အသစ်များ > နိုင်ငံရေးပါတီများနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး

နိုင်ငံရေးပါတီများနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး

2022-09-03

နိုင်ငံရေးပါတီများသည် ကောင်းမွန်သောအုပ်ချုပ်ရေး၏အောင်မြင်မှု (သို့) ကျရှုံးမှုကို သက်ရောက်စေရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ ကောင်းမွန်သောအုပ်ချုပ်ရေးအပေါ် နိုင်ငံရေးပါတီများက သက်ရောက်မှု သည် အဓိကအားဖြင့် ယင်းပါတီများက ကျင့်သုံးသော ပါတီနိုင်ငံရေးအမျိုးအစားပေါ်တွင် မူတည်သည်။ စ နစ်အဓိကအားပြုသောပါတီနိုင်ငံရေးသည် ကောင်းမွန်သောအုပ်ချုပ်ရေးကို အားပေးတတ်ပြီး တပည့်မွေးရေး အဓိကအားပြုသောပါတီနိုင်ငံရေးမှာမူ ကောင်းမွန်သောအုပ်ချုပ်ရေးကို ဟန့်တားနှောင့်ယှက်တတ်သည်။

စနစ်အဓိကအားပြုသောနိုင်ငံရေးသည် ပိုမိုတာဝန်ယူတတ်သောအစိုးရကို အမြဲထွက်ပေါ်စေသည်တော့ မ ဟုတ်ပါ၊ သို့သော် လေ့လာချက်အရ မူဝါဒကို ပိုမိုအခြေပြုသောနိုင်ငံရေးယှဉ်ပြိုင်မှု ပေါ်ပေါက်လာခြင်းသည် ပြည်သူများ မည်သို့ မဲပေးမည်၊ ပြည်သူများ၏လိုလားချက်များကို ခေါင်းဆောင်များက အကောင်အထည်ဖော် ပေးရန်ပျက်ကွက်လျှင် ယင်းခေါင်းဆောင်များ မည်ရွေ့မည်မျှအထိ တာဝန်ခံမှုရှိနိုင်မည်ဟူ၍ ဆုံးဖြတ်သည့်အ ခါ မူဝါဒနှင့် လုပ်နိုင်စွမ်းရည်ကို အဓိကကြည့်၍ဆုံးဖြတ်လာနိုင်မည့် အခြေအနေတစ်ရပ်ကို ဖြစ်ထွန်းစေ သည်ကို တွေ့ရှိရသည်။

စနစ်အဓိကအားပြုသောပါတီများသည် ရှေ့နောက်ညီညွတ်ပြီး ကြောင်းကျိုးဆီလျော်သော အတွေးအခေါ်ဝါဒ ရပ်တည်ချက်ကို အခြေခံကာ မူဝါဒကို ချမှတ်သည်၊ ထောက်ခံမှုရအောင် စည်းရုံးသည်၊ ထို့နောက် အုပ်ချုပ် ရေးကို ဆောင်ရွက်သည်။ စနစ်အဓိကအားပြုပါတီများသည် တပည့်မွေးရေးအဓိကအားပြုသောပါတီများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်ဖြစ်သည်။ တပည့်မွေးရေးအဓိကပါတီများက ဆရာ-တပည့်ဆက်ဆံရေးကွန် ရက်များမှတစ်ဆင့် ထောက်ခံမှုရအောင် စည်းရုံးရန်ကြိုးစားပြီး နိုင်ငံ့အရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန်အ တွက် အာဏာရရေး ကြိုးပမ်းကြသည်။

