အသစ်များ > ဗဟု_အများစု ကိုယ်စားပြုစနစ်များ

ဗဟု_အများစု ကိုယ်စားပြုစနစ်များ

2022-10-01

အနိုင်ရသူအကုန်ယူစနစ် (FPTP)

နိုင်ငံကို ဆန္ဒမဲပေးရမည့်ခရိုင်များခွဲ၍ ပိုင်းခြားထားသည်။ ဆန္ဒမဲခရိုင်တစ်ခုစီတွင် မဲပေးသူများသည် ကိုယ်စားလှယ်လောင်းများစာရင်းတစ်ခုကို ရရှိသည်။ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် မဲတစ်မဲ သာထည့်နိုင်သည်။ ဤသည်ကို ကိုယ်စားလှယ်လောင်းတစ်ဦးသာ မဲပေးသည့်ဆန္ဒမဲခရိုင်များဟူ၍ ခေါ်သည်။ အနိုင်ရသည့်ကိုယ်စားလှယ်လောင်းသည် မဲအများဆုံးရသူဖြစ်သည်(တရားဝင်မဲများ၏ ပကတိအများစုကို ရရှိရန်မလိုအပ်ဘဲ အခြားကိုယ်စားလှယ်လောင်းထက် ဆန္ဒမဲပိုမိုရရှိသူဖြစ်သည်)

ဤစနစ်သည် အဓိကအင်အားကြီးပါတီနှစ်ရပ် ဖွဲ့စည်းယှဉ်ပြိုင်မှုကို အားပေးသည်၊ ထို့နောက် ပါတီ တစ်ရပ်သည် အများအားဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန်အတွက် လုံလောက်သောမဲအရေအတွက်ကို ညွန့်ပေါင်းဖွဲ့ရန်မလိုအပ်ဘဲ ရွေးကောက်ပွဲ၌ အနိုင်ရနိုင်သည်။

ဗြိတိန်ပြည်ထောင်စုနှင့် မြန်မာ၊ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ မလေးရှားနှင့် နီပေါတို့အပါအဝင် သ မိုင်းကြောင်းအရ ဗြိတိန်၏လက်အောက်ခံဖြစ်ခဲ့ကြသော အခြားနိုင်ငံများတွင် အသုံးပြုခဲ့သည်။ FPTP စနစ်ကို အာရှဘက်မှ နိုင်ငံ ၁၀ နိုင်ငံ၊ အာဖရိကဘက်မှ နိုင်ငံ ၁၈ နိုင်ငံနှင့် အချို့သောကျွန်းနိုင် ငံငယ်လေးများကလည်း အသုံးပြုသည်။

ယနေ့ချိန်တွင် အနိုင်ရသူအကုန်ယူစနစ်များသည် ကမ္ဘာတွင် လူကြိုက်အများဆုံးစနစ်ဖြစ်နေသည်။ နိုင်ငံပေါင်း ၂၁၁ နိုင်ငံနှင့် အခြားဆက်စပ်နယ်မြေများအနက်မှ ၆၈ နိုင်ငံအထိ သို့ ၃၂ ရာခိုင်နှုန်းသည် အနိုင်ရယူအကုန်ယူမဲစနစ်များကို အသုံးပြုနေကြသည်။

