အသစ်များ > နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ

နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ

2023-01-21

နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ။ ခြားနားချက်များနှင့် ထပ်တူကျချက်များ

အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ပါတီများအတွက်လည်း အတူတူဖြစ်သည့် လုပ်ငန်းဆောင်တာများကို အ ကောင်အထည်ဖော်ပေးရနိုင်သည်။ သို့ရာတွင် ပါတီများ၏အရေးကြီးဆုံးလုပ်ငန်းဆောင်တာကိုမူ အရပ်ဘက် လူ့အဖွဲ့အစည်းများက ဖြည့်ဆည်းပေး၍မရနိုင်ပါ။ တစ်နည်းအားဖြင့် အထွေထွေရွေးကောက်ပွဲများတွင် ပါဝင် ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အဆိုပါလုပ်ငန်းသည် ပါတီများအတွက် နိုင်ငံရေးအာဏာခွဲတမ်းကိုပေးရုံသာ မက၊ ပါတီများ၏ကိုယ်စားပြုမှုကိုလည်း သေချာစေပါသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းဆောင်ရွက်ကြသူများသည် အစိုးရကို လူ့အဖွဲ့အ စည်းနှင့် ချိတ်ဆက်ပေးချိန်တွင် အရေးပါကြသည်။ ၎င်းတို့ပါဝင်ရသည့်အခန်းကဏ္ဍများအနက် အချို့မှာ တူညီနေကြသလို၊ ၎င်းတို့နှစ်ဖွဲ့ကြား ဆောင်ရွက်ရသည့်လုပ်ငန်းပိုင်းထပ်တူကျနေသည်လည်း ရှိတတ်သည်။ သို့ရာတွင် နိုင်ငံရေးပါတီများနှင့် စီအက်စ်အိုများကြား အဓိကကွဲပြားချက်မှာ ပါတီများက ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကာ အနိုင်ရပြီး အစိုးရအာဏာကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ချိန်တွင် တစ်ဖက်၌ စီအက်စ်အိုများက ထိုသို့မရည်ရွယ်ထားခြင်းပင်ဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းဆောင်ရွက်ကြသူများသည် ရွေးကောက်ပွဲ များ၌ဝင်ပြိုင်ခြင်းမရှိပါ၊ ၎င်းတို့၏အကြောင်းပြချက်မှာ အထူးသီးခြားအကျိုးစီးပွားများကိုယ်စား ဆောင်ရွက် ရန်ဖြစ်ပြီး ၎င်းတို့၏တောင်းဆိုချက်များနှင့် အလေးထားချက်များကို စုစည်းဖော်ပြပေးရန်ဖြစ်သည်။

လှုံ့ဆော်စည်းရုံးရေးအရပ်ဘက်လူ့အဖွဲ့အစည်းများသည် မူဝါဒပုံဖော်ရေးကို ထည့်ဝင်ပံ့ပိုးပေးနိုင်သည်။ စီ အက်စ်အိုအချို့သည် မူဝါဒချမှတ်သူများအတွက် လိုအပ်သော အတတ်ပညာကျွမ်းကျင်မှုကို ပံ့ပိုးပေးနိုင်ပြီး အ စိုးရများနှင့် နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ် ဖိအားပေးနိုင်သည်။ စီအက်စ်အိုများသည် နိုင်ငံသားပါဝင် ဆောင်ရွက်ခြင်းကို အားပေးပြီး နိုင်ငံသားပညာရေးကို မြှင့်တင်ပေးသည်။ စီအက်စ်အိုများသည် ခေါင်းဆောင် မှုပညာသင်တန်းပေးခြင်းကို ဆောင်ရွက်ပြီး လူငယ်များနှင့် ဘေးဖယ်ထုတ်ခံများအတွက် အခွင့်အလမ်းများ ကို ဖန်တီးပေးသည်။ ထို့အပြင် နိုင်ငံရေးတွင် လူငယ်များနှင့် ဘေးဖယ်ထုတ်ခံများ ပါဝင်ဆောင်ရွက်လာနိုင် ရေးအတွက် ထောက်ပို့ယာဉ်တစ်စီးအဖြစ်လည်း စီအက်စ်အိုများက ဆောင်ရွက်ပေးပါသည်။

