ပြည်သူ့ရေးရာမူဝါဒဟူသည် အစိုးရများက ၎င်းတို့၏ရည်မှန်းချက်များကို ရရှိရန်ဖော်ဆောင်သည့် ဆောင်ရွက်ချက်စီမံ ကိန်းတစ်ရပ်ပင်ဖြစ်သည်။ ထိုရည်မှန်းချက်များသည် ပြည်သူလူထု၏လိုအပ်ချက်နှင့်အညီ ဖြစ်စေရေး၊ လူ့အဖွဲ့အစည်း ၏ပြဿနာရပ်များကို ဖြေရှင်းရေးတို့နှင့် ဆက်စပ်နေတတ်သည်။ အစိုးရသည် အာဏာရလာချိန်တွင် ပြည်သူ့ရေးရာမူ ဝါဒကို ဖန်တီး၊ ဖော်ဆောင်ကာ ပြဋ္ဌာန်းရန် ပြည်သူ့ရေးရာယန္တရားအဖွဲ့အစည်းများကို အသုံးချသည်။
ပြည်သူ့ရေးရာအရင်းအမြစ်များနှင့် အခွင့်အလမ်းများကို မည်သို့ခွဲဝေဖြန့်ဖြူးမည်နည်းဟူသောကိစ္စသည် ပြည်သူ့ရေး ရာမူဝါဒဆုံးဖြတ်ချက်များအပေါ် မူတည်ပါသည်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးပါတီများ ရွေးကောက်တင်မြှောက်ခံရ ခြင်းသည် ပါတီများ၏မူဝါဒများက နိုင်ငံအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု မဲဆန္ဒရှင်အများစုက ထင်မြင်ယူဆကာ မဲထည့်လိုက်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ရေးရာမူဝါဒအကြောင်း ဆွေးနွေးငြင်းခုံရေးသည် ဒီမိုကရေစီနိုင် ငံရေး၏အဓိကဗဟိုချက်ဖြစ်လာရသည်။
အစိုးရတစ်ရပ်၏လုပ်ပိုင်ခွင့်အာဏာသည် ဥပဒေများမှတစ်ဆင့်အသက်ဝင်နိုင်သည်။ ဒီမိုကရေစီအစိုးရများအတွက် ၎င်းတို့၏မူဝါဒရည်မှန်းချက်များကို ပြီးမြောက်အောင် အကောင်အထည်ဖော်ရာတွင် ဥပဒေများသည် အရေးပါဆုံး သောကိရိယာများဖြစ်သည်။ အစိုးရများသည် ပြည်သူလူထု၏အမူအကျင့်၊ ဘ၀ရှင်သန်မှုအရည်အသွေးနှင့် အရင်းအ မြစ်များနှင့် အခွင့်အလမ်းများကိုချဉ်းကပ်ရယူနိုင်ခွင့်တို့ကို ထိန်းချုပ်ရန် ဥပဒေများကို အသုံးချသည်။ စိတ်ကူးအားဖြင့် ဆိုရလျှင် အစိုးရများသည် ယခုတင်ပြသော ထိန်းချုပ်နိုင်ခြင်းအာဏာကို အသုံးချကာ လူ့အဖွဲ့အစည်း၏ပြဿနာရပ် များကို ဖြေရှင်းပြီး ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြသည်။
ဥပဒေများကို ချမှတ်၊ ဖော်ဆောင်ကာပြဋ္ဌာန်းပေးရန်အတွက် အစိုးရများတွင် တာဝန်ရှိသည်။ ဥပဒေတစ်ရပ်အသက် ဝင်မလာခင် ထိုဥပဒေကို မူကြမ်းအဖြစ်သိထားကြသည်၊ အခြားသောအရာများနှင့် ကွဲပြားစေရန် ထိုမူကြမ်းဥပဒေကို စဉ်းစားဆွေးနွေးဆဲအဆင့်ရောက်နေချိန်ကို ‘ဥပဒေပြုခြင်း’ဟု ကျယ်ပြန့်စွာ ရည်ညွှန်းခေါ်ဆိုနိုင်သည်။ ဥပဒေများတွင် ရည်ရွယ်ချက်ပေါင်းများစွာ ရှိနိုင်သည်။ တစ်နည်းအားဖြင့် ထိန်းချုပ်ရန်၊ ဩဇာအာဏာပေးရန်၊ တားမြစ်ပိတ်ပင်ရန်၊ ပေးအပ်(ရန်ပုံငွေများ)ရန်၊ ပိတ်ဆို့ရန်၊ ခွင့်ပြုရန်၊ ထုတ်ပြန်ကြေညာရန် (သို့မဟုတ်) ကန့်သတ်တားဆီးရန်စသဖြင့်အ မျိုးမျိုးရှိနိုင်သည်။
