အသစ်များ > အမျိုးသမီးများ၏ နိုင်ငံရေးကိုယ်စားပြုမှု

အမျိုးသမီးများ၏ နိုင်ငံရေးကိုယ်စားပြုမှု

2022-10-03

လူမှုလိင်ဟူသည် အမျိုးသမီးများနှင့် အမျိုးသားများအတွက် (ဇီ၀ဗေဒပြဋ္ဌာန်းချက်အရထက်) လူမှုရေးအရ တည်ဆောက်ထားသောအခန်းကဏ္ဍများကို သတ်မှတ်ပေးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း အမျိုးသားများနှင့်အမျိုးသမီးများကြား ဆက်ဆံရေးများကို ရည်ညွှန်းပါသည်။

လူမှုလိင်တန်းတူညီမျှမှုဆိုသည်မှာ အမျိုးသမီးများနှင့် အမျိုးသားများသည် နိုင်ငံအရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီနိုင်သည့် တန်းတူအခွင့်အလမ်းများရှိခြင်း၊ ယင်းသို့ပံ့ပိုးကူညီရာမှာ ရရှိလာသောအကျိုးရလဒ်များကို တန်းတူခံစားနိုင်ခြင်းကို ဆိုလိုသည်။

ကွဲပြားခြားနားမှုဆိုသည်မှာ လူအားလုံးကို အသက်အရွယ်၊ လိင်၊ ကျန်းမာရေးအခြေအနေ၊ ဘာသာတရား၊ လူမျိုး သို့မဟုတ် လိင်ပိုင်းသီးခြားစိတ် မည်သို့ပင်ရှိစေ လက်ခံ၊ လေးစားပေးထားသည့်အခြေအနေတစ်ရပ်ကို ရည်ညွှန်းပါသည်။

အမျိုးသမီးများ၏နိုင်ငံရေးပါဝင်ဆောင်ရွက်မှုအတွက် ဆွေးနွေးတင်ပြချက်နှစ်ရပ်

အခွင့်အရေးများ နှင့် ပိုမိုကောင်းမွန်သောနိုင်ငံရေး

နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရေးအတွက် ဆွေးနွေးတင်ပြချက်နှစ်မျိုးကို ပညာရှင်များ ထုတ်ဖော်ထားပြီးဖြစ်သည်။ အတွင်းကျကျဆွေးနွေးချက်က အမျိုးသမီးများသည် လူ့အခွင့်အရေး ရှုထောင့်မှကြည့်လျှင် နိုင်ငံရေးနှင့် အာဏာရပ်ဝန်း၌ တန်းတူခွဲတမ်းရှိရမည်ဟု ဆိုသည်။ကမ္ဘာ့လူဦးရေတစ် ဝက်သည် အမျိုးသမီးများဖြစ်နေ၍နိုင်ငံရေးအာဏာ၏တစ်ဝက်ကို ၎င်းတို့ရသင့်သည်ဟုဆိုခြင်းမှာ မျှတပါ သည်။ လက်တွေ့အသုံးကျရေးရှုထောင့်မှဆွေးနွေးချက်သည် အမျိုးသမီးများနှင့်အမျိုးသားတို့မှာ မွေးရာပါကွဲ ပြားကြသည်ဟူသော အခြေခံအုတ်မြစ်ချအတွေးအခေါ်အပေါ် အခြေခံထားခြင်းဖြစ်သည်။ ယင်းအတွေးအခေါ်အရ နိုင်ငံရေးတွင် အမျိုးသမီးများရှိနေခြင်းက နိုင်ငံရေးအတွက် အထူးတလည်အလေးထားဂရုပြုမှုနှင့် အမျိုးသမီးတန်ဖိုးများကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ပြီး ရေရှည်တွင် နိုင်ငံရေး၏သဘောသဘာကို ပြောင်းလဲစေလိမ့်မည်ဟု ယူဆရသည်။

