အသစ်များ > နိုင်ငံရေးအတိုက်အခံပြုခြင်းအနုပညာ

နိုင်ငံရေးအတိုက်အခံပြုခြင်းအနုပညာ

2023-01-20

ပါတီများသည် အတိုက်အခံဘ၀ကျရောက်သွားသောအခါ အကြီးမားဆုံးပြဿနာမှာ အစိုးရပါတီများအနေ ဖြင့် အဆိုပါအတိုက်အခံပါတီများကို လျစ်လျူရှုလိုက်ခြင်းပင်ဖြစ်သည်။  အတိုက်အခံပါတီများ၏အတွေးအ မြင်များနှင့် အဆိုပြုချက်များသည် မည်ရွေ့မည်မျှပင် ကောင်းမွန်နေနေ အခွင့်အရေးပေးခံရခြင်းမရှိပါ။ အတိုက်အခံဘက်က မည်သည့်အဆိုပြုချက်များကိုမဆို အပေါ့တန်ဆုံးအပြုသဘောဆောင်တုံ့ပြန်လိုက်ခြင်း သည် အာဏာရပါတီ/ညွန့်ပေါင်းအဖွဲ့၏အခွင့်အာဏာကို ထိပါးစေလိမ့်မည်ဖြစ်ပြီး အဆိုပါအချက်တစ်ခု တည်းကပင် အတိုက်အခံဘက်က အကြံပြုချက်များကို လျစ်လျူရှုထားရန်အတွက် လုံလောက်သည်။ အမှန် စင်စစ် အာဏာရပါတီများသည် အတိုက်အခံဘက်က အဆိုပြုချက်များအတွင်း အားအနည်းဆုံးအချက်များ ကို အလေးထားရှာဖွေပြီး ယင်းအချက်တို့ကို အတိုက်အခံအား ဆန့်ကျင်ရန်အတွက် ပြန်အသုံးချလိမ့်မည်ဖြစ် သည်။ မူဝါဒဆုံးဖြတ်ချက်များကို လွှမ်းမိုးဩဇာညောင်းနိုင်သည့်အခွင့်အရေးတစ်ရပ် အတိုက်အခံဘက်တွင်ရှိ သောအချိန်တစ်ချိန်တည်းသာရှိသည်။ ယင်းမှာ အစိုးရသက်တမ်းကုန်ခါနီးပြီး ရွေးကောက်ပွဲများကျင်းပရန်နီး ကပ်လာချိန်ပင်ဖြစ်သည်။

အတိုက်အခံပါတီ၏ဆန့်ကျင်ဘက်ပါတီများဘက်က ရွေးကောက်ပွဲပြီးနောက် အတိုက်အခံပါတီကို လိုအပ် ကောင်းလိုအပ်နိုင်သည်ဟု သင်္ကာမကင်းဖြစ်လာလျှင် အတိုက်အခံပါတီ၏အစီအစဉ်များကို ပိုမိုအလေးအ နက်ထားကာစဉ်းစားပေးလာနိုင်သည်။ တစ်နည်းအားဖြင့် အာဏာရပါတီအနေဖြင့် နောက်သက်တမ်းအတွက် ညွန့်ပေါင်းအစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းရန်စဉ်းစားလာနေချိန်တွင်ဖြစ်သည်။ ဤအချက်သည် အတိုက်အခံ ဘက်က အလွန်မကျေနပ်နိုင်ဖွယ်ရာအတွေ့အကြုံတစ်ရပ်ဖြစ်နေသည်။ သို့သော် ဤကိစ္စသည် နိုင်ငံရေးပါတီ များကျင့်သားရနေရမည့်ကိစ္စပင်ဖြစ်သည်။ အကြောင်းမူ သရုပ်မှန်ဒီမိုကရေစီစနစ်[1] တွင် ပါတီတစ်ခုသည် အစိုးရအဖွဲ့မှ အမြဲတမ်း အပြင်ထွက်ထိုင်ရသည်မှာ သာမန်ပင်ဖြစ်သည်။

