အသစ်များ > အစိုးရအပေါ် စနစ်မွေးပါတီများ၏သက်ရောက်မှုရှိပုံ(အစိုးရမဏ္ဍိုင်သုံးရပ်)
အစိုးရအပေါ် စနစ်မွေးပါတီများ၏သက်ရောက်မှုရှိပုံ(အစိုးရမဏ္ဍိုင်သုံးရပ်)
2022-09-03
စနစ်မွေးနိုင်ငံရေးသည် ညီညွတ်ပြီး ညှိနှိုင်းဆောင်ရွက်တတ်သောအစိုးရကို ပေါ်ပေါက်စေသည်
ဒီမိုကရေစီစနစ်အောင်မြင်ရေးသည် ဥပဒေပြုလွှတ်တော်၏လူမှုရေးနှင့် စီးပွားရေးပြဿနာရပ်များကို ထိရောက်စွာ ဖြေရှင်းပေးမည့် ဥပဒေပြုခြင်းကိစ္စကို အနှောင့်အယှက်ကင်းကင်းဖြင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်သည်။ ထို့အ ပြင် မူဝါဒများကို အကောင်အထည်ဖော်နိုင်စွမ်းရှိပြီး အရည်အသွေးပြည့်၀သောခေါင်းဆောင်မှုကိုပေးနိုင်သည့် တည် ငြိမ်သောအုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ်ရှိရန်လည်း လိုပြန်သည်။ အကျိုးဖြစ်ထွန်းနိုင်ရန် ဥပဒေပြုရေအစီအမံများနှင့်အစိုး ရမူဝါဒများသည် ကြောင်းကျိုးညီညွတ်ပြီး ညှိနှိုင်းဆောင်ရွက်မှုဖြင့်လုပ်ရန်လိုအပ်သည်။ တစ်နည်းအားဖြင့် မူဝါဒများ သည် တစ်ခုနှင့်တစ်ခု ဖီလာဆန့်ကျင်နေ၍မရ၊ အရေးကြီးဆုံးသောစီမံချက်များကို ဦးစားပေးရန်နှင့် အစိုးရအဖွဲ့တွင်း အစိတ်အပိုင်းအသီးသီး (သို့အစိုးရအဖွဲ့တွင်းမတူသောပါတီအသီးသီး)ကြားပဋိပက္ခများသည် အစိုးရအဖွဲ့၏စွမ်းဆောင် ရည်နှင့် ထိရောက်မှုအပေါ် အပျက်သဘောသက်ရောက်မနေစေရန်ဟု ဆိုလိုသည်။
ဒီမိုကရေစီထူထောင်ပြီးတိုင်းပြည်များတွင် နိုင်ငံရေးပါတီများသည် ဥပဒေပြုခြင်းလုပ်ငန်းစဉ်ကို ထိရောက်စွာလည် ပတ်စေရာတွင်ဖြစ်စေ၊ အစိုးရကို တည်ငြိမ်အောင်လုပ်ဆောင်ပေးရာတွင်ဖြစ်စေ အရေးကြီးသောကဏ္ဍမှပါဝင်ကြ သည်။ အထူးသဖြင့် စနစ်ကိုအဓိကအားပြုသောပါတီများသည် အစိုးရ၏တည်ငြိမ်မှုနှင့် ထိရောက်မှုကို ကြီးကြီးမားမား ပံ့ပိုးပေးသည့်အပြင် အစိုးရမူဝါဒများ ကောင်းစွာအလုပ်ဖြစ်မြောက်ရေးအတွက်လည်းကူညီပေးကြသည်။
စနစ်မွေးနိုင်ငံရေးပါတီများသည် လူ့အဖွဲ့အစည်း၏ကျယ်ပြန့်သောအပိုင်းကဏ္ဍတစ်ရပ်ကို ရည်ရွယ်ကာ ကြောင်းကျိုး ညီညွတ်သောမူဝါဒပလက်ဖောင်းများကို ဖော်ဆောင်ပေးရမည်၊ ထိုမူဝါဒပလက်ဖောင်းများကို အစိုးရနှင့် ဗြူရိုကရေစီ ယန္တရားတွင် လက်တွေ့ဆောင်ရွက်ချက်အဖြစ် နိုင်ငံရေးပါတီများက ကူးပြောင်းလဲပေးနိုင်သည်ဖြစ်ရာ သီးခြားအကျိုး စီးပွားများကို အလေးထားသော ပါတီများ(သို့) တစ်သီးပုဂ္ဂလများထက် အစိုးရအစီအစဉ်များကို ဟန်ချက်ညီညီ၊ ကြောင်းကျိုးညီညီဖြစ်အောင် ပိုမိုလွယ်ကူစွာ လုပ်ဆောင်ပေးနိုင်သည်မှာ စနစ်မွေးပါတီများမှလွဲ၍တခြားမရှိနိုင်ပါ။