အားသာချက်များ

  • နှစ်ပါတီရှိသည့်အနက် တစ်ပါတီကို ပြတ်ပြတ်သားသားရွေးချယ်နိုင်သည်။
  • အများအားဖြင့် တစ်ပါတီက အမတ်နေရာအများစုကို ရနိုင်သည်၊ ဆိုလိုသည်မှာ ညွန့်ပေါင်းဖွဲ့ရန်မလို ဘဲ အုပ်ချုပ်နိုင်သည်။ အာဏာရပါတီသည် ယင်းတို့၏မူဝါဒများကို စေ့စပ်ညှိနှိုင်းရခြင်းနှင့် ပဋိပက္ခ ဖြစ်ရခြင်းတို့ မရှိသလောက်နည်းနည်းဖြင့် အကောင်အထည်ဖော်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။
  • ထို့နောက် လူနည်းစုပါတီသည် အတိုက်အခံပါတီဖြစ်လာပြီး အာဏာရပါတီ၏မူဝါဒများကို စစ်ဆေး၊ ဝေဖန်ကြသည်။
  • နိုင်ငံရေးပါတီများသည် လူတကာနှင့် ထိတွေ့နိုင်အောင် မဖြစ်မနေကြိုးစားရသည်။ ဤအချက်သည် လူမျိုးစုအရ ကွဲပြားခြားနားသည့်လူ့အဖွဲ့အစည်းများတွင် အထူးကောင်းမွန်သည်။
  • တစ်ဖက်စွန်းရောက်ပါတီများ၏ရွေးကောက်ပွဲထောက်ခံမှုအင်အားသည် မဲဆန္ဒနယ်မြေတစ်နေရာ တည်းစုစည်းနေခြင်းမရပါက ထိုပါတီများသည် ကိုယ်စားပြုခွင့်ရရေး ရွေးကောက်တင်မြှောက်ခံရ ဖွယ်အလွန်နည်းပါးသည်။
  • ဒေသအလိုက်တာဝန်ယူမှု၊ ကိုယ်စားလှယ်များကို ယင်းတို့၏မဲဆန္ဒနယ်မြေမှ လူထုက တိုက်ရိုက်ရွေး ကောက်ခြင်းဖြစ်ရာ ထိုဒေသခံလူထုအပေါ် တာဝန်ပိုယူပေးရသည်။
  • မဲဆန္ဒရှင်များသည် ပါတီတစ်ခုကို မဲပေးခြင်းထက် ယင်းတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများ ကို ရွေးချယ်နိုင်သည်။ ဤစနစ်သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရနိုင်စေ ရန် အခွင့်အလမ်းကိုလည်း ပေးထားသည်။
  • မဲပေးရ ရိုးရှင်း လွယ်ကူသည်၊ မဲရေတွက်ရလည်း လွယ်ကူသည်။

