အသစ်များ > ကောင်းမွန်သောအုပ်ချုပ်ရေးကို မြှင့်တင်ခြင်း

ကောင်းမွန်သောအုပ်ချုပ်ရေးကို မြှင့်တင်ခြင်း

2022-09-03

ကောင်းမွန်သောအုပ်ချုပ်ရေးတွင် သွင်ပြင်လက္ခဏာရပ်နှင့် လိုအပ်ချက်ပေါင်းများစွာရှိပြီး ထိုအရာအားလုံးကို အလုံးစုံရရှိရန် ခက်ခဲသည်။ ပြည်သူလူထု၏အကျိုးစီးပွားများနှင့် လိုအပ်ချက်များကို အစိုးရမူဝါဒများအတွင်း ဖြေရှင်းပေးပြီး တုံ့ပြန်ထင်ဟပ်မှုရှိစေရန် နိုင်ငံရေးဆောင်ရွက်ကြသူများကြား ပူးပေါင်းဆောင်ရွက်ခြင်းမှတစ် ဆင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို ရရှိနိုင်သည်။

ကောင်းမွန်သောအုပ်ချုပ်ရေးကို မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များကို ပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင် ပေးသောအဆင့်များနှင့် ဌာနအဖွဲ့အစည်းများကို တိုးတက်မြင့်မားအောင်လုပ်ပေးသောအဆင့်များအဖြစ်ခွဲ ခြားကြည့်နိုင်ပါသည်။

ပါဝင်ဆောင်ရွက်ခြင်းကိုမြှင့်တင်ရန်ဆောင်ရွက်ချက်များ (လိုအပ်ချက်ပိုင်းကိုကြည့်သောဆောင်ရွက် ချက်များ)

မူဝါဒများနှင့် ဆောင်ရွက်ချက်များကို ဌာနအဖွဲ့အစည်းများ၏ တရားဝင်မှုအား မြင့်မားစေခြင်း၊ လူထုထောက် ခံမှုနှင့် လိုက်နာခြင်းကို ရရှိခြင်း၊ နိုင်ငံသားများနှင့် ခေါင်းဆောင်များကို ပြုပြင်ပြောင်းလဲရေးတွင် စနစ်တကျ မြှုပ်နှံဆောင်ရွက်လာနိုင်စေရန် အားပေးခြင်း၊ အရပ်ဖက်အဖွဲ့အစည်း၏အားသာချက်နှင့် ရှုပ်ထွေးမှုကို ပိုမို နက်ရှိုင်းစေရန်ပံ့ပိုးခြင်း အစရှိသည့်အချက်တို့အပေါ်အခြေခံ၍ အကဲဖြတ်သင့်သည်၊ ထို့အပြင် မူဝါဒများနှင့် ဆောင်ရွက်ချက်များသည် ပြည်သူ့ပညာရေး၊ နိုင်ငံသားစံနှုန်းများနှင့်သဘောထားအမြင်တို့ကို အလေးထား ရေးဟူသော ရေရှည်ကြိုးပမ်းချက်များဖြင့်လည်း ဝိုင်းဝန်းပုံဖော်ပေးရမည်ဖြစ်သည်။ ထိုဆောင်ရွက်ချက်များ သက်သက်တိုင်းကို ကွက်ကြည့်လျှင် တန်ဖိုးရှိသောအရာများဖြစ်ရုံတင်မက၊ ကောင်းမွန်သောအုပ်ချုပ်ရေးအ တွက် ရေရှည်တည်တံ့နိုင်မည့်အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ရေးဦးတည်ထားရမည့်အဆင့်များ အဖြစ်လည်း အဆိုပါဆောင်ရွက်ချက်များကို ရှုမြင်ထားသင့်သည်။

စီးပွားရေးတိုးတက်မှုကို အမြန်လိုချင်ပြီး ဝန်ဆောင်မှုများတိုးတက်လာစေရန် ဆန္ဒရှိသော နိုင်ငံသားများ၏လို လားတောင့်တစိတ်များသည် ပြုပြင်ပြောင်းလဲရေးဖြစ်ပေါ်ရန် လှုံ့ဆော်ပေးပါသည်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ တွင် အရပ်ဖက်အဖွဲ့အစည်းနှင့် သက်ဆိုင်ရာဒေသခံနိုင်ငံရေးရာဆောင်ရွက်ကြသူများက အထူးသဖြင့် ဗဟို ချုပ်ကိုင်မှုလျှော့ချရေးစီမံကိန်းများတွင် စောင့်ကြည့်စစ်ဆေးမှုနှင့် စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းများကို ဆောင် ရွက်ရန် လှုံ့ဆော်တိုက်တွန်းကြိုးပမ်းချက်များပေါ်ပေါက်လာရာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ကို တိုးတက် စေခဲ့သလို ကောင်းမွန်သောအုပ်ချုပ်ရေးကိုလည်း မြင့်မားစေခဲ့သည်။

အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဇောက်ချလုပ်ကိုင်နေကြသော လူ မှုရေးတက်ကြွလှုပ်ရှားကြသူများက စတင်ပြုလုပ်ခဲ့သည့် သတင်းအချက်အလက်ရယူသိရှိခွင့်ဆိုင်ရာစည်းရုံး လှုပ်ရှားမှုသည် ၂၀၀၅ ခုနှစ်တွင် တစ်မျိုးသားလုံးနှင့်ဆိုင်ရာဥပဒေတစ်ရပ် ဖြစ်လာခဲ့သည်။ ယခုလို တစ်မျိုး သားလုံးနှင့်ဆိုင်ရာဥပဒေပြဋ္ဌာန်းပေးရသည်အထိ မက်ခရိုအဆင့်ပြောင်းလဲရေးသည် တိုင်းပြည်၏နိုင်ငံရေး ခေါင်းဆောင်မှုပိုင်းမှ ထောက်ခံမှုကို ရရှိခဲ့သော စည်းရုံးလှုပ်ရှားမှုတစ်ရပ်ကြောင့်အပြင် ဥပဒေပြဋ္ဌာန်းမှုအ သေးစိတ်အဆင့်အထိရောက်ရှိလာရာလမ်းတစ်လျှောက်လုံးအရပ်ဖက်အဖွဲ့အစည်းလှုပ်ရှားကြသူများနှင့် ကြာ ရှည်စွာ ဆွေးနွေးညှိနှိုင်းယူရသည့်လုပ်ငန်းစဉ်ကြောင့်လည်း ဖြစ်သည်။

ဌာနအဖွဲ့အစည်းများကိုတိုးတက်စေရန်ဆောင်ရွက်ချက်များ(ထောက်ပံ့ရေးပိုင်းကိုကြည့်သော ဆောင်ရွက်ချက်များ

ပြည်သူ့ရေးရာဌာနအဖွဲ့အစည်းများတွင် ထိရောက်သောမူဝါဒများ၊ သာတူညီမျှဖြစ်သောမူဝါဒများ၊ ရိုးသား ဖြောင့်မတ်ဆုံးသောမူဝါဒများနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်းတို့ ရှိရမည်၊ ထို့အပြင် အစိုးရသတင်း အချက်အလက်များကို ပြည်သူက ရယူသိရှိနိုင်ရုံသာမက၊ အစိုးရအဖွဲ့တွင်း ဌာနအချင်းချင်းအပြန်အလှန်ရယူ သိရှိနိုင်ရမည်ဖြစ်သည်။ ထိုသို့သော ပြည်သူ့ရေးရာဌာနအဖွဲ့အစည်းများရှိမှသာ ကောင်းမွန်သောအုပ်ချုပ်ရေး ကိုအားပေးမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အလျားလိုက်တာဝန်ခံမှုရှိရန် ပြဋ္ဌာန်းသတ်မှတ်ချက်များ ချမှတ်ရေး သည် အလွန်အရေးကြီးသည်။ သီးခြားလွတ်လပ်ကာထိရောက်သောတရားစီရင်ရေးစနစ်၊ လွတ်လပ်ပြီးအပြိုင် အဆိုင်ရှိသောသတင်းမီဒီယာ(ဌာနအဖွဲ့အစည်းတစ်ရပ်လည်းဖြစ်၊ ပါဝင်ဆောင်ရွက်ခြင်း လက္ခဏာတစ်ရပ် လည်းဖြစ်)နှင့် ခိုင်မာအားကောင်းသောအရပ်ဖက်အဖွဲ့အစည်းများသည် ပြည်သူ့ရေးရာဌာနအဖွဲ့အစည်းများ ကို ရေရှည်တိုးတက်တည်တံ့စေရန်အတွက် မရှိမဖြစ်အရေးပါသောမိတ်ဖက်အင်္ဂါရပ်များဖြစ်ကြသည်။

