အသစ်များ > မဲဆွယ်ရေးအတွက်အလေးထားစရာကိစ္စရပ်များကို ရွေးချယ်ခြင်း

မဲဆွယ်ရေးအတွက်အလေးထားစရာကိစ္စရပ်များကို ရွေးချယ်ခြင်း

2023-01-21

နိုင်ငံရေးပါတီများနှင့်ပတ်သက်ဆက်ဆံကြသောသူများသည် တစ်စုံတစ်ရာကို ပြောင်းလဲချင်၍ မဲဆွယ်ရေးအ တွက် အလေးထားစရာကိစ္စရပ်များကို ရွေးချယ်ကြပါသည်။ လူအများစုအတွက် ကိုယ်တိုင်ရင်ဆိုင်နေရသော၊ မိမိတို့၏အိမ်နီးချင်းပြည်သူများရင်ဆိုင်နေရသော၊ ထိုပြည်သူများ၏လူမှုအသိုင်းအဝိုင်းအတွင်း ရင်ဆိုင်နေရ သောစိန်ခေါ်ချက်များသည် မိမိတို့ ကိုင်တွယ်ဖြေရှင်းပေးချင်သောအကြောင်းကိစ္စခြင်းရာများပင်ဖြစ်သည်။

ကိုယ်စားလှယ်များနှင့် မဲဆွယ်ရေးအဖွဲ့များအနေဖြင့် မိမိတို့၏မဲဆန္ဒနယ်မြေတွင်းရှိ ပြည်သူများ၏ လူနေမှုအ ဆင့်အတန်းများနှင့် ၎င်းတို့ရင်ဆိုင်နေရသော စိန်ခေါ်ချက်များနှင့်စပ်လျဉ်း၍ အကြားအမြင်နှံ့စပ်ကာကောင်း ကောင်းသိရှိနားလည်ထားရန်လိုအပ်ပါသည်။ ကိုယ့်မဲဆန္ဒနယ်မြေတွင်း နေထိုင်သည့် ကိုယ်စားလှယ်ဖြစ်နေ ၍ ထိုနယ်မြေလူထုအသိုင်းအဝိုင်းတွင်း ပြဿနာရပ်များကို ရိပ်စားနားလည်သည်၊ နယ်ခံလူထု၏ခံယူချက်အ မြင်များ မည်သို့ရှိသည်၊ ပြဿနာရပ်များကို ထိုနယ်ခံပြည်သူတို့ မည်သို့မည်ပုံ သိမြင်နားလည်သည်၊ အဘယ် ပြဿနာကို ဖြေရှင်းသင့်သည်ဟု ၎င်းတို့က မည်သို့မည်ပုံတွေးကြသည်ဟူသည်ကအစ ကိုယ်စားလှယ်ကသိ နေမည်ဟူ၍ စဉ်းစားလိုက်ရုံဖြင့် မလုံလောက်ပါ။  ထို့ကြောင့် မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့မဲဆွယ်လှုပ်ရှား မှုမှ ပစ်မှတ်ထားမည့် အုပ်စုများအတွက် အရေးကြီးဆုံးဖြစ်သော အဆိုပါအလေးထားစရာအရေးကိစ္စရပ်များ ကိုဖော်ထုတ်၊ သိရှိနားလည်ထားရန် အရေးကြီးခြင်းဖြစ်သည်။

မဲဆွယ်ရေးကာလအတွင်း လူထုအသိုင်းအဝိုင်းရှိပြည်သူများ၏သဘောထားအမြင်များ၊ အတွေ့အကြုံများနှင့် အလှမ်းကွာနေသော အထွေထွေထုတ်ပြောကြားချက်များကို အားနည်းသောအဆိုများအဖြစ် မြင်ကြလိမ့်မည် ဖြစ်ပြီး အတိုက်အခံများအတွက် အလွယ်တကူ ဝေဖန်ထိုးနှက်ခွင့်ရသွားနိုင်သည်။ ပစ်မှတ်အုပ်စုများအတွက် အရေးကြီးသော အရေးကိစ္စရပ်များအကြောင်း သုတေသနပြုခြင်းသည် မဲဆွယ်ရေးအတွက် အသုံးဝင် သောသတင်းအချက်အလက်နှင့် အသိအမြင်တို့ကို ဖန်တီးပေးမည်ဖြစ်ပြီး ထိုသို့သုတေသနပြုလုပ်ခြင်းသည် မိမိတို့၏ကိုယ်စားလှယ်အတွက် လူထုရှေ့ပြောရမည့်အဆိုများနှင့် အတိုက်အခံဘက်ကို ဆန့်ကျင်ပြောဆိုရန် အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ရရှိစေမည်ဖြစ်သည်။

