အသစ်များ > အာဏာခွဲဝေကျင့်သုံးခြင်း

အာဏာခွဲဝေကျင့်သုံးခြင်း

2022-08-29

အစိုးရ၏အဓိကလုပ်ငန်းဆောင်တာသုံးရပ်ရှိသည်။ ဥပဒေများကိုရေးဆွဲခြင်း၊ ဥပဒေများကို အကောင်အထည် ဖော်ခြင်းနှင့် ဥပဒေများကို ပြဋ္ဌာန်းသက်ရောက်စေခြင်းဟူ၍ဖြစ်သည်။ ထိုလုပ်ငန်းဆောင်တာများကို အစိုးရ၏ ‘မဏ္ဍိုင်’ သုံးရပ်က တာဝန်ယူလုပ်ဆောင်သည်။

  • ဥပဒေပြုရေးမဏ္ဍိုင်(ဥပဒေများကို ရေးဆွဲခြင်း)
  • အုပ်ချုပ်ရေးမဏ္ဍိုင်(ဥပဒေများကို အကောင်အထည်ဖော်ခြင်း)
  • တရားစီရင်ရေးမဏ္ဍိုင် (ဥပဒေများကို ပြဋ္ဌာန်းသက်ရောက်စေခြင်း)

ဒီမိုကရေစီအစိုးရ၏အလွန်အရေးပါသောအသွင်အပြင်တစ်ရပ်မှာ အထက်ပါမဏ္ဍိုင်သုံးရပ်တို့ တစ်ခုနှင့်တစ်ခု သီးခြား အမှီအခိုကင်းလွတ်လပ်စွာရှိနေခြင်းပင်ဖြစ်သည်။ မဏ္ဍိုင်သုံးရပ်၏လုပ်ငန်းဆောင်တာများသည် တစ်ခုနှင့်တစ်ခုအ လွန်နီးကပ်စွာ ချိတ်ဆက်မှုရှိသည့်တိုင် မဏ္ဍိုင်တစ်ရပ်စီတွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ၊ တာဝန်၀တ္တရားများနှင့် အာဏာ တို့ရှိနေကြသည်ဖြစ်ရာ မည်သည့်မဏ္ဍိုင်ကမှ ဝင်စွက်ဖက်နိုင်ခြင်းမရှိပါ။ ဤအမြင်ကို ‘အာဏာခွဲဝေကျင့်သုံးခြင်း’ဟု ခေါ်ဝေါ်ပြီး အများအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တွေ့မြင်ရသည်။

အာဏာခွဲဝေကျင့်သုံးရခြင်း၏အဓိကရည်ရွယ်ချက်သည် အဖွဲ့အစည်းဌာနတစ်ရပ်က တခြားဌာနတစ်ရပ်(နှင့် ယေဘု ယျအားဖြင့်အစိုးရအပေါ်) အပေါ် နိုင်လိုမင်းထက်ပြုမူ၍မရအောင် တားဆီးနိုင်ရန်ဖြစ်သည်။ အာဏာရှင်အစိုးရအများ အပြားတွင် စင်စစ်အာဏာသည် အစိုးရမဏ္ဍိုင်တစ်ရပ်(အများအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်)တွင်သာ တည်ရှိနေသည်။ အခြားမဏ္ဍိုင်များသည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွယ်လင့်တကူ ခြိမ်းခြောက်မှု (သို့မဟုတ်) ထိန်းချုပ်မှုကို ခံရသည်။ ဤအခြေအနေသည် တရားဥပဒေစိုးမိုးရေးကို မှေးမှိန်စေသလို အကျင့်ပျက်ခြစားမှုနှင့် မတည်ငြိမ်မှုကိုပါ ဖြစ်စေတတ် သည်။ အာဏာခွဲဝေကျင့်သုံးခြင်းသည် မဏ္ဍိုင်တစ်ရပ်တွင် အာဏာအလွန်အမင်းတည်ရှိမနေစေရန် မတူသောမဏ္ဍိုင် ရပ်များကြား အာဏာကို ဖြန့်ဝေပေးထားခြင်းဖြင့် အထက်ပါအခြေအနေမျိုးမဖြစ်စေရန် ရှောင်လွှဲနိုင်သည်။

အာဏာခွဲဝေကျင့်သုံးခြင်းဟူသည် မည်သည့်မဏ္ဍိုင်ကမှ အခြားမဏ္ဍိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ထင်သ လိုလုပ်ခွင့်မရှိဟုဆိုလိုခြင်းဖြစ်သည်။ မတူသောမဏ္ဍိုင်များကို အရေးပါသောဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ သဘော ထားမကွဲအောင် ထိန်းကျောင်းပေးခြင်းသည် ပါဝင်ဆောင်ရွက်ခြင်းနှင့် ပွင့်လင်းမြင်သာမှုကိုပါ မြှင့်တင်ပေးနိုင်သည်။

