အသစ်များ > ပစ်မှတ်ထားခြင်း

ပစ်မှတ်ထားခြင်း

2023-01-21

အနိုင်ရရန် မည်ရွေ့မည်မျှဆန္ဒမဲများကို လိုအပ်သည်၊ မိမိ၏ကိုယ်စားလှယ်ကို ထောက်ခံမှုရရှိအောင် မဲဆန္ဒရှင် မည်ရွေ့မည်မျှကို စည်းရုံးရန်လိုအပ်မည်ဟူ၍ မဲဆွယ်ရေးအဖွဲ့က ဆုံးဖြတ်ပြီးသောအခါ မိမိတို့သည် ကိုယ် စားလှယ်ကို ထောက်ခံမှုပေးမည့်မဲဆန္ဒရှင်များနှင့် ထောက်ခံမှုမပေးဘဲနေမည့်မဲဆန္ဒရှင်များ မည်သို့ကွဲပြား သည်ဟူသောအချက်ကို စဉ်းစားဆုံးဖြတ်ရန်လိုသည်။

ဤဖြစ်စဉ်ကို “မဲဆန္ဒရှင်များကို ပစ်မှတ်ထားခြင်း” သို့မဟုတ် “ပစ်မှတ်ထားခြင်း”ဟု ခေါ်သည်။ မဲဆန္ဒရှင် ပစ်မှတ်ထာခြင်းသည် မိမိတို့၏ကိုယ်စားလှယ် သို့မဟုတ် ပါတီအပေါ် ထောက်ခံမှုပေးနိုင်ဖွယ်အရှိဆုံးဖြစ် သော တစ်သီးပုဂ္ဂလလူများအပေါ် အဓိကထား မဲဆွယ်လှုပ်ရှားရေးနှင့်ဆိုင်ရာအယူအဆဖြစ်သည်။ ပစ်မှတ် ထားသည့်နေရာတွင် မဲဆွယ်ရေးမန်နေဂျာများအနေဖြင့် မည်သည့်မဲဆန္ဒရှင်များကို ဆက်သွယ်မည်၊ အချိန်၊ ငွေကြေး ရင်းနှီးကာ အဆိုပါဆက်သွယ်ရေး၏အရည်အသွေးနှင့် အရေအတွက်ကို မြင့်မားအောင်လုပ်မည်ဟူ သောအချက်များကို ကြိုတင်ရွေးချယ်ထားရန်လိုအပ်သည်။ ဤသို့သော ပစ်မှတ်ထားချဉ်းကပ်မှုသည်  မဲဆွယ် ရေး၏မဲဆန္ဒရှင်အဆက်အသွယ်စီစဉ်လုပ်ဆောင်မှု မျက်နှာစာတိုင်းအတွက် အသုံးချ၍ရသည်။ ထိရောက်မှုရှိ ရန်  ပစ်မှတ်ထားခြင်းကို သုတေသနအပေါ်အခြေခံပြီး မဟာဗျူဟာတစ်ရပ်နှင့်အညီ လုပ်ဆောင်ရမည်။

ပစ်မှတ်ထားခြင်း၏အကျိုးကျေးဇူးများ

မဲဆန္ဒနယ်မြေအတွက် မဲရည်မှန်းချက်ကို ဆုံးဖြတ်ပြီးသောအခါ မဲဆွယ်ရေးအဖွဲ့အနေဖြင့် နောက်တစ်ဆင့် လုပ်ရမည်က ယင်းဆန္ဒမဲများကို မည်သည့်နေရာတွင် ရရှိမည်ဟူသည်ကို တွက်ချက်ရန်ပင်ဖြစ်သည်။ မဲဆွယ် ရေးတွင် အချိန်နှင့် လူအား၊ သို့မဟုတ် မဲဆန္ဒနယ်မြေတွင်း မဲဆန္ဒရှင်တစ်ယောက်စီတိုင်းနှင့် အထိုင်ချပစ်မှတ် ထားစည်းရုံးရန် ငွေအား လုံလောက်စွာမရှိသဖြင့် ပစ်မှတ်ထားခြင်းသည် အထက်ပါအရင်းအမြစ်များကို အ ကျိုးအရှိဆုံးနည်းလမ်းဖြင့် သုံးစွဲနိုင်သော နေရာကို ကြည့်မြင်လေ့ရှိသည်။ ပစ်မှတ်ထားခြင်းသည် အရင်းအ မြစ်စီမံခန့်ခွဲမှုကို လက်တွေ့လေ့ကျင့်ကြည့်ခြင်းဖြစ်သည်။

ပစ်မှတ်ထားခြင်း အရေးပါရသည့်အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ အချိန်၊ ငွေအား၊ လူအား စသည့် အဖိုးတန်လှသောမဲဆွယ်ရေးအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒုတိယအချက်မှာ မဲ ဆွယ်ရေး၏ကိုယ်စားလှယ်ကို မဲထည့်လာသည်အထိ အယုံအကြည်သွင်းစည်းရုံးရန်လိုအပ်ဆဲဖြစ်သော မဲဆန္ဒ ရှင်များကို အကောင်းဆုံးစည်းရုံးသိမ်းသွင်းနိုင်မည့် အာဘော်အဆိုအမိန့်တစ်ရပ်ကို ဖော်ဆောင်ရန်တို့ပင် ဖြစ်သည်။

မဲဆွယ်ရေးအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

နိုင်ငံတစ်နိုင်ငံတွင်ရှိ တစ်သီးပုဂ္ဂလလူများအားလုံးကို အမျိုးအစားနှစ်မျိုးခွဲကြည့်နိုင်ပါသည်

  • မဲပေးရန်စာရင်းဝင်သူများ နှင့်
  • မဲပေးရန် စာရင်းမဝင်သူများဟူ၍ဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း မိမိတို့၏ကိုယ်စားလှယ်ကို ထောက်ခံမဲပေးရန် စာရင်းမဝင်သောသူများအား အယုံသွင်းစည်းရုံးရန်ကြိုးစားကာ ပါတီ၏အကန့်အသတ်ရှိအရင်းအမြစ်မှန်သမျှ(အချိန်၊ ငွေအား၊ လူအား) မည်သည့်တစ်ခုကိုမျှ မဲဆွယ်ရေးအဖွဲ့အတွက် လေလွင့်သုံးဖြုန်းပစ်စရာအကြောင်းမရှိပါ။

မဲဆွယ်ရေးအဖွဲ့တစ်ဖွဲ့သည် မဲဆန္ဒနယ်မြေအတွင်းရှိ လူတိုင်းအတွက် စာအုပ်စာပေများ စီစဉ်ပေးပြီး မဲဆန္ဒ ရှင်တိုင်းနှင့် တွေ့ဆုံရန်ကြိုးစားပါက မဲဆွယ်ရေးအဖွဲ့က မည်သည်အရာပင်ပြောပြော၊ လုပ်လုပ် အရေးမ ထားဘဲ မိမိတို့ကိုယ်စားလှယ်ကို မဲထည့်ကြမည့်မဟုတ်သော လူများအတွက် ငွေအားမြောက်များစွာ၊ အချိန် မြောက်များစွာ ဖြုန်းတီးသုံးစွဲရာကျနေတော့မည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မဲဆွယ်ရေးအဖွဲ့သည် မိမိတို့၏မဲဆွယ်ရေးအဆိုအမိန့်ဖြင့် စည်းရုံးသိမ်းသွင်း၍ရနိုင်ဖွယ် အရှိဆုံးမဲဆန္ဒရှင်အုပ်စုအရွယ်အစားသေးသေးပင်ဖြစ်သော်လည်း သိသာထင်ရှားသောအုပ်စုကို ဖော်ထုတ်နိုင် မည်ဆိုပါက ထိုလူများအပေါ်ကို အဓိကအာရုံထား ကြိုးပမ်းလုပ်ဆောင်နိုင်မည်ဖြစ်သလို၊ မိမိတို့၏မဲဆွယ်ရေး အဆိုအမိန့်ဖြင့် စည်းရုံးသိမ်းသွင်း၍ရနိုင်ဖွယ်အရှိဆုံးဖြစ်လာမည့် အဆိုပါမဲဆန္ဒရှင်များဆီ ထပ်ကာတလဲလဲအ ဆိုအမိန့်ကို ပို့ဆောင်ပေးရန် အရင်းအမြစ်များပိုသုံးစွဲရလိမ့်မည်ဖြစ်သည်။

