အသစ်များ > လူထုရှေ့ဟောပြောခြင်း

လူထုရှေ့ဟောပြောခြင်း

2023-01-21

နိုင်ငံရေးဆိုသည်မှာ မိမိပေးချင်သောအဆိုအမိန့်ကို လူလက်ခံအောင်ဟောပြောရခြင်းဖြစ်သည်။ ဟောပြောပွဲ ကောင်းတစ်ရပ်သည် ယင်းကဲ့သို့ အဆိုအမိန့်ကို လူလက်ခံအောင်ဟောပြာယူရာ အကောင်းဆုံးနည်းလမ်းများအ နက်တစ်ခုဖြစ်သည်။ စစ်စစ်တွင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်း၊ သတင်းထုတ်ပြန်လွှာပို့ခြင်း၊ တွေ့ဆုံမေးမြန်းခွင့် ပြုခြင်း သို့မဟုတ် ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ထံ သွားလည်ပတ်ခြင်းတို့ကဲ့သို့ အခြားနည်းလမ်း များ ရှိသည်။

နိုင်ငံရေးဟောပြောပွဲတစ်ရပ် ပြင်ဆင်ပုံ

သင့်အနေဖြင့် ဟောပြောပွဲအတွက် ပြင်ဆင်ရာတွင် အထူးအရေးကြီးသည်မှာ “ပြီးစလွယ်ပြောခြင်း”ဖြင့် လူထု ကို ဆွဲဆောင်ခြင်းမပြုရန်ဖြစ်သည်။ အောက်ပါအချက်များအတိုင်း ဟောပြောပွဲကို ကောင်းမွန်စွာ ကြိုတင် ပြင် ဆင်နိုင်ပါသည်။

၁။ ပရိသတ်၊ ဟောပြောပွဲပုံစံနှင့် ဟောပြောချိန်ကို သိအောင်လုပ်ခြင်း

ဟောပြောပွဲသို့ မရောက်ခင် သင့်အနေဖြင့် ပြောမည့်အကြောင်းအရာများအနက် ထူးခြားသည့်အချက်များကို သိအောင်လုပ်ပါ။ ပရိသတ်က သင့်ကို ၁နာရီကြာ ဟောပြောမည်ဟုမျှော်လင့်ထားရာနေရာသို့ သွားရောက်ပြီး ၁၀မိနစ်ကြာ ဟောပြောရန်ပြင်ဆင်ခြင်း သို့မဟုတ် ဘွိုင်းစကော့အစည်းအဝေးကြီးထံ ပေးပို့ရန် အကြီးတန်းနိုင် ငံသားကျန်းမာရေးစောင့်ရှောက်မှုအကြောင်း မိန့်ခွန်းကို ပြင်ဆင်ခြင်းထက် ပိုမိုဆိုးရွားသောအရာ ဘယ်အရာမှ မရှိပါ။ ပြင်ပြင်ဆင်ဆင်ပြုလုပ်ပါ၊ သင် ဟောပြောနေသူမည်သူမည်ဝါဖြစ်သည်ကို သိအောင်လုပ်ပါ၊ ထိုသူများ က မည်သည့်အရာကို အလေးထားကြသည်ကို သိအောင်လုပ်ပါ၊ အချိန်မည်မျှကြာကြာ ဟောပြောနေသည်ကို သိအောင်လုပ်ပါ၊ ဟောပြောပွဲပုံစံ မည်သို့ရှိသည်ကို သိအောင်လုပ်ပါ။ အခြေခံမေးခွန်းအချို့ကို မေးပါ။ သင် ဟောပြာရုံတင်လား၊ သို့မဟုတ် ဝိုင်းဖွဲ့ဆွေးနွေးဟောပြောခြင်းလား၊ သို့မဟုတ် နဖူးတိုက်ဒူးတိုက်ဆွေးနွေး ဟောပြောပွဲလား။ မေးခွန်းနှင့် အဖြေကြားဖြတ်အချိန်ပါဝင်သလားဟူ၍ဖြစ်သည်။

၂။ ဟောပြောမည့်အကြောင်းအရာကို သိအောင်လုပ်ခြင်း

သင်ဟောပြောမည့်အုပ်စု သို့မဟုတ် ပွဲဖြစ်မြောက်ရေးတာဝန်ခံအား ပရိသတ် ကြားချင်သောအကြောင်းအရာ က မည်သည့်အရာဖြစ်သည်ကို မေးမြန်းပါ။ ပွဲ၏အဓိကအကြောင်းအရာက မည်သည့်အရာဖြစ်သည်ကို သေချာ သိအောင်လုပ်ပါ၊ သို့မှသာ ပြောမည့်မိန့်ခွန်းကို လျော်ညီစွာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့နောက် သင့်မိန့်ခွန်း ကို သေသပ်ကျနစွာ သုတေသနပြုလုပ်ပြီး အကြောင်းအရာနှင့် ဆက်စပ်မှုရှိအောင် ပြင်ဆင်ရမည်။

၃။ လေ့ကျင့်ခြင်း

ဟောပြောပွဲ ပထမဆုံးအကြိမ်ပြုလုပ်သည်ဖြစ်စေ၊မဖြစ်စေ၊ သို့မဟုတ် ယခင်က ဟောပြောပွဲပေါင်းဒါဇင်နှင့်ချီ၍ ပြောခဲ့ဖူးသည်ဖြစ်စေ၊ မဖြစ်စေ ဟောပြောပွဲမပြုလုပ်ခင် လေ့ကျင့်ပါ။ ပရိသတ်မှ မေးလာနိုင်သော မေးခွန်း များအတွက် ပြင်ဆင်ပါ။  ပရိသတ်ကို ဇဝေဇဝါဖြစ်အောင် မလုပ်ရ။