မကြာသေးမီ IPU ကပြုလုပ်သည့်လေ့လာချက်ဖြစ်သော Equality in Politics: A Survey of Women and Men in Parliaments အရ အမျိုးသားများနှင့် အမျိုးသမီးများ၏နိုင်ငံရေးဦးစားပေးချက်များသည် အတိုင်းအတာတစ်ရပ်အထိ မတူညီကြောင်းကို အတည်ပြုထားသည်။ ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံပေါင်း ၁၁၀ မှလွှတ် တော်အမတ် ၃၀၀နီးပါးသည် ယင်းလေ့လာချက်အတွက် ထည့်ဝင်ကူညီပေးခဲ့ကြပြီး စစ်တမ်းအတွက်ဖြေ ကြားပေးသူ ၄၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြသည်။ ဖြေကြားသူ ၉၀ရာခိုင်နှုန်းကျော်ကမူ အမျိုးသမီး များသည် နိုင်ငံရေးအတွက် ကွဲပြားသောအမြင်များ၊ အရည်အသွေးများနှင့် ရှုထောင့်များကို ယူဆောင်ပေးလာ သည်ဟူသောအချက်အပေါ် သဘောတူလက်ခံကြသည်။ လူမှုလိင်အခြေခံအကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုး ပမ်းချက်များတွင် အမျိုးသမီးလွှတ်တော်အမတ်များ ရှေ့ဆုံးတန်းတွင် ပါဝင်နေသည်။ ကလေးမီးဖွားခွင့်နှင့် ကလေးသူငယ်ပြုစောင့်ရှောက်ရေး၊ အငြိမ်းစားလစာများ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်အဖြစ် လွှတ်တော်တွင်း အ မျိုးသမီးများ ဝင်ရောက်ခြေဆန့်လာနိုင်ရေးကို တိုးမြှင့်ပေးမည့် လူမှုလိင်တန်းတူညီမျှရေးဥပဒေများနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးအစရှိသည့် ကိစ္စရပ်များတွင်လည်း အမျိုးသမီးလွှတ်တော်အမတ်များ၏အခန်း ကဏ္ဍသည် အခိုင်အမာရှိနေပြီးဖြစ်သည်။

ရှုထောင့်အမြင်နှစ်ရပ်

လူ့အခွင့်အရေးရှုထောင့်

အမျိုးသမီးများနှင့် မိန်းမငယ်လေးများသည် အာဏာနှင့်အရင်းအမြစ်များ တန်းတူခွဲဝေပေးမခံရခြင်း၊ လိင်ပိုင်းခွဲခြားဆက်ဆံခံရခြင်းများကြောင့် ယင်းတို့၏အခွင့်အရေးများ မပြတ်တမ်းချိုးဖောက်ခံနေရပြီး ဆင်းရဲမွဲတေကိန်းဆိုက်ရောက်နေရသည်ဟုဆိုခြင်းသည် မမျှတသလို၊ မှားလည်းမှားသည်။ ယခုလို အခွင့်အလမ်းနှင့် အကျိုးရလဒ်များနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူမှုလိင်တန်းတူညီမျှမရှိခြင်းကို တိုက်ဖျက်ရန်မှာ မိမိ တို့၏ကျင့်ဝတ်တာဝန်ပင်ဖြစ်သည်။ ထို့အပြင် လူသားဂုဏ်သိက္ခာ၊ တန်းတူညီမျှရေး၊ တရားမျှတမှုနှင့် လွတ် လပ်ခွင့်ဟူသော အခြေခံမူများကို မြှင့်တင်ပေးရန်မှာလည်း မိမိတို့၏ကျင့်ဝတ်တာဝန်ပင်ဖြစ်သည်။

လက်တွေ့အသုံးကျရေးရှုထောင့်

အမျိုးသမီးတွေထံ ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် လူမှုလိင်တန်းတူညီမျှမရှိခြင်းကို တိုက်ဖျက်ခြင်းသည် အဆ ပေါင်းများစွာအကျိုးရှိနေ၍ ကောင်းမွန်သောငွေဝင်ပေါက်တန်ဖိုးဟုဆိုနိုင်သည်။ အမျိုးသမီးများသည် က လေးသူငယ်များနှင့် အခြားမိသားစုဝင်များအပေါ် ပြုစုစောင့်ရှောက်ရန်အတွက် အမျိုးသားများထက် ပိုမိုတာ ဝန်ကြီးသည်။ ထို့အပြင် ကိုယ့်တစ်ကိုယ်ရည်စာ သုံးစွဲရန်ထက် ကိုယ့်အိမ်ထောင်စုတွင်းလိုအပ်ချက်များကို ပြည့်မီနိုင်ရန် အမျိုးသမီးများသည် အရင်းအမြစ်များကို ပိုမို စိုက်ထုတ်မြှုပ်နှံရဖွယ်ရှိသည်။ အမျိုးသမီးများထံ ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့ထက်ကျော်လွန်ကာ ကလေးငယ်များ၊ မိသားစုများနှင့် လူ့အဖွဲ့အစည်းတစ်ရပ် လုံးအထိ အကျိုးကျေးဇူးခံစားရမည်ဖြစ်၍ ကောင်းမွန်သောငွေဝင်ပေါက်တန်ဖိုးပင်ဖြစ်သည်။