ဥပမာ မဲဆွယ်ရေးအဖွဲ့သည် အနိုင်ရရန်အတွက်(ဤသည်မှာ လိုအပ်သောမဲအရေအတွက်အပေါ် အခြေခံထား လိမ့်မည်) မဲဆန္ဒရှင် ၃၃ရာခိုင်နှုန်းနှင့် ဆက်သွယ်ရန်လိုအပ်သည်ဟု တွက်ချက်မိပါက စည်းရုံး၍ရနိုင်ဖွယ်ရာ အရှိဆုံးဖြစ်သော အဆိုပါ ၃၃ ရာခိုင်နှုန်းအပေါ် အာရုံစိုက်သည်က ပိုမိုအကျိုးဖြစ်ထွန်းလိမ့်မည်ဖြစ်သည်။ မဲ ဆန္ဒနယ်မြေရှိ ရှိရှိသမျှသောမဲဆန္ဒရှင်တိုင်းကို ပစ်မှတ်ထားရန်ကြိုးစားပုံနှင့် ဤအချက်သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပါသည်။မဲဆန္ဒရှင်တိုင်းကိုချဉ်းကပ်သည့်အမှုတွင် မဲဆွယ်ရေးအဖွဲ့အနေဖြင့် အခြား ကိုယ်စား လှယ်ကို မဲထည့်မည်ဟု ဆုံးဖြတ်ထားပြီးသောသူဖြစ်စေ၊ သို့မဟုတ် မဲဆွယ်ရေးအဖွဲ့ကတင်ပြသော ကိုယ် စားလှယ်ကို သေချာပေါက်မဲထည့်မည်ဟု ယုံကြည်ထားပြီးသောသူဖြစ်စေ မဲဆန္ဒရှင်အများအပြားနှင့် ဆက် သွယ်နေရလိမ့်မည်။ ဤနည်းလမ်းသည် အချိန်ကုန်ပြီး အရင်းအမြစ်များကို ဖြုန်းတီးရာကျပါသည်။

မဲဆွယ်ရေးအဖွဲ့တွင် အရင်းအမြစ်များရှိလျှင် နယ်မြေခရိုင်တွင်းရှိသမျှ မဲဆန္ဒရှင်တိုင်းဆီ တစ်ကြိမ်တည်းဖြင့် အရောက်လှမ်းနိုင်ရေးကြိုးစားမည့်အစား ထောက်ခံမှုပေးနိုင်ဖွယ်အရှိဆုံးသူများဆီ သုံးကြိမ်သုံးခါ အရောက် လှမ်းနိုင်ရေးကို ပစ်မှတ်ထားကြိုးစားနိုင်သည်ဟု ဆိုလိုရင်းဖြစ်သည်။ မဲဆန္ဒရှင်များကို မဲဆွယ်ရေးအဖွဲ့က ပို မိုအာရုံစိုက်လာရေး သုံးကြိမ်ပေးထားသဖြင့် မဲဆန္ဒရှင်များကို စည်းရုံး၍ရနိုင်ဖွယ်အလားအလာကို မြှင့်တင် ပေးရာလည်းကျပါလိမ့်မည်။

မဲဆွယ်ရေးကို မစတင်ခင် မဲဆန္ဒရှင်များကို ပစ်မှတ်ထားပြီး အဆိုပါပစ်မှတ်ထားမှုကို မဲဆွယ်ရေးအစီအစဉ်၏ မျက်နှာစာတိုင်းတွင် ထည့်သွင်းပေါင်းစပ်လုပ်ဆောင်ခြင်းအားဖြင့် မဲဆွယ်ရေးအဖွဲ့များအနေဖြင့် မိမိတို့၏အ ရင်းအမြစ်များကို အဓိကထားရာမဲဆန္ဒရှင်အမျိုးအစားအပေါ် ဦးစားပေးခြင်းမျိုးမရှိဘဲ မဲဆွယ်ခြင်းထက် အများကြီး ပိုမို ချဲ့ကားသုံးစွဲ၍ရနိုင်လိမ့်မည်ဖြစ်သည်။ ပစ်မှတ်ထားခြင်းကြောင့် မဲဆွယ်ရေးအဖွဲ့သည် အချိန် ကုန်ခံ၊ငွေအကုန်ခံကာ စည်းရုံးထားသောမဲဆန္ဒရှင်များကသာ မိမိတို့၏အဆိုအမိန့်ကို ကြားပြီးနောက် မိမိတို့ ကိုယ်စားလှယ်အား မဲထည့်ဝင်နိုင်ဖွယ်ရှိမည်ဟူသောအချက်ကို သေချာအောင်လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ် မှုကို ရေရှည်တည်အောင်လုပ်ဆောင်ခွင့်ရှိလာနိုင်သည်။

ပစ်မှတ်အုပ်စုများ

မိမိတို့၏မဲဆန္ဒရှင်များ မည်သည့်နေရာတွင် အခြေစိုက်နေထိုင်သည်၊ မိမိတို့မဲဆန္ဒနယ်မြေက မည်သည့်အရာ ဖြစ်သည်ဟူသောအချက်တို့ကို ပါတီက စုံစမ်းမှုပြုရသည်။ တစ်ဆက်တည်းမှာပင် ပါတီသည် အဆိုပါမဲဆန္ဒ နယ်မြေရှိ လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ သို့မဟုတ် တိုင်းရင်းသားလူနည်းစုများကဲ့သို့ သီးခြားပစ်မှတ်အုပ် စုများကို ဖော်ထုတ်ခွဲခြားကြည့်နိုင်သည်၊ ထို့နောက် ၎င်းအုပ်စုတစ်စုချင်းစီအတွက် သီးခြားအဆိုအမိန့်များကို စီစဉ်သတ်မှတ်ထားနိုင်သည်၊ အဆိုအမိန့်အားလုံးမှာမူ မဲဆွယ်စည်းရုံးရေး၏အဓိကပင်မအဆိုအမိန့်အပေါ်အ ခြေခံထားရမည်ဖြစ်သည်။ မဲဆန္ဒနယ်မြေကို ပိုမိုအရွယ်အစားသေးသော ပစ်မှတ်အုပ်စုများအဖြစ် ခွဲခြားကြည့် နိုင်စရာ အတိုင်းအတာ ကန့်သတ်ချက်မျိုး လက်တွေ့တွင်မရှိပါ။ အသက်အရွယ်၊ တိုင်းရင်းသားဇာစ်မြစ် သို့မ ဟုတ် ဘာသာရေးဆက်နွှယ်မှု၊ မြို့နယ် သို့ တိုင်းဒေသအစရှိသည့်အချက်အလက်တို့နှင့်အညီ ခွဲခြားကြည့်နိုင် စရာအကန့်အသတ်မရှိခြင်းပင်ဖြစ်သည်။ အသေးစားပစ်မှတ်အုပ်စုများအတွက် အသေးစားအဆိုအမိန့်များ ချ မှတ်ဖော်ထုတ်ပြခြင်းသည် အလွန်အသုံးဝင်ပြီး တန်ဖိုးရှိနိုင်သည်။ ဤသို့ဖော်ထုတ်ပြရာတွင် တိုက်ရိုက်မေးလ် ပို့ခြင်း၊ သီးခြားစာစောင်များတွင်ကြော်ငြာခြင်း သို့မဟုတ် ယဉ်ကျေးမှုအခမ်းအနားများတွင် ကြေညာခြင်းကဲ့ သို့ (အကုန်အကျများသော) ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပါဝင်လိမ့်မည်။ ဥပမာ မဲဆွယ်ရေးသည် ကျောင်းသားစာစဉ်များ၊ အင်တာနက်၊ ကျောင်းသားအစည်းအရုံးများနှင့် သမဂ္ဂများ၊ တက္ကသိုလ်များတွင်ပြု လုပ်သောပွဲများ၊ ကျောင်းသားမီဒီယာ အစရှိသည်တို့မှ တစ်ဆင့် ကျောင်းသားများဆီ အရောက်လှမ်းသွားနိုင် ပါသည်။

ပစ်မှတ်မဲဆန္ဒရှင်များကို စည်းရုံးသိမ်းသွင်းခြင်း

သတိထားရမည့်အရေးပါသောစည်းမျဉ်းတစ်ရပ်မှာ ပါတီတစ်ဖွဲ့ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးသည် ပိုပို ကျယ်ပြန့်လာသော ပရိသတ်အင်အားထုတစ်ရပ်ဆီ ဆိုက်ရောက်နိုင်ရေးကြိုးစားသည့်အခါ ထိုပါတီ သို့မ ဟုတ် ကိုယ်စားလှယ်၏အဆိုအမိန့်မှာ ၎င်းပရိသတ်အတွက် မရှင်းမလင်းဖြစ်လာကာ ပိုအားနည်းသွားတတ် ခြင်းဖြစ်သည်။ အဆုံးစွန်အားဖြင့် လူတိုင်းကို ဘာမဆိုရမည်ဟု ကတိပေးနေသည့် ပါတီ သို့မဟုတ် ကိုယ် စားလှယ်တွင် ပေးစရာအဆိုအမိန့်ဗလာနတ္ထိရှိနေပြီး မည်သည့်မဲဆန္ဒရှင်ကမှ ယုံကြည်ကိုးစားထိုက်တော့ မည်မဟုတ်၊ သို့မဟုတ် စိတ်ဝင်စားတော့မည်မဟုတ်တော့ပေ။

