ဒီမိုကရေစီနိုင်ငံရေးတွင် လွတ်လပ်မီဒီယာသည် အလွန်အရေးပါသည်။ လွတ်လပ်မီဒီယာ၏အရေးကြီးဆုံးလုပ် ငန်းဆောင်တာများအနက်တချို့မှာ အောက်ပါတို့ဖြစ်သည်။
၁။ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း။ မီဒီယာ၏အရေးပါသောအခန်းကဏ္ဍမှာ နိုင်ငံရေးအင်စတီကျူးရှင်းများ ကို အနီးကပ်စောင့်ကြည့်ရန်ဖြစ်သည်။ နိုင်ငံရေးအင်စတီကျူးရှင်းများအနေဖြင့် ပေးထားသည့်ကတိအတိုင်း လုပ်ဆောင်နိုင်စေရန်၊ ဥပဒေမချိုးမဖောက်မိစေရန်အတွက် မီဒီယာက အနီးကပ်စောင့်ကြည့်ခြင်းဖြစ်သည်။
၂။ ဥပမာရွေးကောက်ပွဲများကျင်းပနေချိန်အတွင်း ပြည်သူကို အသိပေးခြင်း။ မီဒီယာသည် ပြည်သူများကို နိုင် ငံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုသိမြင်နိုင်စေမည့်အခွင့်အလမ်းကို ပေးသည်။ ဥပမာ ရွေးကောက်ပွဲကျင်း ပနေချိန်အတွင်း ပါဝင်ယှဉ်ပြိုင်နေသော ကိုယ်စားလှယ်များ၊ ပါတီများနှင့်ပတ်သက်သောသတင်းအချက်အ လက်များကို မီဒီယာက အသိပေးသည်။
၃။ အစိုးရနှင့် နိုင်ငံရေးပါတီများကို အသိပေးခြင်း။ မီဒီယာသည် ပြည်သူလူထု၏သဘောထားအမြင်များ၊ လို အပ်ချက်များနှင့် အလေးထားချက်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါဝင်ဆောင်ရွက်သူများထံ အသိပေးနိုင်သည်။ ဤအချက်သည် နိုင်ငံရေးပါဝင်ဆောင်ရွက်သူများအတွက် အဆိုပါလိုအပ်ချက်များနှင့် အလေးထားချက်များ ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် မူဝါဒများ ချမှတ်လာစေရန် အထောက်အကူပြုနိုင်သည်။
အထက်ပါအခန်းကဏ္ဍများကြောင့် မီဒီယာသည် အာဏာများစွာရှိလာခြင်းဖြစ်သည်။ အဆိုပါအာဏာကြောင့် ပင် မီဒီယာအဖွဲ့အစည်းများသည် အစိုးရအာဏာအပေါ် ထိန်းကျောင်းစစ်ဆေးမှုများ ပြုလုပ်ခွင့်ရလာသည်။ သို့ရာတွင် ဤသို့ဆိုခြင်းမှာ နိုင်ငံသားများအနေဖြင့် ၎င်းတို့ရရှိသောသတင်းအချက်အလက်အပေါ် လွန်စွာသ တိဝီရိယရှိရှိ အလေးထားရန်လိုအပ်သည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။
သတင်းလွတ်လပ်ခွင့်
လူ့အဖွဲ့အစည်းအတွင်း ယခုတင်ပြသောအခန်းကဏ္ဍများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် မီဒီယာအနေဖြင့် အစိုးရထိန်းချုပ်မှုအောက်မှ လွတ်ကင်းရန် အရေးကြီးသည်။ သတင်းစာဆရာများသည် ၎င်းတို့ရေးချင်သည့် အရာကို လွတ်လပ်စွာရေးခွင့်မရှိပါက တင်ပြသည့်သတင်းအချက်အလက်သည် အစိုးရနှင့် ပြည်သူ အချင်း ချင်းနားလည်မှုရစေရန် ကူညီပေးနိုင်မည်မဟုတ်ပါ။ အစိုးရသည်သတင်းများကို ဆင်ဆာဖြတ်တောက်လျှင် မီ ဒီယာသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်စွမ်းရှိတော့မည်မဟုတ်ပါ။ လွတ်လပ်သောမီဒီယာဖြစ်ရေးအ တွက် အရေးပါသောလိုအပ်ချက်တချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- မီဒီယာတွင် ဗဟုဝါဒပေါ်ပေါက်ရေး။ မီဒီယာအများစုကို အစိုးရ(သို့ အစိုးရကထိန်းချုပ်သောစီးပွား ရေးသမားများ)က ပိုင်ဆိုင်ထားလျှင် ဤအချက်သည် မတူကွဲပြားသော သို့မဟုတ် အရေးပါသော သ ဘောထားအမြင်များ ဖြစ်ပေါ်နိုင်မှုအလားအလာကို ကန့်သတ်ပစ်လိုက်သလိုဖြစ်မည်။ လူနည်းစု သို့ မဟုတ် အတိုက်အခံအုပ်စုများအနေဖြင့် မီဒီယာတွင် ယင်းတို့၏အမြင်များကို ဖော်ထုတ်ပြနိုင်မည့်အ ခွင့်အလမ်း နည်းပါးသွားမည်။ ဤအချက်သည် အစိုးရနှင့် ပြည်သူကြား ပဋိပက္ခနှင့် အထင်အမြင်လွဲ မှားမှုကို ဖြစ်စေနိုင်သည်။
- အစိုးရသည် မီဒီယာကို မထိန်းချုပ်နိုင်၊ မခြိမ်းခြောက်နိုင်ပါ။ သတင်းသမားများကို လာဘ်ထိုးခြင်း သို့ မဟုတ် ခြိမ်းခြောက်ခြင်းမျိုး အစိုးရက မလုပ်နိုင်စေရန် တားဆီးပေးမည့် တင်းကျပ်သောဥပဒေများ ရှိရမည်။ အဆိုပါဥပဒေများ မရှိ(နှင့် မလိုက်နာလျှင်)လျှင် အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှု သို့မ ဟုတ် အကျိုးမဖြစ်ထွန်းမှုကို ရှာတွေ့ထားသည့်သတင်းသမားများသည် ရေငုံနှုတ်ပိတ်နေရန် လွှမ်းမိုး ခံရနိုင်သည်။
- နိုင်ငံသားများသည် မီဒီယာကို အလေးထားဆန်းစစ်ရန်လိုအပ်သည်။ သတင်းစာ၊ ဝက်ဘ်ဆိုက်၊ အ သံလွှင့်ဌာန သို့မဟုတ် ရုပ်မြင်သံကြားတစ်ခုခုက မည်သည့်အကျိုးစီးပွားများကို မြှင့်တင်ပေးနေ သည်ကို ပြည်သူများသိရန်လိုအပ်သည်။ နိုင်ငံသားများထံ မီဒီယာအမျိုးအစားအသီးသီးကို ခင်းကျင်း ပြထားသင့်သည်။ သို့မှသာ နိုင်ငံသားများသည် ဆုံးဖြတ်ချက်မချခင် နိုင်ငံရေးကိစ္စရပ်များနှင့်စပ် လျဉ်း၍ ပြည့်စုံဟန်ချက်ညီသောရုပ်ပုံကားချပ်တစ်ခုကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။
- ပညာရှင်ပီသသောမီဒီယာ။ သတင်းသမားများသည် အမှီအခိုကင်းလွတ်လပ်သည်၊ ကောင်းစွာသင် ကြားတတ်မြောက်ထားသူများဖြစ်သည်၊ အရေးပါသောကိစ္စရပ်များနှင့် အဖြစ်အပျက်များကို ထုတ် လွှင့်တင်ပြရာတွင် သမာသမတ်ကျသူများဖြစ်သည်၊ ကျင့်ဝတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာ ကျင့် သုံးသူများဖြစ်သည်။
စိစစ်ဖြတ်တောက်ခြင်း