အကျိုးစီးပွားတူအုပ်စုများသည် ပါတီများ၏လုပ်ငန်းဆောင်တာတချို့ကို ဆောင်ရွက်သည့်တိုင် ၎င်းအုပ်စုများ မှာ အောက်ပါအဓိကသွင်ပြင်လက္ခဏာသုံးရပ်ကိုအခြေခံ၍ ပါတီများနှင့် မတူကွဲပြားမှုရှိနိုင်သည်။

  • စီအက်စ်အိုများသည် လွှတ်တော်အမတ်နေရာများအတွက် နိုင်ငံရေးယှဉ်ပြိုင်မှုတွင် ပါဝင်ခြင်းမရှိပါ။
  • စီအက်စ်အိုများ၏တာဝန်များ၊ ဦးတည်ချက်များ၊ လမ်းစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ဝင် စားရာနယ်ပယ်များသည် အများအားဖြင့် အထူးသီးခြားလူမှုရေးအုပ်စုများ၏ သီးခြားအရေးကိစ္စရပ် များ သို့မဟုတ် အလေးထားချက်များအတွက်သာ ဦးတည်၍ ကန့်သတ်ထားခြင်းဖြစ်သည်။ တစ်ဖက်တွင် ပါတီများသည် ယေဘုယျအားဖြင့် ပိုမိုအထွေထွေကျသောပုံစံတစ်ရပ်ကိုသာ ဦးတည်ပြီး မတူကွဲ ပြားသောလူမှုရေးအုပ်စုများ၏ကိုယ်စားပြုခြင်း သို့မဟုတ် ပေါင်းစည်းခြင်းနှင့်ဆိုင်ရာလုပ်ငန်းဆောင် တာများကိုသာ ရည်ရွယ်ဖော်ဆောင်သည်။
  • စီအက်စ်အိုများသည် ၎င်းတို့ကိုယ်စားပြုသည့်အကျိုးစီးပွားများရှင် အုပ်စုများနှင့် ပိုမိုဆက်ဆံသည်။ ဥပမာ စီးပွားရေးအဖွဲ့အစည်းများသည် အဖွဲ့ဝင်များ၊ ကော်ပိုရေးရှင်းများနှင့် ၎င်းတို့၏ကိုယ်စားလှယ် များ၏အကျိုးစီးပွားများအတွက်သာ အဓိကဦးတည်ဆောင်ရွက်သည်။ ကုန်သွယ်ရေးသမဂ္ဂများသည် အလုပ်သမားများ၏အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ရှေ့တန်းတင်ကာ လှုပ်ရှားဆောင်ရွက်ကြ သည်။ ယင်းသို့လှုပ်ရှားဆောင်ရွက်ရာနယ်ပယ်များအနက် အဓိကအားဖြင့် လုပ်ခညှိနှိုင်းဆောင်ရွက် ရေးနှင့် လုပ်ငန်းခွင်အခြေအနေများစသည်တို့ကို အရေးထားသည်။ အခြားအဖွဲ့အစည်းများမှာမူ လူမှု အကျိုးပြုဝန်ဆောင်မှုများကို အရေးပေးသည့် လူမှုဖူလုံရေးအစည်းအရုံးများကဲ့သို့ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုရေးရာကိစ္စရပ်များ၊ သို့မဟုတ် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအပေါ် အလေးထားဆောင်ရွက်သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများအတွက် ဆောင်ရွက်ရမည်ဟု အကြိမ်ကြိမ်မှတ်ယူထားသည့် အခန်းကဏ္ဍများတွင် ထပ်တူကျနေသော ဝိသေသရှိသည်။ ဒီမိုကရေစီစနစ်ခိုင်မာတည်တံ့ရေးဖြစ်စဉ်တွင် အ ထက်ပါနှစ်ဖွဲ့၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်သောအကျဉ်းချုပ်ကို အောက်တွင် ဖော်ပြပေးထားသည်။

ဇယား၂။ နိုင်ငံရေးပါတီများနှင့် စီအက်စ်အိုများ၏လုပ်ငန်းဆောင်တာများ

 