လူမှုလိင်အရေးလှုပ်ရှားဆော်ဩကြသူများက အမျိုးသမီးအခွင့်အရေးများအတွက် ထောက်ခံမှုနှင့် အရင်းအမြစ်များကို စုဆောင်းရရှိနိုင်ရန် အထက်ပါ လက်တွေ့အသုံးကျရေးဆန်သောဆွေးနွေးတင်ပြချက်များကို မဟာဗျူဟာကျကျ အသုံးချကြပါသည်။ လေ့လာသူတချို့၏အဆိုအရ အထက်ပါဆွေးနွေးတင်ပြချက်များအပေါ် မှီခိုရာတွင် စွန့်စားရမှုများလည်းရှိသည်ဟု သိရသည်။ ဥပမာပြရလျှင် အခွင့်အရေးနှင့် တရားမျှတမှုထက် စီးပွားရေးဖွံ့ဖြိုးမှုအကြောင်းဆွေးနွေးချက်များအပေါ် မှီခိုထားခြင်းသည်အမျိုးသမီးများ၏ လုပ်အားပါဝင်မှုကို မြင့်မားစေရာတွင် ထိရောက်မှုရှိနိုင်သော်လည်း ယင်းတို့၏အလုပ်အကိုင် စိတ်ချလုံခြုံရေး၊ ခေါင်းပုံဖြတ်မခံရဘဲ မျှမျှတတလုပ်ခလစာရရှိရေးအပိုင်းတွင် အားလျော့သွားစေနိုင်သည်။

ဤသို့လက်တွေ့အသုံးကျရေးအခြေခံဆွေးနွေးတင်ပြချက်များသည် အမျိုးသမီးများ၏လစာမရသော အိမ်ထောင်ထိန်းသိမ်းရေးအလုပ်ဝန်ထုပ်ဝန်ပိုးကို ထိရောက်စွာ ဖြေလျှော့ပေးနိုင်မည်မဟုတ်သလို လစာရအလုပ် ဝန်ထုပ်ကိုလည်း ထိုနည်းလည်းကောင်းပင်ဆက်ဖြစ်သွားနိုင်သည်။

လူ့အခွင့်အရေးရှုထောင့်မှ အမျိုးသမီးများဩဇာအာဏာတက်လာရေးအကြောင်း ချဉ်းကပ်လေ့လာရာတွင် အ ထက်ပါလက်တွေ့အသုံးကျရေးဆွေးနွေးတင်ပြချက်များကို သတိဝီရိယနှင့်အသုံးချသင့်သည်ဟု သတိပေးနိုင် ပါသည်။ အမျိုးသမီးများနှင့် မိန်းမငယ်လေးများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် လူ့အဖွဲ့အစည်းကို အသွင်ပြောင်းလဲရေးအတွက် အရေးပါသောမဟာဗျူဟာတစ်ရပ်ဖြစ်သည်ဆိုလျှင် လူမှုလိင် တန်းတူမညီမျှမှုကို ဖယ်ရှားရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အရေးကြီးဆုံးအကြောင်းပြချက်မှာ အမျိုးသမီး များ၏ဘ၀များကို ပြောင်းလဲပေးရန်၊ ၎င်းတို့၏လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပိုမိုမျှတသော ကမ္ဘာလောက ဖြစ်ထွန်းလာစေရန်ဟု ဆိုရပါမည်။

နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုခွင့်မရခြင်းအတွက် အကြောင်းတရားများ

 The International IDEA (ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးနိုင်ငံတကာအဖွဲ့)က အမျိုးသမီးများအား နိုင်ငံရေး ပါတီ ဝင်ခွင့်မရအောင် ပိတ်ပင်နေသော အတားအဆီးသုံးမျိုးရှိသည်ဟု ဖော်ထုတ်ပြသည်။

