အသစ်များ > မဲဆွယ်စည်းရုံးရေးအဖွဲ့

မဲဆွယ်စည်းရုံးရေးအဖွဲ့

2023-01-21

မဲဆွယ်စည်းရုံးရေးအဖွဲ့၊ အလုပ်တာဝန်များနှင့် အခန်းကဏ္ဍများ

မဲဆွယ်စည်းရုံးရေးအဖွဲ့

မဲဆွယ်စည်းရုံးရေးအဖွဲ့သည် အများအားဖြင့် လူသုံးဦးပါအုပ်စုလေးတစ်စု သို့မဟုတ် လူဆယ်ဦးပါအဖွဲ့တစ်ဖွဲ့ ပင်ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးအဖွဲ့တစ်ဖွဲ့အတွက် အရွယ်အစားမည်မျှရှိရမည်ဟူ၍ တစ်ခုတည်းသောစံနမူ နာထားစရာအရွယ်အစားတစ်ရပ်မရှိပါ။ မဲဆွယ်စည်းရုံးရေးအဖွဲ့အရွယ်အစားသည် ပါတီတစ်ဖွဲ့နှင့်တစ်ဖွဲ့ကွဲ ပြားနိုင်သည့် နည်းစနစ်ပိုင်းထည့်သွင်းစဉ်းစားချက်များအပေါ် မူတည်သည်၊ ထို့အပြင် မြို့နယ်/တိုင်းဒေသ/ နိုင်ငံအရွယ်အစားအပေါ်မူတည်သည်၊ နိုင်ငံရေးရွေးချယ်စရာများ၊ ပေးနိုင်သောအချိန်၊ ပါတီ၏အရွယ်အစား၊ ပြည်သူများ၏အသိပညာနှင့် ကျွမ်းကျင်အရည်အချင်းများအစရှိသည်တို့ပေါ်တွင်လည်း မူတည်သည်။ သို့သော်  အသေးဆုံးအရွယ်အစားတစ်ခုလည်း ရှိသည်။ မဲဆွယ်စည်းရုံးရေးအဖွဲ့တစ်ဖွဲ့တွင် အနည်းဆုံးလူသုံးဦးပါဝင် သင့်သည်။ စည်းရုံးရေးမှူး၊ နိုင်ငံရေးခေါင်းဆောင်နှင့် ဆက်သွယ်ရေးအတွက်တာဝန်ရှိသူတစ်ဦးဦးတို့ဖြစ်ပါ သည်။ ယခုတင်ပြသောအခြေခံပုံစံကိုကြည့်လျှင် စည်းရုံးရေးမှူးသည် မဲဆွယ်စည်းရုံးရေးရန်ပုံငွေတိုက်၏ ဘဏ္ဍာရေးမှူးဖြစ်သည်။

မဲဆွယ်စည်းရုံးရေးအဖွဲ့ဖြစ်ရန် အခြေအနေများ

အသုံးပြုမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ကြိုတင်သဘောတူညီမှုရရှိရန် အရေးကြီးသလို၊ မဲဆွယ်ရေးအဖွဲ့ တွင် လူတိုင်းအနေဖြင့် မည်သည့်အရာကို အတိအကျမျှော်မှန်းရမည်ဟူသောအချက်နှင့်စပ်လျဉ်း၍လည်း သ ဘောတူညီမှုရရှိရန်အရေးကြီးပါသည်။ အဖွဲ့တွင်ပါဝင်သူတိုင်းအနေဖြင့် မိမိတို့၏အလေးထားချက်များနှင့် စိတ်ဝင်စားချက်များက မည်သည်တို့ဖြစ်သည်ဟူ၍ အတိအကျရှင်းပြသင့်သည်၊ တစ်နည်းအားဖြင့် ပါတီအ တွက် အင်တိုက်အားတိုက်ကြိုးပမ်းလာအောင် မိမိတို့အား လှုံ့ဆော်တွန်းအားပေးသည့်အရာကို ရှင်းပြသင့် ခြင်းဖြစ်သည်။

ပါတီများသည် မဲဆွယ်ရေးတွင် ဝါရင့်သမ္ဘာရင့်နိုင်ငံရေးသမားများအပေါ်ကို မှီခိုအားထားသင့်ရုံတင်မက၊ လူ မျိုးနောက်ခံမတူသော ပြည်သူများ နှင့်/သို့မဟုတ် လူငယ်များအတွက်နေရာပေးသင့်သည်။ မဲဆွယ်ရေးအဖွဲ့ အတွက် ကျယ်ကျယ်ပြန့်ပြန့် လူထုထောက်ခံမှုရရှိရေး  ပါတီများက ကြိုးစားစည်းရုံးသင့်သည်။ ရွေးကောက် ပွဲများသည် ပါတီလှုပ်ရှားဆောင်ရွက်ချက်များအတွင်း ဝါရင့်သမ္ဘာရင့်၊ ဩဇာအရှိန်အဝါကြီးသော ပါတီဝင်များ ပါဝင်သည့်အစုအဖွဲ့သေးအပြင်ဘက်မှ လူများကိုပါ ထည့်သွင်းပါဝင်ခွင့်ရစေမည့် အခွင့်အလမ်းကောင်းတစ် ရပ်ဖြစ်သည်။ နောက်ဆုံးအားဖြင့်ဆိုရလျှင် နိုင်ငံရေးပါတီများအနေဖြင့် အဖွဲ့အစည်းအတွင်း မဲဆွယ်ရေးအဖွဲ့ ကို သီးခြားအဆင့်အတန်းတစ်ရပ်ပေးထားရန်အရေးကြီးသည်။ အဖွဲ့ကို ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများဖြင့် ကန့် သတ်မထားသင့်ပါ၊ ထို့အပြင် ရွေးကောက်ပွဲအောင်မြင်မှုရရှိရေးအတွက် (ဘဏ္ဍာရေးပိုင်း)သီးခြားလွတ်လပ်မှု ပေးထားသင့်သည်။