အတိုက်အခံပါတီများသည် အောက်ပါတို့ကို ထည့်စဉ်းစားသင့်သည်။

  • အနာဂတ်ကို အာရုံထားပါ။

အနာဂတ်တစ်ချိန်ချိန်တွင် အစိုးရအဖွဲ့တွင်းဝင်နိုင်ရေးအတွက် အတိုက် အခံဘက်က အချိန်ယူ၍ ပြင်ဆင်ပါ။ အတိုက်အခံဖြစ်ခြင်းသည် ရည်မှန်းချက်တစ်ခုမဟုတ်။ အတိုက် အခံပါတီများအဖြစ် ဆောင်ရွက်ရန်ရှိသမျှအရာအားလုံးသည် အစိုးရအဖွဲ့တွင်း ပြန်ဝင်နိုင်ရေးသာ ဖြစ်သင့်သည်။တစ်ခါတစ်ရံ ဤအချက်သည် အစိုးရ၏မူဝါဒဆုံးဖြတ်ချက်များက အမျိုးသားအကျိုးစီး ပွားအတွက်ဖြစ်နေလျှင် ယင်းမူဝါဒများကို ထောက်ခံခြင်းဟုအဓိပ္ပာယ်သက်ရောက်သည်။ သို့သော် အမှန်တကယ်တွင်မူ ပါတီများသည် ယင်းတို့၏အခြေခံမူများကို ချိုးဖောက် သို့မဟုတ် ယင်းတို့အ ပေါ်ထောက်ခံကြသူများ၏အကျိုးစီးပွားများကို ဆန့်ကျင်နေသည့် မူဝါဒများကို လက်မခံသင့်ပါ။

  • သည်းခံစိတ်ထားပါ။

အတိုက်အခံဖြစ်ခြင်းသည် အချိန်ကာလကြာမြင့်နိုင်သည်။ ထို့ကြောင့် အတိုက် အခံပါတီများအနေဖြင့် ရလဒ်များအပေါ် မကျေချမ်းနိုင်၊ သည်းမခံနိုင်ခြင်းမျိုး မဖြစ်သင့်ပါ။ အတိုက် အခံပါတီများသည် မိမိတို့၏အကြောင်းတရားအပေါ် ဆက်ယုံကြည်ထားသင့်ပြီး မကျေမနပ်ဖြစ်စိတ် မျိုးမမွေးသင့်ပါ။ အထူးသဖြင့် ဤအချက်သည် ကာလရှည်ကြာအတိုက်အခံဘ၀နှင့်ပင်ရင်ဆိုင်နေရ ပြီး ရွေးကောက်ပွဲရှုံးသွားပြီးနောက် ချက်ချင်းထားရှိဖို့ ခက်ခဲပါသည်။ သည်းခံစိတ်နှင့် ဇွဲလုံ့လရှိမည် ဆိုလျှင် အတိုက်အခံပါတီများသည် နောက်ဆုံးအခွင့်အရေးသစ်တစ်ရပ်ကို ရရှိလိမ့်မည်။  မဲဆန္ဒရှင် များက အပြောင်းအလဲကို စတင်တမ်းတလာပြီဆိုပါက အတိုက်အခံပါတီများဘက်က ကောင်း ကောင်းပြင်ဆင်ထားသင့်သည်၊ စိတ်ဓာတ်ရေးရာအရအပြင် ရွေးကောက်ပွဲလမ်းစဉ်နှင့် စည်းရုံးရေး များအရပါဖြစ်သည်။