ထို့ကြောင့် ပစ်မှတ်ထားခြင်း၏ရည်မှန်းချက်သည် လွှတ်တော်တွင်း အမတ်တစ်နေရာရရှိရေး လိုအပ်သော မဲ အရေအတွက်အတူတူလောက်ကို အနီးစပ်ဆုံးပေးနိုင်မည့် မဲဆန္ဒရှင်ပမာဏတစ်ခုအပေါ်အဓိကထားကာ မဲ ဆွယ်စည်းရုံးရန် အားထုတ်သင့်ခြင်းဖြစ်သည်။ ပစ်မှတ်ပရိသတ်က ကျဉ်းမြောင်းလွန်းပါက အနိုင်ရရန် မဲအလုံ အလောက်ကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ပစ်မှတ်ပရိသတ်က ကျယ်ပြန့်လွန်းပါကလည်း ပေးစရာအဆိုအ မိန့်မှာ အလွန်ပြန့်နှံ့မှုဖြစ်လာပြီး အာရုံစိုက်မှုပိုင်းပိုကောင်းသည့် ကိုယ်စားလှယ်များက အဆိုအမိန့်ပါအစိတ် အပိုင်းများနှင့် မဲဆန္ဒရှင်အစိတ်အပိုင်းတချို့ကို ဖဲ့ထုတ်ခိုးယူသွားပါလိမ့်မည်။

မဲဆန္ဒနယ်မြေကို ပိုင်းခြားခြင်း

မဲဆွယ်ရေးအဖွဲ့က မဲဆန္ဒရှင်များကို စတင်ပစ်မှတ်ထားနေသည့်အခါ ပထမဆုံးလုပ်ရမည့်အဆင့်မှာ မဲဆန္ဒ နယ်မြေတစ်ခုလုံး(မဲဆန္ဒရှင်များအားလုံး)ကို အုပ်စုသုံးစုအဖြစ် ပိုင်းခြားလိုက်ရန်ဖြစ်သည်။

  • မိမိတို့ ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို မဲထည့်မည့် လူများ
  • သင့်ကို မဲပေးရန်စဉ်းစားနေ/ဆုံးဖြတ်ရခက်နေသော လူများ
  • အခြားပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို မဲထည့်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော လူများ

တတိယလူအုပ်စုကမူ ဆုံးရှုံးထားပြီးဖြစ်သောအကြောင်းတရားတစ်ရပ်ဖြစ်သည်၊ အကြောင်းမူ ထိုလူများကို မဲဆွယ်ရေးက မည်သည့်အခါမျှ အနိုင်ယူစည်းရုံးနိုင်မည်မဟုတ်ခြင်းကြောင့်ဖြစ်သည်။ ထိုလူများကို စည်းရုံး ရန်ကြိုးပမ်းမှုအားလုံးသည် စွမ်းအားဖြုန်းတီးမှုတစ်ရပ်ပင်။ ရွေးကောက်ပွဲတိုက်ပွဲသည် ဆုံးဖြတ်ရခက်နေ သော မဲဆန္ဒရှင်အုပ်စုအပေါ် အဓိကအာရုံထားရမည်၊ ယင်းအုပ်စုကို အဆုံးအဖြတ်မဲဆန္ဒရှင်များ သို့မဟုတ် “အတည်တကျမဖြစ်သေးသောမဲဆန္ဒရှင်များ”ရယ်ဟု ခေါ်ကြ၏။ ယင်းလူများအပေါ် အနိုင်ရရှိရန် မဲဆွယ်ရေး အနေဖြင့် အလွန်ကို ထိခိုက်မခံဘဲ သီးခြားဆန်သောပစ်မှတ်အုပ်စုများဆီ တိုက်ရိုက်ဦးတည်ကာ မတင်းလွန်း မလျော့လွန်းသော  ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်လိမ့်မည်၊ သီးခြားအုပ်စုတစ်စုချင်းစီအတွက် ယင်း တို့နှင့် သီးခြားလိုက်လျောညီညွတ်ကာ ပြေလည်မှုရှိစေမည့် အဆိုအမိန့်တစ်ရပ်ကိုတော့ လို အပ်သည်။

ပါတီ၏မဲဆန္ဒရှင်ပြည်သူကို အုပ်စုသုံးစုအဖြစ် ထပ်မံခွဲခြားကြည့်နိုင်သည်

၁။ အခြားပါတီကို မဲထည့်ရန်စဉ်းစားနေသောကြောင့် ၎င်းတို့အပေါ်အနိုင်ယူရန် လိုအပ်သည့် အလားအ လာရှိသော မဲဆန္ဒရှင်များ

၂။ လုံးလုံးမဲပေးနိုင်ခြင်းမရှိသည့် အားနည်းသောမဲဆန္ဒရှင်များ။ ထိုမဲဆန္ဒရှင်များသည် အခြားပါတီကို မဲ ထည့်ရန်စဉ်းစားနေခြင်းမဟုတ်ဘဲ၊၎င်းတို့ကို အမှန်နိုးကြားလာပြီး မဲထည့်လာရန် စည်းရုံးသိမ်းသွင်း ပေးရမည်သာဖြစ်သည်။

၃။ မဲဆွယ်ရေးအတွက် မည်သည့်အရာနှင့် မည်သူ့ကို ဦးတည်လှုပ်ရှားသည်ဖြစ်စေအရေးမထားဘဲ ပါတီ ၏ကိုယ်စားလှယ်ကို မဲထည့်မည့် အားကောင်းသောမဲဆန္ဒရှင်များ

ဤအုပ်စုသုံးစုကိုကြည့်၍ “အလားအလာရှိသော” နှင့် “အားနည်းသော” မဲဆန္ဒရှင်များကို စည်းရုံးရေးအတွက် မဲဆွယ်ရေး၏စွမ်းအားနှင့် ရန်ပုံငွေများကို သုံးစွဲသင့်သည်ဟူသောအချက်က အထင်အရှားဖြစ်နေသည်။ အား နည်းသောမဲဆန္ဒရှင်များကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပြီး မဲသွားပေးခိုင်းရန် အဓိကအရေးကြီးသလို၊ အလားအလာရှိသောမဲဆန္ဒရှင်များကိုမူ ပါတီ၏ကိုယ်စားလှယ်ကို မဲထည့်ရန်အတွက် စည်းရုံးသိမ်းသွင်းရန် အရေးကြီးသည်။​

ခေတ်သစ်ဒီမိုကရေစီနိုင်ငံတွင် ပါတီများသည် ယေဘုယျအားဖြင့် ကိုယ်ပိုင်ထောက်ခံမှုအ ခြေခံအပေါ်မှီတည်ကြသည်၊ ထို့အပြင် အလားတူ မိမိတို့ရရှိနိုင်သည့် “အဆုံးအဖြတ်”မဲဝေစုများအပေါ်ကို လည်း မှီခိုကြသည်။ ထို့ကြောင့် (အားနည်းသော) ထောက်ခံသူများနှင့် အလားအလာရှိသောထောက်ခံသူများ သည် ပစ်မှတ်ထားစရာ အုပ်စုများဖြစ်လာကြသည်။ တစ်ဖက်တွင် စွန့်စားရသည်တော့ရှိသည်၊ ယင်းမှာ မိမိ တို့ကိုယ်ပိုင် ထောက်ခံမှုအခြေခံ (“အားကောင်းသော”မဲဆန္ဒရှင်များ) ကို ပါတီ သို့မဟုတ် မဲဆွယ်ရေးက လျစ် လျူရှုလိုက်မိသလိုဖြစ်မည့်ကိစ္စပင်။ ဤစွန့်စားရမည့်ကိစ္စကိုတော့ ဖြစ်သည့်နည်းနှင့် ကာကွယ်သင့်ပါသည်။ အဆိုပါထောက်ခံမှုအခြေခံကို ဆုံးရှုံးလိုက်ရလျှင် မဲဆွယ်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး အောင်မြင်နိုင်ဖွယ်ရာမရှိ တော့ပါ။

ဤကိစ္စကို ကာကွယ်နိုင်မည့်အကောင်းဆုံးနည်းလမ်းမှာ ပါတီ၏အဆိုအမိန့်ကို ပြန့်နှံ့သွားစေရန် မဲ ဆွယ်ရေးလုပ်ငန်းစဉ်ထဲ အောက်ခြေလူတန်းစားထောက်ခံသူများကိုပါ ထည့်သွင်းပစ်မှတ်ထားရေးဖြစ်သည်။ ဆိုလိုသည်မှာ ပါတီ၏ပင်မအဆိုအမိန့်အပေါ် အဆိုပါလူတန်းစားထောက်ခံသူများ ယုံကြည်လာစေရန် စည်း ရုံးသည့် အစောပိုင်းအဆင့်တွင် အချိန်များစွာရင်းနှီးဆောင်ရွက်မှသာ အပြန်အလှန်အားဖြင့် ထိုလူတန်းစား များက မဲဆွယ်ရေးအတွင်း ပါတီ၏ပင်မအဆိုအမိန့်အားထပ်ဆင့်ပြန့်နှံ့စေမည့် သံတော်ဆင့်များဖြစ်လာနိုင် သည့်သဘောဖြစ်သည်။