စနစ်အဓိကအားပြုသောပါတီများ၏အရေးပါမှု

စနစ်အဓိကအားပြုခြင်းတည်းဟူသောအရည်အချင်းများရှိနေသည့် နိုင်ငံရေးပါတီများဟုဆိုလျှင် လူ့အဖွဲ့အ စည်းအတွင်း မတူသောအစုအဖွဲ့များ၏လိုလားချက်များကို ပေါင်းစည်းဖော်ထုတ်ပေးခြင်း၊ ယင်းအစုအဖွဲ့များ ၏အကျိုးစီးပွားများကို အကောင်းဆုံးရှာဖွေဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုနိုင်သောပါ တီများဟု ယူဆကြပါသည်။ ထို့ကြောင့် အဆိုပါအခြေခံများအရ ယင်းပါတီများသည် နိုင်ငံသားများကို တာဝန် ခံမှုရှိနိုင်ကြခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ခံရလျှင် ရှင်းလင်းစွာချမှတ်ထားသော မူဝါဒ ရပ်တည်ချက်များကို အကောင်အထည်ဖော်ရေးဆန္ဒအမှန်ရှိကြရာ ပြည်သူထံ ပေးထားသောကတိကဝတ်များ အတိုင်း လက်တွေ့ဖော်ဆောင်ပေးရန် တာဝန်ခံမှုရှိကြသည်။ မဲဆန္ဒရှင်များသည် အဓိကအားဖြင့် ဆန္ဒမဲပုံးမှ တစ်ဆင့် ပါတီများကို ဆုပေး (သို့) ဒဏ်ပေးမှုကို ပြုလုပ်နိုင်ကြသည်။ စနစ်ကို အဓိကအားပြုမှုအများဆုံးဖြစ် သည့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျတာဝန်ခံမှုကို ပိုမိုခိုင်မာစေသဖြင့် ကျဉ်းမြောင်းသောရည် ရွယ်ချက်များကို အဓိကထားပြီး နိုင်ငံ့အရင်းအမြစ်များကို ထိန်းချုပ်ရန်ကြိုးပမ်းသော အခြားပါတီမျိုးများ ထက် နိုင်ငံအနှံ့ဖွံ့ဖြိုးတိုးတက်မှု(ဥပမာ အလုပ်အကိုင်၊ လူထုဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးခြင်း၊ လုံခြုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး)ကို ဆောင်ကြဉ်းပေးလာမှုပိုင်းတွင် ပိုအားသာဖွယ်ရှိသည်။ ထိုထက် စနစ်ကိုအဓိကအားပြုသောပါတီများ၏ တာဝန်ခံမှုမြင့်မားခြင်းက ဒီမိုကရေစီစနစ်ကို တရားဝင်မှုဖြစ်စေရန်ပံ့ ပိုးပေးနိုင်ပြီး အုပ်ချုပ်ရေးကို အလေးထားခြင်းနှင့် မူဝါဒရေးရာ အချေအတင်ဆွေးနွေးမှုရှိခြင်းကြောင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပွင့်လင်းမြင်သာမှုကိုပါ တိုးပွားစေသည်။ စနစ်အဓိကပါတီများသည် နိုင်ငံအနှံ့ လူထုအကျိုးပြုလုပ်ငန်းများကို အဓိကထားဆောင်ရွက်သဖြင့် ယင်းပါတီများသည် လူ့အဖွဲ့အစည်း၏ပိုမို ကျယ်ပြန့်သောကဏ္ဍများကိုပါ ပို၍ထည့်သွင်းစဉ်းစားဖွယ်ရာရှိသည်။

ကောင်းမွန်သောအုပ်ချုပ်ရေးအပေါ် စနစ်အဓိကအားပြုသောနိုင်ငံရေး၏သက်ရောက်ချက်

စနစ်အဓိကအားပြုသောပါတီများသည် မူဝါဒဆွေးနွေးငြင်းခုံမှု၊ ခေါင်းဆောင်များ၏စွမ်းရည်များနှင့် အစိုးရ၏ မှတ်တမ်းအပေါ် အလေးထားတတ်ကြသည်။ ဤသို့အလေးထားခြင်းကြောင့် အစိုးရ၏ အချိန်နှင့်အမျှ စီးပွား ရေးနှင့် အခြားသောကိစ္စရပ်များနှင့်စပ်လျဉ်းသော စွမ်းဆောင်မှုအရည်အသွေးကို တိုးတက်လာစေဖွယ်ရာရှိ သည်။ ဘရာဇီး၊ အိန္ဒိယနှင့် ဇမ်ဘီယာနိုင်ငံတို့တွင် စနစ်အဓိကအားပြုသောပါတီများ ပေါ်ပေါက်လာခြင်းက ဘေးဖယ်ထုတ်ခံအစုအဖွဲ့များ၏ ပါဝင်ဆောင်ရွက်ခြင်းကို ပိုမြင့်မားစေခဲ့သလို၊ ဆင်းရဲမွဲတေမှုကို ဖြေရှင်းပေး သည့် မူဝါဒများလည်း ပိုမိုခိုင်မာလာခဲ့သည်။ အိန္ဒိယတွင် စနစ်အဓိကအားပြုသောနိုင်ငံရေးသည် ပြည်နယ်အ ဆင့်နိုင်ငံရေးအလွှာတွင် ‘ကောင်းမွန်သောအုပ်ချုပ်ရေးလုပ်ငန်းစဉ်၏အရေးကြီးမှု’ကို မြင့်မားစေခဲ့သည်။