  • အသစ်ပြုပြင်၊ ပြောင်းလဲပါ။

အတိုက်အခံဘ၀ရောက်နေရသည့်အချိန်ကာလသည် ပါတီတွင်းအ ပြောင်းအလဲများပြုလုပ်ရန် အခွင့်အလမ်းကောင်းတစ်ရပ်ကို ရရှိစေတတ်သည်။ ပါတီအုပ်ချုပ်ရေးအ လွှာတွင်း လူသစ်ဖြည့်၍ တိုးတက်အောင်လုပ်နိုင်သည့်အခွင့်အလမ်းကောင်းတစ်ရပ်ကိုရရှိစေတတ် သည်။ အတိုက်အခံဖြစ်နေချိန်တွင် ခေါင်းဆောင်သစ်တချို့ ပေါ်လာပြီး ဝန်ကြီးဟောင်းများ နိုင်ငံရေး မှ အနားယူသွားနိုင်သည်။ အထူးဖြင့် ပါတီသည် အစိုးရအဖွဲ့အတွင်း ကာလရှည်ကြာရှိနေပါက အ တိုက်အခံပါတီအဖြစ် အခန်းကဏ္ဍသစ်တစ်ရပ်နှင့် ကျင့်သားရရန်အချိန်ယူရလိမ့်မည်ဖြစ်သည်။ အ တိုက်အခံဘ၀ရောက်နေသည့်အချိန်ကာလသည် ပါတီကို ပြန်သစ်ဆန်းအောင်၊ အင်အားထပ်ဖြည့်နိုင် အောင်လုပ်နိုင်သည့်အချိန်ပင်ဖြစ်သည်၊ အရေးကြီးဆုံးမှာ လာမည့်ရွေးကောက်ပွဲအတွက်အောင်ပွဲရရှိ အောင်စီစဉ်ရမည့်အချိန်ပင်ဖြစ်သည်။

  • ရွေးကောက်ပွဲဆန္ဒမဲအများစုကို မျက်ခြေပြတ်မခံပါနှင့်။

အတိုက်အခံပါတီတစ်ရပ်အနေဖြင့် အောင် မြင်မှုရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ ပါတီ၏ထောက်ခံမှုအခြေခံ သို့မဟုတ်  အနည်းဆုံး မဲဆ န္ဒရှင်တစ်ရပ်လုံးအနက် ကြီးမားသောလူအစုအဖွဲ့ခွဲတစ်ရပ်၏လိုအပ်ချက်များကို မျက်ခြေမပြတ် ကြည့်နေရန်ပင်ဖြစ်သည်။ အရွယ်အစားသေးပြီး အလွန်သီးခြားဆန်သောမဲဆန္ဒရှင်အစုအဖွဲ့တစ်ရပ် ၏အကျိုးစီးပွားများကိုသာ အာရုံထားပါက အတိုက်အခံပါတီသည် မည်သည့်အခါမျှအောင်ပွဲရရှိလိမ့် မည်မဟုတ်ပါ။ အဆိုပါအစုအဖွဲ့တစ်ရပ်ကိုသာ အာရုံထားမည်ဆိုလျှင် အနည်းငယ်သောလူနည်းစု လေးတစ်ရပ်၏အကျိုးစီးပွားများကိုသာ ကိုယ်စားပြုနိုင်သည့် အတိုက်အခံပါတီသေးပုံစံပေါက်သွား မည်ဖြစ်သည်။ ထို့ကြောင့် တတ်နိုင်သမျှ မဲဆန္ဒရှင်ခပ်များများ၏ထောက်ခံမှုကို ရရှိရန် ကြိုးစားသင့် ပါသည်။