) နိုင်ငံရေးအတားအဆီးများ၊

) လူမှု-စီးပွားရေးအတားအဆီးများနှင့်

) အတွေးအခေါ်ဝါဒနှင့် စိတ်ပညာ ဆိုင်ရာအတားအဆီးများဟူ၍ဖြစ်ပါသည်။

နိုင်ငံရေးအတားအဆီးများမှာ

  • နိုင်ငံရေး၏ဖိုဆန်သောပုံရိပ်များ။ နိုင်ငံရေးဆိုင်ရာဌာနအဖွဲ့အစည်းများသည် အမျိုးသားများ၏လို အပ်ချက်များအတွက်သာ စီစဉ်ထားကြသည်။ နိုင်ငံရေးတွင် တစ်ကမ္ဘာလုံးအတည်ပြုပေးထားအသွင် အပြင်တစ်ရပ်မှာ လက်သီးလက်မောင်းတန်းယှဉ်ပြိုင်မှုပင်ဖြစ်သည်။ အမျိုးသားများသည် ၎င်းတို့အ ချင်းချင်း ညီအစ်ကိုရင်းချာပမာကွန်ရက်များဖြင့် ထိတွေ့ဆက်သွယ်ကြသည်။
  • တစ်ကမ္ဘာလုံးအနှံ့ အမျိုးသမီးများတွင် ပါတီထောက်ခံအင်အားမရှိခြင်း။
  • ရွေးကောက်ပွဲစနစ်များ။ အချိုးကျကိုယ်စားပြုမဲပေးခြင်းဟုခေါ်သောစနစ်သည် အမျိုးသမီးများအ တွက် ရွေးကောက်တင်မြှောက်ခံနိုင်ရန်(နှင့် ထိုအချက်သည် စကင်ဒီနေးဗီးယန်းနိုင်ငံများတွင် အမျိုး သမီးလွှတ်တော်အမတ် အချိုးအစား မြင့်မားနေရသည့်အကြောင်းရင်းများအနက်တစ်ချက်ဖြစ်နိုင်) ပို လွယ်ကူစေသည်။

လူမှု-စီးပွားရေးအတားအဆီးများ

  • ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ခြင်းသည် အမျိုးသမီးများနှင့်ဆိုင်ရာအဖြစ်သတ်မှတ်ခြင်း။ ဒီမိုကရေ စီဖွံ့ဖြိုးဆဲဟုခေါ်သောနိုင်ငံများတွင် စီးပွားရေးအကျပ်ဆိုက်မှုသည် အမျိုးသမီးများအတွက် ဆင်းရဲမွဲ တေမှုအန္တရာယ်ကို ပြင်းထန်စေသည်။
  • ဝန်ထုပ်ဝန်ပိုးနှစ်မျိုး။ နိုင်ငံအများစုတွင် အမျိုးသမီးများသည် အိမ်တွင်းအလုပ်ခွဲဝေလုပ်ကိုင်ရာတွင် အချိုးအစားညီညီမရရှိပေ။ ထို့အပြင် မိသားစုရှင်သန်ရပ်တည်ရေး အဓိက ပူပန်နေရသည့်အခါ အမျိုး သမီးများအတွက် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် ခက်ခဲသွားသည်။

အတွေးအခေါ်ဝါဒနှင့် စိတ်ပညာဆိုင်ရာအတားအဆီးများတွင် အောက်ပါတို့ပါဝင်သည်

  • အစဉ်အလာနှင့်ဆိုင်ရာအခန်းကဏ္ဍများ။ လူမှုလိင်အတွေးအခေါ်၊ ယဉ်ကျေးမှုအစဉ်ပုံစံနှင့် အမျိုးသ မီးနှင့် အမျိုးသားတို့အပေါ် အပ်နှင်းထားသည့် တင်ကြိုပြဋ္ဌာန်းချက်အခန်းကဏ္ဍများ
  • အမျိုးသမီးများတွင် ရွေးကောက်ပွဲဝင်ပြိုင်နိုင်မည့်ယုံကြည်ချက် ကင်းမဲ့ခြင်း။
  • နိုင်ငံရေးသည် ညစ်ပတ်သည်ဟု သိမြင်ထားခြင်း။(သိမြင်ထားရုံသာမကပါ၊ နိုင်ငံအများအပြားတွင် နိုင်ငံရေးဝင်လုပ်သောအမျိုးသမီးများသည် ခြိမ်းခြောက်မှု၊ အဂတိလိုက်စားခြင်းယဉ်ကျေးမှုနှင့် အ ကြမ်းဖက်မှုတို့ဖြင့် ရင်ဆိုင်ရသည်ဟု မှတ်ထားသင့်)
  • လူထုပိုင်မီဒီယာ၏အခန်းကဏ္ဍ။ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏အခွင့်အရေးနှင့် အခန်းက ဏ္ဍများကို ပြည်သူထံ လုံလုံလောက်လောက် အသိပေးတင်ပြခြင်းမရှိမှု၊ သို့မဟုတ် အမျိုးသမီးများ၏ အနေအထားကို မြှင့်တင်ရန်စီမံလုပ်ဆောင်ပေးမှုမရှိခြင်းအရာတွင် ထိပ်ဆုံးမှရပ်တည်နေသော မီ ဒီယာသည် အမျိုးသမီးများကို အလှပစ္စည်းအဖြစ် သရုပ်ဖော်တတ်ကြသည်၊ ထို့ကြောင့် အမျိုးသမီး ဟူသည် လိင်တပ်မက်ခံပစ္စည်းနှင့် ဒုတိယတန်းစားနိုင်ငံသားများဖြစ်သည်ဟူ၍ သမတိရှည်ကြာပုံစံ သွင်းထားမှုကို အားပေးအားမြှောက်ပြုနေတော့သည်။