အားနည်းချက်များ

  • တစ်နိုင်လုံးအနှံ့ရရှိသည့်မဲ၊ ဥပမာ ပါတီတစ်ဖွဲ့က နိုင်ငံတစ်ခုလုံးတွင် ရရှိသော မဲရာခိုင်နှုန်းသည် ဥ ပဒေပြုလွှတ်တော်တွင်း ယင်းပါတီက ရရှိမည့် အမတ်နေရာအရေအတွက်နှင့် အမြဲတမ်းမသက်ဆိုင် ပါ။ ဆိုလိုသည်မှာ ဤစနစ်သည် အချိုးမကျသောရလဒ်များကို ပေါ်ထွက်စေနိုင်သည်။ ၁၉၉၈ ခုနှစ် လီဆိုသိုနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဘာဆော်သိုအမျိုးသားပါတီသည် ဆန္ဒမဲ၏ ၂၄ ရာခိုင် နှုန်းကို အနိုင်ရခဲ့သော်လည်း အမတ်နေရာ ၁ ရာခိုင်နှုန်းကိုသာ ရရှိခဲ့သည်။ ဤအချက်သည် အထူး သဖြင့် လူနည်းစုပါတီများကို မျှမျှတတ ကိုယ်စားပြုအရွေးခံခွင့်မှ ချန်လှပ်ထားသည်။
  • မဲအများအပြား အလေအလွင့်ဖြစ်သွားခြင်း။ မည်သည့်ကိုယ်စားလှယ်လောင်းများကိုမှ ရွေးကောက် တင်မြှောက်နိုင်ခြင်းမရှိသည့် ဆန္ဒမဲများကို အလေအလွင့်ဖြစ်သွားသောမဲများဟု ခေါ်တတ်ကြသည်။ ဥပမာပြရလျှင် ဆန္ဒမဲခရိုင် (က)() နှင့် () တို့မှ ပြည်သူ ၄၀ရာခိုင်နှန်းသည် X ပါတီကို မဲပေးပြီး ၆၀ ရာခိုင်နှုန်းက Y ပါတီကို မဲပေးခဲ့ရာတွင် Y ပါတီက မဲခရိုင်သုံးခုစလုံး၌ အနိုင်ရမည်ဖြစ်သည်။ X ပါတီက တစ်နေရာမှ အနိုင်ရမည်မဟုတ်ပါ၊ ထိုအခါ X ပါတီအတွက် ပေးခဲ့သောမဲများသည် အလေ အလွင့်ဖြစ်သွားသည်။ အထက်ပါအချက်နှင့်ဆက်စပ်၍ လူနည်းစုမဲဆန္ဒရှင်များအနေဖြင့် ယင်းတို့ အကြိုက် မည်သည့်ကိုယ်စားလှယ်လောင်းကိုမှ ရွေးကောက်တင်မြှောက်နိုင်ရန် မျှော်လင့်ချက်မရှိဟု ခံစားသွားရနိုင်သည်။ အသစ်ထွက်ပေါ်လာသောဒီမိုကရေစီနိုင်ငံများတွင် ဤအချက်သည် ကြီးမား သောအန္တရာယ်တစ်ခုဖြစ်နိုင်သည်၊ အဆိုပါနိုင်ငံများ၌ တစ်ဖက်စွန်းသမားများသည် ယင်းပြဿနာ ရပ်မျိုးကို အသုံးချပြီး အစိုးရစနစ်တစ်ရပ်အဖြစ် ဒီမိုကရေစီစနစ်အား ဆန့်ကျင်လာရေးလမ်း ကြောင်းပေါ် လူထုရောက်ရှိသွားအောင် ပို၍လွယ်ကူစွာ သိမ်းသွင်းလိုက်နိုင်သည်။
  • ဤစနစ်များသည် လူနည်းစုများကို မျှမျှတတ ကိုယ်စားပြုအရွေးခံခြင်းမှ ချန်လှပ်ထားသည်။ ပါတီ များသည်မဲဆန္ဒရှင်အများစု၏ထောက်ခံမှုပျောက်မသွားစေရန် မဲဆန္ဒနယ်အတွင်း လူအများဆုံးလက် ခံနိုင်မည့်ကိုယ်စားလှယ်လောင်းကိုသာ တင်ပြလေ့ရှိသည်။ ဥပမာပြရလျှင် အမေရိကန်နှင့်အင်္ဂလန် နိုင်ငံတို့တွင် ပါတီတစ်ဖွဲ့သည် လူဖြူအများစုရှိရာခရိုင်တွင် လူမည်းကိုယ်စားလှယ်လောင်းကို ဝင် ပြိုင်ခိုင်းရန် အဆိုပြုခြင်းမျိုးမှာ ရှားပါသည်။ ကမ္ဘာတစ်လွှားရှိ တိုင်းရင်းသားနှင့် လူမျိုးခြားလူနည်းစု များသည် FPTP စနစ်အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်ရရှိရန် ဖြစ်တောင့်ဖြစ်ခဲနိုင် လှကြောင်း ခိုင်လုံသောသက်သေအထောက်အထားများရှိသည်။
  • ဤစနစ်များသည် အမျိုးသမီးများကို ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားပြုခွင့်မှ ချန်လှပ်ထားသည်။ အမျိုးသားများကြီးစိုးသည့်ပါတီဖွဲ့စည်းတည်ဆောက်ပုံများတွင် အမျိုးသမီးများအနေဖြင့် ကိုယ်စား လှယ်လောင်းအဖြစ် အဆိုပြုတင်ပြခံရနိုင်ခြေအားနည်းသည်။ အမျိုးသမီးများ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ခြေသည် အချိုးကျကိုယ်စားပြုစနစ်များထက် အနိုင် ရသူအကုန်ယူစနစ်အောက်တွင် ပိုအားနည်းသည်။ ၂၀၀၄ ခုနှစ်တွင် FPTP စနစ်ကိုအသုံးပြုသည့်အ ခြားဒီမိုကရေစီအခြေခိုင်မာပြီးဖြစ်သောနိုင်ငံများတွင် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ် အရေအတွက်သည် ၁၄.၄ရာခိုင်နှုန်းသာရှိသည်၊ သို့သော် စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုသော နိုင်ငံများတွင်မူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၇.၆ ရာခိုင်နှုန်းရှိသည်။
  • ဤစနစ်များသည် တစ်ပါတီတည်းက အမြဲတမ်း အနိုင်ရနေမည့် နယ်မြေများကို ပေါ်ထွက်စေနိုင် သည်။ နယ်မြေအလိုက်လူနည်းစုများသည် ကိုယ်စားပြုရွေးချယ်ခံရခွင့်မှ ချန်လှပ်ခံထားရသည်ဟု ခံ စားမိကြလိမ့်မည်။ ဤအချက်က နိုင်ငံရေးသည် ယုံကြည်မှုအရ သတ်မှတ်ထားသော ပြိုင်ကွင်းမ ဟုတ်ဘဲ လူပုဂ္ဂိုလ်နှင့် နယ်မြေဒေသအရ သတ်မှတ်ထားသော ပြိုင်ကွင်းဖြစ်သည်ဟူသော တချို့လူ နည်းစုများ၏ခံစားထင်မြင်ချက်ကို ပိုမိုအားကောင်းသွားစေနိုင်သည်။
  • ရွေးကောက်ပွဲခရိုင်နယ်မြေများ၏ နယ်နိမိတ်များကို လိုသလို ခြယ်လှယ်သတ်မှတ်မှုများ ရှိနိုင်သည်။ အတိုက်အခံပါတီအနေဖြင့် နောက်ကျင်းပမည့်ရွေးကောက်ပွဲတွင် အနိုင်မရနိုင်အောင် ထိုပါတီ၏ဆန္ဒ မဲခရိုင်များကို အာဏာရပါတီက နယ်နိမိတ်ပြန်လည်ရေးဆွဲသတ်မှတ်ကာ ထက်ဝက်ပိုင်းခြားပစ် တတ်သည်။