အထက်ပါအမျိုးအစားခွဲခြားမှုများကို အသက်အရွယ်၊ ပထဝီနယ်မြေ၊ လိင်၊ အလုပ်အကိုင်အစရှိသောအချက် အလက်တို့ဖြင့် ပိုင်းခြားထားတတ်ကြသည်။ မည်သည့်မဲဆန္ဒရှင်များသည် ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို ထောက်ခံမဲပေးလာနိုင်ဖွယ်အရှိဆုံးဖြစ်သည်ဟူသောအချက်ကို သိနားလည်ထားခြင်းအားဖြင့် မဲဆွယ်ရေးလှုပ် ရှားဆောင်ရွက်ချက်များကို ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ စေတနာ့ဝန်ထမ်းများဖြည့်တင်းခြင်း၊ မဲဆန္ဒရှင် ပညာပေးဆောင်ရွက်မှုနှင့် မဲဆွယ်ရေးတို့အတွက် မဲဆန္ဒရှင်ပစ်မှတ်ထားခြင်းသည် အရေးကြီးသည်။ ထို့အ ပြင် မဲစာရင်းကောက်ယူခြင်း(GOTV) ဆောင်ရွက်ချက်များအတွက်လည်း အရေးကြီးသည်။ ကိစ္စရပ်တစ်ခုချင်း စီတွင် ပါတီများ၌ အရင်းအမြစ်များ(အချိန်၊ ငွေအားနှင့် လူအား)သည် အလွန်အကန့်အသတ်နှင့်ရှိနေသည်။ မဲ ဆန္ဒရှင်ပစ်မှတ်ထားခြင်းသည် ပါတီများကို မိမိတို့၏အရင်းအမြစ်များအား ချဲ့ထွင်လာနိုင်စေရန် အကူအညီ ပေးသည်။

မဲဆန္ဒရှင်များကို ပစ်မှတ်ထားခြင်း

မဲဆွယ်ရေးကို မစတင်ခင် မဲဆွယ်ရေးအဖွဲ့ဝင်က အတိတ်ကရွေးကောက်ပွဲများ၊ ယခင်က မဲဆန္ဒရှင်စာရင်းအ ရေအတွက်များနှင့် မဲဆန္ဒနယ်မြေအချက်အလက်(ပထဝီနယ်မြေအရနှင့် သန်းခေါင်စာရင်းအရပါ)တို့ကို သု တေသနလုပ်သင့်သည်။

ပထမဆုံးအဆင့်မှာ ရွေးကောက်ပွဲနိုင်ရန် ဆန္ဒမဲအရေအတွက် မည်ရွေ့မည်မျှ ရရှိရန်လိုအပ်မည်ကို ဆုံးဖြတ် ခြင်းဖြစ်သည်။ ဤလိုအပ်ချက်ကို ဆုံးဖြတ်ပြီးသောအခါ မဲဆွယ်ရေးအဖွဲ့က အလားအလာရှိသောမဲဆန္ဒရှင် များနှင့် အခြားမဲဆန္ဒရှင်များကြား ကွဲပြားနေသည့်အရာကို တွက်ချက်ရန်လိုအပ်သည်။ အဓိကမေးခွန်းများ တွင် အောက်ပါတို့ ပါဝင်သည်

  • မဲဆွယ်ရေးအဖွဲ့သည် မည်သို့သောမဲဆန္ဒရှင်အမျိုးအစားကို ရှာဖွေနေပါသနည်း။
  • မည်သည့်အုပ်စုကို အဓိကအာရုံထားလုပ်ဆောင်သနည်း။
  • ကိုယ်စားလှယ်ကို မည်သည့်အဖွဲ့အစည်း သို့မဟုတ် နယ်မြေလူဦးရေစာရင်းက ထောက်ခံမှုပေးမည် နည်း။
  • အဆိုပါမဲဆန္ဒရှင်များ မည်သည့်နေရာတွင် နေထိုင်ကြသနည်း။

ဤအချက်ကို ဆုံးဖြတ်ရန်နည်းလမ်းနှစ်သွယ်ရှိသည်၊ ပထဝီနယ်မြေအလိုက်ပစ်မှတ်ထားခြင်းနှင့် နယ်မြေလူ ဦးရေစာရင်းအလိုက်ပစ်မှတ်ထားခြင်းတို့ပင်ဖြစ်သည်။ မဲဆွယ်ရေးအများစုသည် ယင်းနည်းလမ်းနှစ်သွယ်ကို ပေါင်းစပ်၍တချို့တလေအသုံးပြုလိမ့်မည်။

ပထဝီနယ်မြေအလိုက်ပစ်မှတ်ထားခြင်း

ပထဝီနယ်မြေအလိုက်ပစ်မှတ်ထားခြင်းဟူသည်မှာ နေထိုင်ရာနေရာအပေါ်အခြေခံပြီး မည်သည့်မဲဆန္ဒရှင်များ က ကိုယ်စားလှယ်ကို မဲထည့်မည်ဟူ၍ စဉ်းစားဆုံးဖြတ်ခြင်းကို ရည်ညွှန်းသည်။ ဥပမာ ကိုယ်စားလှယ် “က” သည် မြို့နယ် “က” တွင်နေထိုပြီး လူသိများသလို၊ ၎င်း၏အိမ်နီးနားချင်းများကလည်း နှစ်သက်ကြသည်ဟုဆို ပါစို့။ ကိုယ်စားလှယ် “ခ”သည် မြို့နယ် “ခ”တွင် နေထိုင်ပြီး လူသိများကာ အိမ်နီးနားချင်းများက နှစ်သက်ကြ သည်ဆိုပါစို့။ ကိုယ်စားလှယ် “က” ၏ ထောက်ခံသူအများစုသည်  မြို့နယ် “က”မှ လာ၍မဲထည့်ကြသူများ ဖြစ်ပြီး “က”အနေဖြင့် ၎င်းကို အကောင်းဆုံးကိုယ်စားလှယ်ပါဟု ပြိုင်ပွဲ၌ ယုံကြည်ထားနှင့်ပြီးမဟုတ်သော  ဒေသခံများကို စည်းရုံးရန် မြို့နယ် “ဂ”သို့ သွားရောက်ဖို့ လိုအပ်သည်။ ဤအချိန်တွင် ကိုယ်စားလှယ် “က” သည် မြို့နယ် “ခ” သို့ သွားပြီး ကိုယ်စားလှယ် “ခ”၏ ဒေသခံများနှင့် အိမ်နီးနားချင်းများကို စည်းရုံးရန် ကြိုး စားပါက မိုက်မဲရာကျသလို၊ အလဟဿအချိန်ဖြုန်းရာကျလိမ့်မည်။

မဲဆန္ဒနယ်မြေအဆင့်တွင် မဲရည်မှန်းချက်များကို တွက်ချက်ခြင်းသည် နိုင်ငံရေးပါတီများအတွက် နယ်မြေတစ် ခုစီကို ခွဲဝေပေးထားသင့်သည့် လူအား၊ အချိန်အားနှင့် ငွေအားစသည့်ပမာဏကို စီစဉ်ချမှတ်ရာ၌ အထောက် အပံ့ဖြစ်စေသည်။ ရေရာသေချာသော ပထဝီနယ်မြေဒေသများတွင် သီးခြားမဲပေးမှုနှုန်းများရှိတတ်ပြီး ရွေး ကောက်ပွဲသံသရာလည်၍မဆုံးအကြိမ်ကြိမ်ကျင်းပတိုင်း နောက်လိုက်အကွဲအပြဲများ ထပ်ကာတလဲလဲဖြစ် ပေါ်တတ်သည်။

ယေဘုယျအားဖြင့် မဲဆန္ဒနယ်မြေများကို အမျိုးအစားသုံးမျိုး ခွဲခြားကြည့်နိုင်သည်။ လူအများစုကြီးက သင့်ပါ တီကို မဲထည့်ကြမည့် ကျေးရွာ အုပ်စုများ နှင့်/သို့ ရပ်ကွက်များ၊ လူအများစုက တခြားပါတီကို မဲထည့်ကြမည့် ကျေးရွာ အုပ်စုများ နှင့်/သို့ ရပ်ကွက်များ နှင့် မည်သည့်ပါတီက မဲဆန္ဒရှင် အများစု၏ဆန္ဒမဲများကို ရရှိမည်ဟူ ၍ မရေမရာဖြစ်နေသော ကျေးရွာ အုပ်စုများ နှင့်/သို့ ရပ်ကွက်များ ဟူ၍ဖြစ်ပါသည်။

မဲဆန္ဒနယ်မြေ၏ကျေးရွာ အုပ်စုများ နှင့်/သို့ ရပ်ကွက်များကို လေ့လာကြည့်ရာတွင် အဆိုပါကျေးရွာ အုပ်စု များ နှင့်/သို့ ရပ်ကွက်များမှ မိမိတို့ ကိုယ်စားလှယ်အား ထောက်ခံမဲပေးအောင် ဆွယ်လိုက်ခြင်းဖြင့် မဲဆွယ် ရေး အောင်မြင်နိုင်သည် ဟူသောအချက် သို့မဟုတ် အဆုံးအဖြတ် သို့ အတိုက်အခံကျေးရွာ အုပ်စုများ နှင့်/သို့ ရပ်ကွက်များကိုပင် ပစ်မှတ်ထားရန်လိုအပ်သည်ဟူသောအချက်တို့ကို တွေ့မြင်ရလိမ့်မည်။