နိုင်ငံရေးတွင် လူမှုလိင်တန်းတူညီမျှရေးကို မြှင့်တင်ရာတွင် အဓိကသင်ခန်းစာလေးရပ်

၁။ ပထမဆုံးအဆင့်တစ်ခုအဖြစ် ခွဲတမ်းစနစ်က အမှန်အလုပ်ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်များတွင် အမျိုး သမီးများအတွက် အခွင့်အလမ်းများကို တိုးမြှင့်ပေးနိုင်သည်မှာ ခွဲတမ်းစနစ်ပင်ဖြစ်သည်။ ဤစနစ်သည် နိုင်ငံ ရေးဆုံးဖြတ်ချက်ချခြင်းရပ်ဝန်းထဲ အမျိုးသမီးများ အလျှင်အမြန် သိသိသာသာ ခြေဆန့်လာစေနိုင်သောအရာ တစ်ခုဖြစ်သည်ကို သက်သေထူပြထားပြီးဖြစ်သည်။ ၂၀၁၂ ရွေးကောက်ပွဲများတွင် ဆီနီဂေါနိုင်ငံသည် ခွဲတမ်း ပြဋ္ဌာန်းဥပဒေကြောင့် လွှတ်တော်တွင်း အမျိုးသမီးအရေအတွက်သည် နှစ်ဆဖြစ်သွားခဲ့သည်။ ခွဲတမ်းစနစ်ကို နိုင်ငံပေါင်း ၁၁၀ တွင် အကျယ်အပြန့်အသုံးချလာသည်၊ ခွဲတမ်းစနစ်အသုံးချပုံသည် ဥပဒေပြုလွှတ်တော်မှ ပြ ဋ္ဌာန်းပေး၍ဖြစ်စေ၊ အမတ်နေရာသီးသန့်ဖယ်ထားခြင်းဖြစ်စေ ပုံစံအမျိုးမျိုးဖြင့်ရှိသည်။

လေ့လာသူများကြား အမျိုးသမီးများ အကျိုးရှိရေးအတွက် မည်သည့် မူဝါဒမျိုးက အလုပ်ဖြစ်မည်၊ မည်သို့အ ကျိုးရလဒ်များထွက်မည်ဆိုသည်နှင့်စပ်လျဉ်း၍ အငြင်းပွားနေကြသည်။ လေ့လာသူတချို့ကမူ ၃၀ရာခိုင်နှုန်း ဟူသော “အနိမ့်ဆုံးပမာဏ”(ခွဲတမ်းစနစ်၏ရည်ရွယ်ချက်)သည် မဟာဗျူဟာကျကျကြည့်လျှင် မကျယ်ပြန့် ပေ။ အမျိုးသားထုအတွက်က အမျိုးသမီးနိုင်ငံရေးသမားပမာဏ မြင့်တက်လာမှုသည် အန္တရာယ်တစ်ခုဟုပင် မြင်သွားနိုင်သည်။ ဤသို့နှင့် လူထုမလိုလားမှုတုံ့ပြန်ချက်ကို ပေါ်ပေါက်စေနိုင်သည်။ ခွဲတမ်းစနစ်များသည် ပ ဋိပက္ခဖြစ်နေသောအခြေအနေမျိုးတွင် စီစဉ်ထားသလို အလုပ်မဖြစ်နိုင်ပါ၊ အကြောင်းမူ အားကောင်းသော အ မျိုးသားနိုင်ငံရေးသမားများကကိုယ်စားလှယ်ရွေးချယ်မှုတွင်၎င်းတို့ကျေနပ်စေမည့်ရွေးချယ်မှုဖြစ်အောင် ကြိုး ကိုင်ခြယ်လှယ်တတ်ကြသည်၊ ထို့ကြောင် ခွဲတမ်းစနစ်ကို မည်သို့ တည်ဆောက်မည်ဆိုသည့်ကိစ္စမှာလည်းအ ရေးကြီးသည်။ ခွဲတမ်းစနစ်သည် လူမှုလိင်တန်းတူညီမျှသောနိုင်ငံရေးဆီ ဦးတည်သည့် တစ်ခုတည်းသောပထ မဆုံးခြေလှမ်းပင်ဖြစ်သည်။ ခွဲတမ်းစနစ်ကြောင့် အမျိုးသမီးတချို့ကို အခြားအမျိုးသမီးများအတွက် စံနမူနာ ပြယုဂ်များဖြစ်လာစေရန် တွန်းပို့ပေးနိုင်သည့်တိုင် ခွဲတမ်းစနစ်ကြောင့် တန်းတူမညီမျှခြင်းပေါ်ပေါက်ရမှုအ တွက် အထင်ရှားဆုံးအကြောင်းတရားများကမူ ပပျောက်မသွားပါ။ ယင်းမှာ ခံယူချက်သဘာထားများပင်ဖြစ် ပါသည်။

