အသစ်များ > ပြည်သူ့သဘောထားအမြင်

ပြည်သူ့သဘောထားအမြင်

2023-01-20

နိုင်ငံရေးတွင် ပြည်သူ့သဘောထားအမြင်အကြောင်း လူအများဆွေးနွေးကြရာဝယ် “ပြည်သူလူထု၏သဘော ထားအမြင်”ဟူသောအချက်ထက် ပို၍သီးခြားအဓိပ္ပာယ်ရှိသောအရာကို ဆွေးနွေးတတ်ကြသည်။ ပြည်သူ့သ ဘောထားအမြင်ဟူသည်မှာ ပြည်သူလူထု၏သဘောထားအမြင်သည် အစိုးရ၏ပြုမူဆောင်ရွက်ပုံနည်းလမ်း  နှင့် နိုင်ငံရေးပါတီများ၏ မူဝါဒများ ချမှတ်ကြပုံနည်းလမ်းတို့အပေါ် သက်ရောက်နေပုံလမ်းကြောင်းကို ရည် ညွှန်း၍ပြောခြင်းဖြစ်သည်။ ပြည်သူ့သဘောထားအမြင်သည် ကိစ္စရပ်လေးတစ်ခု သို့မဟုတ် အဖြစ်အပျက် လေးတစ်ခု သို့မဟုတ် ယေဘုယျအားဖြင့် အစိုးရ တို့နှင့်စပ်လျဉ်း၍ လူအများစု၏ ထင်မြင်ယူဆပုံလမ်း ကြောင်းကိုလည်း ရည်ညွှန်း၍ပြောနိုင်ပါသည်။

အောက်ပါတို့ အပါအဝင် ပြည်သူ့သဘောထားအမြင်ကို တိုင်းတာရန်နည်းလမ်းပေါင်းများစွာရှိပါသည်။

  • စစ်တမ်းကောက်ယူခြင်း (ဥပမာ ကိစ္စရပ်တစ်ခုအပေါ် လူများ မည်သို့ ခံစားထင်မြင်သည်ကို သိရှိနိုင် ရန် သီးခြားရွေးချယ်/ကြုံရာ/ကန့်သတ်ထားသော လူပမာဏတစ်ရပ်ထံ စစ်တမ်းမေးခွန်းလွှာများပေး ထားခြင်း)
  • အာရုံစိုက်ရာအစုအဖွဲ့များ (ကိစ္စရပ်တစ်ခုအပေါ် မည်သို့ထင်မြင်ခံစားသည်ကို သိရှိရန် သေးငယ် သောလူအုပ်စုတစ်စုကို ရည်ရွယ်၍ နိုင်ငံရေးပါတီများ ဟောပြောသောနေရာ)
  • ရွေးကောက်ပွဲ (ပါတီတစ်ခု သို့မဟုတ် နိုင်ငံရေးသမားတစ်ဦးကို မဲထည့်သည့် လူအရေအတွက်သည် ၎င်းတို့မည်ရွေ့မည်မျှ နှစ်သက်နေသည်ကို ပြသသည်)
  • ဆန္ဒပြထုတ်ဖော်မှု (ကိစ္စရပ်တစ်ခုကို ထောက်ခံ သို့ ကန့်ကွက်ကြောင်း လူအများဆန္ဒပြထုတ်ဖော်ပါ က ဤအခြင်းအရာသည် အဆိုပါကိစ္စရပ်အပေါ် အလွန်ခိုင်မာသော ခံစားထင်မြင်ချက် ထိုလူများတွင် ရှိနေကြောင်းကို ပြသရာရောက်သည်)

နှိုင်းယှဉ်လေ့လာချက်။ ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူ့သဘောထားအမြင်