ဥပမာ အိန္ဒိယနိုင်ငံရှိရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းပေးပြီး အိန္ဒိယနိုင်ငံ၏ဒီမိုကရေစီရှင်သန်လည်ပတ်မှုကို တိုးတက်အောင်လုပ်ဆောင်ပေးရာတွင် အ ရေးပါသောဇာတ်ဆောင်တစ်ဦးဖြစ်သည်။ အိန္ဒိယရွေးကောက်ပွဲကော်မရှင် အရေးပါရခြင်းသည် ဥပဒေသစ် များပြဋ္ဌာန်းပေးရုံသက်သက်ကြောင့်မဟုတ်ဘဲ ၁၉၉၀ခုနှစ်အလယ်မှစ၍ ဥပဒေအရအပ်နှင်းထားသောလုပ်ပိုင် ခွင့်အာဏာကို သမာသမတ်ကျစွာကျင့်သုံးလိုပြီး လက်တွေ့တွင်လည်းကျင့်သုံးနိုင်သည့် သီးခြားလွတ်လပ် သောအဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်။ ရပ်တည်ချက်ပိုခိုင်မာခြင်း၊ ကျင့်ထုံးဥပ ဒေများကို နှစ်စဉ်ပြဋ္ဌာန်းပေးခြင်း၊ မဲပေးခွင့်သတ်မှတ်ချက်ကို ပိုမိုရှင်းလင်းအောင်ထားရှိခြင်းတို့ကြောင့် အိန္ဒိ ယနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံ၏ဒီမိုကရေစီနည်းကျဖြစ်စဉ်အတွက် အဓိကအုပ်ထိန်းသူတစ်ဦး အဖြစ် အသွင်ကူးပြောင်းလာတော့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များ

အဂတိလိုက်စားမှုကိုတိုက်ဖျက်ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေးကြိုးပမ်းချက်များသည် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကို ပုံပေါ်လာစေရန် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပါဝင်ဆောင်ရွက် ခြင်းကဲ့သို့သော အခြေခံသဘောတရားများအပေါ် မူတည်ကာဆောင်ရွက်ကြသည်။ ကောင်းမွန်သောအုပ်ချုပ် ရေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဲ့သို့သော ဌာနအဖွဲ့အစည်းများကို ထူထောင်ခြင်း၊ သ တင်းအချက်အလက်မျှဝေခြင်းနှင့် အစိုးရ၏ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲမှုနှင့် မူဝါဒများအကောင်အထည်ဖော် မှုတို့ကို စောင့်ကြည့်ခြင်းတို့ ပါဝင်နိုင်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်သောအကောင်းဆုံးသာဓကဖြစ်ရပ်နှစ်ခုမှာ ဟောင်ကောင်နှင့် စင်္ကာပူတို့ဖြစ်သည်။ ထိုနိုင်ငံများတွင် အရင်းအမြစ်ကောင်းစွာရှိထားသည့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးအဖွဲ့၊ ထိရောက်သောစောင့်ကြည့်အရေးယူမှုနှင့် တရားစွဲဆိုခြင်း၊ လုပ်ခလစာနှင့်အလုပ်ခွင် အခြေအနေတိုးတက်ခြင်းတို့ ပေါင်းဆုံဖြစ်ပေါ်လာပြီး အဂတိလိုက်စားမှုပြဿနာရပ်သည် အတိုင်းအဆသိ သာစွာ လျော့ကျသွားခဲ့သည်။

အဂတိလိုက်စားမှုသည် ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး အားနည်းသောလူများကို ဝင်ငွေလျော့ကျစေသည်၊ ထို့အပြင် ပြည်သူအများကို နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာအခွင့်အရေးများခံ စားခွင့်မရအောင် ဟန့်တားထားပြန်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားများ(အထူးသဖြင့် ရာဇ ဝတ်မှုဆိုင်ရာဥပဒေ)သည် ဝန်ထမ်းများကို အာဏာအလွဲသုံးစားမပြုအောင် တားဆီးပေးထားပြီး အဂတိလိုက် စားမှုကို ဟန့်တားကာကွယ်ပေးနိုင်သည်။