အရေးကိစ္စရပ်များကို သိအောင်ဖော်ထုတ်ခြင်း

မဲဆွယ်ရေးကာလအတွင်း မဲဆွယ်ရေးအဖွဲ့က အလေးထားရမည့် အရေးကိစ္စရပ်များကို သိအောင်ဖော်ထုတ် သောအခါ ထည့်စဉ်းစားရန်လိုအပ်သည့် ကျယ်ပြန့်သောအနည်းဆုံးနယ်ပယ်ကြီးနှစ်ခုရှိသည်။

၁။ မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများ-  ပြည်သူများ မည်သည့်ပြဿနာများကို တွေ့ကြုံနေရသနည်း။

  • ပြည်သူများ- အသက်အပိုင်းအခြားအုပ်စုများ၊ လိင်၊ အလုပ်အကိုင်၊ ဝင်ငွေအဆင့်အတန်း၊ ဥပမာ တရားဝင်အရင်းအမြစ်များ၊ အင်တာဗျူးများနှင့် အစည်းအဝေးများကို အသုံးပြုခြင်း။
  • ပြဿနာရပ်များ- အိမ်ရာ၊ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စရပ်များ၊ ရာဇဝတ်မှု၊ အကြမ်းဖက်ခြင်း၊ အိတ်ချ်အိုင်ဗွီရောဂါပိုးအစရှိသ ဖြင့်။
  • မျှော်လင့်ချက်များ - မည်သည့်အပြောင်းအလဲများကို ပြည်သူများ မျှော်လင့်နေကြသနည်း။ ပြည်သူ များ၏ခံယူချက်အမြင်များမှာ မည်သို့ရှိသနည်း။

၂။ ရပ်ကွက်တွင်း ရုပ်ပိုင်းဝန်းကျင်အခြေအနေ- နယ်မြေတွင်း မည်သည်တို့ တည်ရှိသနည်း။

  • တည်ရှိနေသမျှအရာရာတိုင်း၊ ပြဿနာရပ်များနှင့် အနာဂတ်အတွက် မည်သည့်အစီအစဉ်များရှိ သည်။ ဥပမာတချို့ထုတ်ပြရလျှင် - အိမ်ရာ၊ အခြေခံဝန်ဆောင်မှုများ၊ အလုပ်လုပ်ကိုင်ရာနေရာများ၊ လမ်းများ၊ စျေးဆိုင်များ၊ ကျောင်းများ၊ ရဲအစောင့်အရှောက်များ၊ ရပ်ရွာခန်းမများအစရှိသည်။

မဲဆွယ်ရေးသည် မဲဆန္ဒရှင်များကို အဆွဲဆောင်နိုင်ဆုံးဖြစ်နေမည့် အဆိုပါအရေးကိစ္စရပ်များကို မီးမောင်းထိုး ပြရန်အရေးကြီးသည်။ ထို့ကြောင့် မဲဆွယ်ရေးတွင်သုံးမည့်အဆိုအမိန့်ကို ပြင်ဆင်ဖန်တီးထားခြင်းအပြင် တာ ထွက်စတင်ရာအမှတ်သည် လာမည့်သက်တမ်းအတွက်ရွေးကောက်ခံရရေးဟူသော ပါတီအဖွဲ့ဝင်များ၏ကိုယ် ပိုင်ဦးစားပေးချက်များလောက်ပင်ဖြစ်မနေသင့်ဘဲ၊ အထူးသဖြင့် (မဲပေးလာနိုင်သော)မဲဆန္ဒရှင်များအတွက် အ ရေးကြီးဆုံးဖြစ်သော အဆိုပါအရေးကိစ္စရပ်များကို ဦးစားပေးသင့်ခြင်း ဖြစ်ပါသည်။ ဤအရေးကိစ္စများသည် မဲဆွယ်ရေးအတွင်း အဓိကသော့ချက်ကိစ္စရပ်များ ဖြစ်သင့်သည်။