မဲဆန္ဒရှင်များကို စည်းရုံးနိုင်စွမ်းသည် တစ်သမတ်တည်းမဲပေးမည်မဟုတ်သော မဲဆန္ဒနယ်မြေတစ်ခုရှိ မဲဆန္ဒ ရှင်များ၏ရာခိုင်နှုန်းပင်ဖြစ်သည်။ ရွေးကောက်ပွဲတစ်ခုတည်းဖြစ်စေ၊ ရွေးကောက်ပွဲနှစ်ခုဖြစ်စေ ကိုယ်စား လှယ်အတူတူကိုပင် ပေးသည့် မဲရာခိုင်နှုန်းမှာ မတူကွာခြားသည်။ မဲဆန္ဒရှင်များသည် ပေးသည့်မိမိတို့၏မဲ  (ရွေးကောက်ပွဲတစ်ခုတည်းတွင် မတူသောတိမ်းညွှတ်မှုအမျိုးမျိုးဖြင့် ကိုယ်စားလှယ်များကို ထည့်သည့်မဲ) ကို “ခွဲထည့်”ခြင်းလည်းရှိသည်၊ သို့မဟုတ် ပေးသည့် မိမိတို့၏ မဲ(နှစ်ခုထက်မကကျင်းပသောရွေးကောက်ပွဲတစ် လျှောက်လုံး မတူသောတိမ်းညွှတ်မှုအမျိုးမျိုးဖြင့် ကိုယ်စားလှယ်များကို ထည့်သည့်မဲ)ကို “ပြောင်းထည့်” ခြင်းလည်းရှိသည်။  

ဥပမာ ရွေးကောက်ပွဲတစ်ခုတည်းမှာပင် ပါတီ ‘က’(ကျေးလက်ရေးရာများကို အဓိကထား သော လက်ဝဲယိမ်းပါတီ) ကိုထည့်သောမဲ နှင့် ပါတီ ‘ခ’ (ကျေးလက်ရေးရာများကို အဓိကထားသော လက်ဝဲ ယိမ်းပါတီ)ကို ထည့်သောမဲ သည် တစ်ဝက်စီဖြစ်ပြီး ဤအခြင်းအရာမှာ မဲဆန္ဒနယ်မြေတစ်ခုတည်းမှာပင် မဲခွဲ ထည့်ခြင်းပင်ဖြစ်သည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ပါတီ ‘က’အတွက် မဲဆန္ဒရှင်အများစုက မဲထည့်ပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပါတီ ‘ခ’ အတွက် မဲဆန္ဒရှင်အများစုက မဲထည့်လျှင် ဤဖြစ်ရပ်သည် မဲပြောင်း ထည့်ခြင်း ဖြစ်ပါလိမ့်မည်။

မဲဆွယ်ရေး၏ကြိုးပမ်းချက်များဖြင့် စည်းရုံး၍ရနိုင်စရာအရှိဆုံးမဲဆန္ဒရှင်များမှာ “မဲခွဲထည့်သူများ”နှင့် “မဲ ပြောင်းထည့်သူများ”ဖြစ်ကြသည်ဟု ယေဘုယျယူဆကြသည်။ ဤအချက်ကြောင့် မဲဆွယ်ရေးအများစုသည် စည်းရုံးနိုင်စွမ်းမြင့်မားသည့် မဲဆန္ဒနယ်မြေများတွင် ပိုစတာများ၊ အိမ်တိုင်ရာရောက်မဲဆွယ်မှုအစရှိသဖြင့် မဲ ဆွယ်ရေးကြိုးပမ်းချက် အများစုကို သုံးစွဲကြသည်။ ဥပမာ ၂၀၀၅ ရွေးကောက်ပွဲများတွင် ဗြိတိန်နိုင်ငံ၌ မဲဆန္ဒ နယ်မြေပေါင်း ၆၀၀ကျော်မှ ၁၀၀ခန့်သည် အရေးမပါသောအမတ်နေရာများဖြစ်ခဲ့ကြသည်။ အကျိုးဆက်အား ဖြင့် အဆိုပါမဲဆန္ဒနယ်မြေ ၁၀၀တွင် မဲဆွယ်ရေးအဖွဲ့က ရှိသမျှစွမ်းအားအများစုကို သုံးစွဲခဲ့ကြသည်။ မဲဆွယ် ရေးတွင် ဗြိတိသျှလေဘာပါတီသည် အရေးကြီးသောမဲဆန္ဒနယ်မြေများရှိ အဆုံးအဖြတ်မဲဆန္ဒရှင်များအားလုံး ထံ ဖုန်း၊ စာသားတိုပေးပို့ခြင်း၊ အီးမေးလ် သို့မဟုတ် တိုက်ရိုက်မေးလ်တို့ဖြင့် ပုဂ္ဂိုလ်ရေးအဆိုအမိန့်ခုနှစ်ချက် ကို ပေးပို့ရေးဟူသောရည်မှန်းချက်ကို ကိုယ်တိုင် ချမှတ်ခဲ့သည်။

ပူပူနွေးနွေးကျင်းပပြီးစီးခဲ့သောအလားတူရွေးကောက်ပွဲတွင် မဲစာရင်းပေးခဲ့ကြသည့် မဲဆန္ဒရှင်ရာခိုင်နှုန်းကို ကြည့်၍ မျှော်မှန်းမဲစာရင်းအရေအတွက်ကို ဆုံးဖြတ်နိုင်သည်။  မဲမထည့်ဘဲနေမည့် လူများအပေါ် မဲဆွယ်ရေး အရင်းအမြစ်များ သုံးစွဲသည်က အဓိပ္ပာယ်မရှိလှပါ၊ ထို့ကြောင့် မဲဆွယ်ရေးများသည် မဲထည့်နှုန်းပိုမြင့်မားနိုင် ဖွယ်အလားအလာတစ်ရပ်ရှိသည့် နယ်ပယ်များအပေါ်တွင် အရင်းအမြစ်များကို ပိုမိုသုံးစွဲသင့်သည်။

လူဦးရေစာရင်းအလိုက်ပစ်မှတ်ထားခြင်း

လူဦးရေစာရင်းအလိုက်ပစ်မှတ်ထားခြင်းဟူသည် မဲပေးသူဦးရေကို အုပ်စုအသီးသီး သို့မဟုတ် လူဦးရေအစုအ ပိုင်းခွဲများအဖြစ် ခွဲခြားလိုက်ခြင်းဖြစ်သည်။ ဤအုပ်စုများကို ခွဲထုတ်ရာတွင် အသက်အရွယ်၊ လိင်၊ ဝင်ငွေ၊ ပ ညာရေးအဆင့်အတန်း၊ အလုပ်အကိုင်၊ တိုင်းရင်းသားနောက်ခံ သို့မဟုတ် အခြားသိသာထင်ရှားသောအ အုပ်အသင်းဖွဲ့စည်းမှုတို့ကို အခြေခံပြုလုပ်နိုင်သည်။ ယခုလို လူဦးရေကို ခွဲချပစ်လိုက်ရခြင်းမှာ လူများတွင် တူညီသောအလေးထားချက်များရှိနိုင်ဖွယ်ရှိပြီး ကိုယ်စားလှယ်အတူတူကိုပင် မဲထည့်ကြဖွယ်ရှိသည်ဟု ဆိုလို ရင်းဖြစ်သည်။

ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို မဲထည့်ရန် စည်းရုံးခံရနိုင်သော မဲဆန္ဒရှင်အုပ်စုအတွင်းမှာပင် သီးခြားပစ် မှတ်အုပ်စုများ ရှိနိုင်ပြီး ၎င်းအုပ်စုအတွက် သင့်တော်မည့်အဆိုအမိန့်များကို စီစဉ်ရနိုင်ပါသေးသည်။ နိုင်ငံရေး ပါတီများအတွက် ပစ်မှတ်အုပ်စုများသည် လူ့အဖွဲ့အစည်း၏အစိတ်အပိုင်းဝင်သူများဖြစ်ကြသည်၊ ထိုသူများ တွင် အထူးတွယ်ငြိမှု(ရုပ်ပိုင်းအရဖြစ်စေ အတွေးအခေါ်အရဖြစ်စေ)တစ်ရပ်ရှိထားကြပြီး ၎င်းတို့ထံမှ မဲအရေ အတွက်အကြီးမားဆုံးရနိုင်သည်ဟု မျှော်လင့်နိုင်သည်။ ပစ်မှတ်ထားခြင်း၏အရေးပါသောအပိုင်းတစ်ခုမှာ မိမိ တို့ပစ်မှတ်အုပ်စုများ၏အလေးထားချက်များနှင့် နိုင်ငံရေးပါတီများက ဆက်စပ်မှုရှိရသည်ဟူသောအချက်ပင် ဖြစ်သည်။ ဤသို့ဆက်စပ်မှုရှိရန်အလို့ငှာ ရွေးကောက်ပွဲလမ်းစဉ်ကို ဖန်တီးထားသည့်တိုင် မည်သည့်အုပ်စု များကို မိမိတို့ ပစ်မှတ်ထားချင်သည်ဟူ၍ ပါတီများက ဆုံးဖြတ်ရမည်ဖြစ်သည်။