နိုင်ငံရေးသမားများသည် ပြည်သူ့သဘောထားစစ်တမ်းများမှ တတ်နိုင်သမျှ သတင်းအချက်အလက်များများ ရရှိရေး ကြိုးပမ်းကြသော်လည်း ၎င်းတို့၏အဓိကရည်ရွယ်ချက်မှာ တည်ရှိဆဲမူဝါဒများကို  ပြုပြင်မွမ်းမံရန် လောက်ပင်ဖြစ်သည်။ ကမ္ဘောဒီးယားအစိုးရတွင်း ရှိနေသော အထွေထွေယူဆချက်မှာ ပြည်သူလူထုသည် ၎င်းတို့ယုံကြည်ထားသလို ကြောင်းကျိုးဆင်ခြင်မှုမရှိကြသဖြင့် ၎င်းတို့ကိုယ်ပိုင်အကျိုးစီးပွားများကိုပင် အ ကောင်းဆုံးရရှိနိုင်မည့်အပြုအမူမျိုးဖြင့် မဆောင်ရွက်နိုင်ကြဟူ၍ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ထောက်ခံ သူများကိုယ်စား ခက်ခဲသောဆုံးဖြတ်ချက်များကို ချရန်မှာ ခေါင်းဆောင်များ၏တာဝန်ဟူ၍မြင်လာသည်။ ဤ အမြင်ကိုကြည့်၍ ပြည်သူ့သဘောထားအမြင်အပေါ် နိုင်ငံရေးပါတီများက အရေးပါသောနည်းလမ်းအသွယ် သွယ်ဖြင့် သိမြင်နားလည်ယူထားပုံကို သိနိုင်သည်။

သို့ရာတွင် ကမ္ဘောဒီးယားတွင် နိုင်ငံရေးလောက၏အဓိကဇာတ်စင်နေရာသို့ ပြည်သူ့သဘောထားအမြင် ရောက်မလာစေရန် တားဆီးထားခြင်းတော့ မရှိပါ။ ၁၉၉၃ ခုနှစ်မှစ၍ အရပ်ဘက်အဖွဲ့အစည်းအသင်းအပင်း များ(CSOs)တစ်ဟုန်ထိုးထွက်ပေါ်လာပြီးကိစ္စရပ်များစွာကိုအကောင်အထည်ဖော်လာကြသည်။ အဆိုပါအဖွဲ့ အစည်းများသည် “ဆင်းရဲပြီး အားနည်းသောသူများ၏အသံ”ကို ကိုယ်စားပြုသည်ဟု ရှုမြင်ခံရတတ်ပြီး ပြည် သူ့မကျေနပ်ချက်တို့ကို ၎င်းတို့က မီးမောင်းထိုးပြသည်။  စီအက်စ်အိုများအတွက် “အစိုးရနှင့် အပြင်းအထန် အတိုက်အခံလုပ်ပြောဆိုရခြင်း”သည် အထူးအဆန်းကိစ္စမဟုတ်တော့ပါ။ စီအက်စ်အိုများသည် အနောက်နိုင်ငံ များမှ ငွေကြေးထောက်ပံ့မှုကို ယူရသည်ဟူသောအချက်ကြောင့် အာဏာရအဖွဲ့များက ယင်းတို့အပေါ်မယုံ သင်္ကာစိတ်ပိုရှိလာသည်။

၂၀၀၀ပြည့်နှစ်အစောပိုင်းမှစ၍ နိုင်ငံတကာအဖွဲ့အစည်းတချို့က ကမ္ဘောဒီးယားနိုင်ငံတွင်း အကြိမ်များစွာအ ကျယ်အပြန့်စစ်တမ်းကောက်ယူမှုများကို ပြုလုပ်ကြသည်။ အဆိုပါစစ်တမ်းများသည် ယနေ့နိုင်ငံတွင်းရင်ဆိုင် နေရသော အရေးကြီးဆုံးပြဿနာများအနက်တချို့ကို ထိတွေ့မိထားခြင်းဖြစ်သည်။ ယင်းပြဿနာများတွင် အဂတိလိုက်စားခြင်း၊ တရားစီရင်ရေးစနစ်၊ လူ့အခွင့်အရေးတို့ပါဝင်သည်။ ဟူဆန်အစိုးရဘက်ကလည်း စီ အက်စ်အိုများ၏ရန်ပုံငွေများကို ထောက်ပြတတ်ပြီး လူထုကို လမ်းလွဲစေကာ  အတိုက်အခံဘက်ကရပ်တည် နေသည်ဟု တုံ့ပြန်စွပ်စွဲတော့သည်။