ဘရာဇီးနိုင်ငံကဲ့သို့ စနစ်အဓိကပါတီစနစ်များ ဖြစ်ထွန်းလာပုံကိုကြည့်လျှင် ယင်းပါတီစနစ်များသည် ပါတီနိုင် ငံရေးနှင့် မူဝါဒချမှတ်ခြင်းတို့တွင် အစီအစဉ်ကျမှုနှင့် မူမှန်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရသည်။ အစီအ စဉ်ကျမှုနှင့် မူမှန်မှုရှိမှ နိုင်ငံရေးစနစ်များကို တည်ငြိမ်ခိုင်မာစေမည်ဖြစ်ပြီး မဲဆန္ဒရှင်များအတွက် ၎င်းတို့၏ ကိုယ်စားလှယ်များကို တာဝန်ခံခိုင်းရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

လိုလိုလားလားတုံ့ပြန်ဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ခြင်း

တာဝန်ခံမှုမြင့်မားခြင်းသည် အစိုးရကို လိုလိုလားလားဖြင့် ပိုမိုတုံ့ပြန်ဆောင်ရွက်စေရန် တွန်းအားပေးတတ် သည်။ စနစ်အဓိကပါတီများသည် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးနယ်ပယ်တို့ တွင် ၎င်းတို့၏မူဝါဒပန်းတိုင်များနှင့် ဆက်စပ်နေသော ခိုင်လုံခြေမြစ်မှုရှိသည့် အစီအစဉ်များကို ချမှတ်သည်။

စနစ်အဓိကပါတီများသည် ကောင်းမွန်သောအုပ်ချုပ်ရေး၊ စီးပွားရေးစွမ်းဆောင်မှုအစရှိသည့်နယ်ပယ်များတွင် ၎င်းတို့၏ဆောင်ရွက်ချက်အတွက် တာဝန်ခံမှုပိုရှိနိုင်သည်။ ဤသို့ဖြစ်ရသည်မှာ မဲဆန္ဒရှင်များသည် ပါတီများ ကိုရွေးကောက်(သို့ ပြန်လည်ရွေးကောက်)ကြသည့်အခါ ယင်းပါတီများ၏အစီအစဉ်များသည် လူထု၏လိုအပ် ချက်များကို မည်သို့ လိုလိုလားလား တုံ့ပြန်ဆောင်ရွက်ပေး၊မပေးကို အခြေခံကြည့်လိမ့်မည်ဖြစ်သောကြောင့် ပင်။ အလားတူပင် မဲဆန္ဒရှင်များသည် ပါတီ၏အစီအစဉ်တွင် တင်ပြထားသော မူဝါဒပန်းတိုင်များကိုအကောင် အထည်ဖော်မပေးသော အုပ်ချုပ်နေသည့်အာဏာရပါတီများကိုလည်း ရွေးကောက်လိမ့်မည်မဟုတ်ပါ။

တပည့်မွေးရေးအဓိကအားပြုသောပါတီစနစ်များတွင် မဲဆန္ဒရှင်များသည် ခေါင်းဆောင်များကို တာဝန်ခံခိုင်း သော်လည်း အုပ်ချုပ်ဆဲအာဏာရပါတီက ၎င်းတို့၏လူမှုအသိုင်းအဝိုင်းကို မည်သို့ ဂရုတစိုက်ဆောင်ရွက်ပေး သည်၊ (သို့မဟုတ်) ပါတီခေါင်းဆောင်များသည် နည်းပေးလမ်းပြဆရာများအဖြစ် ၎င်းတို့၏တာဝန်များကို မည် သို့ ကောင်းမွန်စွာ ထမ်းဆောင်သည်ဟူသောအချက်များကိုကြည့်၍ တာဝန်ခံခိုင်းခြင်းဖြစ်သည်။ လူထုအ ကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေး၊မပေးအပေါ်အခြေခံ၍ တာဝန်ခံခိုင်းခြင်းမဟုတ်ပါ။ အကျိုးရလဒ် အားဖြင့် အစိုးရများသည် အဂတိလိုက်စားမှုအပေါ် တာဝန်ယူခြင်း၊ စီးပွားရေးတိုးတက်မှုရပ်ဆိုင်းခြင်းနှင့် အ ကျိုးမရှိသောဗြူရိုကရေစီဖြစ်စဉ်များကဲ့သို့ အဓိကဖြေရှင်းမနိုင်မှုများစွာရှိသော်လည်း တစ်စုံတစ်ရာအရေးယူ ခံရခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတတ်သည်။

