းပေးကြ၏။ ဥပမာ အဆိုပါဥပဒေများသည် အောက်ပါတို့ကို ဆောင်ရွက်ပေးနိုင်သည်

  • သမ္မတလောင်းနှင့် အခြားသောဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအမတ်နေရာများအတွက် စည်း မျဉ်းဥပဒေနှင့်အညီထိန်းကျောင်းပေးခြင်းအားဖြင့် မတူသောနိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက် လာနိုင်စေခြင်း။ ဤအခြင်းအရာနှင့်စပ်လျဉ်း၍ဥပမာပြရလျှင် သမ္မတရာထူးကို အစုအဖွဲ့တစ်ရပ်ထံ အပြီးတိုင်အပ်နှင်းထားခြင်းနှင့် ဝန်ကြီးချုပ်ရာထူးအား အခြားအစုအဖွဲ့တစ်ဖွဲသို့ ပေးအပ်ခြင်း(လက် ဘနွန်)တို့ ပါဝင်သည်။ အခြားနည်းလမ်းမှာ ၂၀၀၁ခုနှစ် ဗာရန်ဒီနိုင်ငံတွင် သုံးနှစ်တာကာလအသွင် ကူးပြောင်းရေးကာလဆိုင်ရာ အာဏာခွဲဝေရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါ သဘောတူညီချက်အရ ပထမသက်တမ်းအတွင်း တွက်ဆီသမ္မတတစ်ဦးနှင့် ဟူတူဒု-သမ္မတတစ်ဦးတို့ တာဝန်ထမ်းဆောင်ကာ ဒုတိယသက်တမ်းတွင် တာဝန်များကို အပြန်အလှန်လွှဲပြောင်းထမ်းဆောင် ခဲ့ကြသည်။ ဝန်ကြီးအဖွဲ့တွင်မူ ဝန်ကြီးနေရာ ၂၆ နေရာအနက် ၁၄ နေရာအား ဟူတူများက ရရှိခဲ့ကြ သည်။
  • ရွေးကောက်ပွဲစနစ်များကို စည်းမျဉ်ဥပဒေနှင့်အညီထိန်းကျောင်းကျင်းပပြီး လူနည်းစုပါတီများ သို့ လူ နည်းစုကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားပြုမှုကို ခိုင်မာအောင်ဆောင်ရွက်ပေးခြင်း။ ဥပမာပြရ လျှင် လက်ဘနွန်နှင့် နိုင်ဂျီးရီးယားတွင် ရွေးကောက်ပွဲစနစ်များသည် နိုင်ငံရေးပါတီများ၏ ရွေး ကောက်ပွဲအကြိုကာလဗျူဟာများအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းသည်။ လက်ဘနွန်ရွေးကောက်ပွဲစ နစ်တွင် တိုင်းရင်းသားလူမျိုးစုအတွက် သီးသန့်အမတ်နေရာများနှင့် ပေါင်းစပ်စာရင်းများကိုထည့် သွင်းထားပြီး ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးစုအရ ရောနှောပေါင်းစပ်ထားသော ရွေး ကောက်ပွဲဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်းစာရင်းများကို တင်သွင်းရန်လိုအပ်သည်။ နိုင်ဂျီးရီးယား နိုင်ငံတွင် အစုအဖွဲ့များသည် နယ်မြေဒေသစွဲအခြေခံရှိထားပြီး သမ္မတလောင်းတစ်ဦးသည် ရွေး ကောက်တင်မြှောက်ခံရရန်အတွက် နယ်မြေဒေသအမျိုးမျိုးမှ ထောက်ခံမှုကို ရယူရမည်၊ ထို့ကြောင့် ကျဉ်းမြောင်းသော ဒေသစွဲအမြင်ရှိသည့် သို့ နယ်မြေစွဲရှိသည့် စိတ်အခံများကို ပပျောက်သွားစေရန် ကြိုးပမ်းရသည်။
  • အစိုးရဖွဲ့စည်းမှုအတွက် စည်းမျဉ်းများကို ချမှတ်ထိန်းကျောင်းပေးခြင်းဖြင့် မတူသောနိုင်ငံရေးပါတီ အမျိုးမျိုးကြား အာဏာခွဲဝေမှုကို ခိုင်မာစေခြင်း။ ဥပမာပြရလျှင် အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အဓိကအစု အဖွဲ့များ(ဘယ်ဂျီယံတန်းတူအရေအတွက်ဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေအရချ မှတ်ထားသည့် လိုအပ်ချက်တစ်ရပ် ပါဝင်သည်။ တောင်အာဖရိကတွင် ၁၉၉၄ ရွေးကောက်ပွဲများကို ဝန်ကြီးအဖွဲ့အတွင်း ဥပဒေပြုအမတ်နေရာ အနည်းဆုံး ၅ ရာခိုင်နှုန်းကို ပါတီအားလုံးမှ ကိုယ်စားပြု ခံရပိုင်ခွင့်ရှိရမည်ဟူ၍ အာမခံပေးထားသည့်သဘောတူညီချက်တစ်ရပ်အပေါ် အခြေခံကာကျင်းပခဲ့ ကြသည်။ မြောက်အိုင်ယာလန်တွင် လွှတ်တော်ဖွဲ့စည်းရေးကို ရွေးကောက်ပွဲများမှတစ်ဆင့် ဆောင် ရွက်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်တွင်း အမတ်နေရာများကိုမူ လွှတ်တာ်တွင်းပါတီများ၏ အားသာချက်ကို အခြေခံကာ ခွဲဝေပေးထားသည်။
  • ရွေးကောက်တင်မြှောက်ခံရသည့်လူပုဂ္ဂိုလ်တစ်ဦးဘက် ပြေးထောက်ခံပြီး(လေးထောင့်ကွက်ရှိဆန့် ကျင်သူဘက်ခြမ်းစာကိုကြည့်ပါပါတီကို စွန့်လွှတ်ခြင်းဖြင့် “သာရာကူးခြင်း”မျိုးကို ကန့်သတ်ချက် များ ထားခြင်း။
  • နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုကို စည်းမျဉ်းဥပဒေနှင့်အညီထိန်းကျောင်းခြင်းနှင့် ပါတီတွင်း ဒီမိုကရေစီရင့်သန်ရေးနှင့် ပါတီပြင်ပ တာဝန်ခံမှုမြင့်မားရေးကို အလေးထားခြင်း (ဥပမာ ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါတီများ “အတွင်းပိုင်းဖွဲ့စည်းမှု”သည် ဒီမိုကရေစီအခြေခံ မူများနှင့် အညီဖြစ်ရမည်၊ ပါတီများသည် ယင်းတို့ပိုင်ပစ္စည်းများ၊ အရင်းအမြစ်များနှင့် ရန်ပုံငွေသုံးစွဲ မှုများအတွက် လူသိရှင်ကြား တာဝန်ခံရှင်းပြရမည်”ဟူ ဖော်ပြပါရှိသည်။ စပိန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ပါတီများ၏ အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းလည်ပတ်ပုံသည် “ဒီမိုက ရေစီနည်းကျဖြစ်ကိုဖြစ်ရမည်”ဟု ဖော်ပြပါရှိသည်။