နိုင်ငံရေးပါတီနှင့် စီအက်စ်အို ပူးပေါင်းဆောင်ရွက်ခြင်း

နိုင်ငံရေးပါတီများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၏အကျိုးကျေးဇူးများ

အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းသည် နိုင်ငံရေးပါတီအများအပြားအတွက် အကျိုးကျေးဇူးများ ရှိနိုင်ပါသည်။ ပါတီအားလုံးသည် အချိန်၊ လူနှင့် ငွေကြေးကိုအကန့်အသတ်ဖြင့်ထားသည်။ ပါတီများတွင် ရင် ဆိုင်နေကျဖြစ်သော စိန်ခေါ်ချက်တချို့မှာ ခေါင်းဆောင်သစ်များကို လေ့ကျင့်သင်တန်းပေးခြင်း၊ ဉာဏ်အမြော် အမြင်ပြည့်၀သောမူဝါဒများနှင့် လမ်းစဉ်များဖွံ့ဖြိုးရေးနှင့် မဲဆန္ဒရှင်ပြည်သူများနှင့် ထိတွေ့ဆက်သွယ်မှု တိုး တက်စေရေးတို့ပင်ဖြစ်သည်။ သင်၏တိုင်းပြည်နှင့် ပါတီတွင်း အထူးအခြေအနေအပေါ် မူတည်ကာ စီအက်စ် အိုများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းသည် သင့်ပါတီအား ပါတီတွင်းဒီမိုကရေစီစနစ်၊ ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းကျယ်မှုတို့ကို တိုးတက်အောင်မည်သို့ကူညီပေးနိုင်ပုံ၊ နိုင်ငံသားများ၏ပြဿနာရပ်များကို သင့်ပါတီ က ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရန် မည်သို့ကူညီပေးနိုင်ပုံတို့နှင့်စပ်လျဉ်းသော အတွေးအမြင်တချို့ကို ယခု တင်ပြထားသည်။

ပါတီတွင်းဒီမိုကရေစီစနစ်ကို တိုးတက်စေခြင်း

ပါတီများသည် မိမိတို့၏လမ်းစဉ်များ၊ မူဝါဒများနှင့်အရည်အသွေးများကို တိုးတက်စေရေး စီအက်စ်အိုများထံ အကူအညီတောင်းခံနိုင်သည်။ ထို့အပြင် မူဝါဒလေ့လာသုံးသပ်ရေး၊ ပါတီလမ်းစဉ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဥပ ဒေပြုရေးရှေ့ပြေးဆောင်ရွက်ချက်များအစရှိသည့်လုပ်ငန်းများအတွက် ကျွမ်းကျင်ပညာရှင်များထောက်ပံ့ပေး ခြင်းဖြင့်လည်းကောင်း၊ ပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ခံအရာရှိများနှင့် ကိုယ်စားလှယ်များနှင့်အတူ ရွေးကောက်ပွဲများ၊ ဥပဒေပြဋ္ဌာန်းခြင်းကို ဆိုင်းငံ့ခြင်း သို့မဟုတ် လူထုဦးစားပေးချက်များ ပေါ်ထွက်လာစေ ရေးတို့နှင့်ဆက်စပ်၍ မူဝါဒဆွေးနွေးပွဲများ၊ ဖိုရမ်များ ကျင်းပခြင်းဖြင့်လည်းကောင်း၊ လူထုသဘောထား ကောက်ခြင်းနှင့် စစ်တမ်းယူခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊ ပါတီခေါင်း ဆောင်များ၏အရည်အသွေးများ (စေ့စပ်ညှိနှိုင်းမှု၊ ဆက်သွယ်ပြောဆိုမှု၊ စီမံခန့်ခွဲမှု) မြင့်မားလာစေရန်နိုင်ငံ ရေးပါတီအဖွဲ့ဝင်များကို လေ့ကျင့်သင်တန်းပေးခြင်းဖြင့်လည်းကောင်း အစရှိသည်တို့ကို လုပ်ဆောင်ရင်း ပါတီ ကို ပိုမိုသွက်လက်၊ ထိရောက်ပြီး ပညာရှင်ပီသသောပါတီတစ်ရပ်ဖြစ်လာစေရေးအတွက် စီအက်စ်အိုများထံ အ ကူအညီတောင်းခံနိုင်သည်။