၂။ ရွေးကောက်ပွဲစနစ်အမျိုးအစားက အရေးကြီးသည်။ အချိုးကျကိုယ်စားပြုခြင်း၊ လူများစု သို့ စနစ်ရောရွေး ကောက်ပွဲစနစ်များကို အသုံးပြုသောနိုင်ငံများအတွက် ရွေးကောက်ပွဲရလဒ် စိစစ်ခြင်းက လူများစုကိုယ်စားပြု စနစ်များသည် အရွေးကောက်ခံအမျိုးသမီးအရေအတွက်ကို ပိုမိုလျော့နည်းစေသည်ကို ညွှန်ပြနေပါသည်။ ဤ သို့ဖြစ်ရခြင်းမှာ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ခွင့်ရမဲဆန္ဒခရိုင်များကြောင့်ဖြစ်သည်။ ထိုခရိုင်များတွင် နိုင်ငံ ရေးပါတီများသည် အမျိုးသားကိုယ်စားလှယ်များကို ပိုနှစ်သက်ကာအဆိုပြုကြသည်။ နောက်တစ်ချက်မှာ ဒေ သတွင်းဆန္ဒမဲခရိုင်များရှိ အမျိုးသားများတာဝန်ယူသောရာထူးပုံစံများကို အပြောင်းအလဲလုပ်ရာမှာ ဖြစ်ပွား လာသောပြဿနာရပ်များကြောင့်လည်း ဖြစ်သည်။ ကုန်းတွင်းပါလီမန်သမဂ္ဂမှ ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ၂၀၁၂ စာရင်းအရ အချိုးကျကိုယ်စားပြုစနစ်သည် လွှတ်တော်တွင်း အမျိုးသမီးပျမ်းမျှ ၂၅ ရာခိုင်နှုန်းနေရာရ စေခဲ့ပြီး စနစ်ရောများက ၁၇ ရာခိုင်နှုန်းနှင့် လူများစုကိုယ်စားပြုစနစ်များက ၁၄ ရာခိုင်နှုန်းရစေခဲ့ကြောင်းသိ ရသည်။

၃။ နိုင်ငံရေးပါတီများအတွက် စနစ်အပြောင်းအလဲများ ပြုလုပ်ရန်လိုအပ်သည်။ အမျိုးသမီးများကို ခိုင်မာ သောအသံတစ်သံပေးရန်အတွက် ခွဲတမ်းစနစ်နှင့် ရွေးကောက်ပွဲစနစ်ချည်းသက်သက်တို့ဖြင့် မလုံလောက်ပါ။ နိုင်ငံရေးပါတီများဟူသည် နိုင်ငံရေးဝင်ပေါက်၏ အပေါက်စောင့်များဖြစ်ကြ၍ နိုင်ငံရေးဆုံး​ဖြတ်ချက်ချရာ တွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်လာနိုင်စေရန် ၎င်းတို့က အရေးပါသည်။ The International IDEA ၏လေ့လာချက်အရ အမျိုးသမီးများအပေါ် လက်တွေ့မျက်မြင်ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန် နိုင်ငံရေးပါတီများက စနစ်တကျ စီမံဆောင်ရွက်ခြင်းမျိုးမရှိကြောင်း တွေ့ရှိရသည်။ လူမှုလိင်တန်းတူညီမျှရေးဟု ရည်မှန်းချက်ကြီး ကြီးခံယူချက်များဖြင့် မွမ်းမံထားသည့်ထုတ်ပြန်ကြေညာချက်မျိုးတော့ နိုင်ငံရေးပါတီများ ထုတ်ပြန်ကောင်း ထုတ်ပြန်ပေးနိုင်သည်။ သို့သော် အဆိုပါထုတ်ပြန်ချက်များကို လက်တွေ့သရုပ်သကန်အဖြစ် ပုံဖော်ကူးပြောင်း ပေးခြင်းတော့မရှိပေ။ ဤအခါ ပါတီအတွင်း ခေါင်းဆောင်ပိုင်းရာထူးများအတွက် ကိုယ်စားလှယ်များကိုရွေး ချယ်သည့်အခါ ဆုံးဖြတ်ရခက်ခဲမှုများနှင့် ရင်ဆိုင်လာရတော့သည်။ ထို့ကြောင့်ပင် အမျိုးသမီးများ၏နိုင်ငံရေး သက်မွေးဝမ်းကျောင်းဘ၀ တိုးတက်ရေးနှင့် အာဏာရပ်ဝန်းဆီ ခြေဆန့်လာနိုင်ရေးတို့ကို ထောက်ခံအားပေး ရန်အတွက် နိုင်ငံရေးပါတီများတွင် စနစ်အပြောင်းအလဲပြုလုပ်ရန် လိုအပ်ခြင်းဖြစ်သည်။ အမျိုးသမီးရော၊ အ မျိုးသားရော အသိအမှတ်ပြုရန်လိုအပ်သည်၊ ထို့နောက် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံနေသည့် ယော ကျ်ားကြီးစိုးသည့်ပါတီယဉ်ကျေးမှုများကို လက်ခံမပေးရန် လိုအပ်သည်။ သို့မှသာ အာဏာဆီလက်လှမ်းမီရေး အခွင့်အလမ်း တန်းတူရှိနိုင်သည်။ အပြန်အလှန်အားဖြင့် အမျိုးသမီးများပိုပါဝင်လာပါက အာဏာကျင့်သုံးရေး တွင် အဂတိလိုက်စားမှုလျော့နည်းလာနိုင်ဖွယ်ရှိပြိး အကျိုးဖြစ်ထွန်းရေးကို ပိုမိုအာရုံစိုက်လာနိုင်ဖွယ်ရှိသည်။ ကော်ပိုရိတ်ဘုတ်အဖွဲ့များတွင် ကွဲပြားခြားနားမှုရှိခြင်းက အကျိုးရလဒ်ကောင်းများကို ထွက်ပေါ်စေသည့်အ တိုင်းပင် နိုင်ငံရေးအာဏာဗဟိုချက်များ၌ ကွဲပြားခြားနားမှုရှိခြင်းကလည်း အလားတူအကျိုးရလဒ်ကောင်း များကို ထွက်ပေါ်စေပါလိမ့်မည်။