နိုင်ငံရေးဟောပြောပွဲမှန်သမျှ၏ ပန်းတိုင်မှာ စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်၊ သင့်ကို မဲထည့်အောင် လူထုပရိ သတ်အား အယုံအကြည်သွင်းနိုင်ရေး ကြိုးစားခြင်းဖြစ်စေ၊ သို့မဟုတ် Anne Arundel ခရိုင်တွင်း မဖြစ်စ လောက်အခွန်နှုန်းများ မြင့်မားနေသည့်အကြောင်းကို ပြောခြင်းဖြစ်စေ သင့်ရှုထောင့်အမြင်အပေါ် လူထုပရိ သတ် လက်ခံလာအောင် သင်က စည်းရုံးချင်သည်။ ထိုသို့စည်းရုံးရန် သင့်အနေဖြင့် ပရိသတ်လူထုနှင့် ပြော မည့်အကြောင်းအရာကို သိအောင်လုပ်ရန် လိုအပ်သည်။ သင်ပေးချင်သောအဆိုအမိန့်ကို လူထုပရိသတ်က အိမ်အထိသယ်ဆောင်သွားနိုင်စေရန် သင့်အနေဖြင့် ကောင်းစွာပြင်ဆင်ရန်လိုအပ်သည်။

သို့ရာတွင် အထက်ပါနည်းလမ်းအားလုံးသည် သင်ပြောမည့်အကြောင်းအရာကို သတင်းအဖြစ်ဘောင်ဝင်သွားစေ နိုင်ရန်အတွက် သင်တတ်နိုင်မည်မဟုတ်ပါ။  အောက်တွင် အောင်မြင်သောဟောပြောပွဲတစ်ခုကို ရေးသား ပေးပို့ နိုင်ရန်အတွက် အကြံပြုချက်အနည်းငယ်ကို တင်ပြလိုက်ပါသည်။

ဟောပြောမည့်အရာ/မိန့်ခွန်းတစ်ခုကို ရေးသားရန်အတွက် အကြံပြုချက်များ

၁။ ပေးချင်သောအဆိုအမိန့်၊ ပေးချင်သောအဆိုအမိန့်၊ ပေးချင်သောအဆိုအမိန့်။ မည်သည့်အဆိုအမိန့်အာဘော် မျိုး သင်ပေးချင်သည်ကို အမြဲတမ်းပထမဆုံးစဉ်းစားဆုံးဖြတ်ပါ။ သင့်မိန့်ခွန်းက မည်သည့်ရည်ရွယ်ချက်အတွက် ဖြစ်သနည်း။  သင့်ပရိသတ်အတွက် မည်သည့်အရာကို သယ်ပို့ပေးချင်သနည်း။ မိမိ၏အဆိုအမိန့်အာဘော်ကို ဖြန့် ဝေပေးရန်အတွက် ကောင်းမွန်သောပလက်ဖောင်းတစ်ခုဟု ထင်မြင်မိလျှင် ဟောပြောရန် ဖိတ်ကြားချက်များကို လက်ခံလိုက်ပါ။ အထက်ပါအခြေအနေမျိုးနှင့် ကိုက်ညီမှုမရှိလျှင်၊ သို့မဟုတ် မိမိပြောနေကျပုံစံမျိုးအတိုင်းမဟုတ် လျှင်၊ သို့မဟုတ် မိမိကို မျက်နှာသာပေးသောအခြေအနေမျိုးမဟုတ်လျှင် ဟောပြောရန်အတွက် ဖိတ်ကြားတောင်း ဆိုချက်အားလုံးတိုင်းကို လက်ခံလိုက်ခြင်းသည် အချိန်ဖြုန်းတီးရာကျပါသည်။ ပရိသတ်အတွက်၊ ဟောပြောသူအ တွက်တင်မက၊ အနည်းဆုံး မိန့်ခွန်းရေးသားရသူအတွက်ပါ အချိန်အချည်းနှီးဖြစ်ရသည်။ သင့်မိန့်ခွန်းထဲ သင်ပေး ချင်သော အဆိုအမိန့်အာဘော်ကို ကြိုတင်စီစဉ်ဆုံးဖြတ်ထားလျှင် မိန့်ခွန်းရေးသားချိန်အတွင်း အာရုံစိုက်မှုပိုရှိ လိမ့်မည်ဖြစ်သလို၊ သင့်အပေါ် လူထုပရိသတ် အချိန်ကြာကြာ ပိုမိုအထင်ကြီးလေးစားလာစေမည့် မိန့်ခွန်းတစ်ခု ကို ရေးသားသီကုံးနိုင်မည်ဖြစ်သည်။ မိန့်ခွန်းကောင်းမှန်သမျှတိုင်းသည် ရှင်းလင်းပီသသော အဆိုအမိန့်အာဘော် တစ်ရပ်ကို ပေးပို့သင့်သည်။

၂။ ဟောပြောပွဲတိုင်းအတွက် စေ့စေ့စပ်စပ် ပြင်ဆင်ခြင်းက အခြေခံဖြစ်ပါသည်။ မည်သည့်အချိန်အခါမျိုးဖြစ်နေ သနည်း။ မိန့်ခွန်းများကို လုပ်ငန်းဆောင်တာအမျိုးမျိုးတွင် ပေးနိုင်သည်။ ပွင့်လင်းစွာဆွေးနွေးငြင်းခုံပွဲအတွက် ပို့ချချက်၊ အကြိုမိန့်ခွန်းတစ်ရပ်ကို သင် ပေးနိုင်သည်၊ သို့မဟုတ် ညစာစားပွဲအတွက် မိန့်ခွန်းမျိုးလည်း ပေးနိုင်ပါ သည်။ သင့်အကြောင်းအရာက မည်သည့်အရာဖြစ်မည်နည်း။ သင့်တွင် လိုအပ်သော အချက်အလက်အားလုံးရှိပါ သလား၊ သို့မဟုတ် အချက်အလက်ဒေတာအားလုံး သင် စုဆောင်းနေရဆဲလား။ သင့်ပရိသတ်အကြောင်း မည် သည်ကို သင်သိထားသနည်း။  ထိုပရိသတ်များမှာ မည်သူများဖြစ်သနည်း၊ မည်သည့်ဘာသာစကားကို ပြောကြသ နည်း။ ၎င်းတို့စိတ်ဝင်စားရာများက မည်သည့်အရာများဖြစ်သနည်း၊ အဘယ်ကြောင့် သူတို့ တက်ရောက်လာသ နည်း၊ သင့်အကြောင်းအရာနှင့်စပ်လျဉ်းပြီး ၎င်းတို့က မည်သည်ကို သိထားပြီးဖြစ်သနည်း။

