အသစ်များ > မဟာဗျူဟာ

မဟာဗျူဟာ

2023-01-21

ရွေးကောက်ပွဲများကို မဟာဗျူဟာမြောက်စီစဉ်ခြင်း

အနာဂတ်တွင် ပါတီသည် မည်သို့ ဖြစ်မည်၊ အဆိုပါအနာဂတ်တစ်နေရာသို့ ရောက်ရှိရန် မည်သည့်လမ်း ကြောင်းများအတိုင်း ပါတီက လျှောက်လှမ်းမည်ဟူသောအချက်တို့ကို စီစဉ်ဆုံးဖြတ်ပေးသော ဖြစ်စဉ်သည် မ ဟာဗျူဟာမြောက်စီစဉ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မဟာဗျူဟာမြောက်စီစဉ်မှုတွင်

  • အနာဂတ်မျှော်မှန်းချက်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ခြင်း နှင့်
  • ထိုမျှော်မှန်းချက်အတိုင်း ဖြစ်လာရန် လိုအပ်သောဆောင်ရွက်မှုများ၊ ကျွမ်းကျင်မှုများနှင့် အရင်းအ မြစ်များကို သတ်မှတ်ဖော်ထုတ်ခြင်းတို့ဖြစ်သည်။

အခြားဆောင်ရွက်စရာရှိသည်များအနက် မဟာဗျူဟာမြောက်စီစဉ်ခြင်းသည်

၁။ ပါတီ၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖွင့်ဆိုသတ်မှတ်ပေးရန်၊ သတ်မှတ်ထားသောအချိန်အတိုင်း အဆိုပါ တာဝန်နှင့် ကိုက်ညီသော လက်တွေ့ကျသည့်ပန်းတိုင်များနှင့် ဦးတည်ချက်များကို ချမှတ်ရန်။

၂။ ပါတီ၏မဲဆန္ဒရှင်ပြည်သူများထံ ထိုပန်းတိုင်များနှင့် ဦးတည်ချက်များကို ဆက်သွယ်ပြောဆိုရန်။

၃။ အဓိကဦးစားပေးချက်များနှင့်စပ်လျဉ်းသော အရင်းအမြစ်များကို အလေးထားခြင်းဖြင့် ပါတီအရင်းအမြစ် များအား အကျိုးထိရောက်မှုအရှိဆုံးအသုံးပြုနိုင်စေရန်။

၄။ တိုးတက်မှုကို တိုင်းတာနိုင်မည့်အခြေခံတစ်ခုကို ထုတ်ပေးရန်၊ လိုအပ်ပါက ဉာဏ်အမြော်အမြင်ပြည့်၀ သောအပြောင်းအလဲဖြစ်ပေါ်ရေးယန္တရားတစ်ရပ်ကို တည်ဆောက်ပေးရန်။

၅။ အကျိုးဖြစ်ထွန်းမှုနှင့် ထိရောက်မှုပိုရှိအောင် ဆောင်ရွက်ပေးရင်း အဖွဲ့အစည်း၏ဦးတည်ချက် ပိုမိုရှင်းလင်း မှုရှိစေရန် တို့အတွက် ထမ်းရွက်ပေးပါသည်။

နိုင်ငံရေးပါတီများတွင် အပြန်အလှန်ဆက်စပ်နေသော မဟာဗျူဟာအစီအစဉ်နှစ်ရပ်ရှိထားသင့်သည်။ ပါတီ တစ်ခုတွင် အောက်ပါအတွက် အစီအစဉ်များ ရှိသင့်သည်

  • ပါတီဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး နှင့်
  • ရွေးကောက်ပွဲတွင် ပါတီဝင်ပြိုင်ရေးတို့အတွက်ဖြစ်သည်။

ယခုတင်ပြသောအစီအစဉ်နှစ်မျိုးမှာ ဆက်စပ်နေသော်လည်း အတူတူတော့မဟုတ်ပါ။ ပါတီတစ်ခုတွင် ကိုယ့် ပါတီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်အစီအစဉ်တစ်ရပ်ရှိသင့်သည်၊ ထိုအစီအစဉ်သည် ရွေးကောက်ပွဲတွင် ပါတီဝင်ယှဉ်ပြိုင်ရေးအတွက် အစီအစဉ်နှင့် သီးခြားလွတ်လပ်မှုရှိသင့်သည်။

ရွေးကောက်ပွဲဝင်ပြိုင်ရေးမဟာဗျူဟာအစီအစဉ်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍သဘာ၀ကျကျစတင်ရမည့်နေရာမှာ ပါတီ၏ရွေးကောက်ပွဲဆောင်ရွက်မှုအတွက် လက်တွေ့ကျသောပန်းတိုင်တစ်ခုနှင့်အတူဖြစ်သည်။

မဟာဗျူဟာမြောက်ပန်းတိုင်များ

မဲဆန္ဒရှင်များသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို ၎င်းတို့ပေးသည့် ကတိကဝတ်များကိုမကြည့် ဘဲ၎င်းတို့ရရှိသည့်ရလဒ်များကို ကြည့်၍အကဲဖြတ်ကြသည်။ အကျိုးရလဒ်အနေဖြင့်ပန်းတိုင်များဆီအရောက် လှမ်းနိုင်ရေးနည်းလမ်းများအကြောင်း စဉ်းစားခြင်းသည် အနည်းဆုံး ပန်းတိုင်များ၏သဘောသဘာ၀ကိုယ် နှိုက်အတိုင်းပင် အရေးပါသည်။ ထို့ကြောင့် မဟာဗျူဟာကောင်းတစ်ရပ်ကို ချမှတ်ဖော်ဆောင်သည့်အခါ ကန ဦးဆုံးခြေလှမ်းက ပန်းတိုင်ကို ဆုံးဖြတ်ချမှတ်ရန်ဖြစ်သည်။

ပန်းတိုင်များသည် အောက်ပါတိုင်းတာကြည့်စရာအချက်လေးချက်နှင့် ပြည့်မီသင့်သည်

၁။ အသေးစိတ်တိကျမှု - ပန်းတိုင်သည် ပိုမိုအသေးစိတ်တိကျမှုရှိလေ အလားအလာရှိထောက်ခံသူများကြား စိတ်အားထက်သန်မှုပိုရှိလာလေပင်ဖြစ်သည်။  ဝေဝါး သို့မဟုတ် ရေရေရာရာမရှိသောပန်းတိုင်များဖြစ်နေပါ က မဲဆန္ဒရှင်များတွင် ယုံကြည်မှုဖြစ်မည်မဟုတ်၊ ထိုပန်းတိုင်များကို ရှောင်သင့်ပါသည်။

၂။ တိုင်းတာကြည့်နိုင်မှု - ပန်းတိုင်တစ်ရပ်သည် တိုင်းတာကြည့်၍မရပါ (ဥပမာ လေးနှစ်အတွင်း ဆင်းရဲနွမ်းပါး  သူအရေအတွက် ၅၀ရာခိုင်နှုန်းလောက် လျှော့ချရေး) ထိုပန်းတိုင်ကို ဆိုက်ရောက်နိုင်ခြင်းရှိ၊မရှိ၊ သို့မဟုတ် ထို ပန်းတိုင်ကို ပြင်ဆင်သင့်၊မသင့်ဟူသောအချက်ကို မည်သည့်အခါမျှ ဆုံးဖြတ်၍ရနိုင်မည်မဟုတ်ပေ။ ကိုယ်တိုင် တိုင်းတာကြည့်နိုင်သောပန်းတိုင်များကို မချမှတ်ထားသည့် ပါတီသည် ၎င်း၏အစီအစဉ်များ မည်သို့လက်တွေ့ ကျသည်ကို မည်သည့်အခါမျှ သိမည်မဟုတ်ပါ။

၃။ ဖြစ်နိုင်ခြေအလားအလာရှိခြင်း - ပန်းတိုင်များသည် အမြော်အမြင်ရှိရှိ ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ အမြော်အမြင်ရှိ ရှိဖြစ်သင့်သည်၊ သို့သော် ထိုပန်းတိုင်များဆီ ကြောင်းကျိုးဆီလျော်မှုရှိရှိဖြင့် ဆိုက်ရောက်နိုင်ရန် လက်တွေ့ကျ သောအခွင့်အရေးမရှိဖြစ်နေပါက လူများသည် သင့်ကို ကျောခိုင်းထွက်သွားပါလိမ့်မည်။

