အသစ်များ > နိုင်ငံရေးပါတီ၏အတွေးအခေါ်မူဝါဒများ

နိုင်ငံရေးပါတီ၏အတွေးအခေါ်မူဝါဒများ

2022-08-29

နိုင်ငံရေးပါတီများသည် မဲဆန္ဒရှင်ပြည်သူ၏ထောက်ခံမှုကို ရရှိမည့်အစီအစဉ်တစ်ရပ်(နှင့် ယင်းအစီအစဉ်ကိုအကောင် အထည်ဖော်ရန်ဦးဆောင်မှု)ကို အဆိုပြုကာ နိုင်ငံရေးအာဏာရရှိရေး ကြိုးပမ်းကြသည်။ ပါတီများသည် မဲဆန္ဒရှင်ပြည် သူ့အသံနှင့်ထပ်တူကျမည့် ကိစ္စရပ်များနှင့် ပြဿနာရပ်များကို အဓိကထားပြီး ပါတီ၏အစီအစဉ်ကို ပြည်သူအများစု စိတ်ဝင်စားမှုရှိစေရန် ကြိုးပမ်းတတ်သည်။ သို့မှသာ ကိစ္စရပ်များနှင့် ပြဿနာများကို ဖြေရှင်းနိုင်မည့် အစိုးရလုပ်ပိုင်ခွင့် အာဏာကို ပါတီများ ရရှိမည်ဖြစ်သည်။ ပါတီထောက်ခံသူများ၊ ပါတီများက အဆိုပြုသည့် ကိစ္စရပ်များ၊ ပြဿနာများ နှင့်မူဝါဒအကြံပြုချက်များ၏သဘောသဘာ၀သည် ပါတီအခင်းအကျင်းကို ပိုနားလည်ရန်အသုံးပြုနိုင်သည့် အကြောင်း ရင်းချက်ပေါင်းများ၊ အမျိုးအစားခွဲပြချက်များနှင့်အညီ ပါတီများကို လေ့လာဆန်းစစ်ကြည့်စရာ အခြေခံတစ်ရပ် ဖြစ်လာသည်။

ပါတီအတွေးအခေါ်မူဝါဒများ

အတိတ်၊ ပစ္စုပ္ပာန်နှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းချက်များ၊ စံနှုန်းများနှင့်ရည်မှန်းချက်များပါဝင်ပြီး လူ့အဖွဲ့အစည်းနှင့် လူမှုဘ၀တိုးတက်ထွန်းကားရေးကို ရှင်းလင်းစွာမှန်းဆရော်ရည်သောမျှော်မှန်းချက်များသည် အ တွေးအခေါ်မူဝါဒများပင်ဖြစ်သည်။ အတွေးအခေါ်မူဝါဒများကြောင့် နိုင်ငံရေးနှင့်လူမှုရေးဆောင်ရွက်ချက်များ ပေါ် ပေါက်လာရသလို အဆိုပါဆောင်ရွက်ချက်များ၏အကျိုးအပြစ်ကိုလည်း နှိုင်းဆဆင်ခြင်ကြည့်နိုင်၏။ ထို့ကြောင့် အ တွေးအခေါ်မူဝါဒဟူသည် နိုင်ငံရေးခံယူချက်ထားရှိရန်အတွက် အခြေခံအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