က​မ္ဘောဒီးယားနိုင်ငံတွင်း ပြည်သူ့သဘောထားအမြင်ကို အပြင်းထန်ဆုံးသောအင်အားစုများအနက်တစ်ခုဖြစ် စေအောင် ပြောင်းလဲပေးလိုက်သော တစ်ခုတည်းသောအရေးကြီးဆုံးအချက်မှာ မကြာသေးခင်နှစ်များအတွင်း သတင်းအချက်အလက်နည်းပညာသုံးစွဲမှု ကြီးထွားလာခြင်းပင်ဖြစ်သည်။ စာတိုက်နှင့် ကြေးနန်းဆက်သွယ် ရေးဝန်ကြီးဌာနအရ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၂၀၁၃ တွင် သန်း ၂၀ ရှိခဲ့ပြီး အင်တာနက်သုံးစွဲ သူအရေအတွက်မှာ ၃.၈သန်းရှိကြောင်းသိရသည်။ ထိုချိန်အတွင်း ဆိုရှယ်မီဒီယာစစ်တမ်းအရ ၂၀၁၂ခုနှစ်အ တွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ဖေ့ဘွတ်အကောင့်ပေါင်း ၇၄၀,၀၀၀ နီးပါးရှိသည်ဟု သိရသည်။

ကြားခံမီဒီယံသစ်ပေါ်ပေါက်လာမှုနှင့်အတူ ပလက်ဖောင်းသစ်လည်း ထွက်ပေါ်လာသည်။ ထိုပလက်ဖောင်း ပေါ်တွင် လူအများသည် သတင်းအချက်အလက်များကို အစိုးရဆင်ဆာပိတ်ပင်မှုမရှိ သို့ ဆင်ဆာပိတ်ပင်မှု နည်းနည်းဖြင့် ဖြန့်ဝေနိုင်သည်။ ပိုအရေးကြီးသည်က ပလက်ဖောင်းသစ်သည် အစဉ်အလာမီဒီယာလက်တံ များကို တိုက်ရိုက်ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များအတွက် ယင်းတို့ကိုယ်ပိုင်သဘောထားအမြင် ဖြစ်ထွန်းလာစေရန်အသုံးပြုနိုင်သော သတင်းအချက်အလက် အရင်းအမြစ်အသီးသီးကို ပေးလိုက်နိုင်သည်။ ထို့အပြင် အီလက်ထရွန်နစ်မီဒီယာကလည်း ပြည်သူအများကို ကျယ်ပြန့်သောကိစ္စရပ်အစုစုအတွက် ထောက် ခံမှုရရှိရေး စည်းရုံးခွင့်ပေးလိုက်နိုင်သည်၊ တချို့ကိစ္စရပ်များမှာ အစဉ်အလာမီဒီယာလက်တံများပေါ်တွင် အ များစိတ်ဝင်စားခံရမှုရရှိရန် မျှော်လင့်ချက်နည်းပါးသည့်ကိစ္စရပ်များဖြစ်ကြသည်။

ဤအပြောင်းအလဲများကို အကုန်အကျ၊ အရင်းအနှီးမပါဘဲ ပြန်ပြင်ဆင်ပစ်၍မရနိုင်ပါ။ ဤအမြင်မျိုးရှိကြ သည့် နိုင်ငံရေးလမ်းစဉ်နှစ်ဖက်စလုံးမှ နိုင်ငံရေးသမားများသည် အထက်ပါနည်းပညာသစ်ကို စတင်ကြိုဆိုနေ ကြသည်။ ထိထိရောက်ရောက်ဆိုရပါက လူမှုမီဒီယာသည် အတိုက်အခံဖြစ်သော ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ၏မဲဆွယ်စည်းရုံးရေးမဟာဗျူဟာနောက်ကွယ်က အဓိကကျောရိုးပင်ဖြစ် သည်။ ပါတီသည် အများအားဖြင့် ယခုပြောသော မီဒီယာသစ်ကို အသုံးပြုကာ ယင်း၏မူဝါဒများကို မြှင့်တင်  ပြီး အာဏာရအဖွဲ့များကို ထိုးနှက်သည်။ အစိုးရဆန့်ကျင်ရေး ထောင်နှင့်ချီသောပြည်သူများကို စည်းရုံးရာ တွင်လည်း မီဒီယာသစ်က အလွန်ထိရောက်ကာအသုံးဝင်သည်။