၄။ စေ့ဆော်နိုင်စွမ်းတန်ဖိုး - လူများသည် မိမိတို့ စိတ်အားထက်သန်မှုမရှိသည့် (နိုင်ငံရေး)လမ်းစဉ်တစ်ရပ်အပေါ် ရပ်တည်ကြလိမ့်မည်မဟုတ်ပါ။အောင်မြင်မှုသို့သွားရာလမ်းသည် ရှည်လျားတတ်၏၊ စိတ်အလိုမကျမှုများ၊ စိတ်ပျက်ခြင်းများဖြင့် တင်းကြမ်းပြည့်နှက်နေတတ်၏။  ပါတီအား ယုံကြည်မှုဆက်မြဲစေရန်တစ်ခုတည်း သောနည်းလမ်းမှာ မဲဆန္ဒရှင်နှင့်ပါတီဝင်များကို “ပိုမြင့်မားသော”ပန်းတိုင်ဖြင့် စေ့ဆော်ကာ စိတ်အားတက်ကြွ မှုရှိအောင်လုပ်ပေးရန်ပင်ဖြစ်သည်။ ထို့ကြောင့် အလွန်နိမ့်ဆင်းသောရည်ရွယ်ချက်များကို ချမှတ်ခြင်း(ဥပမာ ‘လွှတ်တော်တွင်းအမျိုးသမီးတစ်ဦးမဲပေးခံရလျှင် ကျွန်ုပ်တို့ စိတ်ချမ်းသာမည်’) သည် အတွေးကောင်းအမြင် ကောင်းတစ်ခုမဟုတ်ပေ။

ကြောင်းကျိုးခို်ငလုံသောနိုင်ငံရေးပန်းတိုင်တစ်ခုသည် စေ့ဆော်နိုင်စွမ်းတန်ဖိုးနှင့် ဖြစ်နိုင်ခြေအလားအလာရှိ ခြင်းတို့ကြားက အလယ်အလတ်လမ်းကြောင်းတစ်ခုဆီ ဆိုက်ရောက်နေခြင်းဖြစ်သည်။

မဲဆွယ်ရေးမဟာဗျူဟာ

ပါတီက ချမှတ်ဖော်ဆောင်သည့် မဟာဗျူဟာမျိုးသည် အများအားဖြင့် လူ့အဖွဲ့အစည်းအတွင်း ထိုပါတီ၏ရပ် တည်ချက်အပေါ် မူတည်သည်။မည်သည့်ရပ်တည်ချက်မျိုးဟုအတိအကျ ဆုံးဖြတ်ပြောရန် ပါတီများအနေဖြင့် သုတေသနကို ဆောင်ရွက်ရန်လိုအပ်သည်။ ဤသုတေသနက အလေးထားသင့်သည့် အဓိကမေးခွန်းများမှာ

  • ပါတီအကြောင်း မဲဆန္ဒရှင်များက မည်သည်ကို တွေးသနည်း။
  • ပါတီခေါင်းဆောင်အကြောင်း မဲဆန္ဒရှင်များက မည်သည်ကို တွေးသနည်း။
  • ပါတီ၏လမ်းစဉ်အကြောင်းကို မဲဆန္ဒရှင်များက မည်သည်ကို သိထားပြီး ထိုလမ်းစဉ်အပေါ် မည်သို့ ထင်မြင်ကြသနည်း။
  • မဲဆန္ဒရှင်များက ပါတီသည် မဲထည့်ရန် ယုံကြည်ကိုးစားလောက်သော  သို့မဟုတ် စိတ်ချယုံကြည် ထိုက်သောပါတီဖြစ်သည်ဟု စဉ်းစားပါသလား။
  • ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဓိကသော့ချက်က မည်သည့်အရာဖြစ်သနည်း အစရှိသည်တို့ ပါဝင်သည်။

မဲဆွယ်ရေးကာလအတွင်း မဟာဗျူဟာချမှတ်ဖော်ဆောင်မှုသည် အလွန်အရေးကြီးသည်။ ဤမဟာဗျူဟာချ မှတ်ရေးအပေါ်ကိုသာ တစ်စိုက်မတ်မတ် အာရုံထားသော မဟာဗျူဟာရှင်များစွာကို နိုင်ငံရေးပါတီများက အ သုံးချတတ်ကြသည်။ ထိုမဟာဗျူဟာရှင်များသည် မဲဆွယ်ရေးတွင် အရေးပါသောထောက်ပံ့အခန်းကဏ္ဍတစ် ရပ်မှ ပါဝင်ကြပြီး အမျိုးမျိုးသောလုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သုတေသီများနှင့် အတူပူးပေါင်း လုပ်ကြသည်။ မဟာဗျူဟာသမားများသည် သုတေသနမေးခွန်းများကို ပုံစံထုတ်ပြီး ရလဒ်များကို အသုံးချ ကာ အောင်ပွဲရမဟာဗျူဟာတစ်ရပ်ကို စီစဉ်ရေးဆွဲကြသည်။ မဟာဗျူဟာသမားများသည် ပြောင်းလဲနေသော ခေတ်ပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်မည့်ဗျူဟာကိုလည်း ရေးဆွဲနိုင်ကြသည်။  မဲ ဆွယ်ရေးမန်နေဂျာများအနေဖြင့် အမြဲတမ်း ပြုလွယ်ပြင်လွယ်အနေအထားမျိုးရှိသင့်ပြီး အခြေအနေများမှာ စီ စဉ်ထားသလို ဖြစ်မလာလျှင် မိမိတို့ဗျူဟာကို ပြန်လည်ညှိနှိုင်းမှုလုပ်ဆောင်ရန် ပြင်ဆင်ထားသင့်သည်။

ရွေးကောက်ပွဲမဲဆွယ်ရေးပန်းတိုင်များနှင့် မဟာဗျူဟာများ

နိုင်ငံရေးနယ်ပယ်အတွင်း ပါတီ၏ရပ်တည်ချက်နှင့် နိုင်ငံရေးနောက်ခံဆက်စပ်အခြေအနေအတွင်း ဖြစ်နိုင်ခြေ အလားအလာရှိသည့်အရာတို့အပေါ်မူတည်ကာ ရွေးကောက်ပွဲမဲဆွယ်ရေးမဟာဗျူဟာတစ်ရပ်တွင် ပန်းတိုင် ပေါင်း အမျိုးမျိုးရှိသည်။ တချို့မဲဆွယ်ရေးတွင်ရှိနိုင်သော ပန်းတိုင်များမှာ

  • အင်အားအကြီးဆုံးပါတီဖြစ်လာရေး
  • မျှော်မှန်းထားသည့်ရွေးကောက်ပွဲအရှုံး လျော့ပါးအောင်လုပ်ရေး
  • အစိုးရအဖွဲ့(ဒေသန္တရ သို့မဟုတ် အမျိုးသား)ထဲ ဝင်ရောက်ရေး တို့ဖြစ်သည်။

ကိုယ်စားလှယ်၏ရွေးကောက်ပွဲမဲဆွယ်ရေးအတွက်မဟာဗျူဟာ

အကောင်းဆုံးမဲဆွယ်ရေးဗျူဟာကို ဆုံးဖြတ်သည့်အခါ မဲဆွယ်ရေးအဖွဲ့အနေဖြင့် မိမိတို့၏ကိုယ်စားလှယ်၊ မိမိ တို့၏အတိုက်အခံများနှင့်ရွေးကောက်ပွဲတို့နှင်ပတ်သက်သော အကြောင်းအချက်များကို ထည့်စဉ်းစားရန်လို သည်။

ကိုယ်စားလှယ်၏ဂုဏ်ဒြပ်အဆင့်အတန်း

တာဝန်ထမ်းဆောင်ဆဲအမတ်အဖြစ် ယှဉ်ပြိုင်ခြင်းနှင့် ထိုအမတ်နေရာကိုစိန်ခေါ်သူအဖြစ် ယှဉ်ပြိုင်ခြင်းကြား ကွာဟချက်ကြီးမားသည်။ တာဝန်ထမ်းဆောင်ဆဲအမတ်တွင် တာဝန်ထမ်းဆောင်ထားသည့် မှတ်တမ်းများ ရှိပြီး ယင်းတာဝန်များ ယှဉ်ပြိုင်တိုက်ခိုက်ခံရသည်။ စိန်ခေါ်သူများကမူ အများအားဖြင့်(သို့သော် အမြဲတမ်း တော့မဟုတ်) ရန်ပုံငွေရှာရသည့်ဒုက္ခရှိပြီး မဲဆန္ဒနယ်မြေအတွင်း မိမိတို့ပုဂ္ဂိုလ်ရေးပုံရိပ်ကျမသွားအောင် အချိန်နှင့် အရင်းအမြစ်များကို သုံးစွဲရမည်ဖြစ်သည်။