ဥပမာ နိုင်ငံရေးပါတီတစ်ဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၏ (ငွေရေးကြေးရေး)ပိုမိုကောင်း မွန်သောအခြေအနေတစ်ရပ်ရရှိရေးအတွက် ယှဉ်ပြိုင်ချင်ကြသည်ဟုဆိုပါစို့။ ထိုအခါ ဤပါတီ၏ပစ်မှတ်အုပ် စုတွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် မှီခိုနေသည့် လူများပါ ဝင်နေပါလိမ့်မည်။  ဤအချက်ကိုသိထားကာ ပါတီသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်သည့်အ ဆောက်အအုံများသို့ သွားရောက်ကြည့်ရှုရန် စီစဉ်နိုင်သည်၊  အဆိုပါပစ်မှတ်အုပ်စုအပေါ် အဓိကထားကာနိုင် ငံရေးစျေးကွက်ဆင်းနိုင်သည်၊ မည်သည့်မီဒီယာကို အသုံးပြုမည်ကို ဆုံးဖြတ်နိုင်သည်၊ အဆိုပါပစ်မှတ်အုပ်စု ထဲတစ်သားတည်းပါဝင်နေသော လူများကို ကိုယ်စားလှယ်များအဖြစ် မြေတောင်မြှောက် လူသစ်မွေးခြင်းမျိုး ကိုလည်း လုပ်ကောင်းလုပ်လာနိုင်သည်။

အုပ်စုများအတွင်းက အုပ်စုများကိုပင် ဆုံးဖြတ်ရန် ပစ်မှတ်ထားခြင်းကိုလည်း အသုံးပြုနိုင်သေးသည်။ ဥပမာ လုပ်ငန်းခွင်ဝင်အမျိုးသမီးများသည် အမျိုးသမီးများထဲကမှ အရွယ်အစားပိုသေးသောအစုအပိုင်းခွဲတစ်ရပ်ဖြစ် ပါလိမ့်မည်။ ကလေးရှိသောလုပ်ငန်းခွင်ဝင်အမျိုးသမီးများသည် လုပ်ငန်းခွင်ဝင်အမျိုးသမီးများထဲကမှ အရွယ် အစားပို၍ပင်သေးငယ်သောအစုအပိုင်းခွဲတစ်ခုဖြစ်နေပါလိမ့်မည်။ ကလေးရှိသောလုပ်ငန်းခွင်ဝင်အမျိုးသမီး များသည် ကလေးနှင့်ပတ်သက်လျှင် အလွန်အထူးတလည်အရေးထားစဉ်းစားချက်များရှိနိုင်သည်၊ ထိုအခါ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးလျှင် ကိုယ်စားလှယ်အတွက် အဆိုပါလုပ်ငန်း ခွင်ဝင်အမျိုးသမီးများထံမှ မဲရာခိုင်နှုန်းကြီးကြီးမားမားရရှိအောင် စည်းရုံး၍ရနိုင်ဖွယ်ရှိသည်။  

ပထဝီနယ်မြေအလိုက်ပစ်မှတ်ထားခြင်းက မည်သည့်နေရာတွင် လူများနေထိုင်သည်နှင့် ထိုလူများ၏အတိတ် က မဲပေးမှုရလဒ်များကို အဓိကထားကြည့်ချိန်တွင် တစ်ဖက်၌ လူဦးရေအလိုက်ပစ်မှတ်ထားခြင်းကမူလူဦးရေ စာရင်းတူညီသော အထက်ပါလူများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်ဟူ၍ ဆွေးနွေးချက်တစ်ခုကိုပါ ထည့်သွင်းလိုက်သေးသည်။ ဥပမာ ကလေးရှိလုပ်ငန်းခွင်ဝင်အမျိုးသမီးများ မည်သည့်အရပ်တွင် စုဝေးရှိကြ သည်၊ သတင်းအချက်အလက်ကို ၎င်းတို့ မည်သည့်နေရာတွင်ရရှိသည်၊ သို့မဟုတ် မဲဆွယ်ရေးအဖွဲ့က ထိုအ မျိုးသမီးများထံ မိမိတို့၏အဆိုအမိန့်ကို မည်သည့်နေရာတွင် သွားရောက်ဆက်သွယ်ပေးရန် လိုအပ်မည်အစ ရှိသောသတင်းအချက်အလက်တို့ကို ကြည့်၍ပစ်မှတ်ထားခြင်းဖြစ်သည်။ မည်သည့် လူဦးရေအလိုက်အုပ်စု များကို ပစ်မှတ်ထားမည်ဟု ဖော်ထုတ်ရာတွင် တန်းတူအရေးကြီးသည့်အချက်က အဆိုပါအုပ်စုများကို မည် သည့်နေရာတွင် ရှာတွေ့နိုင်မည်ဟူ၍ ထည့်ဆွေးနွေးခြင်းပင် ဖြစ်သည်။

စံချိန်စံညွှန်းမီသောပစ်မှတ်အုပ်စုများ

ရွေးကောက်ပွဲမဲဆွယ်ရေးများတွင် လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ တိုင်းရင်းသားလူနည်းစုများနှင့် အမျိုးသ မီးများသည် သာမန်ပစ်မှတ်ထားနေကျအုပ်စုများဖြစ်သည်။ အဆိုပါအုပ်စုတစ်စုချင်းစီအတွက် မဲဆွယ်ရေးအ ဖွဲ့က သီးခြားအုပ်စုနှင့် ဆက်စပ်ညီညွတ်မည့် အဆိုအမိန့်တစ်ရပ်(ဘုံချမှတ်ထားသောပင်မအဆိုအမိန့်မူ ဘောင်အတွင်းကပင်)ကို စီစဉ်ချမှတ်ပေးရလိမ့်မည်ဖြစ်သည်။ ပစ်မှတ်အုပ်စုတစ်စုစီအတွက် အသုံးတည့်နိုင် သည့် မီဒီယာစာရင်းများကိုလည်း မဲဆွယ်ရေးအဖွဲ့က ပြုစုထားသင့်သည်၊ အဆိုပါအုပ်စုများ စိတ်ဝင်စားမှုရှိ မည့်အရေးကိစ္စရပ်များကိုလည်း စုဆောင်းထားသင့်သည်၊ အဆိုပါအုပ်စုများထံ ဆက်သွယ်ပေးပို့မည့် အဆိုအ မိန့်များကိုလည်း ၎င်းအုပ်စုတို့နှင့် အကျိုးရှိမည့် ဘာသာစကားမျိုး၊ ဟန်ပုံစံမျိုးကို သုံး၍ဆက်သွယ်ရန် မဲ ဆွယ်ရေးအဖွဲ့က ပြင်ဆင်ထားသင့်သည်။ သာမန်ပစ်မှတ်ထားနေကျအုပ်စုများမှာ

လူငယ်လူရွယ်များ

မဲဆွယ်ရေးအဖွဲ့သည် လူငယ်များကို ထိတွေ့ဆက်ဆံချင်ပါက ၎င်းလူငယ်များကို အုပ်စုတစ်စုအဖြစ် ပါတီက အလေးအနက်ထားကြောင်း ပြသရန်အလွန်အရေးပါသည်။  ရွေးကောက်ပွဲအဆိုအမိန့်ထဲ လူငယ်များ၏အ ကျိုးစီးပွားများကို ထည့်သွင်းပြောခြင်း၊ လူငယ်များနှင့်သက်ဆိုင်သည့် အရေးကိစ္စရပ်များကို ရှာဖွေခြင်း၊ လွှတ်တော်အမတ်နေရာများအတွက် လူငယ်များကို အဆိုပြုတင်သွင်းခြင်းစသည်တို့ကို လုပ်ဆောင်ခြင်းအား ဖြင့် အလေးအနက်ထားမှုကို ပြသနိုင်ပါသည်။ ဤနည်းအားဖြင့် ပါတီများကိုကြည့်လျှင် နိုင်ငံရေးနှင့် အထူး သဖြင့် ပါတီသည် လူငယ်များ၏အကျိုးစီးပွားကို အလေးအနက်ထားမှုရှိကြောင်း မြင်သာနိုင်သည်။