သာရာကူးခြင်း’ကို ကန့်ကွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ

နီပေါ၊ ပုဒ်မ ၈၉။ လစ်လပ်လွှတ်တော်အမတ်နေရာများ

(1) အောက်ပါအခြေအနေများတွင် လွှတ်တော်အမတ်နေရာသည် လစ်လပ်နေရာဖြစ်လာမည်ဖြစ်သည်။

(e) လူပုဂ္ဂိုလ်တစ်ဦးသည် ရွေးကောက်တင်မြှောက်ခံရချိန်တွင် ပါတီဝင်ဖြစ်ခဲ့ပြီး ပါတီအား အဆိုပါပုဂ္ဂိုလ်က စွန့်ခွာသွားချိန်တွင် ပါတီဘက်က ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အသိပေးရခြင်း။

နိုင်ဂျီးရီးယား၊ ပုဒ်မ ၆၈။ လွှတ်တော်အမတ်များ၏သက်တမ်း

(g) လူပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံရေးပါတီတစ်ရပ်၏ထောက်ခံမှုဖြင့် လွှတ်တော်တွင်း ရွေးကောက်တင်မြှောက် ခံရပြီး ရွေးကောက်လိုက်သောလွှတ်တော်အတွက် တာဝန်ထမ်းဆောင်ရမည့်သက်တမ်းမကုန်ခင် အခြားနိုင် ငံရေးပါတီအဖွဲ့ဖြစ်လာခြင်း။

စင်္ကာပူ၊ ပုဒ်မ ၄၆

(2) လွှတ်တော်အမတ်နေရာသည် အောက်ပါအတိုင်းဖြစ်လျှင် လစ်လပ်လာရမည်ဖြစ်သည်

(b) လူပုဂ္ဂိုလ်တစ်ဦးသည် ရွေးကောက်ပွဲတွင် ၎င်းရပ်တည်ခဲ့သော နိုင်ငံရေးပါတီဝင်အဖြစ်မှ ရပ်ဆိုင်း၊ သို့ ထုတ်ပယ်ခံ သို့ နုတ်ထွက်သွားခြင်း။