ပါတီများသည် မိမိတို့၏ရပ်တည်ချက်သဘောထားများကို မဲဆန္ဒရှင်များ၏စိတ်ဆန္ဒနှင့်အညီဖြစ်စေရန် လိုက် ပါပြောင်းလဲခြင်းမျိုးမလုပ်သင့်ပါ၊ အကြောင်းမူ ပါတီ၏ယုံကြည်ကိုးစားနိုင်မှုကို လျော့ကျစေမည်ဖြစ်သော ကြောင့်ပင်။ ပါတီများသည် မိမိတို့ကိုယ်ပိုင်တန်ဖိုးများနှင့် အတွေးအခေါ်ဝါဒအပေါ် ယုံကြည်ရင်းစွဲဆက်ရှိနေ သင့်သည်။ သို့ရာတွင် မဲဆွယ်ရေးအတွင်း မိမိတို့ အလေးထားရာကိစ္စရပ်များသည် မဲဆန္ဒရှင်များအတွက်အ ရေးကြီးသောကိစ္စရပ်များဖြစ်နေရန်မူ အရေးကြီးသည်။ ထို့ကြောင့်ပင် မဲဆန္ဒရှင်များ၏သဘောထားအမြင်များ ကို စစ်တမ်းကောက်ယူရန်အရေးကြီးခြင်းဖြစ်ပါသည်။ စစ်တမ်းကောက်ရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ကောက်ယူနိုင်သည်၊ သဘောထားစစ်တမ်းများ၊ ဝိုင်းဖွဲ့ဆွေးနွေးရာအုပ်စုများ၊ အခမဲ့ဒေသန္တရစာစောင်များ တွင် စစ်တမ်းမေးခွန်းလွှာများထည့်ခြင်း သို့မဟုတ် စျေးများကဲ့သို့ လူစည်ကားရာအရပ်များတွင် အချေအတင် ဆွေးနွေးပွဲများကျင်းပခြင်းတို့ဖြစ်သည်။

အထက်ပါအရေးကိစ္စရပ်များကို သိရှိနိုင်ရန် ပါတီများ အသုံးချနိုင်သည့် လက်တွေ့အသုံးချကိရိယာများနှင့်စပ် လျဉ်း၍ ဥပမာတချို့ကို အောက်ပါ ဇယား ၁-၆ တွင် တွေ့မြင်နိုင်သည်။

အလေးထားစရာအရေးကိစ္စရွေးချယ်ခြင်း

 ပေးလိုက်သောအဆိုအမိန့်မှတစ်ဆင့် မဲဆွယ်ရေးက ကိုင်တွယ်ဖြေရှင်းမည့် အရေးကိစ္စရပ်များကို မဲဆွယ်ရေး အဖွဲ့က ထည့်သွင်းစဉ်းစားရာတွင် မေ့မထားရန်လိုသော အရေးကြီးအကြောင်းခြင်းရာနှစ်ချက်ရှိသည်။

ပထမတစ်ချက်မှာ မဲဆွယ်ရေး၏ပစ်မှတ် မဲဆန္ဒရှင်များအတွက် အထူးသီးခြားအရေးကိစ္စတစ်ရပ်ဖြစ် ရေးအရေးကြီးခြင်း
ဒုတိယတစ်ချက်မှာ အဆိုပါအရေးကိစ္စရပ်အပေါ် မည်သည့်ကိုယ်စားလှယ်(မိမိတို့၏ကိုယ်စားလှယ် ဖြစ်စေ သို့မဟုတ် အတိုက်အခံဘက်ကကိုယ်စားလှယ်ဖြစ်စေ)၏ ရပ်တည်ချက်ကပိုကောင်းသည်ဟု မဲဆန္ဒရှင်များ၏အမြင်တွင်ရှိနေမည်ကို မဲဆွယ်ရေးအဖွဲ့က စဉ်းစားသင့်ခြင်း။
အများအားဖြင့် ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များအတွက်(တစ်ဖက်တွင်ပိုအရေးပါသောအရေးကိစ္စများ ကို လျစ်လျူရှုရင်း)အရေးမပါသော အရေးကိစ္စများအပေါ် အာရုံစိုက်ခြင်းကိုလည်းကောင်း၊ သို့မဟုတ် ထိုအ ရေးကိစ္စအပေါ်တွင် မိမိတို့ကိုယ်စားလှယ်ထက် ပိုယုံကြည်ကိုးစားနိုင်စွမ်း သို့မဟုတ် ပိုကောင်းသောရပ်တည် ချက်ရှိသည်ဟု အတိုက်အခံများဘက်က အရေးဆိုပြောကြားလာနိုင်ရာအရေးကိစ္စများအပေါ်အာရုံစိုက်ခြင်း ကိုလည်းကောင်း တစ်ခုမဟုတ်တစ်ခုကို အလေးထားတတ်ကြသည်။