တချို့ပညာရှင်များနှင့် သုံးသပ်ကြသူများကမူ အတွေးအခေါ်မူဝါဒ၏အခန်းကဏ္ဍသည် ပါတီနိုင်ငံရေးတွင် လျော့နည်း သထက်လျော့နည်းလာပြီဖြစ်သည်ဟု ဆိုကြသည်။ ယနေ့အချိန်တွင် နိုင်ငံရေးပါတီများသည် လူမှုရေးနှင့် နိုင်ငံရေးစိန် ခေါ်ချက်များနှင့်ရင်ဆိုင်ရပါက လက်တွေ့ကျကျချဉ်းကပ်ဖြေရှင်းကြပြီး အတွေးအခေါ်မူဝါဒဇာတ်မြစ်များအပေါ်အရေး ထားမှုလျော့လာနေပြီဖြစ်ကြောင်း ၎င်းတို့က တင်ပြသည်။ သို့သော် နိုင်ငံရေးအစီအမံများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် စ နစ်တကျပုံပေါ်လာရန်အတွက် အတွေးအခေါ်မူဝါဒများက အရေးပါနေဆဲဖြစ်သည်ဟု ပြောကြသူများလည်းရှိပါသည်။ အထူးသဖြင့် ဤအချက်သည် နိုင်ငံရေးပါတီများအတွက် အထူးဆင်ခြင်စဉ်းစားစရာပင်ဖြစ်သည်။

နိုင်ငံရေးတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ကြသူများသည် အမျိုးမျိုးသောအတွေးအခေါ်လမ်းကြောင်းများကို သိထား အပ်သည်။ မိမိ၏ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်ကို ချမှတ်ခြင်း၊ အခြားသူများ၏နိုင်ငံရေးရပ်တည်ချက်ကို ဆန်းစစ် ခြင်းအပြင် မဲရရှိရေးယှဉ်ပြိုင်ခြင်းနှင့် အချေအတင်ဆွေးနွေးငြင်းခုံကြရာတွင် အတွေးအခေါ်မူဝါဒများမပါလျှင် မပြီးပါ။ (Hofmeist er and Grabow: 2011:24)

လက်ဝဲ-လက်ယာ ရှုထောင့်

နိုင်ငံရေးပါတီများကို လက်ဝဲ၊ လက်ယာနှင့် အလယ်ဟူ၍မကြာခဏအမျိုးအစားခွဲခြားပြကြ၏။ နိုင်ငံရေးတွင် လက်ဝဲ- လက်ယာရှုထောင့်ဟူ၍ပြောကြသည့်အခါ () လူမှုထောက်ပံ့ရေးစနစ်ကို ထောက်ခံပြီး ခွင့်တူညီမျှမှုကိုရရှိစေရန် စီး ပွားရေးနှင့် လူ့အဖွဲ့အစည်းအတွင်း အစိုးရကကြားဝင်ဆောင်ရွက်ရမည်ကို အားပေးသော လက်ဝဲများနှင့် () ပြည် တွင်းတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး၊ အမျိုးသားလုံခြုံရေးအစရှိသည့်အကျိုးစီးပွားများအတွက် ခိုင်မာအား ကောင်းသောအစိုးရကို ထောက်ခံသော်ငြား အစိုးရကြားဝင်ဆောင်ရွက်မှု လျော့နည်းစေရေးနှင့် စျေးကွက်စီးပွားရေးစ နစ်တစ်ရပ်တို့အပေါ် အားပေးသောလက်ယာများဟူ၍ သိသာထင်ရှားသောခြားနားချက်ကို အဓိကအခြေခံကာပြော ကြသည်။ ဒီမိုကရေစီနိုင်ငံအများအပြားတွင် လူတန်းစားခြားနားမှုများ ကျဆင်းလာသဖြင့် လက်ဝဲ-လက်ယာရှုထောင့် သည် အရေးပါမှုနည်းလာသည်။ သို့သော် အချို့သောစက်မှုထွန်းကားသောဒီမိုကရေစီနိုင်ငံများတွင်မူ မြို့ပြအလုပ်သ မားလူတန်းစား အလျှင်အမြန် ကြီးထွားလာပြီး ဆင်းရဲသောကျေးလက်စိုက်ပျိုးရေးအလုပ်သမားလူတန်းစားနှင့်ပေါင်း ဖက်မိသွားသဖြင့် အထက်ပါလက်ဝဲ-လယ်ယာရှုထောင့်သည် ပိုမိုအရေးကြီးလာရပြန်သည်။

