အသစ်များ > နိုင်ငံရေးသဘောထားအမြင်များ

နိုင်ငံရေးသဘောထားအမြင်များ

2022-08-29

နိုင်ငံရေးပါတီတစ်ရပ်၏နိုင်ငံရေးသဘောထားအမြင်ဟူသည်မှာ ထိုပါတီက ဖော်ဆောင်ပေးချင်သော နိုင်ငံရေးအ​ ပြောင်းအလဲ၏လိုအပ်သောအရှိန်အဟုန်၊ သဘောသဘာ၀နှင့်စပ်လျဉ်းသောအမြင်များကို ဖော်ပြခြင်းဖြစ်သည်။ အဆို ပါသဘောထားအမြင်များကို အမျိုးအစားသုံးမျိုးခွဲခြားထား၏။ ယတိပြတ်၊ အလယ်အလတ်နှင့် ရှေးရိုးစွဲဟူ၍ဖြစ် သည်။ နိုင်ငံရေးအတွေးအခေါ်ဝါဒတစ်ရပ်ကိုလည်းကောင်း၊ နိုင်ငံရေးသဘောထားအမြင်တစ်ရပ်ကိုလည်းကောင်းဖော် ပြရန် ရှေးရိုးစွဲဟူသောစကားလုံးကို အသုံးပြုနိုင်သည်။

(က) အစွန်းရောက်ပါတီများ

အစွန်းရောက်ပါတီများသည် မျက်မှောက်နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးစနစ်တို့ အဆုံးစွန်ပြောင်းလဲသွားရေးကို ယုံ ကြည်သည်။ လက်ရှိစနစ်သည် ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး မြှင့်တင်ရုံ (သို့မဟုတ်) ပြန်လည်ပြင်ဆင်ရုံနှင့် မရဘဲအစား ထိုးပစ်မှသာရမည်ဟု အစွန်းရောက်သမားများက လက်ခံထားသည်။ နိုင်ငံရေးစနစ်သစ်တစ်ရပ်ဖြင့် အစားမထိုးနိုင်ပါက နိုင်ငံရေးကို တိုးတက်အောင်လုပ်၍မရနိုင်ကြောင်း ၎င်းတို့က ပြောသည်။ နိုင်ငံရေးအတွေးအခေါ်ဝါဒကိုဖြစ်စေ၊ နိုင်ငံရေးသဘောထားအမြင်တစ်ရပ်ကိုဖြစ်စေ ဖော်ပြရန် ရှေးရိုးစွဲဟူသော စကားလုံးကို အသုံးပြုနိုင်သည်။

(ခ) အလယ်အလတ်ပါတီများ

မျက်မှောက်စနစ်ကို ပြုပြင်ပြောင်းလဲသင့်ကြောင်း အလယ်အလတ်သမားများက ယုံကြည်သည်။ သို့သော် ယတိပြတ် သမားများနှင့်မတူသည်က ဖြည်းဖြည်းချင်း တရွေ့ရွေ့ဖြင့် စနစ်တကျစီစဉ်ပြောင်းလဲခြင်းကို ၎င်းတို့က အားပေးသည်။ အလယ်အလတ်သမားများ၏အမြင်အရ မျက်မှောက်စနစ်၏အင်စတီကျူးရှင်းများမှတစ်ဆင့် အပြောင်းအလဲသည် အောင်မြင်စွာ ဖြစ်လာနိုင်သည်ဟု ယူသည်။ စနစ်ချည်းသက်သက်ကို ပြောင်းလဲရန် မလိုအပ်ပါ။ အပြောင်းအလဲသည် အချိန်ကာလအတော်ကြာမျှ ဖြစ်ပျက်နိုင်သလို မကြာမကြာလည်း ဖြစ်ပျက်နိုင်သည်။

(ဂ) ရှေးရိုးစွဲပါတီများ

ယတိပြတ်နှင့် အလယ်အလတ်သမားများနှင့်မတူသည်က ရှေးရိုးစွဲပါတီများသည် အပြောင်းအလဲကြီးကြီးမားမားပြု လုပ်ရန်လိုအပ်သည်ဆိုသောအချက်ကို အမြဲတမ်းသဘောမတူပေ။ နိုင်ငံရေးနှင့် လူမှုရေးအင်စတီကျူးရှင်းများသည် ရပ်ရွာတည်ငြိမ်ရေးနှင့် အေးချမ်းရေးကိုပေးစွမ်းသည်ဟု ရှေးရိုးစွဲသမားများက ပြောသည်။ အပြောင်းအလဲများ အလွန် လျှင်မြန်စွာဖြစ်ပျက်လျှင် အစိုးရ၏တရားဝင်မှုသည် အားနည်းသွားနိုင်သည်ဟု ၎င်းတို့ကဆိုသည်။ ဤအကြောင်းများ ကြောင့် ရှေးရိုးစွဲများသည် ရှောင်လွှဲမရနိုင်သည်ကလွဲ၍ အပြောင်းအလဲဟုဆိုတိုင်း ကန့်ကွက်ကြတော့သည်။