ပါတီစည်းမျဉ်းစည်းကမ်းသည် အစိုးရအဖွဲ့တွင်း တည်ငြိမ်မှုကို မြှင့်တင်ပေးသည်
စနစ်မွေးပါတီများသည် ဥပဒေပြုမဏ္ဍိုင်တွင်း ဆန္ဒမဲအများစုရရှိမှုကို တည်ငြိမ်နေအောင် စုစည်းပေးခြင်း၊ ဗြူရိုကရေစီ စနစ်တွင် မူဝါဒကို ကြောင်းကျိုးလျော်ညီစွာ စီမံဆောင်ရွက်ခြင်း၊ လိုအပ်လျှင် နိုင်ငံရေးဆိုင်ရာအပေးအယူများကို ညှိ နှိုင်းစေ့စပ်ပေးခြင်းတို့ကို ပိုမိုလွယ်ကူစေမည့် အကျိုးစီးပွားစုစည်းမှု၊ အကျိုးစီးပွားအထူးပြုမှုနှင့် စည်းမျဉ်းစည်းကမ်း အစရှိသည်တို့နှင့်ဆိုင်ရာအတွင်းပိုင်းဖွဲ့စည်းပုံစနစ်များကိုလည်း ဖော်ဆော်ပေးသည်။
ဤအချက်သည် စိတ်ကူးသက်သက်တင်ပြချက်မဟုတ်သော်လည်း လက်တွေ့တွင် အမြဲဖြစ်နေသည်တော့မဟုတ်ပေ။ ဤလမ်းစဉ်ကို ပါတီတချို့က သီးခြားကိစ္စရပ်နှစ်ခုအဖြစ်ခွဲကာ ချဉ်းကပ်ကြသည်။ အဖွဲ့တွင်းစုစည်းမှုကို မြှင့်တင်ပေး သည်ဟုဆိုသောရှုထောင့်မှကြည့်လျှင် ဒီမိုကရေစီစနစ်၏အတွင်းသားသည် နေရာတကျဖြစ်နေပါက အထက်ကအ ချက်သည် အကောင်းဆုံးအလုပ်ဖြစ်မည်ဟု ထိုပါတီတချို့ကဆိုကြသည်။ သို့ရာတွင် ခိုင်မာသောခေါင်းဆောင်တစ်ဦး ကဖြစ်စေ၊ အဆင့်ပိုနိမ့်သောနိုင်ငံရေးသမားများ/အုပ်ချုပ်ရေးဌာနမှဖြစ်စေ တင်ပြလာသည့် အထက်အောက်ရေးဆွဲချ မှတ်ထားသောအစီအစဉ်တစ်ရပ်သည် စနစ်မွေးပါတီတစ်ရပ်၏အရေးပါသောလက္ခဏာတစ်ရပ်အဖြစ်ရှိနေဆဲပင်။
ဒီမိုကရေစီနိုင်ငံအများစုတွင် ရွေးကောက်ခံကိုယ်စားလှယ်များသည် တရားဝင်အားဖြင့် အမှီအခိုကင်းလွတ်လပ်ကြသူ များဖြစ်သော်လည်း နိုင်ငံရေးပါတီများကမူ ဘေယုယျအားဖြင့်ပါတီမူဘောင်အတိုင်း လိုက်နာဆောင်ရွက်ရေးယန္တရား များကို ချမှတ်ထားကြသည်။ ပါတီဝင်တိုင်းသည် ကနဦးစွာ ပါတီမူချမှတ်ရေးအပေါ် ဩဇာညောင်းနိုင်သော အခွင့် အရေးတစ်ရပ်စီရှိနေလျှင် ဤအချက်သည် ဒီမိုကရေစီနည်းနှင့်မညီဟုပြော၍မရပါ။ ထို့ကြောင့် ဒီမိုကရေစီနည်းကျ အ တွင်းပိုင်းဖွဲ့စည်းမှုပုံစံများကို ထူထောင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းကို တရားဝင် ပြဋ္ဌာန်းရန်အတွက် အရေးပါ သော တင်ကူးလိုအပ်ချက်တစ်ရပ်ဖြစ်နေရခြင်းပင်ဖြစ်သည်။