  • လက်တွေ့ကျပြီးယုံကြည်အားကိုးလောက်သည့်ကတိများကိုပေးပါ။

​​​​​​​အစိုးရမူဝါဒများနှင့်ပတ်သက်ပြီး ချပြရာတွင် အတိုက်အခံပါတီများအနေဖြင့် လက်တွေ့ကျကျ၊ ယုတ္တိဆန်သည့်မူဝါဒရွေးချယ်စရာများ ကိုသာပေးနိုင်ရန် ဆောင်ရွက်သင့်သည်။  လက်လှမ်းမမီနိုင်သည့် ကတိကဝတ်များပေး၍ စည်းရုံး ရေးကို မစသင့်ပါ။ ထိုသို့မဟုတ်လျှင် ပါတီအပေါ်ယုံကြည်နိုင်မှုကို မှေးမှိန်စေနိုင်သည်၊ ဤသို့ဆိုလျှင် ရွေးကောက်ပွဲချိန်အရောက်တွင် ဒုက္ခလှလှတွေ့ရန်သာရှိတော့သည်။ လက်တွေ့ကျသည့်မူဝါဒရွေး ချယ်စရာကိုပေးနိုင်ပြီး အောင်မြင်မှုရမည့် အခွင့်အရေးတစ်ရပ်ရှိကြောင်းကို အတိုက်အခံပါတီများက ပြသနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အတိုက်အခံပါတီတစ်ရပ်သည် အလားအလာရှိသောရွေးချယ်မှု တစ်ရပ်ကို ပေးနိုင်ကြောင်း ထုတ်ဖော်ပြရမည်၊ ဥပမာ အခြားအတိုက်အခံပါတီများနှင့် အပြုသဘော ဆောင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြသရမည်။

  • ရှင်းလင်းတိကျသောလမ်းစဉ်ကို ပေးပါ။

​​​​​​​အတိုက်အခံပါတီများအနေဖြင့် ၎င်းတို့ဆန့်ကျင်သည့်အရာ ကိုသာအာရုံစိုက်ရုံနှင့်မပြီးဘဲ အပြုသဘောအဆိုပြုချက်များကိုပါ ထည့်စဉ်းစားသင့်သည်၊ ထို့အပြင် ၎င်းတို့အားပေးထောက်ခံသည့်အရာကိုလည်း ထုတ်ပြသင့်သည်။ မဲဆန္ဒရှင်များဘက်က ပါတီတစ်ရပ် ၏အစီအစဉ်များကို သိချင်စိတ်ရှိသည်၊ ပါတီ၏အစီအစဉ်များကိုသိမှ မဲဆန္ဒရှင်များအနေဖြင့် ပါတီကို မဲထည့်ရန်မစဉ်းစားခင် ပါတီအပေါ် ယုံကြည်စိတ်ထားရခြင်းဖြစ်သည်။ ပါတီ၏လမ်းစဉ်က ရှင်းရှင်း လင်းလင်းမရှိ၊ စိတ်ဝင်စားစရာလည်းမကောင်းဖြစ်နေလျှင် လူမသိသူမသိပါတီထက် မကောင်းသည့် အစိုးရဖြစ်ဦးတော့ ထိုအစိုးရ၏တည်ငြိမ်ရေးကိုသာ မဲဆန္ဒရှင်များက ပိုဦးစားပေးသွားလိမ့်မည်။ သို့ မဟုတ်ပါက မည်သူ့ကိုမှ မဲမထည့်ရန်၊ သို့မဟုတ် အခြားအတိုက်အခံပါတီတစ်ရပ်ကို မဲထည့်ရန်ဆုံး ဖြတ်သွားနိုင်သည်။  အတိုက်အခံပါတီများသည် အပြုသဘောဆောင်၊ လက်တွေ့သရုပ်မှန်သောလမ်း စဉ်တစ်ရပ်ကို ပေးရမည်ဖြစ်သည်။ ဤသို့ပြောခြင်းအတွက် အတိုက်အခံပါတီများအနေဖြင့် လက်ရှိ တည်ဆဲအစိုးရကို မဝေဖန်သင့်ဟု မဆိုလိုပါ။ အစိုးရ၏အားနည်းချက်များကိုတော့ ထောက်ပြဖော် ထုတ်ပြရမည်ဖြစ်သည်။ အနှုတ်လက္ခဏာဆောင်သည့်အသိပေးစကားများက အလွန်ပင်ထိရောက်မှု ရှိနိုင်သည်၊ အထူးသဖြင့် လူထုသဘောထားအမြင်၏နောက်ကွယ်တွင်အခိုင်အမာရှိနေသောယူဆ ချက်များနှင့် အဆိုပါအနှုတ်လက္ခဏာဆောင်အသိပေးစကားများက ထပ်တူကျနေတတ်သည်။