လူငယ်များသည် အလွန်ကွဲပြားခြားနားသောအုပ်စုတစ်စုဖြစ်သည်။ ပညာရေးအဆင့်တွင် အကြီးအမားကွဲပြား ချက်များရှိသလို၊ မတူကွဲပြားခြားနားသော ယဉ်ကျေးမှုခွဲအစုလေးများစွာလည်း ရှိသည်၊ တစ်နည်းအားဖြင့် တက္ကသိုလ်ကျောင်းသားများကို ချဉ်းကပ်ပုံသည် လူငယ်အလုပ်ကြမ်းသမားများကို ချဉ်းကပ်ပုံနှင့်မတူရန်လို အပ်သည်။ လူငယ်အများအပြားမှာ အားကစား၊ ဂီတ၊ အကအခုန်၊ ပြဇာတ်နှင့် မီဒီယာသစ်နှင့်ဆိုင်သမျှအရာ ရာတိုင်းကို စိတ်၀င်စားကြသည်။ ထိုထိုသောလူငယ်သီးခြားအုပ်စုအတွက် အထူးရေးသားထားသော အထက် ပါစိတ်ဝင်စားရာအကြောင်းကိစ္စရပ်များအကြောင်း လက်ကမ်းစာစောင်တစ်ခုဖြင့် ချဉ်းကပ်ကြည့်မည်ဆိုပါက ဟူ၍အမြင်တစ်ခုထွက်ပေါ်လာနိုင်သည်။ လူငယ်များထဲ ကိုယ့်သဘောဆန္ဒနှင့်ကိုယ် နိုင်ငံရေးအစည်းအဝေး များသို့ သွားရောက်တတ်သူ နည်းပါးသဖြင့် လူငယ်များ တွေ့ဆုံရာနေရာများကို သွားလည်ပတ်ရန် အရေးကြီး သည်။

အမျိုးသမီးများ

အမျိုးသမီးကဏ္ဍကိုမူ သီးခြားအရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးခြင်းအားဖြင့်လည်းကောင်း၊ အမျိုး သမီးနိုင်ငံရေးသမားများကို ရှေ့တန်းတင်ပေးခြင်းအားဖြင့်လည်းကောင်း တိတိကျကျ ပစ်မှတ်ထားနိုင်သည်။ နိုင်ငံအများအပြားတွင် အမျိုးသားနှင့် အမျိုးသမီးနိုင်ငံရေးသမား အရေအတွက် ကွာဟချက်ကြီးမားသဖြင့် ပါတီများသည် လွှတ်တော်တွင်း(အမှန်စင်စစ်ပါတီတွင် အမျိုးသမီးကိုယ်စားလှယ်ရှိမှသာ ဤအချက်ကအ လုပ်ဖြစ်နိုင်) အမျိုးသမီးများ ပိုနေရာရလာစေရန် အမျိုးသမီးများအား မဲထည့်ကြရေး တိုက်တွန်းနိုင်သည်။ အမျိုးသမီးများနှင့် သက်ဆိုင်ပြီး စိတ်ဝင်စားကြမည့်အရေးကိစ္စများတွင် ကလေးထိန်းလျက်နှင့် အလုပ်လုပ် ခြင်းကို မည်သို့ ပေါင်းစပ်လုပ်နိုင်မည်၊ လုံခြုံစိတ်ချရမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကျန်းမာရေးစောင့်ရှောက် မှုတို့ ပါဝင်သည်။ အမျိုးသမီးကိုယ်စားလှယ်များသည် ပါတီ၏အမျိုးသားကိုယ်စားလှယ်များနည်းတူ မဲဆွယ် ရေးများတွင် ထင်ရှားပေါ်လွင်မှုရှိစေရန် ပါတီများက အခိုင်အမာဆောင်ရွက်ပေးသင့်သည်။

အုပ်ထိန်းသူမိဘများ

မိဘများ စိုးရိမ်တတ်ကြသည့်အရေးကိစ္စများမှာ ပညာသင်ကြားခွင့်၊ ကျောင်းတွင်း၊ ကျောင်းပြင် ဘေးကင်းလုံ ခြုံရေးကဲ့သို့သောကိစ္စရပ်များပင်ဖြစ်သည်။ မဲဆွယ်ရေးသည် ကျောင်းတက်လာရာလမ်းတွင် ယာဉ်ကြော ပိတ် ဆို့မှုအခြေအနေများအကြောင်း မိဘများနှင့် တွေ့ဆုံစည်းဝေးပွဲတစ်ရပ် စီစဉ်ပေးသင့်သည်၊ သို့မှသာ အဓိကပြ ဿနာက မည်သည့်နေရာတွင် ဖြစ်နေသည်ကို သိရှိနိုင်မည်ဖြစ်သည်။  ဤသို့သောအစည်းအဝေးသည် ပါတီ လမ်းစဉ်တွင် ဖော်ပြထားသောသဘောထားအမြင်များကို အဆိုပြုတင်ပြနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ရရှိ စေမည်ဖြစ်သည်။

ပစ်မှတ်ထားခြင်းနှင့်အတူပေါ်လာသောပြဿနာများ

လူဦးရေအလိုက်ပစ်မှတ်ထားခြင်းသည် တိကျမှုရှိသောသိပံ္ပပညာရပ်တစ်ခုမဟုတ်ပါ။ လူဦးရေစာရင်းခွဲများ သတ်မှတ်ချက်သည် တစ်ခုနှင့်တစ်ခု ထပ်တူဖြစ်နေတတ်သည်။ အောက်ပါအချက်အလက်သုံးချက်ကြောင့် အဆိုပါသတ်မှတ်ချက်များ ပိုခိုခက်ခဲသွားရနိုင်သည်။

၁။ လူမျိုးတစ်ခုရှိ ကြီးမားသော ကိုယ်စားလှယ်အရေအတွက်

၂။ တိကျသောလူဦးရေအချက်အလက်မရှိခြင်း

၃။ မည်သူ့ကို မဲထည့်မည်၊ မည်သူ့ကိုတော့ မဲမထည့်ဟူ၍ မဲဆန္ဒရှင်များတွင် ရှင်းလင်းသောအမြင်မရှိဖြစ်နေ နိုင်သောအချက်။

သို့သော် ဤလက်တွေ့လေ့ကျင့်ခန်းကို ပြုလုပ်ရန်နှင့် အဆိုပါအရေးကိစ္စများကို ကြည့်ရန်အရေးကြီးသည်။ ပစ်မှတ်ပရိသတ်ကို သတ်မှတ်မထားနိုင်သဖြင့် အတိတ်က ကိုယ်စားလှယ်များ အကြီးအမား ဆုံးရှုံးရပြီးပြီ ဖြစ်သည်။ မိမိ၏ပရိသတ်က မည်သူတွေပါဟု ဖော်ပြပေးခိုင်းခံရသည့်အခါ ကိုယ်စားလှယ်များသည် အလွန် ကျယ်ပြန့်သော(လူတိုင်းပါဝင်) အုပ်စုဖြစ်စေ၊ သို့မဟုတ် အလွန်ကျဉ်းမြောင်းသော(သေးငယ်သော သို့မဟုတ် သီးခြားအုပ်စုလေးတစ်စု)အုပ်စုတစ်စုကိုဖြစ်စေ ကိုင်စွဲကာ တုံ့ပြန်ဖြေကြားတတ်ခဲ့ကြသည်။

အောက်ပါဇယားတွင် ပစ်မှတ်ထားခြင်းနှင့် မဲဆွယ်ရေးလှုပ်ရှားကြိုးပမ်းချက်များ မည်သို့ဆက်စပ်မှုရှိနေပုံကို နမူနာပြထားသည်။

ရှင်းလင်းချက်များ

လေးထောင့်ကွက် က။  ။  မဲပေးနိုင်ဖွယ်အရှိဆုံးနှင့် ကိုယ်စားလှယ်ကို ထောက်ခံမှုပေးနိုင်ဖွယ်အရှိဆုံးလူ များသည် မဲဆွယ်ရေး၏ထောက်ခံမှုအခြေခံဖြစ်သည်။ မဲဆွယ်ရေးများသည် ပထမဦးဆုံး ဤထောက်ခံမှုအ ခြေခံကို ခိုင်မာကျစ်လျစ်စေရန် စီစဉ်လှုပ်ရှားဆောင်ရွက်သင့်သည်။

လေးထောင့်ကွက် ခ။    ။ အလားအလာရှိထောက်ခံသူများဖြစ်ကြသည့် မဲထည့်ဖွယ်ရှိသောမဲဆန္ဒရှင်များ သည် မဲဆွယ်ရေး၏စည်းရုံးရေးကြိုးပမ်းချက်များအတွက် နံပတ်တစ်ပစ်မှတ်ဖြစ်သည်။

လေးထောင့်ကွက် ဂ။    ။ သင့်ကို ထောက်ခံမှုပေးနိုင်ဖွယ်မရှိသော လူများအပေါ် များများစားစားအချိန်အ ကုန်မခံပါနှင့်။ တကယ်တမ်းတွင် မဲဆွယ်လှုပ်ရှားဆောင်ရွက်ချက်များသည် ထိုလူများ မဲရုံသို့သွားပြီး အတိုက် အခံများကို မဲထည့်သွားအောင် ပြုလုပ်ပေးလိုက်သလိုသာ ပိုဖြစ်နိုင်သည်။