ပွင့်လင်းမြင်သာမှုကို တိုးတက်စေခြင်း

ပါတီများသည် ပါတီတွင်းရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခြင်းဖြင့်လည်းကောင်း၊ ပါတီကျင့်ဝတ် စည်းကမ်းဖွံ့ဖြိုး/တိုးတက်စေရန်ကျင့်ဝတ်ဥပဒေဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့် ကူညီပံ့ပိုးပေးခြင်းဖြင့်လည်း ကောင်းအစရှိသည်တို့ကို လုပ်ဆောင်ရင်း ပါတီတွင်းပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီစနစ်ကို တိုးတက်စေရေး အတွက် စီအက်စ်အိုများထံ အကူအညီတောင်းခံနိုင်သည်။

လက်လှမ်းကျယ်မှုကို တိုးတက်စေခြင်း

ပါတီများသည် စီအက်စ်အိုသတင်းလွှာများတွင် ဆောင်းပါးများကို ထည့်သွင်းခြင်းဖြင့်လည်းကောင်း၊ ပါတီက  ထောက်ပံ့ထားသည့် ဥပဒေပြဋ္ဌာန်းခြင်းကို မီးမောင်းထိုးပြခြင်းဖြင့်လည်းကောင်း၊အခမ်းအနားများသို့ ပါတီ များကို ဖိတ်ကြားခြင်းဖြင့်လည်းကောင်း၊ ပါတီကိုယ်စားလှယ်များအတွက် မဲထည့်ရန် ပါတီဝင်များကို အား ပေးခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲများတွင် ဆန္ဒမဲများရရှိရန် စည်းရုံးရာ၌ စေတနာ့လုပ်အားပေးများ သုံး၍အကူအညီပေးခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲမကျင်းပခင်ကာလအတွင်းပါတီအဖွဲ့ဝင်သစ်ကို ပြင် ဆင်ရန်နှင့်အခြားပါတီအလုပ်ကို ကူညီရန်အတွက်စေတနာ့လုပ်အားပေးများသုံး၍ ကူညီခြင်းဖြင့်လည်း ကောင်း၊ နိုင်ငံသားများ၏နိုင်ငံရေးပါဝင်ဆောင်ရွက်မှုကို မြင့်မားစေခြင်းဖြင့်လည်းကောင်း၊ နိုင်ငံရေးပါဝင် ဆောင်ရွက်ခြင်းကို အားပေးခြင်းဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အသိပညာပေးဝန်ဆောင်မှုများ ဆောင်ရွက်ပေး ခြင်းဖြင့်လည်းကောင်း၊ လူထုထံမှ ပါတီကို ဝင်ပူးပေါင်းလာစေရေးအားပေးရန်အတွက် နိုင်ငံရေးပါတီတစ်ခုကို တရားဝင်လူ သိရှင်ကြား ထောက်ခံရပ်တည်ပေးခြင်းဖြင့်လည်းကောင်း အစရှိသည်တို့ကို လုပ်ဆောင်ရင်း နိုင်ငံသားများ၏ အလေးထားချက်များကို ပါတီများက သိနားလည်လာစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်သွယ်ပြောဆိုလာနိုင်စေရေးအတွက် စီအက်စ်အိုများထံ အကူအညီတောင်းခံနိုင်သည်။

စီအက်စ်အိုများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၏အကျိုးကျေးဇူးများ

