အသစ်များ > နယ်သာလန်ရှိ နိုင်ငံရေးပါတီအတွေးအခေါ်မူဝါဒများ

နယ်သာလန်ရှိ နိုင်ငံရေးပါတီအတွေးအခေါ်မူဝါဒများ

2022-08-29

နယ်သာလန်နိုင်ငံတွင် ၁၉ရာစုဒုတိယဝက်ကာလတွင် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ ပါတီများ၏ရည်ရွယ် ချက်သည် နိုင်ငံတွင်နေထိုင်သောလူဦးရေ၏သီးခြားအပိုင်းကဏ္ဍများ၏အကျိုးစီးပွားများကို ကိုယ်စားပြုရန်ပင်ဖြစ် သည်။ ၁၈၉၇ခုနှစ်တွင် ဒတ်ချ်ပြုပြင်ပြောင်းလဲရေးအသင်းတော်မှအဖွဲ့ဝင်များသည် တော်လှန်ရေးဆန့်ကျင်မှုပါတီARP ကို ဖွဲ့စည်းလိုက်သည်။ ထိုပါတီသည် ပြင်သစ်တော်လှန်ရေး အခြေခံသဘောတရားများနှင့် အကျိုးရလဒ်များကို ကန့် ကွက်ရှုတ်ချခဲ့သည်။ ပါတီ၏မူဝါဒအရ နိုင်ငံတော်၏အာဏာသည် ပြည်သူထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှဆင်းသက် လာသည်ဟု ယူဆသည်။ ၂၀ရာစုပထမလေးပုံတစ်ပုံကာလလောက်တွင် နောက်ထပ်၍ ပရိုတက်စတင့်ပါတီနှင့်ကက် သလစ်ပါတီတို့ ပေါ်လာပြန်သည်။ ၁၉၆၀ပြည့်နှစ်များတွင် ထိုပါတီသုံးဖွဲ့သည် ရွေးကောက်ပွဲတွင် အသီးသီးရှုံးနိမ့်ခဲ့ကြ သဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကို အလေးအနက်ထားလုပ်ဆောင်ခဲ့ကြသည်။ ၁၉၈၀တွင်မူ ပါတီတစ်ဖွဲ့ တည်းအဖြစ်ပူးပေါင်းလိုက်ကြပြီး ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ (CDA) အဖြစ်ပေါ်ထွက်လာသည်။ ထိုအချိန်မှစ၍ CD A သည် လွှတ်တော်ထဲတွင် အင်အားအကြီးမားဆုံးနိုင်ငံရေးပါတီအဖြစ် မကြာခဏရပ်တည်လာသည်။ ခရစ်ယာန်ဒီမို ရက်များသည် ပါတီ၏နိုင်ငံရေးဆောင်ရွက်ချက်များအတွက် အခြေခံစေ့ဆော်အားအဖြစ် သမ္မာကျမ်းစာကို အသုံးပြု သည်။ လူ့အဖွဲ့အစည်းတွင် အစုအဖွဲ့များ(မိသားစု၊ လူမှုရေးတွဲဖက်လုပ်ဆောင်သူများ) နှင့် အသင်းအပင်းများ(စည်ပင် သာယာရေးအဖွဲ့၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ)အတွက် တာဝန်ခွဲဝေယူရမည့်လမ်းစဉ်ကို ၎င်းတို့က ရွေးချယ် လိုက်သည်။