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သာဓကဖြစ်ရပ်များ

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းစာချုပ်ကို သဘောတူထောက် ခံထားသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏နေရာကို ဆက်ခံခဲ့သော မလေးရှားနိုင်ငံအဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၀၈ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၁၁ခုနှစ် ဇွန်လတွင် အဆိုပါကော်မရှင် သည် အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၁၀ခုနှစ်အတွင်း လာဘ်စားမှုပေါင်း ၉၄၄ မှုကို ဖမ်းဆီးခဲ့ရပြီး ၂၀၀၉ခုနှစ် တုန်းကထက် ၉၀ရာခိုင်နှုန်းနီးပါး တိုးမြင့်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၀ခုနှစ် ဒီဇင်ဘာတွင် စတင်ကျင့်သုံးခဲ့သည့် တိုင်ကြားဖော်ထုတ်သူများကာကွယ်ရေးအက်ဥပဒေအရ အဂ တိလိုက်စားသူများအပေါ် တရားစွဲဆိုတိုင်ကြားသူများအား ကာကွယ်ပေးထားပြီး တရားမမှုနှင့် ရာဇဝတ်မှု ဆိုင်ရာစွဲချက်တင်မှုများမှလည်း ထိုတိုင်ကြားသူများကို ကင်းလွတ်ခွင့်ပေးထားသည်။

နီပေါနိုင်ငံ

၂၀၀၂ခုနှစ်တွင် နီပေါပါလီမန်သည် နိုင်ငံ၏အုပ်ချုပ်ရေးစနစ်ကို ခိုင်မာအားကောင်းစေရန် ဥပဒေကြမ်း လေးရပ်ကို အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။ ယင်းဥပဒေများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ် လျဉ်းသောဥပဒေရေးရာမူဘောင်တစ်ရပ်ကို ချမှတ်ရန်ရည်ရွယ်ပြီး အဂတိလိုက်စားမှုဆောင်ရွက်ချက်များရှိပါ က စောင့်ကြည့်စစ်ဆေးကာ ဖော်ထုတ်ရေးအးတွက် ဝန်ကြီးချုပ်ရုံး၏လက်အောက်တွင် ရုံးအဖွဲ့ငယ်တစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါပြောင်းလဲမှုများအရ အစိုးရအရာရှိအားလုံးသည် ယင်းတို့၏ဥစ္စာဓနနှင့် ပိုင်ဆိုင်မှု များကို မှတ်တမ်းပြုစုကာတင်ပြပေးရန် လိုအပ်သည်။

နှိုင်းယှဉ်လေ့လာချက်

ထိုင်းနိုင်ငံ

သန့်ရှင်းသောရွေးကောက်ပွဲများနှင့် အစိုးရဖြစ်ပေါ်စေရန်နှင့် ဆီးနိတ်လွှတ်တော်တွင်း ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံမှုရှိရေးကို တိုးမြှင့်ပေးရန်ဆောင်ရွက်ချက်များအပြင် သီးခြားလွတ်လပ်သောဌာနအဖွဲ့အစည်းများကို စီမံထားရှိကာ စစ်ဆေးချိန်ညှိခြင်းစနစ်အတွက် အဓိကယန္တရားတစ်ရပ်အဖြစ် အသုံးပြုထားသည်။ ထိုင်းနိုင်ငံ ၏အဂတိလိုက်စားမှုတန်ပြန်ရေးကော်မရှင်နှင့် စာရင်းစစ်ချုပ်ရုံးတို့ကို အစိုးရနှင့်သီးခြားလွတ်လပ်စွာဖွဲ့စည်း ထားခြင်းဖြစ်သည်။

အထက်ပါအဖွဲ့အစည်းများသည် အဂတိလိုက်စားမှုကို စောင့်ကြည့်ပြီး တိုက်ဖျက်ရန်တာဝန်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အောက်ပါနယ်ပယ်များတွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရန် တိုင်းပြည်၏ဥပ ဒေကျောရိုးကို ခိုင်မာအားကောင်းလာရန် ရည်ရွယ်ခဲ့သည်။

  • အစိုးရအရာရှိများတွင် အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်လာနိုင်ခြေကို​လျှော့ချခြင်း။

အစိုးရဝန်ကြီး များသည် စီးပွားရေးလုပ်ငန်းကုမ္ပဏီများတွင် အစုစပ်ရှယ်ယာ ၅ ရာခိုင်နှုန်းထက်ကျော်လွန်၍ပိုင်ဆိုင် ခွင့်မရှိ(သို့စီးပွားရေးမိတ်ဖက်အဖြစ်ဆောင်ရွက်ခွင့်မရှိပါ။ ထို့အပြင် အစိုးရအဖွဲ့အစည်းများနှင့်စီး ပွားရေးဆိုင်ရာလုပ်ငန်းကိစ္စများတွင် ပါဝင်ဆောင်ရွက်၍မရပါ။ နိုင်ငံရေးပါတီများသည် လက်ခံရရှိ ထားသောအလှူငွေများ၏အရင်းအမြစ်နှင့် ရရှိသောအချိုးအစားကို အများပြည်သူသိရှိစေရန် ရွေး ကောက်ပွဲကော်မရှင်ထံ ထုတ်ပြန်ပေးရသည်။