၃။ သင့်မိန့်ခွန်းကို ရှင်းလင်းပီသစွာ၊ စည်းကမ်းကျနစွာ ပြင်ဆင်ရေးဖွဲ့ပါ။ မည်သည့်မိန့်ခွန်းတိုင်းတွင်မဆို ရှင်း လင်းပီသသောရေးဖွဲ့မှုနှင့် ခွဲခြားမရပါ။ ရှင်းလင်းပီသသောမိန့်ခွန်းသည် ဟောပြောသူနှင့် ပရိသတ်အတွက် မှီ တွယ်အားထားရာလိုရင်းအချက်များကို ပေးသည်။ ထို့နောက် သတင်းစာတစ်စောင်ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ် သောအခါ သင့်အနေဖြင့် ယခင်မိန့်ခွန်းစာပိုဒ်ပါ တင်ပြချက်ကို ပြန်ဖတ်ရှုနိုင်ရန် အမြဲတမ်း အကြမ်းဖျင်းပြန်လေ့ လာကြည့်နိုင်သည်။ မိန့်ခွန်းကို နားထောင်သောအခါ ပြန်ရစ်နားထောင်စရာခလုတ်ကို နှိပ်၍မရပါ။ ထို့ကြောင့် ခင်ရှေးပဝေဏသီက အစဉ်အဆက်ရှိလာသည့် ပါးစပ်ပြောဓလေ့မှ ရရှိသောအကြံပြုချက်အားလုံးသည် အသုံးဝင် နေဆဲဖြစ်နေခြင်းဖြစ်သည်၊ ရှေးခေတ်တုန်းကကဲ့သို့ပင် ယနေ့ခေတ် ဟောပြောမှုတွင်လည်း ရှင်းလင်းပီသသော ရေးဖွဲ့ပြောဆိုမှုက အရေးပါသည်။ မိန့်ခွန်း/ဟောပြောပွဲကောင်းတစ်ရပ်သည် အထက်အောက် သေသပ်စွာရေးဖွဲ့ရ သည်၊ အဓိကဆိုလိုရင်းအချက်ကို စီကာစဉ်ကာဆင့်၍ ဝါကျတစ်ကြောင်းချင်းစီ၊ စာပိုဒ်တစ်ပိုဒ်ချင်းစီ ရေးဖွဲ့တည် ဆောက်ရသည်၊ ၀တ္ထုဇာတ်လမ်းတွင် အသုံးပြုသော အခြေခံအခင်းအကျင်းမျိုးအတိုင်း လိုက်နာရေးဖွဲ့ရသည်၊ ထွေထွေမိတ်ဆက်နိဒါန်းရေးပြီးနောက် အကြောင်းအရာရေးသားမှုပုံစံတွင် ရေးသားစီကုံးသွားပုံ၏ သုံးပုံတစ်ပုံ ခန့်၌ အဓိကဆိုလိုရင်းအချက်ကို ရှင်းလင်းဖော်ပြသွားရမည်ဖြစ်သည်၊ ယင်းသို့ရေးဖွဲ့ပြီးနောက်ပိုင်းမှ အရာရာ တိုင်းကို မှန်ကန်သောအမြင်တစ်ရပ်ဖြင့် ရှုမြင်သုံးသပ်ထားသော နိဂုံးကောက်ချက်ကို ထည့်သွင်းရမည်ဖြစ်သည်။ သေသပ်ကောင်းမွန်သောအနုစိတ်ပြင်ဆင်ချက်မှာ တွေးခေါ်စဉ်းစားစရာထည့်ပေးထားသော တင်ပြချက်ဖြင့် နိဂုံး ချုပ်ရန်ဖြစ်သည်၊ ဘုန်းကြီးများ ကလောကဉာဏ်တစ်ထွာတစ်မိုက်ရှိသော တပည့်သာ၀ကများကို တရားဟော ပြောပို့ချနေပုံမျိုး သို့မဟုတ် ကိုယ်ကျင့်အဘိဓမ္မာအကြံဉာဏ်အတိုအထွာလေးပေးခြင်းမျိုးအတိုင်း ပြုလုပ်ရန်မ ဟုတ်ပါ။  သင့်ပရိသတ်ကို လိုချင်သောလမ်းကြောင်းမှ သွေဖည်မသွားစေရန် အထောက်အပံ့ပေးနိုင်သော ရေး သားဖွဲ့စည်းပုံ နည်းကိရိယာများမှာ ယခင်က မည်သည့်အရာဖြစ်ပျက်ခဲ့ပြီး၊ နောက်ထပ် ဘာဆက်ဖြစ်မည်တို့ကို လိုတိုရှင်းအနှစ်ချုပ်ဖော်ပြချက်ပင်ဖြစ်သည်။ “အခုချိန်ထိ ကျွန်တော် ပြောပြပြီးဖြစ်သမျှ” နှင့် “အခုနောက်ထပ် ကျွန်တော် ပြောမယ့်အချက်ကတော့ . . . “ ဟူ၍ သုံးနှု်နးရမည်ဖြစ်သည်။ စစပြောနေချိန်မှာပင် ပိုပိုသာသာ ဂရု စိုက်မှုနှင့် စိတ်ဝင်စားမှုရှိခြင်းကို အမြဲရက်ရက်ရောရော ပြသပြီး မိန့်ခွန်းကို အဆုံးသတ်ပါ။ 