အစိုးရအများအပြားသည် မီဒီယာနှင့် သတင်းအချက်အလက်သိရှိခွင့်ကို ထိန်းချုပ်ခြင်းဖြင့် ပြည်သူ့သဘော ထားအမြင်ကို လွှမ်းမိုးနိုင်ရန်ကြိုးပမ်းကြသည်။ ထိုအစိုးရများသည် အတိုက်အခံအုပ်စုများအတွက် ထောက်ခံ မှုလျော့ကျစေရန် သို့မဟုတ် ၎င်းတို့အပေါ်လူကြိုက်များမှုကို မြှင့်တင်ရန် မီဒီယာနှင့် သတင်းအချက်အလက် သိရှိခွင့်ကို ထိန်းချုပ်ကြသည်။ စိစစ်ဖြတ်တောက်ခြင်း/ ဆင်ဆာဖြတ်တောက်ခြင်းဟူသည် စီးပွားရေးအခြေအနေ၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် အခြားအရေးပါသောကိစ္စရပ်များနှင့်စပ်လျဉ်းသောသတင်းအချက်အ လက်တို့ကို ပြည်သူများ သိရှိခွင့်အား ကန့်သတ်ပစ်လိုက်ပါသည်။ လွန်ကဲစွာထိန်းချုပ်ခံထားရသည့်မီဒီယာ သည် ပြည်သူထံမှ လူမှုရေးအသိစိတ်ဓာတ်နှင့် ကြောင်းကျိုးညီလေ့လာစိစစ်မှုတို့ကို လုယက်ယူငင်လိုက်နိုင် သည်။
အာဏာရှင်အုပ်ချုပ်ရေးများသည် လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ် ကန့်သတ်တားမြစ်ချက်များ ချမှတ်လေ့ ရှိသည်။ အဆိုပါအုပ်ချုပ်ရေးများက တည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက်ကန့်သတ်တားမြစ် ချက်များကို လိုအပ်သည်ဟု ဆိုကြသည်။ ဤအချက်နှင့်ပတ်သက်၍သာဓကဖြစ်ရပ်များတွင် ၂၀၀၉ ခုနှစ်အ လယ်လောက်က အီရန်နှင့် ၂၀၁၀ ခုနှစ်က အီဂျစ်နိုင်ငံတို့တွင် မိုဘိုင်းဖုန်းကွန်ရက်ကို ပိတ်ချထားခြင်းတို့ ပါ ဝင်သည်။ အခြားအခြေအနေများတွင်မူ အစိုးရများသည် အငြင်းပွားဖွယ်ကိစ္စရပ်များအကြောင်း သတင်းသ မားများ အစီရင်ခံတင်ပြခွင့်မရအောင် တားဆီးရန်ကြိုးပမ်းသည်။ ဥပမာပြရလျှင် ၂၀၀၉ခုနှစ်တုန်းက သတင်း သမားများသည် တရုတ်နိုင်ငံအနောက်မြောက်ပြည်နယ် ရှင်ကျန်းမှ အတင်းအကျပ်မောင်းထုတ်ခံရပြီး ယင်း ဒေသတွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုအကြောင်း အစီရင်ခံတင်ပြခွင့်မရအောင် တားမြစ်ခံခဲ့ရဖူးသည်။
လေးထောင့်ကွက်။ သတင်းလွတ်လပ်ခွင့်မရှိခြင်း = ဒီမိုကရေစီမရှိခြင်း ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနှင့်နိုင်ငံရေးရွေးချယ်မှုများနှင့်စပ်လျဉ်း၍ အရေးကြီးဆုံးသိရှိနိုင်သော လမ်းကြောင်းမှာ အများအားဖြင့် မီဒီယာပင်ဖြစ်သည်။ မီဒီယာသည် နိုင်ငံရေးပါတီအားလုံး၏မဲဆွယ်စည်းရုံး ရေးများအကြောင်း မျှမျှတတ လွတ်လပ်စွာ အစီရင်ခံတင်ပြရန် လိုအပ်သည်။ သို့မှသာ ပြည်သူများသည် ပါတီ များကြားမတူခြားနားချက်များရှိနေလျှင် စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်သည်။ မီဒီယာသည် မည်သို့မဲပေးရမည် ဟူသောအချက်နှင့်စပ်လျဉ်းသောသတင်းအချက်အလက်များကို ပြည်သူအားလုံးထံ တင်ပြပေးရန်လိုသည်။ ထို့အပြင် မီဒီယာသည် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးနှင့်ပတ်သက်ပြီး လွတ်လပ်စွာ မေးမြန်း၊ ဖြေ ကြားခွင့်ရှိရန်လည်း လိုအပ်သည်။ ထို့နောက် တစ်ခုခုအမှားအယွင်းဖြစ်နေပြီး ပြင်ဆင်နိုင်မည့်အကြောင်းမဲ ဆန္ဒရှင်ထံ လွတ်လပ်စွာ အသိပေးပြောပြခွင့်ရှိရမည်ဖြစ်သည်။ မီဒီယာသည် ယခင်သတမ်းတွင် ပြုမူဆောင်ရွက်ခဲ့ကြပုံအတွက် အစိုးရနှင့် အတိုက်အခံပါတီ နှစ်ဘက်စလုံးကို တာဝန်ခံခိုင်းကာ ထိန်းကျောင်းပေးရန်လိုအပ်သည်။ နောက်ဆုံးရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရ၏တိုင်း ပြည်အပေါ် မည်သို့ကောင်းမွန်စွာ ထိန်းကျောင်းလုပ်ဆောင်နေသည်ဆိုသောအချက်ကို ပြည်သူက သိရှိရန်လို အပ်သည်။ ထို့အပြင် ယင်းကာလအတွင်း အတိုက်အခံပါတီများဘက်က တင်ပြသောခြားနားသည့်အခြားရွေး ချယ်စရာလမ်းကြောင်းများကိုလည်း ပြည်သူက သိရန်လိုသည်။ အစိုးရသည် ကတိပေးထားသည့်အတိုင်း လမ်းများ၊ ကျောင်းများ ဆောင်လုပ်ပေးခဲ့သလား။ ကျေးလက်နေရပ်ရွာအသိုင်းအဝိုင်းသည် လိုအပ်သည့် သန့် ရှင်းသောသောက်သုံးရေကို ရရှိခဲ့သလား။ အစိုးရသည် အတိုက်အခံပါတီများထံမှ၊ အမျိုးသမီးများနှင့် လူနည်း စုများထံမှ အတွေးအမြင်ကောင်းများကို နားထောင်ခဲ့ပါသလား။ အစိုးရအကြောင်း ပြောသည့်အခါ ရွေးကောက်ခံနိုင်ငံရေးသမားများနှင့် အငှား သို့ ခန့်အပ်ခံအရာရှိများအ ကြောင်းပြောခြင်းဟူ၍လည်း အဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့် ရဲအဖွဲ့၊ စစ်တပ်၊ မြို့ပြနှင့် ပြည်နယ်၊ ကျောင်းများနှင့် ဆေးရုံများကို တာဝန်ယူဆောင်ရွက်ပေးနေသည်လူများအကြောင်း ပြောခြင်းဟုဆိုလိုသည်။ သတင်းသမားမျးာသည် အထက်ပါမေးခွန်းများကို မေးရန်လိုအပ်ပြီး နိုင်ငံရေးပါတီများက ယင်းမေးခွန်းများ ကို မည်သို့ဖြေကြားသည်ဟူသောအချက်ကို အစီရင်ခံတင်ပြပေးရန်လိုသည်။ အထက်ပါအကြောင်းရင်းများကြောင့်ပင် ဒီမိုကရေစီနှင့် လွတ်လပ်သောမီဒီယာတို့သည် အထူးတလည်ဆက် ဆံရေးတစ်ရပ်ရှိထားသည်ဟု ဆိုနိုင်သည်။ ၎င်းအရာနှစ်ခုသည် တစ်ခုကို တစ်ခု လိုအပ်နေသည်။ လွတ်လပ် သောမီဒီယာသည် ရွေးကောက်ပွဲ ရိုးသားမှုရှိရေးနှင့် ဒီမိုကရေစီနည်းကျဖြစ်ရေးအတွက် ပံ့ပိုးကူညီပေးလိမ့် မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီနည်းကျရွေးကောက်လိုက်သောအစိုးရသည် မီဒီယာ၏လွတ်လပ်ခွင့်များ ကို ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ ကိုးကား။ Media and Elections: An Elections Reporting Handbook |