၁၉၄၆ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒတ်ချ်အလုပ်သမားပါတီ(PvDA) သည် အလုပ်သမားလူတန်းစား၏အကျိုးစီးပွား ကို ကိုယ်စားပြုရန် ၁၈၉၄တွင် စတင်တည်ထောင်ခဲ့သော အစဉ်အလာဆိုရှယ်ဒီမိုကရက်ပါတီမှ ဆင်းသက်လာခဲ့သည်။ ၁၉၄၆ခုနှစ်တွင် ဆိုရှယ်ဒီမိုကရက်များသည် ပါတီနိုင်ငံရေးတွင် ယတိပြတ်ပြောင်းလဲမှုတစ်ရပ်ကို ကြိုးပမ်းဖော်ဆောင် ခဲ့ပြီး လူ့အဖွဲ့အစည်းတွင် ဘာသာရေးမနွယ်သူအပိုင်းနှင့် ခရစ်ယာန်နွယ်ဝင်အပိုင်းတို့ကို ဆွဲဆောင်နိုင်မည့် ပါတီတစ် ရပ်ကို ဖွဲ့စည်းလိုက်သည်။ သို့သော် ယတိပြတ်ပြောင်းလဲမှုသည် လက်တွေ့ဖြစ်မလာခဲ့ဘဲ ရလဒ်အနေဖြင့် အလုပ်သ မားပါတီက လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲရန် ကြိုးပမ်းဖော်ဆောင်နေသောပါတီမှာ ၎င်းတို့ပါတီ ပင်ဖြစ်သည်ဟု ကြေညာလိုက်တော့သည်။ ၎င်းတို့အဓိကထားသုံးသည့်စကားလုံးမှာ စည်းလုံးညီညွတ်ရေးဟူ၍ဖြစ် သည်၊ တစ်နည်းအားဖြင့် အခွင့်ထူးခံမဟုတ်သောလူမှုလူတန်းစားအသီးသီးနှင့် စည်းလုံးညီညွတ်ရေးကို ဆိုလိုသည်။

၁၉ရာစုကုန်တွင် နိုင်ငံရေးပါတီများ အလျှိုလျှိုဖွဲ့စည်းထူထောင်ကြမှုသည် လစ်ဘရယ်များကိုလည်း လှုံ့ဆော်လိုက်သ လိုဖြစ်ခဲ့သည်။ ရာစုနှစ်၏ကာလအပိုင်းအခြားအတော်ကြာမျှ တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်၏အဓိကဇာတ်ဆောင်များ ဖြစ်ကြသော လစ်ဘရယ်ဝါဒီများသည် ပါတီဖွဲ့စည်းထူထောင်မှုမျိုးများအပေါ်သင်္ကာမကင်းစိတ်ဖြစ်ခဲ့ကြ၏။ သို့သော် လစ်ဘရယ်ဝါဒီများသည် အပြောင်းအလဲများကို မျက်ကွယ်မပြုနိုင်တော့ဘဲ နောက်ဆုံး ၎င်းတို့ကိုယ်ပိုင်နိုင်ငံရေးပါတီ များကို ဖွဲ့စည်းထူထောင်လိုက်ကြတော့သည်။ ၁၉၄၈ခုနှစ်တွင် ကွန်ဆာဗေးတစ်စိတ်ထားရှိသောလစ်ဘရယ်များသည် လစ်ဘရယ်ပါတီသစ်(VVD) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ၁၉၈၀ပြည့်နှစ်မှစ၍ လစ်ဘရယ်များသည် (မကြာသေးမီ ကာလအထိ) လွှတ်တော်တွင်း တတိယမြောက်အကြီးဆုံးနိုင်ငံရေးအင်အားစုတစ်ရပ် ဖြစ်လာသည်။ လူမှုရေးနှင့် စီး ပွားရေးနယ်ပယ်များတွင် နိုင်ငံတော်၏ကြားဝင်ဆောင်ရွက်မှုကိုထိန်းချုပ်ရန်နှင့် လူ့အဖွဲ့အစည်းဝင်လူသားအားလုံး၏ တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်ကို ခိုင်မာစေရန် လစ်ဘရယ်များက ကြိုးစားခဲ့ကြသည်။