၄။ ပွင့်လင်းမြင်သာပြီး စိတ်ကို နှိုးဆွနိုင်သောဘာသာစကားကိုသုံးပါ။ကြောင်းကျိုးခိုင်မာမှ ဖြစ်ရပ်ကို ယုံကြည်ပါ။ သင့်ဖော်ပြချက်များတွင် စိတ်ဓာတ်နိုးဆော်နိုင်အောင် အမြဲကြိုးစားပါ၊ ရေးသားဖွဲ့စည်းပုံ နည်းစနစ်များကို အသုံး ပြုပါ၊ ဥပမာ ပရိသတ်များ၏ခေါင်းတွင် ရုပ်ရှင်ပိတ်ကားထက်ကြည့်ရသကဲ့သို့ သင့်ဇာတ်လမ်းအကြောင်းအရာကို မြင်သာအောင် ပြသနိုင်ရေး ကြိုးစားခြင်းမျိုးပင်ဖြစ်သည်။ ဤနည်းလမ်းသည် သင်ပေးချင်သောအဆိုအမိန့်အာ ဘော်ကို လူလက်ခံလာရေး သေချာပေါက်နည်းလမ်းဖြစ်သည်။ စိတ်ကူးအားဖြင့်ဆိုရလျှင် ပရိသတ်သည် သင့် ဇာတ်လမ်းအကြောင်းအရာက ၎င်းတို့နှင့် လုံးလုံးထပ်တူကျနေသည်ဟု မြင်လာလျှင် အသိအမှတ်ပြုလက်ခံ စရာရှိကြောင်းကို တွေ့မြင်လိမ့်မည်ဖြစ်သည်။

၅။ ပြတ်ပြတ်သားသား ပြောဆိုပါ။ မိန့်ခွန်းဟောပြောချက်များကို အသံကျယ်ကျယ် ဖတ်ပြပြောဆိုရမည်၊ ဝါကျ ရှည်ရှည်များကို ရှောင်ပါ။ ပရိသတ်သည် ဝါကျတစ်ကြောင်းကို ပြန်ဖတ်ရှုရန် အခွင့်အရေးမရှိပါ၊ ထို့ကြောင့် သင် ပြောသမျှအရာရာတိုင်းသည် ချက်ချင်း လက်ငင်း ရှင်းလင်းပီသနေရမည်ဖြစ်သည်။ ပညာရပ်အသုံးအနှုန်းဖြင့်ယဉ် ပါးနေသော အဖွဲ့အစည်းများနေခြင်းကြောင့် မိန့်ခွန်းများအတွင်း ပညာရပ်အသုံးအနှုန်းများ ရွှန်းရွှန်းဝေအောင်ပါ နေခြင်းက သင်၏ကျွမ်းကျင်မှုကို ထုတ်ဖော်ပြသပြီး သင့်ဂုဏ်ဒြပ်အဆင့်အတန်းကို တိုးမြှင့်ပေးနိုင်ရာနည်းလမ်း တစ်ရပ်ဖြစ်သည်။ သို့သော် မိန့်ခွန်းတစ်ခုတွင် ပညာရပ်အသုံးအနှုန်းများခြင်းက လုံးလုံး ရှောင်ကြဉ်စရာအချက် ဖြစ်ပါသည်။ ပညာရပ်အသုံး သို့မဟုတ် နားလည်ရခက်သောစကားလုံးများကို သုံးစွဲခြင်းက ပြည်သူနှင့် ကင်းဝေး သွားရုံသာ ဖြစ်စေမည်၊ ပရိသတ်သည် သင့်ကို ဂုဏ်မောက်သူတစ်ဦး သို့မဟုတ် လူတတ်ကြီးလုပ်သူဟု ထင်မြင် သွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အဆိုအမိန့်အာဘော်နှင့် စိတ်ကို မပြတ်တမ်းကပ်ထားပါ။

ထို့ကြောင့် အမြဲတစေ၊ အမြဲတစေ ပြတ်ပြတ်သားသား ပြောဆိုပါ။ သင် ပြောရန်ကြိုးစားနေသည့်အရာကို သင်၏ အဒေါ်က နားလည်ပါသလား၊ နားမလည်လျှင် စာရေးစားပွဲခုံသို့ ပြန်သွားလိုက်ပါ။

၆။ တစ်ဇွန်းစာ ရယ်မောစရာက ဆေးဝါးထက် အာနိသင်ပိုစွမ်းသည်။ ရယ်စရာပြောတတ်သော ဇ၀နဉာဏ်ရှိခြင်း သည် မိန့်ခွန်းကို ထူးခြားပြီး စိတ်ဝင်စားစရာကောင်းစေရန်နှင့် ပရိသတ်တွင် စာနာနားလည်မှုကို ဖြစ်ပေါ်စေရန် အတွက် အင်မတန် အသုံးဝင်သောကိရိယာများဖြစ်သည်။ ဤသို့ပြောခြင်းကြောင့် သင့်မိန့်ခွန်းများတွင် ဝါးလုံးကွဲ မတတ်ရယ်စရာပြက်လုံးများ၊ ဟာသမှတ်ချက်များဖြင့် ပွထနေသင့်သည်ဟု ဆိုလိုရင်းမဟုတ်ပါ၊ သို့သော် ရယ်စ ရာမှတ်ချက်တစ်ခုစ၊နှစ်ခုစပါခြင်းက မိန့်ခွန်းတစ်ရပ်ကို အမှန်အောင်မြင်မှုရစေနိုင်သည်။ 

