အသစ်များ > ဖက်ဒရယ်စနစ်၏လက်တွေ့သွင်ပြင်လက္ခဏာများ

ဖက်ဒရယ်စနစ်၏လက်တွေ့သွင်ပြင်လက္ခဏာများ

2022-09-06

မေး။ ဖက်ဒရယ်ဝါဒကျင့်သုံးထားသော သာဓကများအဖြစ်ပြဆိုနိုင်သည့် နိုင်ငံငယ်များနှင့် နိုင်ငံကြီးများမှာ မည်သည်တို့ဖြစ်သနည်း။

ဖြေ။ ဖက်ဒရယ်ဝါဒကို ကျင့်သုံးထားသောနိုင်ငံကြီးများတွင် အမေရိကန်၊ ဩစတြေးလျ၊ကနေဒါ၊ အိန္ဒိယ၊ ဘ ရာဇီး၊ အာဂျင်တီးနားနှင့် ရုရှားဖက်ဒရယ်ပြည်ထောင်စုတို့ပါဝင်သည်။ နိုင်ငံငယ်များတွင် ဘယ်ဂျီယံ၊ ပါကစ္စ တန်နှင့် ဆွစ်ဇာလန်တို့ ပါဝင်သည်။

မေး။ ဖက်ဒရယ်စနစ်တွင် ဆန္ဒမဲတစ်မဲသည် အဆုံးအဖြတ်ပေးနိုင်မှုတွင် အားနည်းလိမ့်မည်လား။

ဖြေ။ မဲပေးခြင်းဟူသည် နိုင်ငံရေးရွေးချယ်ချက်များကို ဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်မှုရှိသောလှုပ်ရှားမှု တစ်ရပ်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပါက မဲတစ်မဲသည် ကြီးမားသောနိုင်ငံရေးအစုအဖွဲ့များတွင်ထက် သေး ငယ်သောအစုအဖွဲ့များတွင် ပိုမိုထိရောက်မှုရှိသည်။ လူတစ်ဦး သို့ အစုအဖွဲ့ငယ်လေးတစ်စုအတွက် ကြီးမား ပြီးရှုပ်ထွေးသောအဖွဲ့အစည်းထက် ဒေသန္တရလူ့အသိုင်းအဝိုင်းတစ်ရပ်တွင် နိုင်ခြေအလားအလာရှိသောနိုင်ငံ ရေးအစုအဖွဲ့တစ်ရပ်ကို စည်းရုံးထူထောင်ရန်အတွက် ပိုမိုလွယ်ကူပါလိမ့်မည်။

မေး။ ဖက်ဒရယ်ဝါဒသည် သမ္မတအစိုးရပုံစံနှင့်ဖြစ်စေ၊ ပါလီမန်အစိုးရပုံစံနှင့်ဖြစ်စေ ပုံစံတစ်ရပ်ရပ်နှင့် လိုက် ဖက်မှုရှိသလား

ဖြေ။ လိုက်ဖက်မှုရှိပါသည်။ ဖက်ဒရယ်ဝါဒသည် သမ္မတအစိုးရပုံစံ၊ ပါလီမန်အစိုးရပုံစံတို့ဖြင့် လိုက်ဖက်မှုရှိ သည်။ သမ္မတအစိုးရပုံစံနှင့် ဖက်ဒရယ်စနစ်ရှိသော နိုင်ငံများကို ဥပမာပြရလျှင် အမေရိကန်၊ ဗင်နီဇွဲလားနှင့် မ က္ကဆီကိုတို့ဖြစ်သည်။ ပါလီမန်အစိုးရပုံစံနှင့် ဖက်ဒရယ်စနစ်ရှိသောနိုင်ငံများကို ဥပမာပြရလျှင်ဩစတြေးလျ၊ ဂျာမနီ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။

မေး။ ဖက်ဒရယ်စနစ်သည် တစ်ပြည်ထောင်စနစ်ထက် အလုပ်ဖြစ်ရန် အကုန်အကျပိုများပါသလား။

ဖြေ။ အစိုးရတစ်ရပ်ကို အလုပ်ဖြစ်အောင်လည်ပတ်ရသည့်ကုန်ကျစရိတ်သည် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုအဆင့်အပေါ် မူတည်သည်၊ အုပ်ချုပ်ရေးစနစ်အပေါ် လုံးလုံးမူတည်နေသည်မဟုတ်ပါ။

မေး။ ဖက်ဒရယ်စနစ်ကို ပြောင်းလဲရာတွင် မည်သို့သက်ရောက်ချက်ရှိနိုင်သနည်း။

ဖြေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မှတစ်ဆင့် တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်စနစ်သို့ ပြောင်းလဲရေး ကို သက်ရောက်မှုရှိနိုင်သည်။