၄။ နိုင်ငံရေးဘဏ္ဍာငွေကိစ္စ အရေးကြီးသည်။ လေ့လာချက်အရ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးရန်ပုံငွေ ရှာရာတွင် အမျိုးသမီးများက အခက်အခဲများနှင့် ပိုရင်ဆိုင်ရပြီး ရွေးကောက်ပွဲမဲဆွယ်ရေးအတွက် ရန်ပုံငွေ တောင်းရာတွင် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုတွန့်ဆုတ်နေတတ်ကြကြောင်း တွေ့ရှိရသည်။ လက်တင်အမေရိကနှင့်စပ်လျဉ်း၍ IDEA၏လေ့လာချက်တွင် အမျိုးသမီးများသည် နိုင်ငံရေးဘဏ္ဍာငွေရှာဖွေ သုံးစွဲရာတွင် ပြင်းထန်သောဆိုးကျိုးများနှင့် ရင်ဆိုင်ရကြောင်း သိရသည်။ ထိုအခြေအနေက မဲဆွယ်စည်းရုံး ရေးအတွက် ၎င်းတို့ မည်သို့ဆောင်ရွက်မည်၊ မီဒီယာဆီ လက်လှမ်းမီနိုင်ရေးမည်သို့ဆောင်ရွက်မည်ဟူသော ကိစ္စများအတွက် အဆမတန်အကျိုးသက်ရောက်ချက်များရှိနေသည်။ မဲဆွယ်စည်းရုံးရေးပြည်သူ့ရန်ပုံငွေဆိုင် ရာစည်းမျဉ်းများသည် ဤအခြေအနေကို ဖြေရှင်းနည်းလမ်းတစ်ရပ်ဖြစ်နိုင်သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံ ၂၅ နိုင် ငံတွင် ယင်းစည်းမျဉ်းသုံးကာ လူမှုလိင်တန်းတူညီမျှရေးသတ်မှတ်ချက်အပေါ်အခြေခံ၍ နိုင်ငံရေးပါတီများထံ ပြည်သူ့ရန်ပုံငွေကို ခွဲဝေပေးသည်၊ သို့မဟုတ် မဲဆွယ်စည်းရုံးရေးအသုံးစရိတ်နှင့်ဆက်စပ်ပြီး ပါတီများအတွက် လူမှုလိင်အခြေခံစည်းမျဉ်းဥပဒေများကို အခြေခံကာ ခွဲဝေပေးသည်။ သို့ရာတွင် ဖွဲ့စည်းပုံစနစ်များနှင့် စည်း မျဉ်းဥပဒေများထက် နိုင်ငံရေးဘဏ္ဍာငွေတွင် တန်းတူညီမျှရေးပိုရှိလာသည်။ ဖေ့ဘွတ်မှ လုပ်ငန်းလည်ပတ် ရေးအရာရှိချုပ် ချယ်ရီဆမ်ဘာ့ဂ်က စီးပွားရေးလုပ်ငန်းတွင် အမျိုးသမီးများ အောင်မြင်မှုရရန် ကြိုးပမ်းသည့် အခါ ‘ရဲရဲရင့်ရင့် ရင်ဆိုင်ပြုမူ’ပြီး တီထွင်ကြံစနိုင်ရန် ကြိုးစားသင့်ကြောင်းအကြံပေးထားသည်။ အလားတူ အကြံပေးချက်သည် နိုင်ငံရေးအတွက်လည်း မှန်ကန်သည်၊ အမျိုးသမီးကိုယ်စားလှယ်များသည် အမျိုးသား များနည်းတူ နိုင်ငံရေးဘဏ္ဍာငွေတန်းတူအဆင့်ကို မတောင်းဆို၊ မမျှော်လင့်ထားလျှင် ရှုံးမည့်တိုက်ပွဲကို ဆက် တိုက်နေရလိမ့်မည်ဖြစ်သည်။