၇။ မိန့်ခွန်းတစ်ရပ်ကို စိတ်ဝင်စားစရာဖြစ်စေပြီး သေသပ်ကျနစွာ ပြင်ဆင်ရန် နောက်ထပ်နည်းလမ်းမှာ နိမိတ်ပုံပြ အသုံးအနှုန်းနှင့် အဓိပ္ပာယ်နှစ်ခွဖြင့်ဟာသမြောက်သောအသုံးအနှုန်းများကဲ့သို့ အဟောအပြောနည်းနာများကို သုံးပြုခြင်းဖြစ်သည်။ နိမိတ်ပုံပြအသုံးအနှုန်းသည် သင်၏မိန့်ခွန်းကို ပြက်ပြက်ထင်ထင် ဖြစ်စေသလို၊ ခံ့ညားသော စာပေရေးဟန်အချို့ကိုပါ ဖြည့်စွက်နိုင်သည်။  အခြားအသုံးဝင်သောစာပေရေးနည်းပစ္စည်းများမှာ တန်ပြန်အဆို တင်ပြခြင်း၊ နှိုင်းယှဉ်ရေးသားတင်ပြချက်များ၊ သံတူပုဒ်တို့ဖြင့် ဖွဲ့စပ်ခြင်း၊ သုံးပိုင်းခွဲရေးသားခြင်းတို့ပင်ဖြစ်သည်။  ထို့ရေးနည်းပစ္စည်းများကို မိန့်ခွန်းတစ်ခုတည်း အလွန်အကျူးစုပြုံရေးသားခြင်းကို မပြုလုပ်မိရန် ဂရုစိုက်ပါ၊ သို့ သော် သင့်တော်ချိန်မှ အသုံးပြုပါ။ စာပေရေးနည်းပစ္စည်းများကို သုံးခြင်းက သင့်မိန့်ခွန်းပါအစိတ်အပိုင်းများကို ကိုးကားဖော်ပြခံရနိုင်ရန် ထောက်ကူပေးသည်၊ မိန့်ခွန်းကို သတင်းစာများတွင် ဖော်ပြခံရနိုင်မည့်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့သော စာပေရေးနည်းပစ္စည်းများကြောင့် အမှတ်တရအဖြစ်ဆုံးနိုင်ငံရေး ဆိုရိုးစကားအချို့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဥပမာ ရုစဗဲ့၏ “ကျုပ်တို့ ကြောက်ရမယ့်တစ်ခုတည်းသော ရာက အကြောက်တရားကိုယ်နှိုက်ကိုပဲ ဖြစ်တယ်”၊ ကနေဒီ၏ “သင့်အတွက် သင့်တိုင်းပြည်က ဘာလုပ်ပေးနိုင် မလဲလို့ မမေးနဲ့၊ သင့်တိုင်းပြည်အတွက် သင် ဘာလုပ်နေပေးနိုင်သလဲလို့ မေးပါ”၊ သို့မဟုတ် အိုဘားမား၏ “လစ် ဘရယ် အမေရိက၊ ရှေးရိုးစွဲကွန်ဆာဗေးတစ်အမေရိကဆိုပြီးတော့ မရှိပါ၊ အမေရိကန်ပြည်ထောင်စုပဲရှိတယ်”ဟူ သောဆိုရိုးစကားများဖြစ်သည်။ 

၈။ သင်၏ကြားဖြတ်ကိုးကားချက်ကို မီဒီယာက အသုံးပြုအောင်လုပ်ပါ။ နိုင်ငံရေးမိန့်ခွန်းတစ်ရပ်ကို လူအများအ ကျယ်အပြန့် လာရောက်ပြီး နားထောင်ရန် ရက်နှင့်ချီစုဝေးကြမှုများ ခေတ်ကုန်ပြီဖြစ်သည်။ ယနေ့ခေတ်တွင် လူ အများသည် သတင်းများတွင် ဖော်ပြထားသော မိန့်ခွန်း ပုံတိုပတ်စများမှ သတင်းအချက်အလက်ကို ရရှိနေပြီဖြစ် သည်၊ ထို့ကြောင့် သင့်အနေဖြင့် မီဒီယာက သင်လိုချင်သော အဆိုပါ ကြားဖြတ်ကိုးကာချက်များကို အတိအကျ ဖော်ပြနိုင်အောင် လုပ်ဆောင်ရန်လိုအပ်သည်။ ကြားဖြတ်ကိုးကားချက်များ သို့မဟုတ် ဟာသမှတ်ချက်များသည် ပင်ကိုသဘာ၀ကျကျဖြစ်သော လီဆည်ချက်များဖြစ်ပြီး ထိုမှတ်ချက်များသည် မိန့်ခွန်း၏ပင်မအဆိုအမိန့်နှင့်စပ် လျဉ်းပြီး သီးခြားလွတ်လပ်စွာ လုပ်ဇာတ်ခင်းသော်လည်း ယင်းနှင့်ဆန့်ကျင်ဘက်က အမှန်ဖြစ်သည်ဟု အများအ မြင်တွင် လွဲမှားစွာယူဆထားကြသည်။ ကြားဖြတ်ကိုးကားချက်သည် မိန့်ခွန်းပါ စဉ်းစားစရာကောက်ကြောင်းမှ၊ မိန့်ခွန်း၏အဆိုအမိန့်အာဘော်မှ ပင်ကိုသဘာ၀ကျကျ ပေါ်ပေါက်ရှင်သန်သင့်သည်။ ယင်းသို့ မဟုတ်လျှင်  မိန့် ခွန်းနှင့် ဆက်စပ်မှုရှိမည်မဟုတ်၊ မိန့်ခွန်းနှင့်ပတ်သက်ပြီး ဘယ်သောအခါမှ အမှတ်အသား ကျန်ရစ်မည်မဟုတ်ပါ။ သို့ရာတွင် သင့်မိန့်ခွန်းပါ မည်သည့်အစိတ်အပိုင်းများကို မီဒီယာက အသုံးဝင်သောကြားဖြတ်ကိုးကားချက်အဖြစ် ယူဆကာ  ဖော်ပြနိုင်သည်ကို သင်က လက်ဦးမှုယူကာ သိအောင်လုပ်နိုင်သည်။ အခြားအစိတ်အပိုင်းများထက် သေချာပေါက်  ဖော်ပြခံရရန် အခွင့်အရေးပိုသာသော အချက်အလက်များ အဘယ်ကြောင့် ရှိနေမည်ဟူသော ကြောင်းရင်းများ စွာရှိသည်။ ဥပမာ လက်ခုပ်ဩဘာသံသည် သတင်းစာဆရာများအတွက် ကြားဖြတ်ကိုးကား ချက်ကို တည်းဖြတ်ရန်နှင့် သီးခြားဖယ်ထုတ်ရန် ပိုမိုလွယ်ကူစေသည်။ ထို့ကြောင့် မီဒီယာကို သင်ဖော်ပြစေချင် သော ကောက်ကြောင်းက ပရိသတ်ကို လက်ခုပ်ဩဘာပေးလာစေရန်အထိ ဆွဲဆောင်မှုရှိအောင် ကြိုးစားပါ။ နိုင်ငံ ရေးမိန့်ခွန်းများက လက်ခုပ်ဩဘာသံကို ရရှိစေနိုင်ပုံနည်းလမ်းများကို ဗြိတိသျှလူမျိုး နှုတ်မှုရေးရာကျွမ်းကျင်သူ မက်စ်အက်ကင်ဆင်က သုတေသနပြုထားသည်။ အက်ကင်ဆန် ဖော်ထုတ်ပြခဲ့သည့် အဓိကအချက်အလက်များ မှာ နှိုင်းယှဉ်တင်ပြချက်၊ သုံးပိုင်းခွဲတင်ပြမှု၊ နိဂုံးကောက်ချက်အထိ ယုတ္တိကျကျပြင်ဆင်ရေးသားသွားခြင်း၊ ပါတီ၏ ဝါဒအတွေးအခေါ်ရေးရာအထင်ကရဖြစ်သည့်အရာများကို ရည်ညွှန်းသော စကားလုံးများနှင့် လူကြိုက်များသော ပါတီဝင်များကို ဖော်ပြချက်တို့ကို အသုံးပြုခြင်းဖြစ်သည်။ 