ခရစ်ယာန်ဒီမိုကရက်တစ်၊ ဆိုရှယ်ဒီမိုကရေစီနှင့် လစ်ဘရယ်လှုပ်ရှားမှုများ၏ အတွင်းနှင့်အပြင်ဘက်တွင်မူ ကျယ်ပြန့် သောနိုင်ငံရေးပါတီများလည်း ရှိသေး၏။ ပရိုတက်စတင့်ဂိုဏ်းခွဲအုပ်စုများကို ကိုယ်စားပြုသော အသေးစားပါတီနှစ်ခု ရှိသည်။ နယ်သာလန်နိုင်ငံရှိ တည်ထောင်ပြီးသားဘုရားကျောင်းကို မြှင့်တင်ရန်တစ်စိတ်တစ်ပိုင်းရည်ရွယ်သော အော် သိုဒေါက်စ်ပါတီတစ်ရပ်ဖြစ်သည့် ကယ်လ်ဗင်နစ်နောက်လိုက်များဖြင့်ဖွဲ့စည်းထားသော SGP ပါတီနှင့် အနည်းငယ်လစ် ဘရယ်ဆန်သော်လည်း လူ့အဖွဲ့အစည်းတွင် ခရစ်ယာန်စံနှုန်းများကို ဖော်ဆောင်ရန်အရေးကြီးသည်ဟု ခံယူထားသည့် ခရစ်ယာန်သမဂ္ဂတို့ပင်ဖြစ်သည်။ အလုပ်သမားပါတီသည် ယှဉ်ပြိုင်ဖက်ဖြစ်သော ဆိုရှယ်လစ်ပါတီ(SP) တစ်ဟုန်ထိုး ကြီးထွားလာခြင်းနှင့် ရင်ဆိုင်ရသည်မှာ မကြာသေးပေ။ ဆိုရှယ်လစ်ပါတီသည် လူမှုရေးနှင့် စီးပွားရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အခြားပါတီများနှင့် ညှိနှိုင်းစေ့စပ်မှုလုပ်သော ဆိုရှယ်ဒီမိုကရက်များ၏လမ်းစဉ်ကို ကန့်ကွက်ရှုတ်ချ သည်။ ၁၉၇၂ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဆိုရှယ်လစ်ပါတီသည် မာ့က်စ်-လီနင်ကို အရင်းခံထားသော်လည်း ၈၀ခုနှစ်အ ကုန်တွင် နိုင်ငံတကာကွန်မြူနစ်ဝါဒအရေးနိမ့်သွားပြီးနောက် အထက်ပါမာ့က်စ်-လီနင်တို့နှင့်အမြစ်တွယ်မှုများကို ဖြတ်တောက်ပစ်လိုက်တော့သည်။ အိမ်ရာနှင့်ကျန်းမာရေးစောင့်ရှောက်မှုတို့သည် ဆိုရှယ်လစ်များအတွက် အရေးပါ သောကိစ္စရပ်များဖြစ်သည်။ ၁၉၉၀ခုနှစ်တွင် ငြိမ်းချမ်းရေးလိုလားသူများ၊ ရာဒီကယ်ကက်သလစ်များ၊ တိုးတက်ရေးခ ရစ်ယာန်ဝင်များနှင့် ကွန်မြူနစ်များပါဝင်သော ပါတီငယ်များဖြင့်စုဖွဲ့ထားသည့်ညွန့်ပေါင်းအဖွဲ့အစည်းတစ်ရပ်အဖြစ် လက်ဝဲစိမ်းပါတီဟူ၍ ထွက်ပေါ်လာသည်။ ယနေ့ချိန်တွင် လက်ဝဲစိမ်းပါတီသည် သဘာ၀ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ရေးရာများကို အဓိကထားသည်။ ၁၉၆၆တွင်တည်ထောင်ခဲ့ပြီး ယခုအခါ ဆိုရှယ်နှင့်လစ်ဘရယ်ဟု ၎င်းတို့ဘာသာခေါ် ဝေါ်ကြသည့် ဒီမိုကရက်တစ် ၆၆ဦးပါတီ(D66)သည်လည်း နယ်သာလန်နိုင်ငံတွင် နိုင်ငံတော်နှင့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးကို အပြင်းထန်ဆုံးထောက်ခံလှုံ့ဆော်သည့်ပါတီဖြစ်လာသည်။ နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် ဖွဲ့စည်း လိုက်သောပါတီတစ်ခုလည်းရှိသေးသည်။ လွတ်လပ်မှုပါတီ(PVV)ဟူ၍ဖြစ်ပြီး ၂၀၀၆တွင် တည်ထောင်ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးကို လျှော့ချရန်အဓိကလှုံ့ဆော်သည့်ပါတီဖြစ်သည်။ နောက်ဆုံးအားဖြင့်ပေါ်လာသည်က တိရစ္ဆာန်ကာ ကွယ်စောင့်ရှောက်ရေးပါတီ(PvdD) ဖြစ်ပြီး တိရစ္ဆာန်များကို ထောက်ပံ့ပေးရေးကိုအခြေခံကာ ၂၀၀၆ခုနှစ်တွင် လွှတ် တော်ထဲဝင်ခွင့်ရရှိခဲ့သည့်ပါတီဖြစ်သည်။