လေးထောင့်ကွက် ဃ။  ။ အလားအလာရှိရုံသာဖြစ်သောမဲဆန္ဒရှင်များဖြစ်ကြသည့် ထောက်ခံဖွယ်ရှိသူများ  ကို မဲပေးရန် စည်းရုံးရမည်ဖြစ်သည်။ ထိုလူများကို စိတ်ဓာတ်တက်ကြွစေမည့်အဆိုအမိန့်များဖြင့် ပစ်မှတ် ထားပါ။ ရွေးကောက်ပွဲနေ့တွင် ထိုလူအများအပြား မဲထည့်လာနိုင်စေရန် တွန်းအားပေးနိုင်သည်မှာ သေချာ သည်။

လေးထောင့်ကွက် င။    ။ မဲထည့်ရန်အလားအလာရှိမဲဆန္ဒရှင်များနှင့် ထောက်ခံသူများမှာ အရေးပါသော် လည်း မဖြစ်မနေအရေးတကြီးတော့မဟုတ်ပါ။ လေးထောက်ကွက် က နှင့် ခနှင့် သင်ဆက်သွယ်ပြီးမှသာ ထို လူများကို အာရုံစိုက်ပါ။

လေးထောင့်ကွက် ဆ။  ။ စိတ်ဓာတ်လှုံ့ဆော်ရေးကြိုးပမ်းချက်များအတွက် အလားအလာရှိသောပစ်မှတ်။ သို့သော် အထက်ကလေးထောင့်ကွက်များကို အနုလုံပဋိလုံ သင်ထိတွေ့လွှမ်းခြုံမိမထားမချင်း ဤနေရာတွင် ရှားပါးလှသော မဲဆွယ်ရေးအရင်းအမြစ်များကို မသုံးစွဲပါနှင့်။ သို့မဟုတ် အနိုင်ရရန် အထက်ပါ မဲများကို မဲ ဆွယ်ရေးအဖွဲ့က မလိုအပ်မချင်း မသုံးစွဲပါနှင့်။  အချိန်အား၊ ငွေအားနှင့် လူအားကို အထက်တွင် သုံးစွဲပါကပို ကောင်းပါလိမ့်မည်။

လေးထောင်ကွက် စ၊ ဇ နှင့် ဈ။  ။ ဤအပိုင်းရှိမဲဆန္ဒရှင်များအပေါ် အချည်းနှီးကြိုးပမ်းအားစိုက်မနေပါနှင့်။

မဲဆန္ဒရှင် လေ့လာဆန်းစစ်မှု

မဲဆွယ်ရေးအတွက် ပစ်မှတ်ပရိသတ်ကို ဆုံးဖြတ်ထားပြီးဖြစ်သော မဲဆွယ်ရေးအဖွဲ့သည် အဆိုပါပစ်မှတ်ပရိ သတ်ထဲ ပါဝင်သူများကို သိနားလည်ရန် ကြိုးပမ်းသင့်သည်။ လေ့လာဆန်းစစ်ကြည့်သင့်သော နယ်ပယ်လေး ခုမှာ တန်ဖိုးများ၊ ခံယူချက်များ၊ အရေးကိစ္စရပ်များနှင့် ခေါင်းဆောင်အရည်အသွေးပြည့်၀စေချင်သော ဆန္ဒ တို့ပင် ဖြစ်သည်။

တန်ဖိုးများ

ပစ်မှတ်ပရိသတ်ထဲ မဲဆန္ဒရှင်များကို စုစည်းပေးမည့် အဓိကတန်ဖိုးများကို မဲဆွယ်ရေးအဖွဲ့က ရှာဖွေရန်ကြိုး စားသင့်သည်။ အဆိုပါပစ်မှတ်အုပ်စုများနှင့် အဆင်ပြေမည့် အဆိုအမိန့်တစ်ရပ်ကို ဖန်တီးရာတွင် မဲဆွယ်ရေး အဖွဲ့အတွက် မည်သည့်တန်ဖိုးများ(စီးပွားရေးအခွင့်အလမ်း၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တို့ကဲ့သို့)ကို ပစ်မှတ်အုပ်စုများက ကျန်ရှိသောပြည်သူနှင့်အတူ ဝေမျှလက်ခံထားသည်၊ မည် သည့်တန်ဖိုးများကို အဆိုပါအုပ်စုများက ငြင်းဆန်သည်ဟူသောအချက်တို့မှာ အလွန်အဖိုးတန်လှသည်။

ခံယူချက်များ

မဲဆွယ်ရေးအဖွဲ့သည် မဲဆန္ဒရှင်များ၏ နိုင်ငံရေးနှင့်ပတ်သက်သော ခံယူချက်များ၊ ၎င်းတို့၏လက်ရှိအခြေအ နေနှင့်ပတ်သက်သောခံယူချက်များကို သိရှိနားလည်နိုင်ရန် ကြိုးစားသင့်သည်။ ဥပမာ မဲဆန္ဒရှင်များသည် အ နာဂတ်အပေါ် အကောင်းမြင်သလား၊ အဆိုးမြင်သလား၊ သို့မဟုတ် မဲဆန္ဒရှင်များသည် အပြောင်းအလဲကို စိုး ရိမ်သလား၊ လက်ခံသလားဟူ၍ဖြစ်သည်။ အစိုးရအပြင် အခြားသောလူမှုရေးအင်စတီကျူးရှင်းများ(ဥပမာ ထို အရာများကို ၎င်းတို့ ယုံကြည်မှုရှိ၊မရှိ)နှင့်ပတ်သက်သော မဲဆန္ဒရှင်များ၏ခံယူချက်များကို သိရှိထားခြင်းနှင့် အတိတ်ထက် လက်ရှိပစ္စုပ္ပာန်က ပိုကောင်းသည်၊ သို့မဟုတ် ပိုဆိုးသည်ဟု ထင်မြင်ခံစားမှုကို သိထားခြင်း သည် မဲဆွယ်ရေးအဖွဲ့အတွက် အဆိုပါခံယူချက်များကို ဖြေရှင်းပေးနိုင်မည့် အဆိုအမိန့်တစ်ရပ်ကို ဖန်တီးနိုင် ရန် အထောက်အပံ့ဖြစ်စေသည်။

အရေးကိစ္စရပ်များ

ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်များ အလေးထားမည့် အရေးပါသောကိစ္စရပ်များကို မဲဆွယ်ရေးအဖွဲ့ များက ကောင်းကောင်းသိရှိနားလည်ထားသင့်သည်။ ယေဘုယျအားဖြင့် မဲဆန္ဒရှင်များသည် စီးပွားရေးကိစ္စ ရပ်များ၊ လူမှုရေးကိစ္စရပ်များ သို့မဟုတ် နိုင်ငံခြားရေးမူဝါဒကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုအလေးထားမှုရှိ၊မရှိ ကို မဲဆွယ်ရေးအဖွဲ့က သိထားသင့်သည်။ ယင်းကိစ္စရပ်များကို သိထားခြင်းသည် မဲဆွယ်ရေးအဖွဲ့အတွက် မဲ ဆွယ်ရာတွင် အလေးထားသင့်သော ယင်းကိစ္စရပ်များကို ဖော်ထုတ်သိရှိနိုင်ရန် အထောက်အကူဖြစ်ပါလိမ့် မည်၊ သို့မှသာ မဲဆန္ဒရှင်များ၏စိတ်ဝင်စားကို ရရှိနိုင်ပြီး ၎င်းတို့၏အလေးထားချက်များကို ကိုင်တွယ်ဖြေရှင်း ပေးနိုင်မည်ဖြစ်သည်။

ခေါင်းဆောင်မှုအရည်အသွေးများ

မိမိတို့၏ခေါင်းဆောင်များတွင် မဲဆန္ဒရှင်အများစု မြင်တွေ့ချင်သော အရည်အသွေးများကို မဲဆွယ်ရေးအဖွဲ့ များက ဖော်ထုတ်ပြရန်ကြိုးစားသင့်သည်။ ဤသို့ဖော်ထုတ်ပြရာတွင် တစ်ဖက်၌ တည်ငြိမ်ခြင်းနှင့် အတွေ့အ ကြုံရှိခြင်း၊ အခြားတစ်ဖက်တွင် နုပျိုခြင်းနှင့် ဖျက်လက်တက်ကြွမှုဟူသောအရည်အသွေးတို့ကိုလည်း ထည့် သွင်းနိုင်သည်။ ဆက်စပ်မှုရှိနိုင်သည့်အခြားကိစ္စရပ်များမှာ ခေါင်းဆောင်သည် မည်သည့်အတန်းအစားမှလာ သည်၊ သို့မဟုတ်အစိုးရသို့ အခြားဩဇာအရှိန်အဝါကြီးသောအုပ်စုများနှင့်အဆိုပါခေါင်းဆောင်ကြားရှိနေသော ဆက်ဆံရေးအမျိုးအစားများက မည်သည်တို့ဖြစ်သည်ဟူသော အချက်တို့ ဖြစ်နိုင်သည်။