အပြောင်းအလဲပဲ့ကိုင်တစ်ဦးဖြစ်ရန်လိုအပ်ချက်သည် ရွေးကောက်ပွဲများတွင် နိုင်ငံရေးကိုယ်စားလှယ်များနှင့် သက်ဆိုင်သည်သာမက၊ အပြောင်းအလဲလုပ်ရန်အာဏာရှိသည့် အမျိုးသမီးများနှင့် အထူးသက်ဆိုင်သည်။ အောင်မြင်စွာရွေးကောက်ခံရပြီးသည်နှင့် နိုင်ငံရေးတွင် အမျိုးသမီးအများအပြားသည် အတွင်းမှအပြောင်းအ လဲပဲ့ကိုင်သူအဖြစ် လုပ်ဆောင်ရန် ခက်ခဲသွားသည်။ ပူးပေါင်းဆောင်ရွက်မှုရှိသည့်ကမ္ဘာကြီးဖြစ်လျက်နှင့် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချခြင်းအမြင့်ဆုံးအဆင့်သို့ ရောက်သွားချိန်တွင် ယင်းတို့နောက်မှ အမျိုးသ မီးများသည် အမြင့်ဆုံးအဆင့်ရောက်လာရန် လှေကားထောင်တက်နေရတတ်သည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၏ ပြောစကားမှာ ကျော်ကြားခဲ့သည်။ ယင်းမှာ ‘အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲ အကြီးအကျယ်အနိုင်ရသွားပြီ၊ ထို့နောက် သူမ၏အစိုးရအဖွဲ့တွင်း အမျိုးသမီးတစ်ဦးသာ ခန့်အပ်သွားမည်’ဟူ ၍ဖြစ်သည်။ အမျိုးသမီးများနှင့် အမျိုးသားများသည် ၎င်းတို့ကို ရွေးကောက်လိုက်သည့် ယောကျ်ားကြီးစိုးသောစနစ်ဖွဲ့စည်းပုံများအတွင်း ဆက်အလုပ်လုပ်သောအခါ ဒီမိုကရေစီနိုင်ငံရေးတွင် လူမှုလိင်တန်းတူညီမျှ ရေးဖြစ်ထွန်းအောင် မည်သည့်အရာကိုမျှ မလုပ်ကြပေ။ နိုင်ငံရေးတန်းတူညီမျှမှု အားနည်းသည့်နေရာတွင် နိုင်ငံရေး၏အရည်အသွေးမှာလည်း အားနည်းတော့သည်။

1 ဂျန်ဒါကို ကျား/မလိင်အဖြစ် မှားယွင်းစွာအနက်ပြန်ဆိုတတ်ကြသည်။ ဤဝေါဟာရသည် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်အသုံးအနှုန်းဖြစ်သည်။ ယောက်ျား/မိန်းမဟူသော မွေးရာပါဇီ၀လိင် (Sex) အပေါ် လူမှုရေးဆိုင်ရာအင်စတီကျူး ရှင်းများ၏ပုံဖော်တည်ဆောက်ချက်အရ ယောကျ်ားဆိုလျှင် မည်သို့ပြုမူသင့်သည်၊ မိန်းမဆိုလျှင် မည်သို့ပြုမူသင့်သည်ဟု လူမှုရေးအခန်းကဏ္ဍများ သတ်မှတ်ပေးလိုက်ခြင်းကို ရည်ညွန်းသည်။ ယောက်ျားသည် သန်မာသည်၊ တည်ကြည်သည်၊ မိန်းမသည် ပျော့ညံ့သည်၊စိတ်ကစားသည်ဟူသော တည် ဆောက်ချက်မျိုးဖြစ်သည်။ စာပေနှင့်ယဉ်ကျေးမှုသီအိုရီ ပညာရှင်ဂျူးဒစ်ဘတ်တလာ၏အသုံးအနှုန်းဖြစ်သည်။ သူမ၏ Gender Trouble စာအုပ်သည် အထူးထင်ရှားသည်။