  • ဒေသတွင်းထောက်ခံမှု။

ပါတီတစ်ရပ်သည် အမျိုးသားအဆင့်တွင် အတိုက်အခံဖြစ်နေသည့်တိုင် နိုင် ငံ၏အုပ်ချုပ်ရေးကို အခြားနည်းလမ်းများဖြင့် ပံ့ပိုးထည့်ဝင်ပေးနိုင်ဆဲဖြစ်သည်။ ပါတီသည် တိုင်းဒေ သ သို့မဟုတ် ပြည်နယ်ဒေသန္တရအဆင့်များတွင် ကြီးကြီးမားမား ကွဲပြားချက်တစ်ခုကို ဆောင်ရွက် နိုင်သည်။ အထူးသဖြင့် ပြည်နယ်ဒေသန္တရအဆင့်သည် ပါတီ၏တန်ဖိုးကို ပြည်သူလူထုသိရှိစေရန် ချ ပြနိုင်သည့်အခွင့်အလမ်းကောင်းတစ်ရပ်ပင်ဖြစ်သည်၊ ထို့အပြင် ပြည်သူများကို တစ်ဦးချင်းရင်ဆိုင်ရ သောပြဿနာရပ်များအတွက် ကူညီဖြေရှင်းပေးခြင်း (ရှုပ်ထွေးသောလျှောက်လွှာပုံစံများ ကူဖြည့်ပေး ခြင်းမျိုး)ကဲ့သို့သော အကျိုးပြုဝန်ဆောင်မှုများကို ပေးခြင်းဖြင့် မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ဆက် သွယ်နိုင်သည့်အခွင့်အလမ်းကောင်းတစ်ရပ်ကို ရရှိနိုင်သည်။ ပါတီများသည် အတိုက်အခံဖြစ်နေချိန် ကာလတစ်လျှောက် မဲဆွယ်စည်းရုံးရေးကို ဆက်လုပ်သင့်သည်။ လေးနှစ်သက်တမ်းပြည့်ကာလအ တွက် ရွေးကောက်ပွဲမဲဆွယ်မှု၏လေးနက်မှုအတိုင်းအဆကို ထိန်းထားနိုင်ခြင်းမရှိသော်လည်း ကြို ကြားကြိုကြား ကန့်ကွက်ဆန္ဒပြပွဲများကို စီစဉ်ပြုလုပ်နိုင်သည်၊ သို့မဟုတ် မီဒီယာအာရုံစိုက်ခံရရန် ကြိုးစားနိုင်သည်။ ဤအချက်သည် ပါတီဝင်များနှင့် လုပ်အားပေးများကို စိတ်အားတက်ကြွစေသလို ပါတီသည် ရွေးကောက်ပွဲရှိနေချိန်တွင်သာ လူထုအတွက်ရှိသည့်ပါတီမဟုတ်ကြောင်း ပြသနိုင်မည် ဖြစ်သည်။