စစ်ဆေးချိန်ညှိခြင်း

အာဏာခွဲဝေကျင့်သုံးခြင်း၏အရေးပါသောအကျိုးရလဒ်တစ်ခုမှာ ‘စစ်ဆေးချိန်ညှိခြင်း’စနစ်ကို မွေးဖွားပေးလိုက်ခြင်း ပင်ဖြစ်သည်။ ထိုစနစ်ကြောင့် မတူသောမဏ္ဍိုင်များသည် မဏ္ဍိုင်တစ်ရပ်စီ၏အာဏာကို ကန့်သတ်ခွင့်ရှိပြီး မဏ္ဍိုင်သုံး ရပ်၏အာဏာကို ဟန်ချက်ညီ(သို့မဟုတ် အနည်းဆုံး၊ ပိုမိုတန်းတူ)စေနိုင်မည်ဖြစ်သည်။ ဥပမာ အမေရိကန်ပြည် ထောင်စုတွင် ဥပဒေတစ်ရပ်ကို ရေးဆွဲရန် ဥပဒေပြုလွှတ်တော်တွင်သာ အာဏာရှိသော်လည်း လွှတ်တော်က ပြဋ္ဌာန်း ချင်သော ဥပဒေများကို သမ္မတက ဗီတိုအာဏာသုံး(ပယ်ဖျက် သို့ ကန့်ကွက်)ခွင့်ရှိနေသည်။

စစ်ဆေးချိန်ညှိခြင်းစနစ်များသည် မတူသောမဏ္ဍိုင်များ အချင်းချင်းပူးပေါင်းလုပ်ဆောင်ပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခု ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဖြစ်လာမည့်အခြေအနေတစ်ရပ်ကို ပေါ်ပေါက်စေပါသည်။ ဥပမာ အမေရိကန်ပြည်ထောင်စုတွင် အုပ်ချုပ်ရေးမဏ္ဍိုင်သည် စစ်တပ်၏စစ်သေနာပတိ (ခေါင်းဆောင်)ဖြစ်သော်လည်း ဥပဒေပြုလွှတ်တော်က ခွင့်ပြုမှသာ စစ်ကြေညာနိုင်သည်။ ဤဥပမာကိုကြည့်လျှင် စစ်တပ်ကို အမိန့်ပေးနိုင်သောအာဏာနှင့် စစ်ကြေညာနိုင်သော အာဏာသည် တန်းတူအရေးပါသည်ကို တွေ့ရမည်။ သို့ရာတွင် အာဏာကို မတူသောမဏ္ဍိုင်များက ထိန်းချုပ်ထား သဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်တွင်ဖြစ်စေ၊ ဥပဒေပြုရေးမဏ္ဍိုင်တွင်ဖြစ်စေ မည်သည့်မဏ္ဍိုင်တွင်မှ သူ့သဘောနှင့်သူ စစ် တိုက်ရန်အာဏာမရှိသည်ကို တွေ့ရပါမည်။(McLaughlin 2013: 74-77)

နှိုင်းယှဉ်လေ့လာချက်။ ဖိလစ်ပိုင်နိုင်ငံမှအာဏာခွဲဝေမှုစနစ်

၁၉၈၇နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးအာဏာ၊ သို့မဟုတ် ဥပဒေရေးဆွဲရန်၊ ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် လုပ်ပိုင်ခွင့်အာဏာကို ဖိလစ်ပိုင်ကွန်ဂရက်ထံ အပ်နှင်းထားသည်။ အုပ်ချုပ်ရေးအာဏာ၊ သို့မဟုတ် ဥပဒေများကို လိုက်နာဆောင်ရွက်(သို့မဟုတ်ပြဋ္ဌာန်းသက်ရောက်စေရမည့်အာဏာသည် သမ္မတတစ်ဦးထဲတွင် တည်ရှိသည်။ ထို အာဏာကိုကျင့်သုံးရာတွင် သမ္မတသည် သူ(သို့သူမ၏ထိန်းချုပ်မှုအောက်ရှိ ကျယ်ပြန့်သောအုပ်ချုပ်ရေးဗြူရိုကရေစီ ၏အကူအညီကိုယူကာ (သို့မဟုတ်ထိုဗြူရိုကရေစီမှတစ်ဆင့်လုပ်ကိုင်ဆောင်ရွက်သည်။ နောက်ဆုံးအားဖြင့် တရား စီရင်ရေးအာဏာ၊ သို့မဟုတ် ဥပဒေရေးရာအခွင့်အရေးများပါဝင်သောအငြင်းအခုံများကို ဖြေရှင်းပေးရန်လုပ်ပိုင်ခွင့်အာ ဏာသည် တရားရုံးချုပ်နှင့် ဥပဒေအရတည်ဆောက်ထားသော အောက်တရားရုံးများတွင် တည်ရှိသည်။