မိန့်ခွန်းပြောခြင်းအတွက် အကြံပြုချက်များ

မိန့်ခွန်းမပြောခင်

အချိန်မီဖြစ်အောင် ပြင်ဆင်ပါ။ အခန်းနှင့် နည်းပညာထောက်ကူပစ္စည်းများကို စစ်ဆေးပါ( အစစအရာရာ အလုပ် ဖြစ်မြောက်ရေးအစီအစဉ်တိုင်းရှိသလား)။ လူများကို လက်ဆွဲနှုတ်ဆက်ပါ၊ စကားပြောပါ။ စိတ်မလှုပ်ရှားပါနှင့်၊ ထို့နောက်  ဤအပိုင်းတွင် သင်သည် ကျွမ်းကျင်ပုဂ္ဂိုလ်ဖြစ်ပါပြီ။

မိန့်ခွန်းပြောနေစဉ်အတွင်း

သင်ထုတ်ထားသော မှတ်စုများနှင့် ညှိနှိုင်းနိုင်သည်၊ သို့သော် သတင်းစာမှ ယူမဖတ်ပါနှင့်။ ပရိသတ်နှင့် မျက်လုံး ချင်းအကြည့်ဆုံဖြစ်အောင် ကြိုးစားပါ။ ပြုံးပြပြီး မတ်မတ်ရပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်အမူအရာအစစ်ကို ပြသပါ၊ ဟန်ပြပြုမူခြင်းမျိုး မလုပ်ပါနှင့်။ စိတ်ခံစားချက်ပါကြောင်း အလေးထားမိစေရန် ကိုယ်နှုတ်အမူအရာ များကို ပြသပါ။ အချိန်ယူပါ၊ အရှိန်ယူပါ။ ပြောနေချိန်တိုင်း ရေနည်းနည်းသောက်ပါ၊ သို့မဟုတ် ဟန်ဆောင် မှုမပါဘဲ ရပ်နားခြင်းကို လုပ်ပါ။ သင့်အသံကို အနိမ့်အမြင့် အမျိုးမျိုးပြောင်းသုံးပါ။ 

သင်ပြောနေသည့်အကြောင်းအရာအမျှင်ပြတ်သွားခြင်းမျိုး ဖြစ်ပါက ခဏနားပြီး ရေသောက်ပါ။ မေးစရာမေးခွန်း များရှိပါသလားဟု ပရိသတ်ကို မေးပါ။ နောက်ဆုံးပြောခဲ့သောစာကြောင်းကို ပြန်ထပ်ပြောပါ၊ သို့မဟုတ် သင်ပေး ချင်သော အဓိကအဆိုအမိန့်အာဘော်ကို ပြန်ထပ်ပြောပါ။ ပရိသတ်ကို ရယ်စရာတစ်ခုပြော၍ အာရုံပြောင်းပေးပါ။

မိန့်ခွန်းပြောပြီးနောက်ပိုင်း

မိမိမိန့်ခွန်းကို နှစ်သက်ခြင်းရှိပါရဲ့လားဟု လူများကို မေးပါ။ နောက်တစ်ကြိမ်အတွက် မှတ်စုထုတ်ပါ။ မိန့်ခွန်းကို မှတ်တမ်းယူထားပါက သင့်လက်ထောက်များနှင့်အတူ ရုပ်သံမှတ်တမ်းကို ကြည့်ပါ။

လူထုရှေ့ဟောပြောမှု ဆက်သွယ်ရေးအခြေခံသဘောတရားများ

KISS (Keep It Short and Simple)

“တိုတိုနှင့် ရိုးရိုးရှင်းရှင်းလုပ်ပါ” သို့မဟုတ် “ရိုးရိုးရှင်းရှင်းနှင့် အမြော်အမြင်ရှိရှိလုပ်ပါ”ဟူသော စကားရပ်၏ အတို ကောက်ဖြစ်သည်။ KISS သည် ဟောပြောပွဲလုပ်နေချိန်အတွင်း တစ်ချိ်နလုံး စိတ်ထဲမှတ်ထားရမည့်ဆောင်ပုဒ် ဖြစ်သည်၊ အထူးသဖြင့် ဆက်သွယ်မှုပညာကို သင်ကြားနေချိန်တွင်ဖြစ်သည်။ ဥပမာ အဓိကအဆိုအမိန့်အာဘော် ကို ပြင်ဆင်ရေးဆွဲချိန်မျိုးတွင် ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် သင်ပြောသည့်အရာနှင့် ထိုအရာကို လိုရင်း တိုရှင်းပြောနိုင်ရေးကို အတိအကျ သိထားရမည်ဖြစ်သည်။ လူအများသည် ဟောပြောမှုကို ရှည်ရှည်လုပ်ချင်ကြ ပြီး အဓိကပြောချင်သောအဘော်ကို မိအောင်မပြောနိုင်ဖြစ်နေတတ်သည်။ ထိုလူများသည် မဖြစ်စလောက် အမှား များပြုလုပ်မိခြင်းကြောင့် ပြောချင်သောအကြောင်းအရာမှ သွေဖယ်လမ်းချော်သွားခြင်း သို့မဟုတ် ရှေ့ဆက်ပြော မရဘဲ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေခြင်းအန္တရာယ်နှင့် ရင်ဆိုင်ရသည်။ ဤသို့ဖြစ်လျှင် KISS မမည်ပါ။ ပြောချင်သော အဓိကအကြောင်းအရာရပ်တွင် သင်မိအောင်ပြောချင်သော အဓိကဆိုလိုရင်းအာဘော်ကို ဖွင့်ဆိုပြသည့် ဝါကျအ နည်းငယ်ပါဝင်ရမည်ဖြစ်သည်။ အဓိကပြောချင်သောအာဘော်သည် အနှစ်ချုပ်ဖြစ်သော်လည်း နာရီနှင့်ချီ၍ ထိုအ ကြောင်းကို ပြောပြနိုင်ရမည်ဖြစ်သည်။