စိန်ခေါ်သူများအတွက် မဟာဗျူဟာများ

မိမိရရှိထားသောရာထူးအပေါ်မူတည်ကာ တာဝန်ထမ်းဆောင်ဆဲအမတ်များတွင် အားသာချက်များစွာရှိနေ သည်၊ တစ်နည်းအးဖြင့် နာမည်အသိအမှတ်ပြုမှု၊အစိုးရအဖွဲ့တွင်း ကွန်ရက်များနှင့် အဆက်အသွယ်များ ရှိ နေခြင်းဖြစ်ပြီး တစ်ခါတစ်ခါ ရန်ပုံငွေရှာနိုင်သည့်အစွမ်းအစကိုပါ မြင့်မားအောင်လုပ် နိုင်သည်။ သို့သော် တာ ဝန်ထမ်းဆောင်ဆဲအမတ်တစ်ဦးကို အတိုက်အခံလုပ်ယှဉ်ပြိုင်သောအခါ စိန်ခေါ်သူများဘက်က ကျင့်သုံးနိုင် သော မဟာဗျူဟာတစ်ချို့တွင် အောက်ပါတို့ ပါဝင်သည်၊

သင့်အတိုက်အခံကို အတိအကျသတ်မှတ်ပါ

တာဝန်ထမ်းဆောင်ဆဲအမတ်ကို စိန်ခေါ်ယှဉ်ပြိုင်သောအခါ မဲဆွယ်ရေးအနေဖြင့် မိမိကိုယ်ကိုယ် သတ်မှတ် ဖွင့်ဆိုပြရန်အခွင့်အရေးမရခင် မိမိအတိုက်အခံကို ဖွင့်ဆိုသတ်မှတ်ပြရန်အရေးကြီးသည်။ တာဝန်ထမ်းဆောင် ဆဲအမတ်အား တာဝန်ထမ်းဆောင်နေစဉ်ကာလမှတ်တမ်းကို မဲဆွယ်ရေးအဖွဲ့က ဂရုတစိုက် သုတေသနပြု သင့်ပြီး စောလျင်စွာ ဝေဖန်ပိုင်းခြားဉာဏ်ပါသော အဆိုအမိန့်တစ်ရပ်ကို ချမှတ်ထားသည်။ ဤအချက်ကို ထိ ရောက်စွာ လုပ်ဆောင်ပြီးလျှင် စိန်ခေါ်သောမဲဆွယ်ရေးအဖွဲ့သည် မိမိဘက်အသာရလာနိုင်သောအသုံးအနှုန်း များဖြင့်အတိုက်အခံအကြောင်းဆွေးနွေးမှုကို ဘောင်ချလုပ်ဆောင်နိုင်သည်။

ကွဲပြားချက်ကို ဆွဲထုတ်ဖော်ပြပါ

မိမိအတိုက်အခံကို ဖွင့်ဆိုသတ်မှတ်ပြီးနောက် မဲဆွယ်ရေးအဖွဲ့သည် ကိုယ်စားလှယ်နှင့် တာဝန်ထမ်းဆဲအမတ် ကြား သိသိသာသာဖြစ်နေသော ကွဲပြားချက်တစ်ရပ်ကို ဆွဲထုတ်ပြသင့်သည်။ လူများသည် တစ်စုံတစ်ဦးက ပို ကောင်းသည်ဟု တွေ့သွားလျှင် လက်ရှိတာဝန်ထမ်းဆောင်ဆဲအမတ်ကို မဲထည့်လိမ့်မည်မဟုတ်ပါ။  မဲဆွယ် ရေးအဖွဲ့က မိမိအတိုက်အခံနှင့် မတူပိုကောင်းသောကွဲလွဲထူးခြားချက် တစ်ရပ်ရှိနေသည့်အချက်ကို မဲဆန္ဒရှင် များထံ တင်ဆက်ပြရသည်။ မိမိတို့ကိုယ်စားလှယ်က အဘယ်ကြောင့် မတူကွဲပြားရသည်၊ ထိုကွဲပြားချက်များ ကပင် မိမိတို့ကိုယ်စားလှယ်ကို အဘယ်ကြောင့် ပိုကောင်းမွန်သွားစေသည်ဟူသောအချက်တို့ကို မဲဆန္ဒရှင် များထံပြသပါ။

အရေးကြီးလုပ်ငန်းစဉ်ကို တိတိကျကျသတ်မှတ်ပါ

ကိုယ်စားလှယ်တစ်ဦးချင်းစီသည် မိမိ၏အားသာချက်များနှင့် အတိုက်အခံ၏အားနည်းချက်များကို အဓိက ထားပြီး ရွေးကောက်ပွဲဝင်ရန်ကြိုးစားကြသည်။ တာဝန်ထမ်းဆောင်ဆဲအမတ်များအတွက် မိမိတို့၏အားသာ ချက်များအကြောင်း အသိပေးပြောကြားရာတွင်တာဝန်ထမ်းဆောင်နေဆဲအချိန်ကကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့သောအကြောင်းခြင်းရာများအပေါ် အခြေခံကာပြောကြလိမ့်မည်ဖြစ်သည်။ဥပမာ တာဝန်ထမ်းဆောင်ဆဲ အမတ်တစ်ဦးသည် ပညာရေးကိစ္စရပ်အပေါ် အခိုင်အမာအစွဲသန်နေလျှင် ထိုအမတ်သည် မဲဆန္ဒနယ်မြေအ တွင်း ကျောင်းများကို ဖွံ့ဖြိုးတိုးတက်စေမည့် ပိုမိုကောင်းမွန်သောအလုပ်ကို လုပ်နိုင်သူမှာ မည်သူမည်ဝါဖြစ် ကြောင်းပြောကာ ရွေးကောက်ပွဲဝင်ပြိုင်ရန်ကြိုးစားလာနိုင်သည်။ ကိုယ်စားလှယ်၏မဲဆွယ်ရေးအဖွဲ့သည် မိမိ ကိုယ်စားလှယ်၏အားသာချက်များနှင့် တာဝန်ထမ်းဆောင်ဆဲအမတ်၏အားနည်းချက်များအကြောင်းကို အဓိ ကထားကာ ဆွေးနွေးငြင်းခုံမှုကို ပြုလုပ်ရန်ကြိုးစားသင့်သည်။

တာဝန်ထမ်းဆောင်ဆဲအမတ်များအတွက် မဟာဗျူဟာများ

တာဝန်ထမ်းဆဲအမတ်များသည် စိန်ခေါ်သူကိုယ်စားလှယ်များထက်အားသာချက်အများအပြားရှိထားရာ မဲဆ န္ဒရှင်များနှင့်ဆက်ထုံးလျော့သွားသူများအဖြစ်မြင်ခံရနိုင်သောအန္တရာယ်တစ်ခုရှိသည်။ရွေးကောက်ပွဲများ ကြား ကာလအတွင်း ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးသည် မိမိ၏ပုံရိပ်နှင့် မဲဆန္ဒရှင်များနှင့် မိမိ၏ဆက်သွယ် ရေးတို့ကို လျစ်လျူရှုမိလိုက်ပါက နောက်တစ်ကြိမ်ပြန်လည်ရွေးကောက်ခံရမည့်အခွင့်အလမ်း ­မရှိနိုင်သော အန္တရာယ်ထဲကျရောက်သွားနိုင်သည်။ ဤဘေးရန်စွယ်ကို လျော့ပါးစေရန် ရွေးကောက်ခံအရာရှိများသည် “မြဲ သောမဲဆွယ်ရေး”တစ်ရပ်ကို လုပ်ဆောင်သင့်သည်။ ဤမဲဆွယ်ရေးအစီအစဉ်၏အသွင်အပြင်တချို့တွင်