  • မဟာမိတ်အဖွဲ့များကို ရှာပြီး ညွန့်ပေါင်းဖွဲ့ပါ။

နိုင်ငံရေးပါတီများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း မ ဟာမိတ်ဖွဲ့နိုင်သည့် အဖွဲ့အစည်းပေါင်းများစွာ၊ လူပေါင်းများစွာရှိပါသည်။ ကုန်သွယ်ရေးသမဂ္ဂများ၊ ထင်ရှားကျော်ကြားပြီးဩဇာတက္ကိမကြီးသောလူပုဂ္ဂိုလ်များ၊ အလုပ်သမားအစည်းအရုံးများ၊ သဘာ၀ ပတ်ဝန်းကျင်အဖွဲ့အစည်းများ၊ စားသုံးသူအသင်းအပင်းများအစရှိသဖြင့်ဆိုလိုသည်။ အန်ဂျီအိုအဖွဲ့ များနှင့် မဟာမိတ်ဖွဲ့ခြင်းကလည်း မဲဆန္ဒရှင်များကို ပိုမိုအကူအညီပေးနိုင်သည်။ သို့သော် ပါတီများ သည် ကတိပေးထားသည်ကို အလေးထားဂရုပြုသင့်သည်။ ရွေးကောက်ပွဲနိုင်လျှင် အထက်ပါအဖွဲ့အ စည်းများသည် ပါတီများကို ကတိအတိုင်းဆောင်ရွက်စေရန် ထိန်းမတ်ပေးရလိမ့်မည်ဖြစ်သည်။ ပါတီ များသည် ၎င်းတို့၏ရွေးကောက်ပွဲလမ်းစဉ်ကို မျက်ခြေပြတ်မခံသင့်ပါ၊ မတည်နိုင်သောကတိများကို လည်းမပေးသင့်ပါ။ ထို့အပြင် ပါတီများသည် အခြားအတိုက်အခံပါတီများနှင့် ညွန့်ပေါင်းဖွဲ့နိုင်သည်။

ကိုးကား။ Becoming a better politician: political skills manual

[1] Functioning democracy ဆိုသည်ကို လွတ်လပ်စွာဟောပြောခွင့်၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုး ရေးအစရှိသော သွင်ပြင်လက္ခဏာအမျိုးမျိုးဖြင့် ဖွင့်ဆို တတ်ကြသည်။ အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်ရုံဖြင့် မလုံလောက်ဘဲ အစိုးရ၏လုပ်ငန်းကိစ္စအ၀၀ဆောင်ရွက်ပုံများ၌ပါ ဒီမိုကရေစီနည်းကျဖြစ်ရမည်ဟုဆိုလိုသည်။ အပေါ်ယံကြောမဆန်ဘဲ လက်တွေ့သရုပ်မှန်ဖြစ်သောဒီမိုကရေစီစနစ်ကို ရည်ညွှန်းပါသည်။ ခြေမြစ်ခိုင်မာသော ဒီမိုကရေစီ substantive democracy ဟူ၍လည်းရှိသည်။ ရွေးကောက်ပွဲများ၏ရလဒ်သည် ပြည်သူလူထုကို ကိုယ်စားပြုပြီး အုပ်ချုပ်ခံပြည်သူ၏အကျိုးစီးပွားအတွက် အဓိကတာဝန်ယူဆောင်ရွက်သောဒီမိုကရေစီပုံစံတစ်မျိုးဖြစ် သည်။ အရွယ်ရောက်သူတိုင်းမဲပေးခွင့်ပြုလိုက်ရုံဖြင့် ခြေမြစ်ခိုင်မာသောဒီမိုကရေစီဟုသတ်မှတ်၍မရပါ။ ပြည်သူလူထုက နိုင်ငံရေးရာကိစ္စရပ်များတွင် အမှန်စင်စစ်ပါဝင် ဆောင်ရွက်နိုင်ရမည့်အဓိပ္ပာယ်ဖြစ်သည်။ ယင်းဒီမိုကရေစီပုံစံနှင့်ဆန့်ကျင်ဘက်မှာ ဟန်ပြဒီမိုကရေစီ procedural democracy ဖြစ်သည်။ ဒီမိုကရေစီနှင့်ဆက်စပ်သောပုံ စံများရှိသော်လည်း လက်တွေ့ဆောင်ရွက်မှုပိုင်းတွင် ဒီမိုကရေစီနည်းကျမဖြစ်မှုကို ဆိုလိုသည်။