စနစ်အဓိကအားပြုသောပါတီများသည် မူဝါဒရပ်တည်ချက်များကို အခြေခံ၍ လူထုထောက်ခံမှုကို စည်းရုံးနိုင် သဖြင့် ယင်းပါတီများသည် ၎င်းတို့၏ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ၊ စွမ်းဆောင် မှုအားနည်း၍ဖြစ်စေ တာဝန်ခံမှုပိုင်းတွင် လျော့ကျမသွားဘဲ အများကြီးပိုရှိလာနိုင်သည်။

ခွင့်တူညီမျှခြင်း၊ အားလုံးပါဝင်နိုင်ခြင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်း
စနစ်အဓိကအားပြုသောနိုင်ငံရေးသည် ယခင်တုန်းက ကိုယ်စားပြုခံခွင့်မရခဲ့ရှာသော လူမှုအသိုင်းအဝိုင်းများ ၏ မူဝါဒရွေးချယ်ချက်များကို ဦးစားပေးချမှတ်ပေးတတ်သည်။ ဥပမာ အိန္ဒိယနိုင်ငံတွင် မတူသောစနစ်အဓိက ပါတီများ ပေါ်ပေါက်လာသဖြင့် ပါတီစနစ်အတွင်းမှာပင် လူ့အဖွဲ့အစည်း၏မတူကွဲပြားသောအစိတ်အပိုင်းနှစ် ရပ်အပေါ်ကိုယ်စားပြုမှုမှာ မြင့်မားလာခဲ့သည်။ ကွန်ဂရက်ပါတီ လွှမ်းမိုးစဉ်က ဘေးဖယ်ထုတ်ခံဖြစ်နေရသော လူ့အဖွဲ့အစည်းအတွင်း အဆင်းရဲဆုံးသောလူတန်းစားများ၏ လိုအပ်ချက်များသည်
BSPပါတီ ထွက်ပေါ်လာ သဖြင့် ပါတီစနစ်အတွင်း ပိုမိုထင်ရှားစွာ ကိုယ်စားပြုခံလာရသည်။

စနစ်အဓိကပါတီများသည် အာဏာမရသည့်တိုင် ယင်းတို့၏ပါတီအစီအစဉ်များတွင် အလေးထားမြှင့်တင်နေ သောပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းပေးမည့် မူဝါဒများအား အုပ်ချုပ်ဆဲအာဏာရပါတီများဘက်က ချ မှတ်ပေးလာစေရန် ဩဇာညောင်းနိုင်သည်။ ဥပမာ BSP ပါတီကို လူကြိုက်များလာခြင်းသည် ကွန်ဂရက်ဦး ဆောင်သောအစိုးရကို နိုင်ငံလုံးဆိုင်ရာကျေးလက်အလုပ်အကိုင်အာမခံချက်ဥပဒေပြဋ္ဌာန်းလာစေရန် တွန်း အားပေးနိုင်ခဲ့သည်။ ယင်းဥပဒေသည် ကျေးလက်အိမ်ထောင်စုတိုင်း တစ်နှစ်လျှင် အစိုးရအလုပ်ကို ရက်ပေါင်း ၁၀၀ လုပ်ရန်အာမခံပေးထားသည်။

ထိရောက်ခြင်း၊ အကျိုးများခြင်းနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခြင်း

စနစ်အဓိကအားပြုသောပါတီများသည် ကောင်းမွန်သောအစိုးရဖြစ်ပေါ်ရေး စည်းရုံးလှုပ်ရှားမှုများကို ပေါ်ပေါ် ထင်ထင် ဆောင်ရွက်ကြသည်၊ တစ်ဆက်တည်းပင် အဂတိလိုက်စားမှုကင်းရှင်းရေး ကတိပေးထားသည့်အ တိုင်း လက်တွေ့ဖော်ဆောင်သည်၊ အစိုးရအဖွဲ့အတွင်း အကျိုးများမှုနှင့် ထိရောက်မှုကို မြှင့်တင်သည်။