ကိုယ်စီအသီးသီးရှိထားသောအာဏာများကိုကျင့်သုံးရာတွင် အထက်ပါမဏ္ဍိုင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြ ဋ္ဌာန်းချက်များအတိုင်း စစ်ဆေးချိန်ညှိခြင်းစနစ်နှင့်အညီပြုမူဆောင်ရွက်ရမည်။ ဤစနစ်သည် မဏ္ဍိုင်တစ်ရပ်ကကိုယ်စီ ခွဲဝေရရှိထားသောအာဏာများကို ကျင့်သုံးပြီး တခြားမဏ္ဍိုင်များကို စစ်ဆေးကြည့်နိုင်မည်ဖြစ်ရာ မဏ္ဍိုင်များကြား အ ဆက်အသွယ်ပျက်မသွားတော့ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဋ္ဌာန်းပေးထားသော အဓိကစစ်ဆေးချိန်ညှိခြင်းများ မှာ အောက်ပါတိုင်းဖြစ်သည်။

သမ္မတ၏ဗီတိုအာဏာ

ကွန်ဂရက်က ပြဌာန်းသောမူကြမ်းဥပဒေတိုင်းသည် ဥပဒေအဖြစ်မသက်ဝင်ခင် သမ္မတ၏အတည်ပြုချက်ကိုယူရန် သမ္မတဖြစ်သော သူ(သို့မဟုတ်)သူမ ထံတင်ပြန်ရန်လိုသည်။ သမ္မတက အတည်မပြုလျှင် ထိုမူကြမ်းဥပဒေကို သူ(သို့သူမက ဗီတိုအာဏာသုံးပြီး ကန့်ကွက်ချက်များနှင့်တကွ ကွန်ဂရက်ထံ ပြန်ပေးပို့သည်။ သမ္မတ၏ဗီတိုအာဏာကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် သီးခြားမဲပေးပြီး လွှတ်တော်အမတ် ၃ပုံ၊ ၂ပုံမဲဖြင့် ပယ်ဖျက်နိုင်သည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ခွင့်အာဏာများကို စစ်ဆေးခြင်း

လွှတ်တော်နှစ်ရပ်စလုံးတွင် ပူးတွဲမဲပေးပြီး ထောက်ခံမဲအများစုဖြင့် ကွန်ဂရက်သည် စစ်အုပ်ချုပ်ရေးကို ကြေညာ(သို့ မဟုတ်)ရုပ်သိမ်းနိုင်သည်။ ကွန်ဂရက်၏အထက်ပါရုပ်သိမ်းနိုင်ခြင်းကို သမ္မတကပြုပြင်ပြောင်းလဲ၍မရနိုင်ပါ။ ကွန်ဂ ရက်ကသာ စစ်အုပ်ချုပ်ရေး ကြေညာခြင်း (သို့မဟုတ်)ရုပ်သိမ်းခြင်းကို ကနဦးရက်၆၀ကာလကျော်အထိ ထပ်တိုးခွင့်ရှိ သည်။ ထို့သို့ရက်ထပ်တိုးရာတွင် သမ္မတမှဦးဆောင်၍ လွှတ်တော်နှစ်ရပ်စလုံး ပူးပေါင်းမဲခွဲပြီး မဲအများစုဖြင့်ဆောင် ရွက်ရသည်။ တရားရုံးချုပ်သည် နိုင်ငံသားတိုင်းက လျှောက်ထားလာသည့်စွဲဆိုချက်ကို သင့်တော်သလိုကြားနာပြီး စစ်အုပ်ချုပ်ရေးကြေညာချက်(သို့မဟုတ်ရုပ်သိမ်းချက်တွင် ခိုင်လုံသောအကြောင်းအချက်ရှိ၊မရှိကို စစ်ဆေးသုံးသပ် နိုင်သည်၊ ထို့နောက် တရားရုံးချုပ်သည် နိုင်ငံသားများလျှောက်ထားသည့်နေ့မှစ၍ ရက်သုံးဆယ်အတွင်း စီရင်ချက်ကို ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