အားသာချက်လော၊ သို့မဟုတ် အားနည်းချက်လော

လူမျိုးစုပါတီများ ဖွံ့ဖြိုးလာရေးကို အားပေးခြင်း။ တိုင်းရင်းသားလူမျိုးစုအစုအဖွဲ့များတွင် ပထဝီ နယ်မြေအလိုက် စုပြုံနေထိုင်ကြရာအခြေအနေမျိုးတွင် FPTP စနစ်သည် ပါတီများကို မဲဆွယ်စည်းရုံး ရေးနှင့် မူဝါဒစင်မြင့်များကို စီမီဆောင်ရွက်ကြရာတွင် လူမျိုးစုအရေး၊ လူမျိုးရေး သို့မဟုတ် နယ်မြေ ဒေသစွဲစိတ်အစရှိသည့် မုန်းတီးစိတ်အယူအဆများအပေါ် အခြေခံကာလုပ်ဆောင်လာအောင် အား ပေးအားမြှောက်ပြုနိုင်သည်။ ဥပမာပြရလျှင် အာဖရိကရှိနိုင်ငံတစ်နိုင်ငံဖြစ်သော မာလာဝီတွင် နယ် မြေပဋိပက္ခ အားကြီးပြီး မြောက်ပိုင်းသားများက တစ်ပါတီကို မဲထည့်လျှင် အလယ်ပိုင်းသားများက တခြားပါတီကို မဲထည့်သည်၊ ထို့နောက် တောင်ပိုင်းသားများက တတိယပါတီကို မဲထည့်ကြသည်။ ပါတီများအတွက် မဲဆန္ဒရှင်များကို ယင်းတို့၏နယ်မြေဒေသနှင့် ယဉ်ကျေးမှုအခြေစိုက်မှုအပြင်ဘက် ထွက်လာစေရန် စည်းရုံးနိုင်သည့်မက်လုံးများလည်း မရှိပေ။