ပါတီအမျိုးအစားများ

ဒတ်ချ်နိုင်ငံရေးပါတီများကို နည်းလမ်းအမျိုးမျိုးဖြင့် အမျိုးအစားခွဲခြားကြည့်နိုင်သည်။ သာမန်ခွဲခြားချက်မှာ ဘာသာ ရေးဂိုဏ်းဝင်နှင့် ဘာသာရေးဂိုဏ်းဝင်မဟုတ်သောပါတီဟူ၍ ခွဲခြားချက်ပင်ဖြစ်သည်။ဘာသာရေးဂိုဏ်းဝင်ပါတီများ သည် ၎င်းတို့၏အစီအစဉ်များနှင့် ရပ်တည်ချက်များကို ဘာသာရေးကိုးကွယ်ယုံကြည်မှု(သို့မဟုတ်) သမ္မာကျမ်းစာ အပေါ်အခြေခံ၍လုပ်ဆောင်ကြသည်။ ခရစ်ယာန်ဒီမိုကရက်များနှင့် ပရိုတက်စတင့်ပါတီသေးနှစ်ခုတို့ပါဝင်သည်။ လစ် ဘရယ်ပါတီ၊ အလုပ်သမားပါတီ၊ ဆိုရှယ်-လစ်ဘရယ် ၆၆ဦး၊ လက်ဝဲစိမ်းနှင့် ဆိုရှယ်လစ်ပါတီတို့ကဲ့သို့သော ဘာသာ ရေးဂိုဏ်းဝင်မဟုတ်သည့်ပါတီများသည် ၎င်းတို့၏အစီအစဉ်များနှင့် ရပ်တည်ချက်များကို ဘာသာရေးနှင့်မသက်ဆိုင် သောခံယူချက်များအပေါ် အခြေခံ၍လုပ်ဆောင်ကြသည်။

ဒတ်ချ်နိုင်ငံရေးပါတီများကို လက်ဝဲ-လက်ယာဟူ၍ခွဲခြားရာတွင် အငြင်းပွားစရာဖြစ်ရပြီး တစ်ခါတစ်ရံ ကွဲကွဲပြားပြား မရှိပါ။ ပါတီတစ်ရပ်သည် လူ့အဖွဲ့အစည်းတွင် ဝင်ငွေတန်းတူညီမျှရေး၊ ဗဟုသုတကြွယ်၀ရေးနှင့် ဩဇာအရှိန်အဝါကြီး မားရေးကို မည်ရွေ့မည်မျှအထိ ရရှိရန်ရည်ရွယ်ထားပုံ၊ ယင်းရည်ရွယ်ချက်အတွက် အစိုးရမူဝါဒများကို မည်ရွေ့မည်မျှ အထိအသုံးချလိုပုံတို့ကိုကြည့်၍ ပါတီ၏ရပ်တည်ချက်ကို သိနိုင်ပါသည်။ ဤအချက်သည် အဓိကအားဖြင့် လူမှု-စီးပွား ရေးရာမူဝါဒများ၊ အလုပ်ခန့်အပ်ခြင်း၊ အခွန်ကောက်ခြင်း၊ ဝင်ငွေနှင့် အကျိုးအမြတ်တို့အပြင် ပညာရေးမူဝါဒများ၊ စက် မှုလုပ်ငန်းများနှင့် အင်စတီကျူးရှင်းများတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရေးအစရှိသည်တို့နှင် သက်ဆိုင် သောကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ တန်းတူညီမျှရေးကို ပိုမိုရရှိရန် နိုင်ငံတော်ကကြားဝင်ဆောင်ရွက်သင့်သည်ဟုအဆို ပြုထောက်ခံကြသောပါတီများကို ‘လက်ဝဲယိမ်း’ပါတီများအဖြစ် သတ်မှတ်ကြသည်။ မျက်မှောက်ရင်ဆိုင်နေရသည့် ဝင်ငွေနှင့် အာဏာဩဇာရရှိမှုမညီမျှခြင်းသည် ကြောင်းကျိုးသင့်သည်ဟု လက်ခံထားသောပါတီများကို ‘လက်ယာ ယိမ်း’ပါတီများအဖြစ် သတ်မှတ်သည်။ ခြုံငုံကြည့်ပါက ဒတ်ချ်ပါတီများသည် လက်ဝဲ၊ အလယ်၊ လက်ယာအစဉ်တွင် အောက်ပါပုံစံအတိုင်းရပ်တည်နေကြသည်ကို တွေ့ရမည်။

