အသစ်များ > နိုင်ငံရေးပါတီများနှင့် တရားဝင်မှု

နိုင်ငံရေးပါတီများနှင့် တရားဝင်မှု

2022-08-29

နိုင်ငံရေးပါတီများသည် နိုင်ငံရေးစနစ်တစ်ခု၏ တရားဝင်မှုကို မြှင့်တင်ပေးနိုင်သောကိုယ်စားပြုအင်စတီကျူး ရှင်းများဖြစ်သည်။ ပါတီသည် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးစီးပွားလိုလားသော အတွေးအခေါ်ကိုချ မှတ်ရာတွင် ရှေ့နောက်ညီညွတ်စွာပြုမူပြီးအုပ်ချုပ်ရေးအဆင့်တိုင်းတွင်လည်း ခေါင်းဆောင်မှုကိုပေးနိုင်သည်။ ပါတီများသည် နိုင်ငံရေးတွင် ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ပေးအပ်ပြီး လူမှုရေး နှင့် နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပေါ်အောင် လှုံ့ဆော်စည်းရုံးနိုင်သည်။ အဆိုပါလုပ်ငန်းများသည် နိုင်ငံရေးအပေါ် အဓိကလွှမ်းမိုးမှုရှိသည့်အပြင်ယင်းလုပ်ငန်းများကို ပါတီများက ဖော်ဆောင်ပုံကိုကြည့်ကာ အစိုးရတစ်ရပ် သည် နိုင်ငံသားများအတွက် မည်သို့တရားဝင်မှုရှိပါသည်ဟုပြောနိုင်ရန်အထိ အရေးပါ အရာရောက်သည်။

အခြေခံအားဖြင့် နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏အမှုထမ်းအရာထမ်းများနှင့် အရင်းအမြစ်များကို ကိုင် တွယ်ထိန်းချုပ်နိုင်သည့်အာဏာကိုရရန်ယှဉ်ပြိုင်ကြသည်။ ယှဉ်ပြိုင်ရခြင်းကပင် နိုင်ငံရေးပါတီများ၏တရား ဝင်မှုနှင့် နိုင်ငံတော်၏တရားဝင်မှုသည် အပြန်အလှန်ချိတ်ဆက်နေသည်ဟု ဆိုလိုသည်။ တစ်ဖက်တွင် ပါတီ တစ်ရပ်သည် အစိုးရဖြစ်သွားသည်နှင့် ယင်းပါတီ၏တရားဝင်မှုသည် နိုင်ငံတော်၏တရားဝင်မှုအဖြစ် ကူး ပြောင်းသွားသည်။ အထူးသဖြင့် ပါတီများ၏အတွင်းဖွဲ့စည်းပုံများသည် ဒီမိုကရေစီနည်းကျဖြစ်ပြီး အမတ် လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၏အကျိုးစီးပွားနှင့် အလေးထားစရာများကို အစစ်အမှန် ကိုယ် စားပြုသည်ဆိုပါက အထက်ပါ နိုင်ငံတော်၏တရားဝင်မှုအဖြစ်ကူးပြောင်းသည်ဟူသောအချက်မှာ ပိုမှန်ကန် မည်။ အခြားတစ်ဖက်ကကြည့်ပါက လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများတွင် အနိုင်ရလာသော ပါတီများသည် မဲဆန္ဒရှင်ပြည်သူထံမှ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်အာဏာကို အတိအလင်း ရလိုက်သ ဖြင့် တရားဝင်မှုရှိသည်။

အကျိုးဆက်အနေဖြင့် နိုင်ငံရေးပါတီများသည် နိုင်ငံရေးလုပ်ပိုင်ခွင့်ဩဇာကို တရားနည်းလမ်းတကျရယူခြင်း၊ နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ခြင်းနှင့် အစိုးရအာဏာကို စည်းမျဉ်းတကျဖြစ်အောင်ထိန်း သိမ်းပေးရာတွင် အရေးပါသောအစုအဖွဲ့များဖြစ်လာတော့သည်။ ထို့အပြင် မူဝါဒချမှတ်သူများနှင့် နိုင်ငံသား များ၏အကျိုးစီးပွားနှင့်အလေးထားစရာများကြား ပေါင်းကူးပေးခြင်းဖြင့် နိုင်ငံရေးပါတီများသည် အစိုးရ၏တ ရားဝင်မှုကို မြှင့်တင်ပေးသည်။ ဤသို့ပေါင်းကူးဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံရေးပါတီများသည် ၎င်းတို့အ ခြေစိုက်မဲဆန္ဒနယ်မှ ပြည်သူလူထု၏လိုအပ်ချက်များနှင့် မျှော်မှန်းချက်များကို အစိုးရမူဝါဒများအဖြစ် ထိ ရောက်စွာ ပြောင်းလဲဖော်ဆောင်ပေးနိုင်လာသည်။ ထို့ကြောင့် အစိုးရမူဝါဒဟူသည် ပြည်သူမှအပ်နှင်းသော တရားဝင်လုပ်ပိုင်ခွင့်အာဏာကို အခြေခံကာ မဲဆန္ဒရှင်ပြည်သူလူထု၏ အကျိုးစီးပွားကိုလိုလားရမည်။ (Matlosa 2007:21)