‘အခွင့်အရေးများ’သည် ပြည်သူကို နိုင်ငံတော်ထံမှ ရသင့်ရထိုက်သည့်အရာအား တောင်းဆိုပိုင်ခွင့်ကို ပေးအပ် ထားသည်။ ထို့အပြင် အခွင့်အရေးများသည် ပြည်သူကို အောက်ပါအခွင့်အလမ်းများကိုလည်း ပေးအပ်ထား သည်။
- လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် (သို့မဟုတ်)
- တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ရာ၏ထိပါးနှောင့်ယှက်မှုမှ အကာအကွယ်ရရှိခွင့် (သို့မဟုတ်)
- တစ်စုံတစ်ရာကို တရားဝင်ရရှိခွင့်၊ လုပ်ဆောင်ခွင့်စသည်တို့ ဖြစ်သည်။
အခွင့်အရေးနှင့်စပ်လျဉ်း၍ အရေးပါသောအမျိုးအစားနှစ်ရပ်မှာ မပျောက်ပျက်နိုင်သောအခွင့်အရေး(negative rights)နှင့် ပျောက်ပျက်နိုင်သောအခွင့်အရေး(positive rights)[1] ဟူ၍ဖြစ်သည်။ မပျောက်ပျက်နိုင်သော အခွင့် အရေးဆိုသည်မှာ လူတစ်ယောက်၏တစ်စုံတစ်ရာလုပ်ပိုင်ခွင့်ကို အခြားသူက နှောင့်ယှက်ခြင်းမပြုနိုင်ရန် ကာ ကွယ်ပေးထားခြင်းဖြစ်သည်။ ဥပမာ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ရှိရန် အခြားသူက လူတစ်ဦး၏ လွတ် လပ်စွာလှုပ်ရှားသွားလာခြင်းကို ပိတ်ပင်မထားရန်လိုအပ်သည်။ ပျောက်ပျက်နိုင်သောအခွင့်အရေးဆိုသည်မှာ အဆိုပါအခွင့်အရေးကို ပြည့်မီခံစားနိုင်ရန် အခြားသူကဖြည့်ဆည်းပေးရန်လိုအပ်သော အခွင့်အရေးဖြစ်သည်။ ဥပမာ အခမဲ့ပညာသင်ကြားခွင့်ရှိရန် လူတစ်ဦးက ပညာသင်ယူရန်အခွင့်အလမ်းကိုပေးရန်လိုသည်။ ဤအပိုင်း တွင် ‘နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ’နှင့်‘လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အ ရေးများ’ဟူသော အခွင့်အရေးနှစ်ရပ်အကြောင်း တင်ပြထားသည်။
(က) နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ
(First Generation Rights - ပထမ မျိုးဆက်အခွင့်အရေးများ)
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးဟူသည် တစ်ဦးချင်းလွတ်လပ်ခွင့်နှင့်ပင်ကိုရရှိ ထိုက်သောသဘာ၀အခွင့်အရေးများဟူသောအယူအဆအပေါ် အခြေခံသည်။ အုပ်ချုပ်သူအစိုးရသည် လုပ် သင့်တာထက် ပိုလုပ်ခွင့်မရှိခြင်းနှင့် ပြည်သူ့ဘ၀အပေါ်သက်ရောက်မည့် နိုင်ငံရေးဆုံးဖြတ်ချက်များတွင် ပြည် သူကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခြင်းတို့ကို ယင်းအခွင့်အရေးများက အာမခံပေးထားသည်။
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးသဘောအရ လူတိုင်းသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ခွဲခြားဆက်ဆံခံရခြင်းမရှိစေဘဲတန်းတူပါဝင်ဆောင်ရွက်ခွင့် ရှိရမည်။ လူတိုင်းသည် နိုင်ငံရေးရာထူးများအတွက် မဲပေးရွေးချယ်ခွင့်ရှိသလို ကိုယ်တိုင်လည်း ရွေးချယ် ခံရခွင့်ရှိရမည်။ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးဟုဆိုရာတွင် အစိုးရယန္တရားတွင် ပါဝင်ဆောင်ရွက်ခွင့်၊ နိုင်ငံရေးအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခွင့်၊ ပါဝင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်တို့လည်း ပါ ဝင်သည်။‘နိုင်ငံသားအခွင့်အရေးနှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ’တွင် အစိုးရသည် လူတစ်ဦးချင်းစီအပေါ် တွင်အကြောင်းမဲ့ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ ခွဲခြားဖိနှိပ်ခြင်း အစရှိသည့်လုပ်ရပ်များကို လုပ်ခွင့် မရှိပါ။ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးတွင် အများအားဖြင့် အခွင့်အရေးများကို ဖြည့်ဆည်း ရန် အရင်းအမြစ်များမလိုအပ်ပါ။ ၎င်းအခွင့်အရေးများအတွက် လိုအပ်သည်က လူတစ်ယောက်၏တစ်သီးပုဂ္ဂလ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်ကို တခြားသူက ထိပါးနှောင့်ယှက်ခြင်း မပြုရန်ပင် ဖြစ်သည်။