စီအက်စ်အိုများသည် သဘောထားအမြင်များကို စုဖွဲ့ပြီး မူဝါဒအပေါ် လွှမ်းမိုးဩဇာညောင်းနိုင်ရန် ကြိုးစား သော်လည်း သာမန်အားဖြင့် အဆိုပါမူဝါဒကို လက်တွေ့အကောင်အထည်ဖော်မပေးနိုင်ပါ။ ထို့ကြောင့် မိမိတို့ နှင့် အတွေးအမြင်ချင်းတူညီသော ပါတီတစ်ခုရှိလျှင် အဆိုပါပါတီနှင့် တစ်နည်းနည်းဖြင့် အလုပ်အတူတွဲလုပ် ရေးသည် စီအက်စ်အိုများအတွက် အလွန်စိတ်ဝင်စားစရာကိစ္စဖြစ်နိုင်ပြီး အလုပ်အတူတွဲလုပ်ခြင်းကြောင့် စီ အက်စ်အိုများအနေဖြင့် ဘုံတူညီသောပန်းတိုင်တစ်ရပ်ဆီ ပိုမိုထိရောက်စွာ ဆိုက်ရောက်သွားနိုင်မည်ဖြစ် သည်။

ဘုံတူညီသောအကြောင်းတရားတစ်ခုရှိသည့်အခါမျိုးတွင် စီအက်စ်အိုဘက်က နိုင်ငံရေးပါတီတစ်ခုနှင့် ပူး ပေါင်းဆောင်ရွက်ခြင်းသည် ၎င်း၏အကျိုးစီးပွားများ တိုးတက်လာမည့်အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ရှု မြင်သွားကောင်းသွားနိုင်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါတီဘက်က ဥပဒေပြု ရေးကို အဆိုပြုလာနိုင်သည်၊ အရေးကိစ္စရပ်တစ်ခုနှင့်စပ်လျဉ်း၍ လူထုသိမြင်နားလည်မှုကို လူသိရှင်ကြား ဆွေးနွေးနိုင်သည်၊ လူထုအသိကို ပိုနက်ရှိုင်းသွားအောင် ဆောင်ရွက်နိုင်သည်၊ သို့မဟုတ် အရေးကိစ္စတစ်ခု အတွက် အစိုးရရန်ပုံငွေထောက်ပံ့မှုကို တိုးမြှင့်ပေးရန် အဆိုပြုနိုင်သည်။ တချို့ကိစ္စရပ်များတွင် ပါတီသည် အ ငြိမ်းစားပင်စင်လစာပြင်ဆင်ရေး၊ သို့မဟုတ် အလယ်တန်းပညာရေး တိုးတက်ဖွံ့ဖြိုးရေးကဲ့သို့သော ဘုံတူညီ သောလမ်းစဉ် သို့မဟုတ် အရေးကိစ္စရပ်တစ်ခုကို လှုံ့ဆော်စည်းရုံးရန် စေတနာ့လုပ်အားပေးများနှင့် ပါတီဝင် များကို ပံ့ပိုးပေးနိုင်သည်။

အမှန်စင်စစ်တွင် ပါတီများနှင့် အတူလက်တွဲအလုပ်လုပ်မည့်လမ်းကို လုံး၀မရွေးချယ်သော စီအက်စ်အိုတချို့ ရှိသည်။ ပါတီမဟုတ်ခြင်းဟူသော ၎င်းတို့၏အခြေအနေကို ဆက်ထိန်းသိမ်းရန် ပါတီအများနှင့် အလုပ်တွဲလုပ် ချင်သည့် စီအက်စ်အိုများလည်းရှိသည်။ မိမိတို့၏တန်ဖိုးများနှင့် ကိုက်ညီပြည့်၀သည့် ပါတီတစ်ခုနှင့်သာလက် တွဲလုပ်ချင်သောစီအက်စ်အိုများလည်း ရှိသည်။ သင့်ပါတီ၏အကျိုးစီးပွားများနှင့် မည်သည့်စီအက်စ်အိုက ကိုက်ညီပြည့်၀မှုရှိမည်ကို ဂရုပြုချိန်ဆခြင်းဖြင့် သင့်ပါတီသည် ပါတီအများအပြားကပြဿနာတစ်ရပ်ဟု သိ မြင်ထားသည့်အရာကို နိုင်ငံသားပြဿနာများအားဖြေရှင်းရန်အတွက် ဩဇာအရင်းအမြစ်များရရှိမည့်အပြုသ ဘောဆောင်သောအခွင့်အလမ်းတစ်ရပ်အဖြစ် ကူးပြောင်းပစ်နိုင်သည်။