ထိုသို့သောပါတီအခြေခံစည်းမျဉ်းသည်သာ အစိုးရကို တည်ငြိမ်အောင်လုပ်ပေးသည့်အပြင် အစိုးရ၏နိုင်ငံရေးအစီအ စဉ်များကိုလည်း နိုင်ငံရေးပြဿနာတစ်ရပ်အပေါ် ဆန္ဒမဲအများစုကို အသစ်တစ်ဖန်ရအောင်လုပ်ပြီးဖြေရှင်းယူရသော အခြေအနေနှင့်နှိုင်းစာလျှင် ပို၍ကြောင်းကျိုးညီညွတ်စွာ အကောင်အထည်ဖော်နိုင်စေသည်။ အခြားတစ်ဖက်တွင်မူ အနည်းငယ်သောဆန္ဒမဲအများစုရထားသည့် အစိုးရတစ်ရပ်ရှိနေပြန်လျှင် နိုင်ငံရေးကိစ္စရပ်တစ်ခုချင်းစီအတွက် ညှိနှိုင်း ဆွေးနွေးရန်လိုအပ်နေတတ်သည်။ ဤသို့ဖြင့် အငြင်းပွားဖွယ်ရာကိစ္စရပ်များအပေါ် လူထုထောက်ခံမှုကိုပိုမိုကျယ်ပြန့် လာစေနိုင်ပြီး လွှတ်တော်တွင်း နေရာပိုနည်းပါးစွာရရှိထားသောပါတီများကို အစိုးရမူဝါဒများအပေါ် ဩဇာညောင်းနိုင် ရန်အာဏာပိုပေးလိုက်သလိုဖြစ်နိုင်ပါသည်။ ထို့အပြင် ပါတီဦးဆောင်သောစေ့စပ်ညှိနှိုင်းမှုများသည် သီးခြားလွတ်လပ် သောဥပဒေရေးဆွဲသူပေါင်းမြောက်များစွာစုပြုံပြီး ဆွေးနွေးကြမှုများထက် နိုင်ငံရေးဆိုင်ရာညှိနှိုင်းအပေးအယူများကို ပိုမိုထိရောက်စွာ လုပ်လာနိုင်သည်။
နှိုင်းယှဉ်လေ့လာချက်၊ နယ်သာလန်နိုင်ငံတွင် အစိုးရဖွဲ့စည်းရာ၌ကြုံရသောပြဿနာများ
နယ်သာလန်နိုင်ငံတွင် အစိုးရဖွဲ့စည်းပုံ ရွေးကောက်ပွဲရလဒ်များ သိရသည်နှင့် အစိုးရဖွဲ့ခြင်းလုပ်ငန်းကို စတင်သည်။ ဝန်ကြီးများနှင့် နိုင်ငံတော်အတွင်းဝန် များပါဝင်သည့်အဖွဲ့သစ်ကို ဖွဲ့ရပြီး နောက်လေးနှစ်ဆက်လက်အုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ ဤလုပ်ငန်း စဉ်သည် အမြဲတမ်းရိုးရှင်းလွယ်ကူနေသည်တော့မဟုတ်ပါ။ အချိုးကျကိုယ်စားပြုခြင်းကို အသုံးပြုသောရွေးကောက်ပွဲ စနစ်ဖြစ်၍ သီးခြားမဲဆန္ဒနယ်များခွဲထားခြင်းမရှိသလို ရွေးကောက်ပွဲအကျပ်အတည်းများကိုလည်း ရင်မဆိုင်ရသဖြင့် နိုင်ငံရေးပါတီအများအပြားသည် ဒုတိယ(အထက်)လွှတ်တော်တွင် ကိုယ်စားပြုခွင့်ရကြသည်။ ရွေးကောက်ပွဲရလဒ် များသည် မဲဆန္ဒရှင်များက မည်သို့သောအစိုးရမျိုးကို လိုချင်သည်ကို တိတိကျကျထင်ဟပ်နေခြင်းတော့မရှိပါ။ နယ် သာလန်တွင် မည်သည့်နိုင်ငံရေးပါတီမှ အထက်လွှတ်တော်တွင် ဆန္ဒမဲအများစုကို လွတ်လွတ်ကျွတ်ကျွတ်ရရှိခြင်းမရှိ သည်ကိုတွေ့ရသည်(အနည်းဆုံး အမတ်နေရာတစ်ဝက် အပေါင်း တစ်၊ ၇၅ + ၁ = ၇၆ ပင်ရသည်၊ အမတ်နေရာစုစု ပေါင်းက ၁၅၀ရှိသည့်အတွက်ဖြစ်သည်)။ မည်သည်ပါတီမဆို အထက်လွှတ်တော်တွင် ဆန္ဒမဲအများစု၏ထောက်ခံမှုကို လိုအပ်သည်ဖြစ်ရာ ရွေးကောက်ပွဲတစ်ခုပြီးသည်နှင့် နှစ်ပါတီနှင့်အထက်သည် ညွန့်ပေါင်းဖွဲ့ရတော့သည်။ ဤသို့ဖြစ် လာသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် ဒတ်ချ်ပြည်သူတို့သည် နှစ်ကာလရှည်ကြာသောညွန့်ပေါင်းဖွဲ့ရန် စေ့စပ်ညှိနှိုင်မှုများဖြင့်အသားတကျဖြစ်ကာကြီးထွားလာသည်။ ပြဿနာများ နယ်သာလန်နိုင်ငံတွင် အစိုးရဖွဲ့စည်းပုံသည် အငြင်းပွားစရာဖြစ်သည်။ ဒီမိုကရေစီရှုထောင့်မှကြည့်လျှင် နိုင်ငံရေးအရ အစိုးရဖွဲ့စည်းမှုသည် စင်စစ်ကျင်းပလိုက်သောရွေးကောက်ပွဲရလဒ်များထက် ရွေးကောက်ပွဲအပြီးစေ့စပ်ညှိနှိုင်းမှုများအ ပေါ် ပိုမိုမှီခိုနေသည်မှာ လက်ခံနိုင်စရာမဟုတ်ပေ။ ထို့အပြင် အများအားဖြင့် အဆိုပါစေ့စပ်ညှိနှိုင်းမှုများကို လျှို့ဝှက် လုပ်ဆောင်ကြခြင်းပင်ဖြစ်သည်။ နောက်ထပ်ပြဿနာတစ်ခုမှာ အစိုးရဖွဲ့ရန် အချိန်ကာလကြာမြင့်ခြင်းပင်ဖြစ်သည်။ အစိုးရဖွဲ့ရန်စံချိန်တင်ကြာမြင့်ခဲ့ သည့်ကာလမှာ ၁၉၇၇ခုနှစ်ကဖြစ်ပြီး ရက်ပေါင်း ၂၀၇ရက်ကြာခဲ့သည်။ ညှိနှိုင်းနေစဉ်ကာလတွင်း အစိုးရဟောင်းက အာဏာဆက်ယူထားသည်။ သို့သော် အစိုးရဟောင်းသည် နှုတ်ထွက်သွားရတော့မည်ဖြစ်၍ အငြင်းပွားဖွယ်ရာဆုံးဖြတ် ချက်များကိုတော့ ချမှတ်ထားနိုင်ခြင်းမရှိပါ။ အမှန်စင်စစ်တွင် ဤအချက်သည် ပြည်သူကိုကြည့်သောအစိုးရအတွက် တော့ မူမမှန်ပေ၊ ထို့အပြင် မပြီးမစီးနိုင်စေ့စပ်ညှိနှိုင်းနေခြင်းကလည်း နိုင်ငံရေးစနစ်အပေါ် ယုံကြည်မှုကိုပင်ပျက်ယွင်း စေနိုင်သည်။ သို့ရာတွင် ရှုပ်ထွေးနေသောပါတီစနစ်ကြောင့် အချိန်ကုန်ပင်ပန်းခံစေ့စပ်ညှိနှိုင်းမှုများကို ရှောင်လွှဲမရနိုင် တော့ပေ။ နောက်ထပ်ပြဿနာတစ်ခုမှာ စေ့စပ်ညှိနှိုင်းမှုများမှ ထွက်ပေါ်လာသော သဘောတူညီချက်သည် ညွန့်ပေါင်းဖွဲ့ရေးအ သေးစိတ်ပြင်ဆင်ထားမှုဖြစ်နေသည်။ လွန်ခဲ့သောဆယ်စုနှစ်၂ခုတာကာလတွင် အစိုးရလမ်းစဉ်စီမံကိန်းများကိုကြည့် လိုက်လျှင် ထူထဲသိပ်သည်းစွာ ပုံနှိပ်ထုတ်ဝေထားသော စာမျက်နှာပေါင်းဒါဇင်နှင့်ချီရှိခဲ့ဖူးသည်။ သို့သော်ယနေ့တွင်မူ အစိုးရလမ်းစဉ်အကြောင်းရေးသားချက်များသည် ပိုမိုရှင်းလင်းပြီးနားလည်ရမခက်တော့ပေ။ အထက်ပါညွန့်ပေါင်းဖွဲ့ရ ခြင်းအသေးစိတ်ပြင်ဆင်သဘောတူညီချက်သည် ပါလီမန်ကို အာဏာမရှိဖြစ်စေသည်ဟု ဝေဖန်သူများကပြောကြ သည်။ ၂၀၀၂နှင့် ၂၀၀၃ခုနှစ်ညွန့်ပေါင်းသဘောတူညီချက်များသည် အစိုးရမူဝါဒများကို အရိပ်အမြွတ်လောက်သာ ရေး ပြထားသော်လည်း ၂၀၀၇သဘောတူညီချက်တွင်မူ ပိုမိုအသေးစိတ်ပြန်ဖြစ်လာပြန်ကာ စာရွက်ရေ ၅၃ရွက်အထိဖြစ် သွားပြန်သည်။ ကိုးကား၊ The Dutch Political System in Nutshell |