(ခ)လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာအခွင့်အရေးများ
(Second Generation Rights - ဒုတိယမျိုးဆက်အခွင့်အရေးများ)
လူ့အဖွဲ့အစည်းအတွင်း လူများ၏ရှင်သန်ရပ်တည်ပုံ၊ အလုပ်လုပ်ပုံ၊ အခြေခံဘ၀လိုအပ်ချက်များကို ခံစားရရှိပုံတို့နှင့်ဆက်စပ်နေသောအခွင့်အရေးများကို ဆိုလိုပါသည်။ ၁၉ရာစုတွင် စက်မှုလက်မှုထွန်းကားလာ ခြင်းနှင့်အလုပ်သမားလူတန်းစားပေါ်ပေါက်လာချိန်တွင် အဆိုပါအခွင့်အရေးများအကြောင်းကို လူအများ စတင်ပြောဆိုလာခဲ့ကြသည်။ ထိုသူတို့က လူသား၏ဂုဏ်သိက္ခာကို ဖော်ညွှန်းရာတွင် နိုင်ငံသားနှင့် နိုင်ငံရေး ဆိုင်ရာအခွင့်အရေးများနှင့် မလုံလောက်ဘဲ လူမှုရေးနှင့် စီးပွားရေးအခြေခံလိုအပ်ချက်များဖြစ်သည့် အိမ်ယာ၊ ပညာရေးအလုပ်အကိုင်အစရှိသည်တို့ကိုပါ ခံစားခွင့်ရှိနိုင်ကြောင်းထောက်ပြကြသည်။ ‘လူမှုရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေးဆိုင်ရာအခွင့်အရေးများ’ဆိုသည်မှာ နိုင်ငံသားတိုင်းတန်းတူမျှတသော အရင်းအမြစ်များ၊ ဝန်ဆောင်မှုများ၊ အခွင့်အလမ်းများကိုရရှိပိုင်ဆိုင်နိုင်ရေးအတွက် အာမခံချက်ပေးထားခြင်းဖြစ်သည်။ ထိုအခွင့်အ ရေးများ၏ရည်ရွယ်ရင်းမှာ လူမှုရေး၊ စီးပွားရေးအရ တန်းတူညီမျှမှုရှိရေးဖြစ်သည်။ ထိုအခွင့်အရေးများတွင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ၊ သင့်တင့်မျှတသော လူနေမှု အဆင့်အတန်းနှင့် အိမ်ယာနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တို့ပါဝင်ပြီး အိုမင်းနေသူများနှင့် မသန်စွမ်းသူတို့အတွက် ထောက်ပံ့ပေးမှုများ လည်း ပါဝင်သည်။ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများနှင့် မတူညီသော အချက်မှာ လူမှုရေး၊ ယဉ်ကျေးမှုနှင့်စီးပွားရေးအခွင့်အရေးများသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်က ဖော်ဆောင်ပေးရန်လိုအပ်သည်။ ဥပမာပြရသော် ပညာရေး၊ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများကို အကောင်အထည်ဖော်ရာတွင် အစိုးရအဖွဲ့အစည်း၏ ပံ့ပိုးပေးမှုများ (ကျောင်း/ဆေးရုံတို့ဆောက်လုပ်ပေးခြင်း) နှင့် ဝန်ဆောင်မှုများ (ကျောင်းဆရာ/ဆရာမများခန့် အပ်ပေးခြင်း)ကို လိုအပ်သည်။
[1] နဂ္ဂတစ်အခွင့်အရေး(Negative Rights)ဟူသည် အခြားလူတစ်ဦးတစ်ယောက်၊ သို့မဟုတ် အစိုးရကဲ့သို့သောအစုအဖွဲ့၏ဆောင်ရွက်ပေးချက်ရှိမှ ရရှိမည့်အခွင့်အရေးမျိုးမဟုတ်ခြင်းကို ဆိုလိုသည်။ လွတ် လပ်စွာပြောဆိုခွင့်၊ အသက်ရှင်သန်ခွင့်၊ ပုဂ္ဂလပစ္စည်းပိုင်ဆိုင်ခွင့်၊ အကြမ်းဖက်မှုရန်မှ လွတ်လပ်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ကျွန်ပြုမခံရခွင့်စသည်တို့ပါဝင်နိုင်သည်။ ပေါ့ဇတစ်အခွင့်အရေး(Positive Rights)ဟူသည်မှာ လူအများ လူမှုဘ၀ဖူလုံရေးအတွက်လိုအပ်သောအရာများကို ပေးသောအခွင့်အရေးများကိုဆိုလိုသည်။ ပညာသင်ကြားခွင့်၊ အစားအစာရရှိခွင့်၊ ဆေးဝါးကုသခွင့်၊အိမ်ရာ တည်ထောင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်တို့ကိုရည်ညွှန်းသည်။