မဲဆွယ်ရေးအဖွဲ့ကို အစဉ်နိုးကြားမှုရှိအောင်လုပ်ပါ

မိမိတို့တွင် လုပ်အားပေးဝန်ထမ်းများနှင့် ရန်ပုံငွေရှာသူများ ကြီးကြီးမားမား အထောက်အပံ့တစ်ရပ်ရှိလာနိုင် ရန် ရွေးကောက်ခံအရာရှိများသည် မိမိတို့၏မဲဆွယ်ရေးအဖွဲ့အစည်းများကို မည်သည့်အခါမျှ စွန့်လွှတ်မပစ် သင့်ပါ။ ထိုအစား ရွေးကောက်ခံအရာရှိများသည် မဲဆွယ်ရေးထောက်ခံသူများ၏အသေးစားအတွင်းစည်းအ သိုင်းအဝိုင်းလေးတစ်ခုကို နိုးကြားအသက်ဝင်နေအောင် ထိန်းထားသင့်သည်။ အဆိုပါအတွင်းစည်းအသိုင်းအ ဝိုင်းလေးသည် သင်၏မဲဆွယ်ရေးအဖွဲ့အစည်းတစ်ရပ်လုံးနှင့် အဆက်အသွယ်ကို မပျက်တမ်း ထိန်းသိမ်းထား သင့်သည်၊ ယင်းတို့ထဲတွင် စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် ရွေးကောက်ပွဲများကြားကာလ ထောက်ခံ သူတို့ ပါဝင်ကြသည်။

မဲဆန္ဒရှင်များကို ဉာဏ်ပညာဗဟုသုတပြည့်၀အောင်လုပ်ပါ

တာဝန်ထမ်းဆဲအမတ်များသည်  မိမိတို့၏မဲဆန္ဒရှင်ပြည်သူများနှင့် မပြတ်တမ်း အဆက်အသွယ်ရှိမှုကို သေ ချာအောင်ထိန်းသိမ်းသင့်ပါသည်။  ရွေးကောက်ခံကိုယ်စားလှယ် မည်သည့်အရာကို လုပ်နေသည်(ဥပဒေပြု ခြင်း၊ အခမ်းအနားပွဲများအစရှိသဖြင့်)၊ လာမည့်လအတွက် ကိုယ်စားလှယ်၏အစီအစဉ် မည်သို့ရှိသည်နှင့် မဲ ဆန္ဒရှင်များ၏စိတ်ထဲ ကိုယ်စားလှယ်၏ပုံရိပ်ကို ကျဆင်းမသွားစေမည့် အကျိုးရှိရာအချက်အလက်မှန်သမျှ တိုင်းကို သတင်းလွှာများနှင့် မေးလ်များမှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများအား သိရှိစေသင့်ပါသည်။

ကိုယ်စား လှယ်များသည် အီးမေးလ်စာရင်းများနှင့် သတင်းလွှာများကို အသုံးပြု၍လည်း ထောက်ခံသူများကို စိတ်အား တက်ကြွနေအောင် လုပ်နိုင်သည်၊ ရန်ပုံငွေပွဲများအကြောင်းကိုလည်း အသိပေးနိုင်သည်၊ ထို့နောက် မိမိတို့၏ အဆိုအမိန့်ကို ရွေးကောက်ပွဲကျင်းပဖြစ်တော့မည့် လများတွင် ပြန့်နှံ့အောင်လုပ်ဆောင်နိုင်သည်။

လူထုမြင်ကွင်းမှပျောက်မသွားအောင်နေခြင်း

တာဝန်ထမ်းဆဲကိုယ်စားလှယ်များသည် နိုင်ငံသားများက ၎င်းတို့၏အလေးထားချက်များကို ဖွင့်ဟထုတ်ပြော ရာနေရာဖြစ်သော မဲဆန္ဒနယ်မြေဝန်းကျင်တစ်ဝိုက် အစည်းအဝေးများ ကျင်းပရန် ဒေသန္တရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လက်တွဲအလုပ်လုပ်နိုင်သည်။ ရွေးကောက်ခံဒေသန္တရအရာရှိများသည် လူထု ရှေ့မှောက် စကားပြောနိုင်မည့်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ကြံစည်ဖန်တီးနေသင့်သည်။ ထိုရွေး ကောက်ခံအရာရှိများတွင် မိမိ၏မဲဆန္ဒနယ်မြေတစ်လျှောက် လူထုရှေ့ဟောပြောပေးရန် ကိုယ်စားလှယ်အ တွက် ကမ်းလှမ်းချက်များကို စုဆောင်းပေးသည့်အလုပ်ကို လုပ်ကိုင်သော စာနယ်ဇင်းအတွင်းရေးမှူး သို့မ ဟုတ် စေတနာ့ဝန်ထမ်းများ ရှိသင့်သည်။ အဆိုပါအခမ်းအနားများတွင် တာဝန်ထမ်းဆဲအမတ်များသည် အ မတ်တာဝန်ထမ်းဆောင်စဉ်ကာလ မိမိတို့၏လှုပ်ရှားဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများအကြောင်း စာ အုပ်စာတမ်းပြုစုထားကာ ကောင်းစွာပြင်ဆင်လုပ်ဆောင်သင့်သည်။

မဲဆွယ်ရေးမဟာဗျူဟာကို သက်ရောက်သော အခြားအကြောင်းရင်းခံအချက်များ

မဲဆွယ်ရေးရန်ပုံငွေပမာဏ

ကိုယ်စားလှယ်တစ်ဦးသည် ချမ်းသာလျှင် သို့မဟုတ် အထောက်အပံ့ငွေတောင့်တင်းလျှင် အချိန်ပြည့်ဝန်ထမ်း တစ်ဦးကို ခန့်အပ်ထားနိုင်မည်၊ ကျွမ်းကျင်သုတေသီများကို ငှားရမ်းနိုင်မည်၊ မီဒီယာတွင် ငွေသုံးကာ ကြော် ငြာများစွာ ထည့်နိုင်မည်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်တစ်ဦးတွင် အထောက်အပံ့ငွေအားမကောင်းပါက စေတနာ့ဝန်ထမ်းများနှင့် အောက်ခြေအဆင့်နည်းဗျူဟာများအပေါ် မှီခိုအားထားရန်လိုအပ်ပါလိမ့်မည်။ ရန်ပုံ ငွေရရှိရေးလမ်းကြောင်းနှင့် အခြားအရင်းအမြစ်များသည် ကိုယ်စားလှယ်များအနေဖြင့် အသုံးချနိုင်ပြီး အသုံး ချသင့်သော မဟာဗျူဟာမျိုးအပေါ် အကြီးအမား သက်ရောက်မှုရှိတစ်ရပ်ရှိသည်။

ကိုယ်စားလှယ်၏နောက်ခံရာဇဝင်

မဲဆွယ်ရေးမဟာဗျူဟာတစ်ရပ်ကို ချမှတ်ဖော်ဆောင်သောအခါ ကိုယ်စားလှယ်တစ်ဦးတွင် ရှိသည့် သီးခြားဗ ဟုသုတအသိပညာ၊ ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဥပမာ ကိုယ်စား လှယ်တစ်ဦးသည် ကျောင်းဆရာတစ်ဦးဖြစ်သည်ဆိုလျှင် ထိုကိုယ်စားလှယ်၏အဆိုအမိန့်တွင် အစိတ်အပိုင်း ကြီးကြီးမားမားတစ်ရပ်အဖြစ် ရှိနေမည်မှာ ပညာရေးပင် ဖြစ်နိုင်သည်။ ပညာရေးတစ်ခုလုံးအတွက် အဆိုပါ မဲ ဆန္ဒရှင်အစိတ်အပိုင်းများ(ဥပမာ မိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသာများ)ကို ပစ်မှတ်ထားခြင်းသည် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပြီး ယင်းအချက်က မဲဆွယ်ရေးမဟာဗျူဟာ၏သိသာထင်ရှားသောအသွင်အပြင် ဖြစ်မည်ဟု ဆိုလိုရင်းဖြစ်သည်။

