အသစ်များ > လိုလိုလားလားတုံ့ပြန်ဆောင်ရွက်ခြင်း

လိုလိုလားလားတုံ့ပြန်ဆောင်ရွက်ခြင်း

2022-09-03

ကောင်းမွန်သောစီမံအုပ်ချုပ်ရေးဖြစ်ရန် အစိုးရဌာနအဖွဲ့အစည်းများနှင့် မူဝါဒများသည် ပြည်သူလူထု၏အ ကျိုးစီးပွားများကို အကောင်းဆုံးထမ်းရွက်ဖော်ဆောင်ပေးရန် လိုအပ်သည်။ ဆိုလိုသည်မှာ အစိုးရသည် ပြည် သူလူထု၏လိုအပ်ချက်များနှင့် အလေးထားချက်များကို ဂရုတစိုက်နားထောင်ပြီး ပြည်သူလူထုကို ဦးတည် ရည်ရွယ်သော မူဝါဒများနှင့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးရမည်ဟု အဓိပ္ပာယ်ရသည်။ ထိုမူဝါဒများကို ချိန် သားကိုက် အကောင်အထည်ဖော်ဆောင်ပေးရန်လည်း လိုအပ်သည်။ ထို့နောက် နိုင်ငံသားများသည် ၎င်းတို့ ၏အခွင့်အရေးချိုးဖောက်ခံရမှုအတွက် တရားမျှတမှုနှင့် နစ်နာကြေးကို တောင်းဆိုရှာဖွေနိုင်ရန်လိုသည်။

ပါတီများသည် လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရန် အခြားအစားထိုးအသုံးပြုနိုင်မည့် အတွေးအခေါ်များ၊ သဘော တရားများနှင့် မူဝါဒများကို ရေးဆွဲ၍ တည်ဆဲအာဏာရအစိုးရထံ တင်ပြပေးခြင်းအားဖြင့် အစိုးရအဖွဲ့တွင်း လိုလိုလားလားတုံ့ပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်သည်။

အတိုက်အခံပါတီများသည် အစိုးရကို ဝေဖန်ထောက်ပြခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် သင့်တော်သော မူ ဝါဒများကို အဆိုပြုတင်ပြခြင်းကို လုပ်ဆောင်ကာ လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ခြင်းကို မြှင့်တင်ပေး သည်။ ဤအချက်သည် အာဏာရပါတီကို စိတ်ကြီးဝင်ကာ ငါတကောကော၍ ပြုမူဆောင်ရွက်မလာနိုင်စေရန် တားဆီးပေးနိုင်ပြီး ပြည်သူလူထု၏လိုအပ်ချက်များနှင့် မကိုက်ညီသော မူဝါဒများ၏နေရာတွင် အခြားအစား ထိုးရမည့်မူဝါဒများကို အစိုးရဘက်က အမြဲရှာဖွေနေမည်ဖြစ်သည်။

လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက ဆော်ဩလှုပ်ရှားနိုင်သည့် လုပ် ငန်းများကို အောက်တွင်ဥပမာပေးဖော်ပြထားသည်။

  • မူဝါဒဆုံးဖြတ်ချက်များကိုသိနိုင်ရန် ပြည်သူ့ဆန္ဒသဘောထားကောက်ယူခြင်းများကို မြှင့်တင်လုပ် ဆောင်ခြင်း
  • အစိုးရဌာနအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုများအပေါ် လူထုအကဲဖြတ်မှုယန္တရားများကို မြှင့်တင်အသုံး ချပြီး ထိုဌာနအဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများသည် ပြည်သူလူထု၏လိုအပ်ချက်နှင့် အလေးထား ချက်များကို မည်ရွေ့မည်မျှအထိ လိုလိုလားလား တုံ့ပြန်ဆောင်မှုရှိသည်ကို အကဲဖြတ်စစ်ဆေးခြင်း။
  • မတူကွဲပြားသောနိုင်ငံအတွက်အရေးပါအစုအဖွဲ့များဖြစ်ကြသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်းနှင့် နိုင်ငံသားများကြား ဝန်ဆောင်မှု၊ အုပ်ချုပ်ရေးတို့နှင့်ဆိုင်ရာအဆင့်အတန်းများကို ပူး ပေါင်းဖွင့်ဆိုသတ်မှတ်ခြင်း

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သော လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ခြင်း နှင့်ဆိုင်ရာသာဓကဖြစ်ရပ်များ

အိန္ဒိယနိုင်ငံ

မကြာသေးမီကကျင်းပသောအိန္ဒိယနိုင်ငံရွေးကောက်ပွဲများတွင် မတူညီသောပါတီအသီးသီး ပေါ်ထွက်လာရာ ပါတီနစ်အတွင်း မတူကွဲပြားသောမဲဆန္ဒနယ်အုပ်စုနှစ်စု၏ ကိုယ်စားပြုမှုသည် မြင့်မားလာခဲ့သည်။ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက ကြီးစိုးထားသဖြင့် အပယ်ခံဖြစ်နေရသည့် လူ့အဖွဲ့အစည်းအတွင်း အဆင်းရဲဆုံးလူတန်းစားများ၏လိုအပ်ချက်များသည် BSP ပါတီပေါ်ထွက်လာသဖြင့် ပိုမိုသိသာစွာ ကိုယ်စားပြုခွင့်ရလာ တော့သည်။ တစ်ချိန်တည်းတွင် BJP(Bharatiya Janata Party) ပါတီအင်အားကြီး လာခြင်းကြောင့် အစိုးရအား ပိုမိုတင်းကြပ်သော နိုင်ငံခြားရေးမူဝါဒများကို ချမှတ်စေလိုခြင်း၊ အိန္ဒိယ၏ ယဉ်ကျေးမှုလက္ခဏာများကို ကာကွယ်စေလိုခြင်း၊ နိုင်ငံတ ကာနှင့် နိုင်ငံစုံအသင်းအပင်းအစုအဖွဲ့များ၏ လွှမ်းမိုးမခံရအောင် အိန္ဒိယ၏လွတ်လပ်ရေးကိုရှင်သန်အားကောင်းစေလိုခြင်း အစရှိသဖြင့် ဟိန္ဒူ အမျိုးသားရေးဝါဒီများ၏ မူဝါဒအလေးထားချက်များသည်လည်း ရှေ့ တန်းရောက်လာတော့သည်။