ဆန့်ကျင်ဘက်အားဖြင့် လက်တစ်ဆုပ်စာလောက်ပင်ရှိသော စီပီပီခေါင်းဆောင်များအနက် အများစုမှာ ငယ် ရွယ်သူများဖြစ်ကြပြီး မီဒီယာသစ်ကို ထဲထဲဝင်ဝင် လက်ခံကျင့်သုံးသည်၊ မီဒီယာသစ်ကို ဖြည်းဖြည်းချင်း သတိ ဝီရိယထား၍ ချဉ်းကပ်သုံးစွဲကြသည်။ အလားတူပင် ပါတီအမွေအနှစ်ကို ထိန်းသိမ်းကာကွယ်ရေးနှင့် အတိုက် အခံကို ထိုးနှက်တိုက်ခိုက်ရေးအတွက် အဓိကဦးစားပေးကာ မီဒီယာသစ်ကို သုံးစွဲကြသည်။ လူမှုမီဒီယာ၏အ ရေးကြီးသောအခန်းကဏ္ဍကြီးထွားလာခြင်းကို လက်ခံကြသော်လည်း အာဏာရပါတီသည် အဆိုပါနည်းပ ညာသစ်က အစဉ်အလာမီဒီယာလက်တံများကို မည်မျှအတိုင်းအတာအထိ ဖယ်ရှားကာနေရာဝင်ယူနိုင်မည်ဟူ သောအချက်အပေါ် သံသယဖြစ်နေကြဆဲပင်။

သို့သော် ၂၀၁၃ ဇူလိုင်ရွေးကောက်ပွဲမတိုင်မီ စီပီပီနှင့် စီအန်အာပီနှစ်ဖွဲ့စလုံးသည် မဲဆန္ဒရှင်များနှင့် ဆက်သွယ် ရန် ဆိုရှယ်မီဒီယာကို အကြီးအကျယ်အသုံးပြုပြီး မဲဆန္ဒရှင်များအတွက် အခြားဘက်ခြမ်းကပါတီကို ဝေဖန် နိုင်မည့်ပလက်ဖောင်းတစ်ခုကို ပေးခဲ့သည်။ ထိုစဉ်ကကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့သဘောထားအမြင်ကို မဲဆွယ်ယူရာတွင် မီဒီယာသစ်အပေါ် စိတ်ဝင်စားမှုအတော်များများမရှိကြသည်ကို တွေ့ရသည်။

အံ့အားသင့်စရာရွေးကောက်ပွဲရလဒ်က ယခုတွက်ချက်မှုကို ပြောင်းလဲပစ်ကောင်းပစ်နိုင်သည်။ ယနေ့တွင်  မဲ ပေးပွဲများတွင် (ပြည်သူက) ဒဏ်ပေးခံရမည်ကို စိုးရိမ်ကြခြင်းကြောင့် နိုင်ငံရေးသမားများသည်  အရေးကိစ္စ ရပ်များနှင့်ပတ်သက်ပြီး ပြည်သူများ ပြောသောအရာကို ပိုမိုအာရုံစိုက်လာကြသည့်အရိပ်အယောင်များကို တွေ့ရသည်။ ဤအမြင်သည် ပါတီနှစ်ဖွဲ့စလုံး၏အမြင့်မားဆုံးအဆင့်များတွင် မျှဝေလက်ခံထားပုံရသည်။ ဝန်ကြီးချုပ် ဟူဆန်၏ဖေ့ဘွတ်အကောင့်သည် တစ်ခါတစ်ရံ ပြင်ပဧည့်သည်များကို အစိုးရမူဝါဒအပေါ် သ ဘောထားအမြင်များပေးရန် တောင်းဆိုထားသည်။

ကိုးကား။ http://thediplomat.com/2014/10/the-rise-of-public-opinion-in-cambodias-politics/