AIDA (Attention, Interest, Desire, Action)

အာရုံစိုက်ခြင်း၊ စိတ်ဝင်စားခြင်း၊ ဆန္ဒပါခြင်း၊ လက်တွေ့ကျခြင်းဟူသော စကားရပ်တို့ကို ရည်ညွှန်းသည်။ ဆုံး ဖြတ်ချက်တစ်ရပ်ကို မရောက်ခင် သို့မဟုတ် လက်တွေ့ဆောင်ရွက်ခြင်းမပြုခင် လူတစ်ဦးအနေဖြင့် ဖြတ်သန်းရ မည့် အဆင့်အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတစ်ရပ်ကို အသိပေးဟောပြောရာတွင် လိုလား သည့်အကျိုးသက်ရောက်ချက်မှာ လူအများကို တစ်စုံတစ်ခုခုအား လုပ်ဆောင်လာရန်၊ လက်တွေ့ဆောင်ရွက်လာ ရန်ပင်ဖြစ်သည်။ ဥပမာ သင့်ပါတီကို မဲထည့်လာရေးကို ဆိုလိုသည်။ ပရိသတ်ကို မတန်တဆ ခြေလှမ်းကြီးကြီး မားမား လျှောက်ခိုင်းလိုက်ပါက ပေးချင်သောအာဘော်အကြောင်းအရာရပ်သည် ခြေလွန်လက်လွန်ဖြစ်ကာ လုံး လုံးချော်ထွက်သွားတတ်သည်။ ထို့ကြောင့် သင်၏တင်ဆက်မှုတွင် စိတ်ဝင်စားမှုရှိအောင် ဆွဲခေါ်ယူခြင်း၊ လိုလား သောလက်တွေ့ဆောင်ရွက်မှုမျိုးကို ပစ်မှတ်အုပ်စုကိုယ်တိုင် မည်သို့ စိတ်ပါဝင်စားမှုရှိအောင် ကြိုးစားလုပ်ဆောင် ခြင်းဖြင့် စတင်ရမည်ဖြစ်သည်၊ သို့မှသာ သင် အမှန်စင်စစ် လှမ်းစေချင်သော ခြေလှမ်းမျိုးအတိုင်း ပရိသတ်တွင်  လိုက်ပါလျှောက်လှမ်းလိုသောစိတ်ဆန္ဒ (နှင့် လိုလားမှုရှိရှိပင်) ဖြစ်ထွန်းလာရေးကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

IDD (Information, Debate and Decision)

နိုင်ငံရေးအသိပေးအကြောင်းအရာဖြစ်စေ၊ ဖုန်စုပ်စက်တစ်လုံးဖြစ်စေ သင့်တွင် ရောင်းစရာတစ်စုံတစ်ခုခုရှိပါက ယခုတင်ပြသောအဆင့်သုံးဆင့်က အစဉ်ဆက်စပ်ပါဝင်နေမြဲဖြစ်သည်။ အထက်ပါဖော်ပြချက်အစီအစဉ်အတိုင်း ထပ်ကြပ်မကွာ လိုက်နာဆောင်ရွက်ရန် အလွန်ရေးကြီးသည်။ ကနဦးစွာ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး သတင်းအ ချက်အလက်  စတင်ပေးကာ ဆွေးနွေးငြင်းခုံပွဲဖြစ်ရေး သင်က စတင်လှုံ့ဆော်ပေးမည်ဆိုလျှင် လူအများက ၎င်း တို့အား အလေးအနက်ထည့်မစဉ်းစားဟု ထင်မြင်ကြလိမ့်မည်။ 

ချမှတ်ပြီးသော ဆုံးဖြတ်ချက်အားဆွေးနွေးငြင်းခုံရခြင်းကို အသုံးပြုခြင်းဆိုသည်မှာ အဘယ်နည်း။ လူအများသည် အသိအမြင်လွဲနေသည်၊ ပါဝင်ရခြင်းမရှိဖြစ်နေသည်၊ ဖယ်ထုတ်ခံရထားရသည်ဟူ၍ ခံစားတတ်ကြပြီး ဆုံးဖြတ် ချက်၏ကောင်းကျိုး မည်သို့ပင်ရှိစေ ဆန့်ကျင်သွားတတ်ကြသည်။ ဤသို့ဖြစ်ပါက အတိုက်အခံ၏အလုပ်ကို လွန်လွယ်ကူသွားစေသည်၊ အကြောင်းမူ အတိုက်အခံများက အဆိုပါမကျေနပ်စိတ်နှင့် စိုးရိမ်စိတ်ကို စွဲမြဲ ထင်မှတ် သွားတော့သည်။ ယင်းနှင့်စပ်လျဉ်း၍ သာဓကပြရပါက ဥရောပဖွဲ့စည်းပုံအခြေခံဥပဒေကို မြှင့်တင်ရန် ဒတ်ချ်အစိုး ရ၏မဲဆွယ်စည်းရုံးရေးပင်ဖြစ်သည်။ အစိုးရက အဆိုပါဥရောပဖွဲ့စည်းပုံနှင့်ပတ်သက်၍ စိတ်ထဲ အမှန်ပင် ပြင်ဆင် ထားပြီးဖြစ်သည်။ လူထုထံပေးသော သတင်းအချက်အလက် အလွန်နောက်ကျပြီး ကြောင်းကျိုးခိုင်မာမှုမရှိဖြစ် လာသည်၊ ထို့နောက် လူများစု၏အမြင်တွင် လုပ်ပိုင်ခွင့်အာဏာဆုံးရှုံးသွားပြီဟု အထင်ခံရသော အစိုးရက “ကန့် ကွက်မဲ”သည် ဥရောပကို ဖရိုဖရဲဖြစ်စေလိမ့်မည်ဟု ပြောဆိုခြင်းဖြင့် မဲဆန္ဒရှင်များကို “ထောက်ခံမဲ”ပေးရန် တင်းအကျပ်ခြိမ်းခြောက်ရန် ကြိုးစားလာသဖြင့် တစ်ဆက်တည်းမှာပင် ဆွေးနွေးငြင်းခုံပွဲ၌ စိုးရိမ်စိတ်က ကြီးစိုး သွားတော့သည်။ 