ဥပဒေများကို အများအားဖြင့် ဥပဒေပြုလွှတ်တော်အမတ်တစ်ဦး(ဥပမာ ကွန်ဂရက်အမတ် (သို့မဟုတ်) ပါလီမန်အ မတ်)တစ်ဦးကဖြစ်စေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှဖြစ်စေအဆိုပြုကြသည်။ အဆိုပြုလာသောဥပဒေများကို ဥပဒေပြုလွှတ် တော်အမတ်များက ဆွေးနွေးကြပြီး အတည်ပြုမပြဋ္ဌာန်းခင် ပြင်ဆင်တတ်သည်။ ဥပဒေပြုလွှတ်တော်များသည် သက် ဆိုင်ရာလွှတ်တော်အစည်းအဝေးတွင် အဆိုပြုတင်သွင်းသော မူကြမ်းဥပဒေများအနက် အနည်းငယ်သောမူကြမ်းတချို့ ကိုသာ ပြဋ္ဌာန်းခြင်းဖြစ်သည်။
လွှတ်တော်များသည် ဥပဒေများကို ရုပ်သိမ်း(ပယ်ဖျက်)နိုင်သည်။ ပယ်ဖျက်ပုံနှစ်မျိုးရှိသည်။ ပယ်ဖျက်လိုက်သောဥပ ဒေကို အခြားဥပဒေဖြင့် ပြန်လည် ပြဋ္ဌာန်းကာ(သို့ အစားထိုးခြင်း) ပယ်ဖျက်ခြင်း၊ ပြန်လည်အစားထိုးခြင်းမရှိဘဲ ပယ် ဖျက်ခြင်းဟူ၍ဖြစ်သည်။ ပြန်လည်ပြဋ္ဌာန်းကာပယ်ဖျက်ခြင်းဟူသည် ဥပဒေကို ခေတ်မီအောင်ပြင်ဆင်ခြင်းဖြစ်သော် လည်း ပယ်ဖျက်လိုက်သောဥပဒေသည် ခေတ်သစ်ကာလနှင့် ဆီလျော်သောဥပဒေဖြင့် အစားထိုးရန်လိုအပ်ခြင်းဖြစ် သည်။
ဥပဒေတစ်ရပ်သည် အကျိုးမရှိတော့ခြင်း (သို့မဟုတ်) ဥပဒေတစ်ရပ်သည် မူလမျှော်မှန်းထားသည်ထက် ပို၍အကျိုး မရှိဖြစ်လာချိန်တွင် ပြန်လည်အစားထိုးခြင်းမရှိဘဲ ပယ်ဖျက်ခြင်းကို ယေဘုယျအားဖြင့် ပြုလုပ်ကြသည်။
ဥပဒေနှင့် မူဝါဒကြားကွဲပြားချက်
မူဝါဒဟူသည် အစိုးရက အကောင်အထည်ဖော်ချင်ပြီး မည်သို့အကောင်အထည်ဖော်ရမည်ကို အရိပ်အမြွတ်ပြဆိုသော ရည်မှန်းချက်များကို ဆိုလိုသည်။ ဥပဒေဟူသည် အစိုးရများက ၎င်းတို့၏မူဝါဒရည်မှန်းချက်များကို အကောင်အထည် ဖော်ရန်အသုံးချလိုက်သော ကိရိယာများအနက်တစ်ခုပင်ဖြစ်သည်။
ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်သည်နှင့် ယင်းဥပဒေသည် နိုင်ငံသားတိုင်းအပေါ် သက်ဝင်သည်။ဆန့်ကျင်ဘက် အားဖြင့် မူဝါဒသည် ၎င်းကိုဖန်တီးလိုက်သော အစိုးရကို ကန့်သတ်သည်။ လူအများသည် မူဝါဒအပေါ်သဘော ထားကွဲနိုင်သလို၊ နောက်တက်လာမည့်အစိုးရများကလည်း မူဝါဒကို ပြောင်းလဲနိုင်သည်(သို့မဟုတ်) မျက် ကွယ်ပြုထားနိုင်သည်။
