အသစ်များ > စနစ်စွမ်းဆောင်ရည်

စနစ်စွမ်းဆောင်ရည်

2022-09-03

အစိုးရ၏စွမ်းဆောင်ရည်ကို ၎င်း၏လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ခြင်း၊ အကျိုးများခြင်း၊ ထိရောက်မှုရှိ ခြင်းတို့နှင့် တိုင်းတာကြည့်တတ်ကြသည်။ ဤအချက်နှင့်ဆက်စပ်သော အဓိကမေးခွန်းများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဆုံးဖြတ်ချက်များကို မည်သို့ ချမှတ်သနည်း။ ဥပမာ မည်သည့်အစိုးရမဏ္ဍိုင်များက မည်သို့သော ဆုံး ဖြတ်ချက်များကို ချမှတ်သနည်း၊ လူထုဆန္ဒသဘောထားအရချမှတ်ခြင်းဖြစ်သလား၊ အစိုးရအဆင့်အ သီးသီးမှ ချမှတ်သောဆုံးဖြတ်ချက်များဖြစ်သလား။
  • မူဝါဒလုပ်ငန်းစဉ်များတွင် မည်သည့်အဆင့်များ ရှိနေသနည်း။ ဥပမာ မူဝါဒလုပ်ငန်းစဉ်တွင် စဦးအဆို ပြုခြင်း၊ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စိစစ်သုံးသပ်ခြင်းတို့သည် မည်ရွေ့မည်မျှ ရှည် ကြာသနည်း၊ သို့မဟုတ် မည်ရွေ့မည်မျှအထိအရေးပါအရာရောက်သနည်း။
  • ဆုံးဖြတ်ချက်ချခြင်းကိစ္စတွင် မည်သည့်သက်ဆိုင်ရာကဏ္ဍအလိုက်ပုဂ္ဂိုလ်များ ပါဝင်ကြသနည်း။ ဥပ မာ အစိုးရမဏ္ဍိုင်သုံးရပ်၊ အစိုးရအဆင့်အသီးသီး၊ အတိုက်အခံပါတီများ၊ အရပ်ဖက်အဖွဲ့အစည်း (သို့) မဲဆန္ဒရှင်ပြည်နယ်များအနက် မည်သည့်အပိုင်းက ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်သနည်း။
  • အစိုးရမူဝါဒများသည် မည်သို့ထိရောက်၊ အကျိုးရှိပြီး စီးပွားဖြစ်ထွန်းပါသနည်း။
  • အစိုးရစွမ်းဆောင်ရည်အပေါ် မိမိတို့ မည်သို့ အကဲဖြတ်နိုင်သနည်း။ အစိုးရစွမ်းဆောင်ရည်သည် အ ကျိုးဖြစ်သည်၊ မဖြစ်သည်ဟု အကဲဖြတ်ရန် မည်သည့်တိုင်းတာမှုစံနှုန်းကို အသုံးပြုသနည်း။

သို့သော် ဖော်ပြပါမေးခွန်းများ၏နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသောနိုင်ငံရေးဆိုင်ရာပြဿနာရပ်များရှိနေသေး သည်။ ယင်းပြဿနာရပ်များသည် အစိုးရတစ်ရပ်မည်သို့ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေသည် ဆို သည်ထက် အစိုးရတစ်ရပ်တွင် မည်သည့်လုပ်ငန်းဆောင်တာများ ရှိသင့်သနည်းဟူသောအချက်နှင့် ပိုသက် ဆိုင်သည်။

သို့သော် အထက်ပါမေးခွန်းများသည် ဓမ္မဓိဋ္ဌာန်တကျမဖြစ်ပါ။ ယင်းမေးခွန်းများသည် လူ့အဖွဲ့အစည်းအတွင်း အစိုးရ၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အခြေခံယုံကြည်ထားချက်များအပေါ် မူတည်နေသည်။ တစ်နည်းအား ဖြင့် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့်လုံခြုံမှုတို့ဟန်ချက်ညီရေးအစရှိသည်တို့နှင့်ပတ်သက်သော ယုံကြည်ချက်များနှင့် သက်ဆိုင်နေသည်၊ အကျိုးရလဒ်အားဖြင့် အဆိုပါယုံကြည်ချက်များသည်လည်း လူတစ် ဦးနှင့်တစ်ဦး မတူကွဲပြားသည်။

အစိုးရများကို အကဲဖြတ်နိုင်သည့် အသုံးများသောစံချိန်စံညွှန်းသုံးခုရှိသည်။ ယင်းစွမ်းဆောင်ရည်စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • တည်ငြိမ်မှုနှင့် စနစ်တကျရှိမှု
  • ရုပ်၀တ္ထုဆိုင်ရာချမ်းသာကြွယ်၀မှု
  • နိုင်ငံသားဖြစ်မှု