မဲဆွယ်ရေးအဖွဲ့များသည် မဲဆန္ဒရှင်များ၏အဓိကဦးစားပေးထားသည့်အရာတို့ကို နည်းလမ်းပေါင်းစုံသုံး၍ သိ အောင်ဖော်ထုတ်သင့်သည်၊ ထို့အပြင်မိမိတို့ပါတီ၏ဦးစားပေးချက်များနှင့် မဲဆန္ဒရှင်များ၏ဦးစားပေးချက်တို့ ကို ချိတ်ဆက်မှုရှိအောင် ဆောင်ရွက်ပေးသင့်သည်။ အထက်ပါအဓိကအရေးကိစ္စရပ်များသည် မဲဆွယ်ရေးအ တွင်း ပါတီက အလေးထားသည့် ဦးစားပေးချက်များ ဖြစ်ပါလိမ့်မည်၊ ထို့နောက် မဲဆွယ်ရေးသည် အဆိုပါအ ရေးကိစ္စရပ်များအပေါ် ပါတီ၏သဘောထားအမြင်များကို မဲဆန္ဒရှင်တိုင်း ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင် အောင် လုပ်ဆောင်ထားသင့်သည်။

အရေးကိစ္စအရေးကြီးမှုနှင့် အနေအထားကို သတ်မှတ်ဆုံးဖြတ်ခြင်း

မဲဆွယ်ရေးအဖွဲ့သည် လာမည့်ရွေးကောက်ပွဲမဲဆွယ်ရေးတွင် အဓိကအကြောင်းအချက်များဖြစ်လာနိုင်သည့် အရေးကိစ္စဆယ်ခုကို စဉ်းစားနေသည်ဆိုပါစို့။ မဲဆွယ်ရေး၏အဓိကအာရုံထားချက်ကို မပျက်ယွင်းသွားစေ ရန်အတွက် အရေးကိစ္စနှစ်ခု သို့မဟုတ် သုံးလောက်ကိုသာ အဖွဲ့က အာရုံထားချင်သည်ဆိုလျှင် မည်သည့် ကိစ္စရပ်များကို အာရုံထားမည်နည်း။  ယခုတင်ပြသောဇယားမျိုးကိုအသုံးပြုပါက မည်သည့်အရေးကိစ္စများကို ရွေးချယ်ရမည်ကို အထောက်အကူပေးနိုင်သည်။

ပထမတစ်ချက်မှာ ပစ်မှတ်မဲဆန္ဒရှင်များအတွက် အရေးပါမှုနှင့်အညီ အရေးကိစ္စဆယ်ချက်ကို (A မှ J အထိ) အဆင့်သတ်မှတ်ပါ။ ယခုသာဓကတွင် အရေးကိစ္စ C သည် မဲဆန္ဒရှင်များအတွက် အရေးကြီးဆုံးဖြစ်ပြီး ယင်း နောက်တွင် အရေးကိစ္စ G, F, J, E, A, D, H, B နှင့် I တို့အသီးသီးရှိနေသည်။

ဒုတိယတစ်ချက်မှာ မိမိတို့ကိုယ်စားလှယ်က အဆိုပါအရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဓိကအတိုက်အခံများ နှင့်နှိုင်းယှဉ်ကာ (ဇယားအောက်ခြေတစ်လျှောက်နံပတ်စဉ်များ) မည်သို့ ကောင်းမွန်စွာလုပ်ဆောင်သနည်းဟူ သောအချက်နှင့်အညီ အရေးကိစ္စများကို အဆင့်သတ်မှတ်သည်။ ဤသာဓနကတွင် အရေးကိစ္စ G ကို ကိုယ် စားလှယ်က အကောင်းဆုံးကိုင်တွယ်နိုင်ပြီး ယင်းနောက်တွင် အရေးကိစ္စ J, A, I, B, E, H, F, C နှင့် D တို့ကိုအသီး သီးလုပ်ဆောင်နိုင်မည်ဟု မဲဆန္ဒရှင်များက ယုံကြည်သည်။