ရွေးကောက်ပွဲတစ်ရပ်၏ ပင်မအရေးကိစ္စများ

မဲဆွယ်ရေးကာလအတွင်း အရေးကြီးဆုံးကိစ္စရပ်များကိုလည်း မဲဆွယ်ရေးမဟာဗျူဟာတစ်ရပ်ကို ချမှတ်ဖော် ဆောင်သည့်အခါ ထည့်သွင်းစဉ်းစားသင့်သည်။ ဥပမာ သီးခြားအရေးကိစ္စတစ်ရပ်နှင့်ဆက်စပ်ပြီး ကြီးကြီးမား မား အရှုပ်အထွေးတစ်ခု သို့မဟုတ် ပဋိပက္ခတစ်ခုဖြစ်သည်မှာ မကြာသေးလျှင် ထိုကိစ္စသည် မဲဆွယ်ရေး အ တွင်း ကိုယ်စားလှယ်များ၏အဆိုအမိန့်အပေါ် သက်ရောက်မှုရှိနိုင်သည်။ အချို့ကိုယ်စားလှယ်များသည် ယင်း ကိစ္စရပ်များကို ထောက်ရှု၍ မိမိတို့၏အားသားချက်များကို ချဲ့ထွင့်ပြောဆို သို့မဟုတ် မိမိတို့အားနည်းချက် များကို လျှော့ချပြောဆိုရန် လိုအပ်နိုင်သည်။ မဲဆွယ်ရေးမဟာဗျူဟာသည် အထက်ပါထည့်သွင်းစဉ်းစားချက် များအပေါ် အခြေခံရလိမ့်မည်ဖြစ်သည်။

တစ်ခုတည်းသော “အကောင်းဆုံး”မဲဆွယ်ရေးဗျူဟာဟူ၍မရှိပါ။ မှန်ကန်သောဗျူဟာသည် ကိုယ်စားလှယ် တစ်ဦးနှင့်တစ်ဦးမတူသလို၊ ရွေးကောက်ပွဲတစ်ခုနှင့်တစ်ခုလည်း မတူကွဲပြားလိမ့်မည်။ မဲဆွယ်ရေးမဟာဗျူ ဟာတစ်ရပ်ကို ချမှတ်ပြီးလက်တွေ့အကောင်အထည်မဖော်ခင် အထက်ပါအသွင်အပြင်အားလုံးကို ကိုယ်စား လှယ်များနှင့် မဲဆွယ်ရေးအဖွဲ့များက အချိန်ယူကာ စဉ်းစားသင့်သည်။

သာဓကအချို့

အပြုသဘောဆောင်သောစိန်ခေါ်သူဗျူဟာ

တာဝန်ထမ်းဆဲအမတ်တစ်ဦးကို ဆန့်ကျင်ယှဉ်ပြိုင် သို့မဟုတ် အတိုက်အခံပြုရာတွင် မဲဆွယ်ရေးသည် ခေါင်း ဆောင်သစ်၊ အဖွဲ့သစ်နှင့် အပြောင်းအလဲဖြစ်ပေါ်ဖို့ အလားအလာရှိသော အပြုသဘောဆောင်လုပ်ငန်းစဉ် သစ်တစ်ရပ်နှင့်အတူ နှစ်လိုဖွယ်ရာ လတ်ဆတ်သစ်လွင်သော လမ်းစဉ်တစ်ခုကို တင်သွင်းပြခြင်းအားဖြင့် ပြောင်းလဲမှုနှင့် အသစ်ပြုပြင်မှုတို့ကို အလေးထားလုပ်ဆောင်နိုင်သည်။ အဆိုပါမဲဆွယ်ရေးမျိုးတွင် အသုံးပြု နေကျကြွေးကြော်သံတချို့မှာ “မြန်မာသည် ယခုထက်ပိုကောင်းသောအခြေအနေနှင့်ထိုက်တန်၏” “လူအား လုံးအတွက် ပိုကောင်းမွန်သောဘ၀”၊ “ထောက်ခံမဲပေးစို့”၊ “ငါတို့ အမှန်လုပ်နိုင်တယ်”၊ “လမ်းစဉ်သစ် စတင်လော့”၊ “စွမ်းအားသစ် မြှင့်တင်လော့” တို့ပါဝင်သည်။

အပျက်သဘောဆောင်သောစိန်ခေါ်သူဗျူဟာ

အတိုက်အခံပါတီများသည် မိမိတို့၏မဲဆွယ်ရေးအတွင်း တည်ဆဲအစိုးရ၏မူဝါဒများ၏ အကျိုးရလဒ်များကို အပျက်သဘောနည်းလမ်းဖြင့် ဖော်ပြစည်းရုံးနိုင်သည်။ ဤသို့ဖော်ပြစည်းရုံးရာတွင် ယင်းပါတီများသည် သင့် ပါတီကို မဲထည့်မှသာ အခြေအနေတိုးတက်လာမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များကို အယုံအကြည်သွင်းကာ စည်းရုံးရန်ကြိုးစားနိုင်သည်။ အဆိုပါမဲဆွယ်ရေးမျိုးတွင် တွေ့နေကျကြွေးကြော်သံများမှာ “ XXX ကို ကန့် ကွက်မဲပေးကြ”၊ “ ယခုစီမံအုပ်ချုပ်ရေး အလိုမရှိ”၊ “ ယခုအစိုးအရ အလုပ်မလုပ်”ဟူ၍ဖြစ်သည်။

အပြုသဘောဆောင်သောတာဝန်ထမ်းဆဲပုဂ္ဂိုလ်၏ဗျူဟာ

အစိုးရအဖွဲ့အတွင်းရောက်ရှိပြီး အပြုသဘောဆောင်သောပြောင်းလဲမှုတချို့ကို ဆောင်ရွက်ပေးထားသည့် ပါ  တီများသည် ယခုရရှိသောအောင်မြင်မှုမှ အခွင့်အရေးယူရန်ကြိုးစားနိုင်သည်။ အဆိုပါမဲဆွယ်ရေးမျိုးတွင် သုံး နေကျကြွေးကြော်သံများမှာ “ဝန်ကြီးချုပ် အလုပ်ပြီးမြောက်အောင်လုပ်ပါစေ”၊ “များများပြီးမြောက်လေ၊ များ များလုပ်စရာရှိလေ”၊ လွန်ခဲ့သောလေးနှစ်ကထက် သင်ပိုချောင်လည်လာသလား” အစရှိသည်တို့ဖြစ်သည်။ မဲ ဆန္ဒရှင်အများအပြားသည် လေးနှစ်ဟူသောအတိုင်းအတာမှာ ကာလရှည်ကြာမူဝါဒတစ်ရပ်ကို လက်တွေ့ဖော် ဆောင်ရန် အလွန်ပင်တိုတောင်းပြီး ကိုယ်စားလှယ်များကို ဒုတိယအကြိမ်အခွင့်အရေးပေးရန် ပြင်ဆင်ထား ရမည်ဟု သိနားလည်ထားကြောင်းဟူသောအချက်ကို ပါတီများက အလေးထားသင့်သည်။

အပျက်သဘောဆောင်သောတာဝန်ထမ်းဆဲပုဂ္ဂိုလ်၏ဗျူဟာ

ပါတီအများအပြားသည် ပြည်သူလူထု၏စိုးရိမ်ပူပန်မှုများအပေါ် မှီ၍ရှင်သန်ကြီးထွားခြင်းဖြင့် ရွေးကောက်ပွဲ အနိုင်ရရန် ကြိုးစားကြသည်။ ယခင်က အတိုက်အခံများ၏ ကျရှုံးမှုများ သို့မဟုတ် ဖြစ်နိုင်ခြေအန္တရာယ်များ အစရှိသည်တို့ကို ရည်ညွှန်းပြောဆိုပြီး မဲဆန္ဒရှင်ကို ပါတီများက ခြောက်လှန့်ကြသည်။ ဥပမာ ဆိုရှယ်ဒီမိုက ရက်များသည် အခွန်ကောက်ဖို့သာ တကဲကဲစိတ်ပါနေသောသူများကို အလွန်အမင်း သုံးစွဲသည်ဟု စွပ်ချက်နှင့် ရင်ဆိုင်ရသလို၊ တစ်ဖက်တွင် ကွန်ဆာဗေးတစ်များနှင့် လစ်ဘရယ်များကလည်း အစိုးရအသုံးစရိတ်ဖြတ် တောက်ရေးနှင့် လူချမ်းသာများ၏အကျိုးစီးပွား ထမ်းရွက်ရေးသာ အစဉ်စိတ်ပါနေကြသူများဟု စွပ်စွဲခံရ သည်။ ပြည်သူလူထု၏အကြောက်တရားများအပေါ် စာလုံးကြီးဖြင့်ထွင်း၍ဖော်ပြထားသော ကြွေးကြွော်သံ တစ်ခုကို နမူနာအနေဖြင့်ထုတ်ပြရလျှင် “၉၀ပြည့်နှစ်အမှောင်ကာလများဆီ နောက်ကြောင်းပြန်မလှည့်ရေး” ဟူ၍ဖြစ်ပါသည်။  နောက်ထပ်ဥပမာတစ်ခုမှာ “အလုပ်သမား(ပါတီ)သစ်၊ အန္တရာယ်သစ်”ဟူ၍ဖြစ်သည်။