ဥပဒေများသည် ရေရှည်တည်တံ့မှုရှိသည်။ အစိုးရတစ်ရပ်သည် ဥပဒေတစ်ရပ်ကို ပြောင်းလဲရန်(သို့မဟုတ်) ပယ်ဖျက်ရန် သီးခြားလုပ်ငန်းစဉ်တစ်ရပ်ကို လိုက်နာရသည်။ ဆန့်ကျင်ဘက်အားဖြင့် အစိုးရသစ်တိုင်းတွင် မတူကွဲပြားသောပြည်သူ့ရေးရာမူဝါဒတစ်ရပ်ဆီရှိကြသည်။
မူဝါဒတစ်ရပ်သည် အစိုးရဝန်ကြီးဌာနတစ်ရပ်က အကောင်အထည်ဖော်ရန်မျှော်လင့်သောအရာနှင့် ထိုအရာကို ရရှိရန် အသုံးချမည့် လုပ်နည်းကိုင်နည်းများနှင့် အခြေခံမူများကို အရိပ်အမြွတ်ပြဆိုသည်။ တစ်နည်းအားဖြင့် မူဝါဒသည် ဝန် ကြီးဌာန၏ရည်မှန်းချက်များပင်ဖြစ်သည်။ မူဝါဒကိုရေးထားသောစာရွက်စာတမ်းသည် ဥပဒေတစ်ရပ်မဟုတ်ပါ၊ သို့ သော် မူဝါဒက ချမှတ်ထားသောရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်လိုအပ်သည့် ဥပဒေသစ်များကိုတော့ ထို မူဝါဒက ထင်ဟပ်ပြနေတတ်သည်။
ဥပဒေများသည် လိုက်နာရန်လိုအပ်သော သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အခြေခံမူများကို ချမှတ်ပေးပါ သည်။ ဥပဒေတစ်ရပ်ကို မလိုက်နာပါကချိုးဖောက်မှုဖြင့် သက်ဆိုင်ရာသူများကို တရားရုံးတွင် စစ်ဆေးစီရင်နိုင်သည်။
ထို့ကြောင့် မူဝါဒသည် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနတစ်ရပ်၏ ရည်မှန်းချက်များနှင့် စီစဉ်ထားသောဆောင်ရွက် ချက်များကို ချမှတ်ပေးသည်၊ သို့သော် အစိုးရကို ၎င်းတို့၏ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရန် လို အပ်သော ယန္တရားအဖွဲ့အစည်းဆိုင်ရာနှင့် ဥပဒေရေးရာမူဘောင်များကို စနစ်တကျစီစဉ်ထားရှိနိုင်စေမည့် ဥပဒေတစ် ရပ်ကို ပြဋ္ဌာန်းရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။ ဥပဒေများသည် တည်ဆဲလက်ရှိအစိုးရမူဝါဒအပေါ် အခြေခံရမည် ဖြစ်သည်။
ဒီမိုကရေစီအစိုးရအဖွဲ့တွင်း ပါတီများ၏လုပ်ငန်းဆောင်တာများ ယနေ့ခေတ်ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏အဓိကလုပ်ငန်းဆောင်တာလေးမျိုးမှာ ၁။ ကြောင်းကျိုးညီညွတ်သောမူဝါဒများနှင့်အစိုးရအစီအစဉ်များ(အကျိုးဖြစ်ထွန်းရေးကိုဖော်ဆောင်ပေးသောလုပ်ငန်းဆောင်တာ) ဖွံ့ဖြိုးလာစေရန် ၂။ လူ့အဖွဲ့အစည်းမှလိုအပ်ချက်များကို သိအောင်ကြိုးစားပြီး