ယင်းနောက်တစ်ဖန် ပါတီများကို တစ်ခါတစ်ရံ ‘တိုးတက်သော’ (သို့မဟုတ်) ‘ရှေးရိုးစွဲသော’ဟူ၍ဖော်ပြသည်။ တိုး တက်သောပါတီသည်ပြုပြင်ပြောင်းလဲရေးကိုလိုလားပြီး ရှေးရိုးစွဲပါတီကမူ အခြေအနေအရပ်ရပ်ကို ရှိရင်းစွဲအတိုင်းသာ ဖြစ်စေချင်သည်။ ယနေ့အချိန်တွင် ယင်းသို့အမျိုးအစားခွဲခြားရန်မှာ ခက်ခဲသထက်ပိုခက်လာသည်။ ဥပမာအားဖြင့် လက်ယာယိမ်းအစိုးရတစ်ရပ်သည် လူမှုရေးဆိုင်ရာလုံခြုံမှုစနစ်နှင့်ပတ်သက်ပြီး အတိုင်းအဆကြီးမားစွာဖြင့်ပြုပြင် ပြောင်းလဲရေးတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ကြချိန်တွင် တစ်ဖက်၌ လက်ဝဲယိမ်းအတိုက်အခံပါတီများကမူ တည်ဆဲစနစ် ခိုင်မာစေရေးကိုသာ လိုလားပြီး အပြောင်းအလဲလုပ်သမျှတိုင်းကို ခုခံဆန့်ကျင်လိုကြပြန်သည်။

တိုးတက်သော’ နှင့် ‘ရှေးရိုးစွဲသော’ကြား ခွဲခြားပြရန်နောက်ထပ်တစ်နည်းရှိသေး၏။ လိင်တူနှစ်ခြိုက်ခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်း၊ ရောဂါဖိစီးနေသူအားညင်သာစွာသေဆုံးစေခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့်တနင်္ဂနွေဥပုသ်ဆောက် တည်ခြင်းကဲ့သို့သော ကိုယ်ကျင့်တရားရေးရာအထူးကိစ္စရပ်များစသဖြင့် လူများ၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ကန့်သတ် ရန် နိုင်ငံတော်(အစိုးရမူဝါဒများ) ကို ပါတီများက မည်မျှအတိုင်းအတာအထိ အသုံးချလိုစိတ်ရှိ၊မရှိအပေါ်အခြေခံကာခွဲ ခြားခြင်းကို ဆိုလိုသည်။ ဤသို့နှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို တိုးမြှင့်ရေး ယုံကြည်သောပါတီများသည် တိုးတက်သည် ဟု ယူဆလာသည်။ အစိုးရသည် ပြည်သူအများ နေထိုင်လိုသော ဘ၀နေထိုင်ပုံများအပေါ် ဝင်မစွက်ဖက်သင့်ကြောင်း နှင့်အသာစီးမှမဆက်ဆံသင့်ဟူသောအမြင်မျိုး တိုးတက်ရေးပါတီများတွင် ရှိသည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် ဒီမို ကရက်၆၆ဦးအဖွဲ့၊ လစ်ဘရယ်ပါတီ၊ လက်ဝဲစိမ်းအဖွဲ့နှင့် အလုပ်သမားပါတီတို့သည် ‘တိုးတက်သော’ပါတီများဖြစ်ကြ သည်။ ခရစ်ယာန်ဒီမိုကရက်များနှင့် ပရိုတက်စတင့်ပါတီများအစရှိသည့် ဘာသာရေးနွယ်သောပါတီများသည် ရှေးရိုးစွဲ များဖြစ်ကြသည်။ ခရစ်ယာန်စံနှုန်းများကို ကိုင်စွဲထိန်းသိမ်းရန်တာဝန်သည် အစိုးရတွင်ရှိသည်ဟု ယင်းပါတီများကရှု မြင်သည်။

ကိုးကား။ ဒတ်ချ်နိုင်ငံရေးစနစ်အကျဉ်းချုပ်