ယခုအခါ အဆိုပါအရေးကိစ္စဆယ်ခုကို (အောက်ပါဇယားတွင်ပြသထားသည့်အတိုင်း) ထောင့်မှန်ကွက် အ မျိုးမျိုးခွဲ၍ နေရာချကာ ဇယားကွက်ထဲ ထည့်သွင်းကြည့်ပါ။ အောက်ပါဇယားနှင့်တူသောပုံစံတစ်ခုခုဖြင့် နမူ နာကို ဆွဲကြည့်သင့်သည်။

သင့်မဲဆွယ်ရေးသည် အပေါ်လက်ယာဘက်ထောင့်မှန်ကွက်ထဲ ဝင်နေသော အရေးကိစ္စရပ်များကို အလေး ထားသင့်သည်။ ဤဥပမာတွင် ကိုယ်စားလှယ်က အရေးကိစ္စ G နှင့် J ကို အလေးထားသင့်သည်။ အဆိုပါအ ရေးကိစ္စရပ်များသည် အရေးကြီးကြောင်း၊ မိမိတို့၏ကိုယ်စားလှယ်သည် ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေ ရှင်းရန် အကောင်းဆုံးအနေအထားရှိသည်ဟု ပစ်မှတ်ပရိသတ်က ယုံကြည်ထားသည်။

အောက်လက်ယာဘက်ထောင့်မှန်ကွက်(အရေးမပါ/အနေအထားအားကောင်း)ထဲရှိ အရေးကိစ္စရပ်များကို အ လေးထားခြင်းသည် မိမိတို့ကိုယ်စားလှယ်ကို များများစားစား အထောက်အကူပေးနိုင်မည်မဟုတ်ပါ၊ အ ကြောင်းမူ ပစ်မှတ်ပရိသတ်သည် ထိုအရေးကိစ္စရပ်များကို အလွန်အရေးပါသည်ဟု မစဉ်းစား၍ဖြစ်သည်။ ယင်းအရေးကိစ္စရပ်များအပေါ် အလေးထားခြင်းသည် ကိုယ်စားလှယ်အပေါ် ထိခိုက်မှုရှိမည်မဟုတ်သော် လည်း ပစ်မှတ်ပရိသတ် အလေးမထားသော ယင်းကိစ္စရပ်များအကြောင်း ပြောဆိုရင်း ရှားပါးအရင်းအမြစ် များကို မသုံးဖြုန်းသင့်ပါ။

အပေါ်လက်ဝဲဘက်ထောင့်မှန်ကွက်(အလွန်အရေးပါ/အနေအထားအားနည်း)ရှိ အရေးကိစ္စများကို အလေး ထားခြင်းသည် အမှန်စင်စစ် အန္တရာယ်အနည်းငယ်ရှိသည်။ ပစ်မှတ်ပရိသတ်က ထိုကိစ္စများကို အရေးပါသည် ဟု စဉ်းစားသော်ငြား အခြားကိုယ်စားလှယ်များက ယင်းကိစ္စများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင် ဖွယ်ရှိသည်ဟု ၎င်းတို့က ယုံကြည်ထားသည်။ ထို့ကြောင့် အရေးကိစ္စ C နှင့် F တို့အကြောင်း ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည့်အချိန်တိုင်း ၎င်းတို့၏မဲဆွယ်ရေးသည် အတိုက်အခံ၏အားသာချက်များကို မဲဆန္ဒရှင် များ အာရုံစိုက်လာအောင် လုပ်ပေးနေခြင်းသာဖြစ်တော့သည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် အတိုက်အခံ ကို ကူညီပေးရန် မိမိကိုယ်ပိုင်အရင်းအမြစ်များကို သုံးစွဲနေခြင်းသာဖြစ်တော့သည်။