တစ်လုံးတစ်စည်းတည်းဖြစ်စေရန် (အကျိုးဖြစ်ထွန်း ရေးစုပေါင်းပေးသောလုပ်ငန်းဆောင်တာ) ၃။ အစိုးရအဖွဲ့နှင့် ဥပဒေပြုလွှတ်တော်တွင်း ရာထူးနေရာများအတွက် လူအများကို စုဆောင်း၊ ရွေးချယ်ကာလေ့ ကျင့်ပေးရန် ၄။ အစိုးရကို ကြီးကြပ် ထိန်းချုပ်ရန် ပထမလုပ်ငန်းဆောင်တာသုံးရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများ လုပ်ဆောင်ရသောအခြေခံကျသည့် အခန်းကဏ္ဍနှစ်ရပ်ကို ပြဆိုပါသည်။ ထိုကဏ္ဍနှစ်ရပ်မှာ အစိုးရဖွဲ့ခြင်း (သို့မဟုတ်)အတိုက်အခံလုပ်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုလုပ်ငန်းဆောင်တာနှစ်ရပ်၏အရေးပါပုံသည် ပါတီ၏လက်ရှိလုပ်ဆောင်နေသောအခန်းကဏ္ဍအ ပေါ်မူတည်၍အမျိုးမျိုးကွဲပြားသည်၊ ဇယား ၁တွင် ကြည့်နိုင်သည်။စတုတ္ထမြောက်လုပ်ငန်းဆောင်တာသည် နိုင်ငံရေး စနစ်အမျိုးအစားအပေါ်မူတည်ပြီးကွဲပြားသည်။ လွှတ်တော်စနစ်များတွင် အစိုးရကို လွှတ်တော်က ရွေးကောက်တင် မြှောက်ပြီး အစိုးရသည် လွှတ်တော်၏ထောက်ခံမှုအပေါ် မူတည်သည်။ ဤသို့သောလုပ်ငန်းဆောင်တာမျိုးသည် အ တိုက်အခံဘက်အပေါ် လုံးလုံးလျားလျား ရပ်တည်နေရသည့်သဘောပင်ဖြစ်သည်။ သမ္မတစနစ်များတွင် အုပ်ချုပ်ရေးမ ဏ္ဍိုင်သည်သီးခြားလွတ်လပ်ပြီး ဥပဒေပြုလွှတ်တော်တစ်ရပ်လုံးက ဤလုပ်ငန်းဆောင်တာကို ထမ်းဆောင်ရခြင်းဖြစ် သည်။ ဇယား ၁၊ အစိုးရအဖွဲ့၏အတွင်း၊ အပြင်တွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍများ ပါတီများသည် မူဝါဒနှင့် နိုင်ငံရေး၏ အဖွဲ့အစည်းယန္တရားဆိုင်ရာမှတ်ဉာဏ်တစ်ရပ်လိုဖြစ်နေသဖြင့် အရေးပါသည်။ မည်သည့်အရာကို လုပ်မည်၊ မည်သည့်အရာကိုမလုပ်ရဟူသောအသိပညာမျိုးရှိခြင်းကလည်း ပါတီကို စဉ်ဆက်မ ပြတ်ရပ်တည်နိုင်စေရန်အတွက် အရေးပါသည်။ နိုင်ငံရေးစနစ်တစ်ရပ်ကို ပါတီများက မဟုတ်ဘဲ တစ်သီးပုဂ္ဂလများ ကသာ ဖော်ဆောင်ထားလျှင် အထက်ပါ အသိမျိုးထွက်လာနိုင်မည်မဟုတ်ပါ၊ ထို့အပြင် ဗြူရိုကရေစီ(သို့မဟုတ်) အ တတ်ပညာရှင်စိုးမိုးသွားမည့်အန္တရာယ်ကို လမ်းဖွင့်ပေးလိုက်သလိုဖြစ်နိုင်သည်။ ပါတီများသည် အထက်ပါလုပ်ငန်း ဆောင်တာ၂တွင် ဖော်ပြထားသည့်အတိုင်း မူဝါဒရွေးချယ်စရာများကို တစ်လုံးတစ်စည်းတည်းဖြစ်အောင် ပေါင်းစုပေး ပါသည်။ ကိုးကား၊ Effective Party Assistance: Stronger Parties for Better Democracy |