အရှေ့တောင်အာရှနှင့် တောင်အာရှတွင်ရှိသော ပါတီအတွေးအခေါ်မူဝါဒများ

ဖိလစ်ပိုင်လစ်ဘရယ်ပါတီ

လစ်ဘရယ်ပါတီ၏ အတွေးအခေါ်မူဝါဒတွင် စျေးကွက်စီးပွားရေးစနစ်၊ နိုင်ငံရေးပွင့်လင်းမြင်သာခြင်းနှင့် ဖိလစ်ပိုင်ပြည် သူအများစု၏အကျိုးစီးပွားကိုထမ်းရွက်မည့် ရိုးသားထက်မြက်သောအစိုးရတစ်ရပ်တို့ကို အခြေခံကာ ပွင့်လင်းပြီး မတူ ကွဲပြားမှုကိုလက်ခံသောဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးဟူသောသန္နိဋ္ဌာန်တစ်ရပ် ပါဝင်သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ

ဗီယက်နမ်နိုင်ငံ၏တစ်ခုတည်းသောတရားဝင်နိုင်ငံရေးပါတီဖြစ်ပြီး ပြည်သူ့ဗြူရိုကရေစီ၊ စစ်တပ်၊ ရဲ၊ တရားရုံးနှင့် နိုင်ငံ ပိုင်မီဒီယာအပါအဝင် နိုင်ငံတော်၏အင်စတီကျူးရှင်းများကို ထိန်းချုပ်ထားသည်။

အင်ဒိုနီးရှားရှိ အမျိုးသားရေးပါတီ (PAN)

ပါတီ၏အတွေးအခေါ်မူဝါဒတွင် ပြည်သူအုပ်ချုပ်သောစနစ်ဖြစ်ထွန်းရေး၊ ဒီမိုကရေစီ၊ တိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေးတို့ကို ကိုးကွယ်သည့်ဘာသာရေးစံနှုန်းများအပေါ်အခြေခံကာ ဖော်ဆောင်ရေးဟူသောသန္နိဋ္ဌာန်တစ် ရပ်ပါဝင်သည်။ ပါတီ၏အတွေးအခေါ်မူဝါဒသည် အခြေခံသဘောတရားငါးရပ်အပေါ် အခြေခံသည်။ ယင်းတို့မှာ ဘာ သာတရားကိုင်းရှိုင်းရေး၊ လူ့ဘောင်လောကတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ်စားပြုဒီမိုကရေစီလမ်းစဉ်နှင့် လူမှုရေးဆိုင်ရားတရားမျှတရေးဟူ၍ဖြစ်သည်။

နီပေါကွန်ဂရက်ပါတီ (NC)

ဗဟုဝါဒ1စံနှုန်းကိုအခြေခံသည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးကို ပါတီကထောက်ခံသည်။ လက်ဝဲ အစွန်းရောက်၊ လက်ယာအစွန်းရောက်အတွေးအခေါ်ဝါဒများ၏အန္တရာယ်ကို ရှောင်ရှားရန် ပါတီကအရေးဆိုသည်။ ပါတီသည် အတွေးအခေါ်မူဝါဒတွင် အလယ်ရှုထောင့်တွင်ရှိ၏။ ထို့ကြောင့်လူမှုရေးဆိုင်ရာတရားမျှတမှုနှင့် တန်းတူညီ မျှရေးကို ကာကွယ်ရင်း တစ်ပြိုင်တည်းမှာပင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ပါတီက မြှင့်တင်ချင်သည်။

1 လစ်ဘရယ်ဒီမိုကရေစီနှင့် ကိုယ်စားပြုဒီမိုကရေစီတို့ကို ရည်ညွှန်းသောစကားလုံးဖြစ်သည်။ ဗဟုဝါဒသည် အထူးအထွေများပြားသော နိုင်ငံရေးစနစ်များယှဉ်ပြိုင်တည်ရှိခြင်းကို အားပေးသည်။