ကိုယ်စားလှယ်များသည် အရေးကိစ္စရပ်များအပေါ် မိမိတို့၏ရပ်တည်ချက်အနေအထားနှင့်စပ်လျဉ်းပြီး မဲဆန္ဒ ရှင်များ၏စိတ်ကို ပြောင်းလဲနိုင်သည်ဟု မှားယွင်းယုံကြည်မိတတ်ကြသည်။ စိတ်ပညာရှုပ်ထောင့်မှကြည့်လျှင်  မည်သည့်အရေးကိစ္စရပ်နှင့်စပ်လျဉ်း၍မူ မဲဆန္ဒရှင်စိတ်ကို ပြောင်းလဲပစ်ရန် အလွန်ခက်ခဲပါသည်။ မိမိတို့၏ ကိုယ်စားလှယ် ကောင်းစွာရပ်တည်ထားရာ အရေးကိစ္စရပ်များဆီ အငြင်းအခုံ၏အဓိကဆုံချက်ကို လှည့်ပေး လိုက်ရန်က အများကြီးပိုလွယ်ကူသေးသည်။ အထက်ပါဥပမာတွင် မိမိတို့ကိုယ်စားလှယ်က အရေးကိစ္စ G  အကြောင်းကို ပြောဆိုရင်း ချက်ချင်း မျက်နှာသာပေးအာရုံစိုက်ခံရနိုင်ချိန်တွင် ထိုကိုယ်စားလှယ်အနေဖြင့် အရေးကိစ္စ C နှင့်စပ်လျဉ်းသောပြည်သူ၏စိတ်ကို ပြောင်းလဲရန်ကြိုးစားရင်း ရှားပါးအရင်းအမြစ်များကို အ ဘယ်ကြောင့် သုံးစွဲပစ်သင့်ပါသနည်း။

အရေးကိစ္စများနှင့် မဲဆွယ်ရေးအဆိုအမိန့်

မဲဆွယ်ရေးအဆိုအမိန့်သည် သင်ကိုင်တွယ်ဖြေရှင်းမည့် ပါတီ၏လမ်းစဉ်တစ်ရပ် သို့မဟုတ် အရေးကိစ္စစာရင်း တစ်ခုမဟုတ်ပါ။ မဲဆွယ်ရေးသည် သင့်ပစ်မှတ်မဲဆန္ဒရှင်များအတွက် အရေးပါသော အရေးကိစ္စများကို ကိုင် တွယ်ဖြေရှင်းသင့်နေဆဲပင်ဖြစ်သည်။

မဲဆွယ်ရေးအဆိုအမိန့်တစ်ရပ်သည် ကိုယ်စားလှယ်၏တန်ဖိုးများနှင့် ပုဂ္ဂိုလ်ရေးအတွေ့အကြုံအတွင်း ကြံ့ခိုင်၊ စွဲမြဲပြီး ကောင်းစွာအမြစ်တွယ်နေသော ကြီးမားသည့်သစ်ပင်ကြီးတစ်ပင်၏ပင်စည်တစ်ခုဟု သင့်အနေဖြင့် တွေးကောင်းတွေးနိုင်သည်။ ယခုတင်စားချက်အတိုင်းကြည့်ပါက မဲဆွယ်ရေးက ဆွေးနွေးပြမည့် မဲဆွယ်ရေး အရေးကိစ္စရပ်များသည် ကျယ်ပြန့်သောနေရာတစ်ခုကို လွှမ်းခြုံထားသည့် သစ်ပင်အကိုင်းအခက်များဖြစ်ကြ သော်လည်း ထိုအကိုင်းအခက်အားလုံးသည် အဆိုအမိန့်တည်းဟူသောသစ်ပင်၏ပင်စည်နှင့် မြဲမြံစွာ ချိတ် ဆက်နေကြသည်မဟုတ်ပါလား။ အလားတူစွာပင် မဲဆွယ်ရေးသည် ပစ်မှတ်ပရိသတ်အရေးထားရာဖြစ်သော ကျယ်ပြန့်သည့်အရေးကိစ္စရပ်အမျိုးမျိုးကို လွှမ်းခြုံထားရမည်ဖြစ်သည်။ သို့ရာတွင် ယင်းကိစ္စရပ်များကို ထိ ရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အလို့ငှာ ၊ ပစ်မှတ်မဲဆန္ဒရှင်များ၌ အစီအစဉ်နှင့်ပတ်သက်သောအတွေးအ မြင်များစွာ ပြွတ်သိပ်ပြီး ရှုပ်ထွေးမှုမဖြစ်စေရန်အလို့ငှာ ယင်းအရေးကိစ္စရပ်များအားလုံးကို မဲဆွယ်ရေးအဆိုအ မိန့်နှင့် ချည်နှောင်ထားရမည်ဖြစ်သည်။