ဘဏ္ဍာငွေအသုံးစရိတ်အဆိုပြုခြင်း၊ သတ်မှတ်လျာထားခြင်းနှင့် စီမံဆောင်ရွက်ခြင်း

အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဥပဒေများကို လိုက်နာဆောင်ရွက်ရာတွင် အစိုးရဘဏ္ဍာငွေထဲမှ အကြီးမားဆုံးပမာဏကို ထုတ်ပေးနိုင်(သို့မဟုတ်သုံးစွဲနိုင်သောအခွင့်အာဏာရှိထားသည်။ ထိုအခွင့်အာဏာအတိုင်း ဆောင်ရွက်နိုင်ရန် ကွန်ဂ ရက်က သတ်မှတ်လျာထားပေးချက်အရသာ လုပ်နိုင်သည်။ သို့သော် ဥပဒေဖြင့်(အထွေထွေလျာထားချက်အက်ဥပဒေ ဟုခေါ်အစိုးရဘဏ္ဍာငွေတစ်ရပ်လုံးကို ယခုလို သတ်မှတ်လျာထားပေးနိုင်သော ကွန်ဂရက်၏အာဏာသည် သမ္မတ၏ စစ်ဆေးချိန်ညှိခြင်းအပါအဝင် ကန့်သတ်ချက်ပေါင်းမြောက်များစွာဖြင့် ထိန်းချုပ်ခံထားရသည်။

စာချုပ်များ၊နိုင်ငံတကာသဘောတူညီချက်များနှင့်စပ်လျဉ်း၍အထက်လွှတ်တော်၏သဘောတူညီချက်

ဖွဲ့စည်းပုံအခြေခံဥပဒေသည် သမ္မတ၏နိုင်ငံခြားရေးရာကိစ္စများနှင့်ပတ်သက်သောအထူးလုပ်ပိုင်ခွင့်အာဏာကျင့်သုံးမှု ကို စစ်ဆေးမှုတချို့ပြုလုပ်ရန်ချမှတ်ပေးထားသည်။ အထက်လွှတ်တော်အမတ်အားလုံးအနက် အနည်းဆုံး ၃ပုံ၊၂ပုံမဲ ဖြင့် သဘောတူညီချက်မရှိပါက နိုင်ငံတကာနှင့်ချုပ်ဆိုသောမည်သည့်စာချုပ်(သို့မဟုတ်)သဘောတူညီချက်များမှတ ရားဝင်၊သက်ရောက်မှုမရှိပါ။ တရားရုံးများတွင်လည်း စာချုပ်တစ်ရပ်ကိုဖြစ်စေ၊ နိုင်ငံတကာ(သို့)အုပ်ချုပ်ရေးမဏ္ဍိုင် ကဖြစ်စေချုပ်ထားသောသဘောတူညီချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း ထုတ်ပြန်နိုင်သည့်အာဏာ ရှိသည်။

သမ္မတ၏ရာထူးခန့်အပ်ပိုင်ခွင့်အာဏာကို စစ်ဆေးခြင်း

အစိုးရအဖွဲ့၏အဆင့်အမြင့်ဆုံးရာထူးများအတွက်အရာရှိများကို ခန့်အပ်ရာတွင် လွှတ်တော်က စစ်ဆေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက ချမှတ်ပေးထားသည်။ ထိုအရာရှိများကို ခန့်အပ်ရာတွင် ခန့်အပ်ရေးကော်မရှင်အဖွဲ့၏ သဘောတူခွင့် ပြုချက်ကိုယူရန်လိုအပ်သည်။ ထိုကော်မရှင်အဖွဲ့တွင် အထက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်အမတ်၁၂ဦးနှင့် အောက်လွှတ်တော်အမတ်၁၂ဦးတို့ ပါဝင်သည်။

ဥပဒေပြုလွှတ်တော်တွင်း စုံစမ်းစစ်ဆေးမေးမြန်းချိန်

အထက်လွှတ်တော်တွင်ဖြစ်စေ၊ အောက်လွှတ်တော်တွင်ဖြစ်စေ၊ လွှတ်တော်တွင်းမည်သည့်ကော်မတီများတွင်ဖြစ်စေ ဥပဒေပြုခြင်းကို အထောက်အကူပြုနိုင်ရန် စုံစမ်းစစ်ဆေးမှုများကို လုပ်နိုင်သည်။ သက်ဆိုင်ရာဌာနအကြီးအကဲများကို ရှေ့တော်သွင်းဆင့်ခေါ်၍ ၎င်းတို့၏ဌာနများနှင့်ဆက်စပ်သောမည်သည့်အကြောင်းကိစ္စရပ်တိုင်းကိုမဆို စုံစမ်းစစ်ဆေး ကြားနာနိုင်သည်။

တရားစီရင်ရေးမဏ္ဍိုင်၏စိစစ်သုံးသပ်မှု

တရားသူကြီးအဖွဲ့တွင် တရားစီရင်မှုဆိုင်ရာစိစစ်သုံးသပ်နိုင်သည့်အာဏာကို ကျင့်သုံးပြီး အခြားဌာနများအား စစ်ဆေး ရန်အာဏာရှိသည်။

ကိုးကား၊ Philippine Democracy Assessment: Rule of Law and Access to Justice