သင့်အတိုက်အခံများနှင့် မတူညီချက်ကို ရေးဆွဲ နှိုင်းယှဉ်ကြည့်ခြင်း

ကိုယ်စားလှယ်များ ရင်ဆိုင်ရသည့် အခက်ခဲဆုံးပြဿနာများအနက်တစ်ခုမှာ မတူညီချက်ပြဿနာဖြစ်သည်။ ပါ တီလမ်းစဉ်များနှင့် အဆိုအမိန့်အာဘော်များသည် ထူးခြားပေါ်လွင်မှုမရှိဘဲ သာမန်လိုဖြစ်နိုင်သည်၊ မဲဆန္ဒရှင်များ သည် ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ပါတီတစ်ရပ်က အခြားတစ်ခုထက် အဘယ်ကြောင့် ပိုကောင်းသည်ဟူ  သောအချက်ကို ဘယ်သောအခါမှ နားမလည်ပါ။ အကျိုးရလဒ်အားဖြင့် မဲဆန္ဒရှင်များသည် သံသယစိတ်ကြီးထွား လာပြီး ဒီမိုကရေစီရွေးကောက်ပွဲများကို အဓိပ္ပာယ်မရှိဟု စမြင်သွားတော့သည်။ 

သင့်မဲဆွယ်ရေးအဆိုအမိန့်ကို ပြင်ဆင်ချမှတ်ရာတွင် ပစ်မှတ်ပရိသတ်အား အတိုက်အခံနှင့် မိမိကြား အပေါ် လွင်ဆုံးဖြစ်မည့်မတူကွဲပြားချက်ကို ပေးရမည်။ သင်မပေးပါက သင့်ပစ်မှတ်ပရိသတ်သည် အတိုက်အခံအစား သင့်ကို  မဲထည့်စရာအကြောင်းပြချက်မရှိပါ။ သင့်အဆိုအမိန့်အာဘော်ကို မတူကွဲပြားမှုရှိနေစေရန်အတွက် အောက်ပါနည်းအတိုင်း စကားလုံးစီစဉ်​ရေးသားနိုင်ပါသည်။

“ဒီဇင်ဘာ ၁၇ ရက် မဲရုံကို ခင်ဗျားတို့ သွားရောက်တဲ့အခါ စိတ်ထဲတစ်ခုကို မှတ်ထားစေချင်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အတိုက်အခံကြား ကွဲပြားချက်တွေဟာ ပိုပြီးပီပီပြင်ပြင်နဲ့မရှိနိုင်ဘူး။ X ဘက်ကရပ်တည်တဲ့ ကျွန်တော့် ကို ခင်ဗျားတို့ မဲထည့်နိုင်တယ်၊ ဒါမှမဟုတ် Y ဘက်ကရပ်တည်တဲ့ ကျွန်တော့် အတိုက်အခံတွေကို ခင်ဗျားတို့ မဲ ထည့်နိုင်တယ်။ မြန်မာပြည်နဲ့ ကျွန်တော်တို့ဒေသအတွက် လိုအပ်နေတဲ့အရာက X  ကိုပိုများများ၊ Y ကို ခပ်နည်း နည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်ရတာပဲ၊ ဒါကပဲခင်ဗျားတို့ ဆုံးဖြတ်ရမယ့်အရာပါ။” 

XXX နှင့် YYY ကို ရှာဖွေသောအခါ အောက်ပါနယ်ပယ်များကို ကြည့်နိုင်သည်

၁။ တန်ဖိုးစံများ - သင်ရပ်တည်နေသောအရာက သင့်အတိုက်အခံများ ရပ်တည်နေသောအရာထက် သိသာထင် ရှားစွာ မည်သို့ ကွဲပြားမှု ရှိသနည်း။

၂။ မူဝါဒများ - လွှတ်တော်အဖွဲ့ဝင်တစ်ဦးအဖြစ် သင့်အတိုက်အခံများ ပြုလုပ်မည့်အရာနှင့် သိသာထင်ရှားစွာ ကွဲ ပြားအောင် သင် မည်သည့်အရာကို ပြုလုပ်မည်နည်း။

၃။ အတွေ့အကြုံ - သင်နှင့် သင့်အတိုက်အခံ၏ အလုပ်နှင့် ပညာရေးအတွေ့အကြုံများကြား မတူညီချက်များက သင် အာဏာရချိန်တွင် ပြုမူဆောင်ရွက်လာပုံအပေါ် မည်သို့ လွှမ်းမိုးသက်ရောက်မှုရှိမည်နည်း။ တန်ဖိုးစံများနှင့် မူဝါဒများက အလွန်ဆင်တူနေသောအခါ ကွဲပြားမှုကို ရေးဆွဲနှိုင်းယှဉ်ကြည့်ရန် အကောင်းဆုံးနည်းလမ်းမှာ အတွေ့အကြုံဖြစ်သည်၊ ဆိုလိုသည်မှာ မည်သည့်ကိုယ်စားလှယ်က ကတိပေးထားသောမူဝါဒများ သို့မဟုတ် တန် ဖိုးစံများကို အကောင်းဆုံးပေးပို့နိုင်သနည်း။

အထက်ပါခေါင်းစီးများပါ လက္ခဏာတိုင်းအတွက် သင့်အနေဖြင့် အတိုက်အခံများနှင့် အပေါ်လွင်အထင်ရှားဆုံး ဖြစ်နိုင်သော မတူကွဲပြားချက်ကို ရေးဆွဲနှိုင်းယှဉ်ကြည့်နိုင်ရန် သင့်အဆိုအမိန့်အာဘော်ကို ကျွမ်းကျင်စွာ ဖန်တီး ပြင်ဆင်ရမည်ဖြစ်သည်။