  • အစိုးရအရာရှိများ၏ဓနဥစ္စာကို စောင့်ကြည့်စစ်ဆေးခြင်း။

စည်းမျဉ်းသစ်များအရ ထိပ်တန်းနိုင်ငံရေး သမားများနှင့် အကြီးတန်းနိုင်ငံ့ဝန်ထမ်းများသည် ရာထူးများကို မယူခင်နှင့် ယူပြီးနောက်ပိုင်း ၎င်း တို့၏ပိုင်ဆိုင်မှုများနှင့် အကျိုးခံစားခွင့်များကို အမျိုးသားအဂတိလိုက်စားမှုတန်ပြန်ရေးကော်မရှင်ထံ ထုတ်ပြန်ပေးရမည်။ ကော်မရှင်လူကြီးများသည် ထုတ်ပြန်ပေးသော အထက်ပါပိုင်ဆိုင်မှုများနှင့် အ ကျိုးခံစားခွင့်များကို မှန်၊မမှန် စစ်ဆေးနိုင်သည်။ ကော်မရှင်သည် ထုတ်ပြန်ပေးထားချက်တွင် မသင်္ကာစရာများနှင့် လွဲမှားမှုများရှိနေပါက လိုအပ်သလို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် အခွင့်အာ ဏာရှိသည်။

  • အစိုးရရာထူးအလွဲသုံးစားပြုလုပ်ခြင်းများကို စုံစမ်းစစ်ဆေးခြင်းအားတိုးမြှင့်ခြင်း။

​​​​​​​အမျိုးသားအဂတိ လိုက်စားမှုတန်ပြန်ရေးကော်မရှင်သည် လာဘ်စားမှုဆိုင်ရာတိုင်တန်းချက်များကို စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်သောအရာရှိများကို တရားစွဲဆိုပြီး ရာထူးမှဖြုတ်ပယ်ခြင်းအပါအဝင် ထိုက်သင့်သောပြစ် ဒဏ်ချအရေးယူရန် အခွင့်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားသည်။ နိုင်ငံတော်အဖွဲ့အ စည်းများနှင့် လုပ်ငန်းကိစ္စဆွေးနွေးရာတွင် အဂတိလိုက်စားမှုဖြင့် ပါဝင်ပတ်သက်ထားသည့် အစိုးရ အရာရှိများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပြင် အဂတိလိုက်စားမှုကို သိလျက်နှင့်အရေးယူရန် ပျက်ကွယ်နေသော အစိုးရအရာရှိများသည် ဥပဒေအရ ကြီးလေးသောဒဏ်ခတ်အရေးယူမှုကို ခံရ မည်ဖြစ်သည်။

  • အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြရန်နှင့် တိုင်ကြားရန်လမ်းကြောင်းသစ်များ။

​​​​​​​​​​​​​​ယ ခုအခါ ပြည်သူလူထုအနေဖြင့် အစိုးရအရာရှိများ၏ အာဏာအလွဲသုံးစားမှုများ၊ အဂတိလိုက်စားမှု များနှင့်ပတ်သက်ပြီး သတင်းပေးပို့ တိုင်ကြားရန်လမ်းကြောင်းများ ပိုမိုထွက်ပေါ်လာပြီဖြစ်သည်။ ပြည်သူအများသည် အမှုတစ်ခုကို အုပ်ချုပ်ရေးတရားရုံးထံ တင်သွင်းနိုင်သလို စုံစမ်းစစ်ဆေးရေးဌာ နထံလည်း သတင်းပေးပို့နိုင်သည်။ ထို့အပြင် အစိုးရအဖွဲ့တွင်း ရာထူးအမြင့်ဆုံးအရာရှိများကို စုံစမ်း စစ်ဆေးရန် လူငါးသောင်းထက်မနည်းသောလက်မှတ်များကို ကောက်ယူ၍ ဆီးနိတ်လွှတ်တော်ထံ တိုက်ရိုက်လျှောက်တင်လွှာပေးပို့နိုင်ပါသည်။

ကိုးကား၊ Corruption and Good Governance in Asia.