နည်းဗျူဟာများ

နည်းဗျူဟာဆိုသည် မဲဆွယ်ရေးကာလအတွင်းအသုံးပြုသော ကိရိယာများနှင့် ချဉ်းကပ်ပုံများပင်ဖြစ်သည်၊ ထိုအရာများသည် ယေဘုယျမဟာဗျူဟာတစ်ရပ်လုံးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ မဲဆွယ် ရေးအဖွဲ့က ပြုလုပ်လိုက်သည့် နည်းဗျူဟာပိုင်းရွေးချယ်မှုများသည် ကြောင်းကျိုးယုတိ္တရှိစွာ မဟာဗျူဟာအ တိုင်း လိုက်နာသင့်သည်။ မဲဆွယ်ရေးအဖွဲ့က ရွေးချယ်လိုက်သော ရွေးချယ်ချက်များသည် မဲဆွယ်ရေးအဖွဲ့သုံး စွဲခွင့်ရှိထားသော အရင်းအမြစ်များ(ငွေအား၊ လူအားနှင့် ရုပ်၀တ္တုပိုင်းနှစ်မျိုးစလုံး)အပေါ် မူတည်ပါလိမ့်မည်။ မဲဆွယ်ရေးအဖွဲ့က အသုံးပြုလိုက်သည့် နည်းဗျူဟာများအပေါ် အခြားအရေးတကြီး လွှမ်းမိုးသက်ရောက်နေ မည့်အချက်တစ်ချက်ထဲတွင် မီဒီယာသုံးစွဲခွင့် ပါဝင်သည်။

ရွေးကောက်ပွဲမဲဆွယ်ရေးများတွင် မျှော်မှန်းထားသော ပန်းတိုင်များဆီ ဆိုက်ရောက်နိုင်ရန် အသုံးချကောင်းချ နိုင်သည့် နည်းဗျူဟာပိုင်းရွေးချယ်စရာများစွာရှိပါသည်၊ ထိုရွေးချယ်စရာများတွင်

  • အီလက်ထရွန်နစ်မီဒီယာ
  • ပုံနှိပ်မီဒီယာ
  • ပုံနှိပ်ထားသောရုပ်၀တ္ထုခြင်းရာများ(ပိုစတာများနှင့် ကြော်ငြာဆိုင်းဘုတ်များ)
  • လူထုစည်းဝေးပွဲများ
  • တယ်လီဖုန်းနှင့် မေးလ်
  • မဲဆွယ်ရေး- အိမ်တိုင်ရာရောက်အဆက်အသွယ်
  • မဲဆန္ဒရှင်ပညာရေး
  • မဲစာရင်းကောက်ခြင်း
  • သဘောထားစစ်တမ်းများ
  • အရင်းအမြစ်စုဆောင်းခြင်း(ငွေကြေးနှင့်အလားဝန်ဆောင်မှုများ)

စေတနာ့ဝန်ထမ်းစုဆောင်းခြင်း တို့ပါဝင်ကြသည်။
အထက်ပါနည်းဗျူဟာအားလုံး၏ အားသာချက်များနှင့် အားနည်းချက်များကို မဲဆွယ်ရေးအဖွဲ့များက စိစစ်အ ကဲဖြတ်သင့်ပြီး မိမိတို့၏မဲဆွယ်ရေးအတွက် မည်သည့်နည်းဗျူဟာမျိုးက အထိရောက်ဆုံးဖြစ်မည်ဟု ဆုံး ဖြတ်ချက်များ မချမှတ်ခင် မိမိတို့ သုံးစွဲခွင့်ရရှိမည့် အရင်းအမြစ်များ(အချိန်၊ လူအားနှင့် ငွေအား)ကို ထည့်စဉ်း စားသင့်သည်။

ထို့အပြင် အဆိုပါဆောင်ရွက်ချက်များအတွက် အချိန်သတ်မှတ်ချက်တစ်ခု ထားရှိသင့်သည်၊ ဆောင်ရွက်ချက် တစ်ခုချင်းအတွက် လိုအပ်သော လူနှင့် ငွေကြေး အရင်းအမြစ်များ(အပြင် အခြားရုပ်၀တ္ထုခြင်းရာများ)ကို သီး ခြားသတ်မှတ်ဖော်ပြထားသင့်သည်။ အဆိုပါအခြင်းအရာအားလုံးကို လုပ်ဆောင်ရန် မဖြစ်နိုင်၊ သို့မဟုတ် ပါ တီက စိတ်ဆန္ဒရှိသလောက်အထိ ထိုအရာအားလုံးကို လုပ်နိုင်သည်၊ ထို့ကြောင့် မဲဆွယ်ရေးအဖွဲ့အတွက် မ မဟာဗျူဟာကျကျ စဉ်းစားပြီး ဦးစားပေးရန် အရေးကြီးလိမ့်မည်ဖြစ်သည်။

မဟာဗျူဟာကျကျစီစဉ်ခြင်းသည် ပါတီတစ်ရပ်၏ပြဿနာမှန်သမျှအားလုံးကို ပြေလည်မှုရစေမည်တော့ မဟုတ်ပါ၊ စီစဉ်ခြင်းဖြစ်စဉ်ကိုယ်နှိုက်မှာပင် ဖြစ်နိုင်ခြေရှိသော ပြဿနာများရှိနေသေးသည်။ ထိုပြဿနာများ တွင်

  • စီစဉ်ခြင်းကို ပြန်ပြင်ဆင်၍မရနိုင်တော့လောက်သည်အထိကျပ်ကျပ်တည်းတည်းမဖြစ်သင့်ပါ( အစီ အစဉ်တစ်ရပ်သည် လမ်းညွှန်တစ်ခုသာဖြစ်သည်၊ ပြောင်းလဲနေသောဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီညွတ်မှုရှိနိုင်ရန်လိုအပ်သည်)
  • စီစဉ်ထားမှု ဖြစ်မြောက်အောင်မြင်ရေးအတွက် အချိန်နှင့် စွမ်းအားကို ပေးအပ်မြှုပ်နှံထားရမည်
  • မဲဆွယ်ရေးအဖွဲ့များအနေဖြင့် စီစဉ်ခြင်းကို လက်တွေ့ဆောင်ရွက်မှုကိုယ်စား အစားထိုးတစ်ခုအဆင့် ထိ မဖြစ်စေသင့်ပါ။
  • မဲဆွယ်ရေးအဖွဲ့များသည် ယေဘုယျကျကျချဉ်းကပ်မှုဖြင့် မဟာဗျူဟာစီစဉ်ခြင်းကို လုပ်ဆောင်ရ မည်ဖြစ်ပြီး
  • “နားလည်ရလွက်ကူသော”ဟန်ဖြင့် ရေးမထားသော အစီအစဉ်တစ်ရပ်ကို အသုံးမပြုရပါ

မဲဆွယ်စည်းရုံးရေးအစီအစဉ်ရေးဆွဲခြင်း

မဲဆွယ်စည်းရုံးရေးအစီအစဉ်ကောင်းတစ်ရပ်သည် အောင်မြင်သောမဲဆွယ်ရေးဖြစ်ရန်အတွက် အဓိကသော့ ချက်ဖြစ်သည်။ မဲဆွယ်ရေးအစီအစဉ်မရှိလျှင် မဲဆွယ်ရေးအဖွဲ့များနှင့် ကိုယ်စားလှယ်များသည် ရနိုင်သောအ ရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုနိုင်ပြီး မဲဆွယ်ရာတွင် အတိုက်အခံများအပေါ် အားသာချက်ရရှိစေ မည့် မဲဆွယ်ရေးမဟာဗျူဟာတစ်ရပ်ကို လက်တွေ့ဖော်ဆောင်နိုင်ခြင်းမရှိဘဲ လှုပ်ရှားဆောင်ရွက်ချက်တစ်ခု ပြီးတစ်ခုရောက်တတ်ရာရာ လုပ်နေရမည်ဖြစ်သည်။ ထို့အပြင် ဘေယုယျလမ်းညွှန်ချက်မရှိပါကလည်း အဖွဲ့ တွင်း ပဋိပက္ခဖြစ်ပေါ်နိုင်သောအခွင့်အလမ်းကို မြင့်မားစေပြီး ထိုအချက်သည် မဲဆွယ်ရေးကာလအတွင်း မဲ ဆွယ်ရေးအဖွဲ့အနေဖြင့် လိုအပ်သော နောက်ဆုံးသောအရာဖြစ်သည်။