ဤသို့ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍သာဓကပြရမည်ဆိုပါက အိန္ဒိယနိုင်ငံရှိ ဘီဟာပြည်နယ်ပင်ဖြစ်သည်။ ဘီ ဟာပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဆယ်စုနှစ်နှင့်ချီကာ ရာဇဝတ်မှုများ၊ တပည့်မွေး နိုင်ငံရေးနှင့် စီးပွားရေးတိုးတက်မှုရပ်တန့်နေခြင်းများနှင့် ရင်ဆိုင်ရသည်။ ထို့နောက် ၂၀၀၅ခုနှစ်တွင် ပြုပြင် ပြောင်းလဲရေးဝါဒီ နတစ်ကူးမား ရွေးကောက်ခံရပြီးနောက် နှစ်စဉ်ဖွံ့ဖြိုးမှု ၁၁ ရာခိုင်နှုန်းအထက်ရှိလာပြီးအ စိုးရ၏စွမ်းဆောင်ရည်မှာလည်း စင်စစ်တိုးတက်လာခဲ့သည်။

နတစ်ကူးမားသည် အစိုးရအဖွဲ့အစည်းများနှင့် ပြည်နယ်ဌာနဆိုင်ရာအဆောက်အအုံများကို သိသိသာသာတိုး တက်မှုရှိအောင် ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် ကျောင်းနေမိန်းကလေးများကို စက်ဘီးထောက်ပံ့ပေးခြင်းနှင့် လယ်သမားများကို ချေးငွေထုတ်ပေးခြင်းများကိုလည်း ရှေ့ဆောင်ပြုလုပ်ခဲ့သည်။ ပြည်နယ်နှစ်ခုစလုံးတွင် ထိ ရောက်သောစီးပွားရေးပြုပြင်ပြောင်းလဲမှုများရှိခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ယူနိုင်ခဲ့သည်။ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်ပြီး စီးပွားရေးတိုးတက်မှုကို တစ်ဆင့်ပိုမြင့်မားစေခဲ့သည်။

အဂတိလိုက်စားမှုလျှော့ချရေးကိစ္စတွင် စနစ်အဓိကပါတီများနှင့် ကင်း၍မဖြစ်ပါ။ ယင်းပါတီများ၏ သက် ရောက်ချက်သည် အပြုသဘောဆောင်သည်။ ကနဦးစွာ မူဝါဒကိစ္စရပ်များကို ချပြခြင်း၊ ကောင်းမွန်သောအုပ် ချုပ်ရေးတစ်ရပ်၏အရေးပါပုံအကြောင်းဟောပြောရင်း လူထုထောက်ခံမှုကို စည်းရုံးခြင်းဖြင့် ပါတီများသည် အထူးသဖြင့် ယင်းတို့ရထားသောရွေးကောက်ပွဲထောက်ခံမှုကို တိုက်စားပစ်နိုင်စွမ်းရှိသည့် အဂတိလိုက်စားမှု အပုပ်နံ့များနှင့် ခပ်ကင်းကင်းနေလာကြသည်။ ဒုတိယအချက်ကမူ စနစ်အဓိကပါတီများသည် နည်းပေး လမ်း ပြဆရာအတတ်ကို ပါတီထောက်ခံကြသူများထံလက်ဆင့်ကမ်းပေးနိုင်မှုအပေါ်အခြေခံပြီး ရွေးကောက်ပွဲ အောင်မြင်မှုကို ရယူတတ်ကြသူများမဟုတ်သဖြင့် တိုင်းပြည်သယံဇာတအရင်းအမြစ်များကို အလွဲသုံးစား လုပ်ရန်မလိုအပ်ပေ။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပါတီထောက်ခံသူများသည် ပါတီအဖွဲ့အစည်းအပေါ် ရန်ပုံငွေထည့်ဝင်နိုင်မှုအားနည်းသဖြင့် ပါတီအားလုံး ရန်ပုံငွေစိန်ခေါ်ချက်များနှင့် ရင်ဆိုင်ရသည်။ သို့သော် အ ဂတိလိုက်စားမှုကို ဆွဲဆောင်နေသော မက်လုံးပေးမဲဆွယ်မှုများကမူ တပည့်မွေးအဓိကပါတီများလောက် ခိုင် မာအားကောင်းခြင်းမရှိပါ။