အသေးစိတ်စီစဉ်ပြီး တစ်ဆင့်ချင်းရေးဆွဲထားသော မဲဆွယ်ရေးအစီအစဉ်တစ်ရပ် ရှိထားခြင်းသည် မဲဆွယ်ရေး အဖွဲ့အတွက် မဲဆွယ်နေစဉ်တစ်လျှောက်လုံး မိမိတို့၏ တိုးတက်မှုနှင့် အောင်မြင်မှုများကို တိုင်းတာကြည့်ခွင့်ရ လာမည်ဖြစ်သည်။ အစီအစဉ်အတိုင်းထပ်ကြပ်မကွာလိုက်နာဆောင်ရွက်ခြင်းသည် မဲဆွယ်ရေးအဖွဲ့အတွက် ဖြစ်လာနိုင်သောပြဿနာရပ်များကို အချိန်မတိုင်မီ ဖော်ထုတ်သိရှိနိုင်ရန် အထောက်အကူပေးသည်။ အစီအ စဉ်အတိုင်းလုပ်ဆောင်ခြင်းသည် မိမိတို့ထိန်းချုပ်၍မရသော အဖြစ်အပျက်များနှင့် ပတ်ဝန်းကျင်အခြေအနေ များအပေါ် ပြန်လည်တုံ့ပြန်ခြင်းထက် မိမိတို့ကိုယ်တိုင် မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များကို ရေရာသေ ချာစွာ ချမှတ်နိုင်သောနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

ဂရုတစိုက်သေချာစွာ ရေးသားထားသောမဲဆွယ်ရေးအစီအစဉ်တစ်ရပ်သည် မလိုလားအပ်သောမျှော်လင့်မ ထားသည့်အရာများ မဖြစ်ပေါ်စေရန် တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်သည်။  မဲဆွယ်ရေးအဖွဲ့ သည် ဒေသတွင်းသတင်းစာတစ်စောင်တွင် ကြော်ငြာထည့်ရန်နေရာတစ်နေရာပင် မရရှိခြင်းမျိုး သို့မဟုတ် မဲ ဆွယ်ရေးအတွက် အချိန်မပေးနိုင်သော စေတနာ့ဝန်ထမ်းများအစရှိသည်တို့နှင့် ရုတ်တရက်ရင်ဆိုင်ရလျှင် စိတ်ဓာတ်ကျဖွယ်ရာကောင်းသည်။

မဲဆွယ်စည်းရုံးရေးအစီအစဉ်

မဲဆွယ်စည်းရုံးရေးအစီအစဉ်တစ်ရပ်ဟူသည်မှာ မဲဆွယ်ရေး၏အဓိကပစ်မှတ်များကို လိုရင်းတိုရှင်းဖော်ပြ ထားသော အနှစ်ချုပ်စာတမ်းတစ်စောင်ဖြစ်သည်။ ယင်းထဲတွင် ပစ်မှတ်များ၊ အချိန်ဇယားနှင့် မဲဆွယ်ရေးတွင် ကုန်ကျမည့် အသုံးစရိတ်ခန့်မှန်းခြေစာရင်းတစ်ခုတို့ ပါဝင်သည်။ ကျယ်ကျယ်ပြန့်ပြန့် လူထုစည်းရုံးရေး လှုပ် ရှားမှုများမှသည် ရွေးကောက်ပွဲပိုစတာများ ပုံနှိပ်ရေးအထိ မဲဆွယ်ရေးနှင့်သက်ဆိုင်သမျှ ပြုနိုင်ဖွယ်လုပ်ငန်း ကိစ္စအ၀၀ နှင့် အစိတ်အပိုင်းအားလုံးကို ယင်းစာတမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် မဲဆွယ်ရေးအစီအစဉ်သည် အချိန်နှင့်အမျှ ညှိနှိုင်းပြင်ဆင်ပေးရန်လိုအပ်နိုင်သည်။ မဲဆွယ်ရေးသည် မဲဆွယ်ရေးအစီအစဉ်တွင် ဖော်ပြမထားသည့် အဖြစ်အပျက်သစ်များကို တုံ့ပြန်မှုရှိနိုင်ရလိမ့်မည်ဖြစ်သည်။

မဲဆွယ်ရေးအစီအစဉ်တစ်ရပ်သည် ရှည်ချင်ရှည်နိုင်သည်၊ တိုချင်တိုနိုင်သည်၊ ယင်းထဲတွင် အသေးစိတ်ပါဝင် သောအချက်အလက်ရေချိန်အပေါ်မူတည်၍ အမျိုးမျိုးဖြစ်နိုင်သည်။ သို့သော် မဲဆွယ်ရေးအစီအစဉ်တစ်ရပ် တွင် အနည်းဆုံး အောက်ပါအချက်အလက်များ ပါဝင်သင့်သည်၊

၁။ နိုင်ငံရေးဆက်စပ်အခြေအနေအကြောင်း အတိုချုပ်ဖော်ပြချက် -

  • ပြီးခဲ့သောသက်တမ်းကာလအတွင်း တိုင်းပြည်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။
  • ထိုစဉ်က လူပြောများသောအရေးကိစ္စရပ်များမှာ မည်သည့်အရာများဖြစ်သနည်း၊ အနာဂတ်တွင် မည်သည့် လူပြောများသောအရေးကိစ္စရပ်များ ဖြစ်လာဖွယ်ရှိသနည်း။
  • နိုင်ငံရေးရှုခင်းသည် မည်သို့ဖြစ်နေသနည်း။ မည်သူက ကိုယ်စားလှယ်၏ သို့မဟုတ် ပါတီ၏ အကြီး မားဆုံးပြိုင်ဘက်ဖြစ်သနည်း

၂။ ရွေးကောက်ပွဲမဟာဗျူဟာ -

  • ရွေးကောက်ပွဲပန်းတိုင်က မည်သည့်အရာဖြစ်သနည်း၊ မဲဆွယ်ရေးအဖွဲ့က ယင်းပန်းတိုင်ဆီ ဆိုက် ရောက်နိုင်ရန် မည်သို့သွားမည်နည်း။
  • အဓိကအဆိုအမိန့်က မည်သည့်အရာဖြစ်သနည်း၊ ပါတီက ပြသချင်သော ပုံရိပ်က မည်သည့်အရာဖြစ် သနည်း။.

၃။ နည်းဗျူဟာများနှင့် ဆောင်ရွက်ချက်များ-

  • ပန်းတိုင်ကို ဆိုက်ရောက်နိုင်ရန်အတွက် ခိုင်လုံခြေမြစ်သောအစီအစဉ်များမှာ မည်သည့်အရာများဖြစ် သနည်း။
  • မည်သည့်ဆောင်ရွက်ချက်များကို လုပ်ကိုင်ရမည်နည်း။
  • မဲဆန္ဒရှင်များမှာ မည်သည့်နေရာတွင် ရှိသနည်း၊ မဲဆွယ်ရေးအဖွဲ့ ၎င်းတို့ထံ ရောက်ရှိနိုင်ရေး မည်သို့ စီစဉ်သနည်း။
  • မည်သည့်သီးခြားပစ်မှတ်အုပ်စုများ (ဥပမာ အလုပ်ရှိသူများ သို့မဟုတ် အလုပ်မရှိသူများ၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးသူများ၊ လူငယ်လူရွယ်များအစရှိသဖြင့်) ထံမဲဆွယ်ရေးအဖွဲ့ကရောက်ရှိနိုင်ရန် ဆောင်ရွက်သနည်း။

၄။ မီဒီယာနှင့် ဆက်သွယ်ရေးကိရိယာများ -

  • မည်သည့်မီဒီယာကို အသုံးပြုမည်နည်း။
  • အခြားသောမည်သည့်ဆက်သွယ်ရေးနည်းနာများကို အသုံးပြုမည်နည်း။

၅။ အသုံးစရိတ်-

  • မဲဆွယ်ရေးအသုံးစရိတ်က မည်သည့်အရာဖြစ်သနည်း။
  • အဆိုပါအသုံးစရိတ်ကို မည်သို့ အသုံးပြုမည်နည်း။
  • မဲဆွယ်ရေးအဖွဲ့သည် ရန်ပုံငွေရှာရန်ကြိုးစားမည်လား၊ထိုသို့ဆိုပါက မည်သို့ကြိုးစားမည်နည်း။

၆။ အချိန်ဇယားနှင့် အလုပ်တာဝန်များခွဲဝေပေးခြင်း -

  • အမျိုးမျိုးသောလုပ်ငန်းကိစ္စအ၀၀ကို မည်သည့်အချိန်တွင် ပြင်ဆင်ပြီးစီမံဆောင်ရွက်ရသနည်း။
  • မည်သည့်လုပ်ငန်းကိစ္စများအတွက် မည်သူက တာဝန်ရှိသနည်း။

အချိန်ဇယား သတ်မှတ်ရေးဆွဲပုံ

အောက်တွင် မဲဆွယ်ရေးအချိန်ဇယားတစ်ခုကို နမူနာအနေဖြင့်ပြထားသည်။ အဓိကလိုအပ်ချက်မှာ အစီအစဉ် ရေးဆွဲခြင်းကို အချိန်စော၍ ကောင်းစွာစတင်လုပ်ဆောင်သင့်ခြင်းဖြစ်သည်။ အမျိုးသားဗဟိုအဆင့်မဲဆွယ် ရေးအတွက် တစ်နှစ်တာပြင်ဆင်မှုက သင့်တော်သည်။ ဒေသန္တရအဆင့်မဲဆွယ်ရေးအတွက်မူ အနည်းဆုံးအ ချိန်ခြောက်လယူရလိမ့်မည်။ အချိန်ဇယားသည် တစ်လချင်း၊ တစ်ပတ်ချင်း အချိန်ယူကာ မည်သည့်အဆင့်ကို လှမ်းသွားရမည်ဟူသောအချက်ကို ညွှန်ပြနေခြင်းဖြစ်သည်။

မဲဆွယ်ရေးကာလတစ်ခုလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ်ရေးဆွဲခြင်း သို့မဟုတ် နံရံကပ်ပြက္ခဒိန် တစ်ခုထားခြင်းက အထောက်အကူဖြစ်နိုင်ပါသည်။ ဤသို့လုပ်ဆောင်ထားလျှင် အရေးပါသောအချက်အလက် နှင့် ဆောင်ရွက်ချက်များကို ခြုံငုံသုံးသပ်ကြည့်နိုင်မည်ဖြစ်သည်။ သိသာထင်ရှားသည်က အစီအစဉ်ရေးဆွဲမှု သည် ရွေးကောက်ပွဲချဉ်းကပ်ပုံနည်းလမ်းများအတိုင်း ပိုမိုအသေးစိတ်ဆောင်ရွက်ရမည်ဟူသောအချက်ပင်ဖြစ် သည်။

 

ဒေသန္တရအဆင့်မဲဆွယ်ရေးနှင့် မြို့နယ်ကောင်စီရွေးကောက်ပွဲများအတွက် PvdA ၏အချိန် ဇယား- ၆ လတာ

ပထမလ

မဲဆွယ်ရေးအဖွဲ့ကို ဖွဲ့စည်း

မဲဆွယ်ရေးအစည်းအဝေးများအတွက် ရက်စွဲသတ်မှတ်

ယခင်ကမဲဆွယ်ရေးမန်နေဂျာနှင့် တွေ့ဆုံ

မဲဆွယ်ရေးအစီအစဉ် ချရေး

 

ဒုတိယလ

လစဉ်မဲဆွယ်ရေးအစည်းအဝေးပြုလုပ်

မဲဆွယ်ရေးအဖွဲ့ဝင်များ/အဆက်အသွယ်များ၏စာရင်းတစ်ခု ပြုစု

ရန်ပုံငွေစတင်ရှာဖွေ

 

တတိယလ

လစဉ်မဲဆွယ်ရေးအစည်းအဝေးပြုလုပ်

စေတနာ့ဝန်ထမ်းများ ရှာဖွေ

မဲဆန္ဒရှင်စျေးကွက်ကို လေ့လာဆန်းစစ်

(ဒေသတွင်း) မီဒီယာစာရင်းတစ်ခုစုဆောင်း

 

စတုတ္ထလ

တိကျသောရွေးကောက်ပွဲလမ်းစဉ်ကို ယခုကာလတွင် စီစဉ်သတ်မှတ်ထားသင့်

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၈ ပတ်အလို

လစဉ်မဲဆွယ်ရေးအစည်းအဝေး

ပိုစတာကို ဒီဇိုင်းပြင်ဆင်ပြီး လိုအပ်သည့်လက်ကမ်းစာစောင်များပြုလုပ်

ကြော်ငြာဒီဇိုင်းများ ပြုလုပ်

မဲဆွယ်ရေးအဖွဲ့အစည်းနှင့်ပတ်သက်ပြီး စေတနာ့ဝန်ထမ်းအစည်းအဝေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၇ ပတ်အလို

ဒေသတွင်းပုံနှိပ်မီဒီယာတွင် စာအုပ်ကဏ္ဍနှင့် နေရာပါဝင်အောင်ပြုလုပ်

ဒေသတွင်းရုပ်မြင်သံကြားလိုင်းတွင် စာအုပ်ကဏ္ဍနှင့် နေရာပါဝင်အောင်ပြုလုပ်

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၆ ပတ်အလို

အသံလွှင့်ဌာနနှင့်ရုပ်မြင်သံကြားဌာနတို့အတွက် စီးပွားဖြစ်ကြော်ငြာများပြုလုပ်

လှုပ်ရှားဆောင်ရွက်မှုကိစ္စအ၀၀ကို ပြင်ဆင်

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်၅ ပတ်အလို

လှုပ်ရှားဆောင်ရွက်မှုကိစ္စအ၀၀ကို ပြင်ဆင်

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်၄ ပတ်အလို

အဦးဆုံးအပတ်စဉ်မဲဆွယ်ရေးအစည်းအဝေး

လှုပ်ရှားဆောင်ရွက်မှုကိစ္စအ၀၀ကို ပြင်ဆင်

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၃ ပတ်အလို

မဲဆွယ်စည်းရုံးရေးစတင်

အပတ်စဉ်မဲဆွယ်ရေးအစည်းအဝေး

ပိုစတာများ ပြုလုပ်ပြီး ဖြန့်ဝေ

အဖွဲ့ဝင်များအချင်းချင်းဆောင်ရွက်

လှုပ်ရှားဆောင်ရွက်ချက်များ

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၂ ပတ်အလို

အပတ်စဉ်မဲဆွယ်ရေးအစည်းအဝေး

လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်းမီဒီယာတွင် ကြော်ငြာများထည့်သွင်း

စနေနေ့ တစ်လမ်းဝင်တစ်လမ်းထွက် မဲဆွယ်ရေး

 

ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၁ ပတ်အလို

စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း အစည်းအဝေးကို စီစဉ်

(ရွေးကောက်ပွဲပြီးနောက်ပိုင်း)

နေ့စဉ်ဖုန်းမှတစ်ဆင့် တိုးတက်မှုအကြောင်းဝိုင်းဖွဲ့ဆွေးနွေး

ပိုစတာများကို အသစ်ပြောင်းလဲ

လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်းမီဒီယာတွင် ကြော်ငြာများထည့်သွင်း

လူထုဆန္ဒခံယူခြင်း

 

ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးသီတင်းပတ်

နေ့စဉ်ဖုန်းမှတစ်ဆင့် တိုးတက်မှုအကြောင်းဝိုင်းဖွဲ့ဆွေးနွေး

လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်းမီဒီယာတွင် ကြော်ငြာများထည့်သွင်း

နောက်ဆုံးရက် “အပြီးသတ်ထိုးစစ်ပြုလုပ်”ခြင်း

သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအတွက် မဲရုံများဆီ သွားလာနိုင်ရေး စီစဉ်ပေး

 

ရွေးကောက်ပွဲနေ့များ - မဲထည့်

 

ကိုးကား၊ Becoming a better politician: political skills manual