အသစ်များ > ပီရူးနှင့် အေပီအာအေ (APRA)

ပီရူးနှင့် အေပီအာအေ (APRA)

2023-03-14

အယ်ဘာတို ဖူဂျီမိုရီ၏ ဆယ်စုနှင့်ချီအာဏာဆုပ်ကိုင်ထားမှုနောက်ပိုင်း နိုင်ငံရေးအင်အားစုအားလုံးက လွတ် လပ်၍တရားမျှတမှုရှိသည်ဟု ယူဆခဲ့ကြသည့် နိုင်ငံ၏ပထမဆုံးရွေးကောက်ပွဲများဖြစ်သော ၂၀၀၁ ဧပြီလ ပီ ရူးနိုင်ငံ၏အထွေထွေရွေးကောက်ပွဲများသည် နိုင်ငံတွင်း သက်တမ်းအရင့်ဆုံးပါတီဖြစ်သော အေအာပီအေကို ဥပဒေပြုလွှတ်တော်တွင်း ပထမဆုံးအတိုက်အခံအင်အားစုနေရာသို့ ရောက်သွားစေခဲ့သည်။ အေအာပီအေ၏ ကိုယ်စားလှယ်သည် ဇွန်လတွင် ကျင်းပခဲ့သော နှစ်ကျော့သမ္မတရွေးကောက်ပွဲ(ဒုတိယအကျော့ရွေးကောက် ပွဲ) တွင် အစောပိုင်းတစ်နှစ်က ပါတီမဲခွဲတမ်းရရှိသည်ထက် အဆ၃၀ပိုများသည့် ဆန္ဒမဲစုစုပေါင်း၅သန်းကိုရရှိ  ကာ ပြိုင်ဘက်ကို ပွတ်ကာသီကာ အရေးနိမ့်ခဲ့ရသည်။ ရှစ်နှစ်ကြာပြည်ပရောက်နေရာမှ ပြန်လာပြီး ခုနှစ်လ အကြာတွင် ပါတီခေါင်းဆောင်နှင့် သမ္မတဟောင်းဖြစ်သူ အလန်ဂါစီယာမှာ ၎င်း၏နောက်လိုက်ပါတီဝင်များ ကို စိန်ခေါ်ချက်တစ်ရပ်အား အဆိုပြုနိုင်မည့်အခွင့်အလမ်းရရှိသွားတော့သည်။ အထက်ပါရရှိလာသည့် ထောက်ခံမှုကို ဆက်ထိန်းထားနိုင်ရန်အတွက် ပါတီတွင်းပြုပြင်ပြောင်းလဲရေးဟူသော စိန်ခေါ်ချက်ပင်ဖြစ်ပါ သည်။ “ပါတီရင်ဆိုင်နေရသောကြီးမားသည့်စိန်ခေါ်ချက်မှာ ဤမျှများပြားသောနိုင်ငံသားအင်အားစုနှင့် ပါတီ ၏ဆက်ဆံရေးကို ရေရှည်ဆက်ထိန်းထားနိုင်ရေးပင်ဖြစ်သည်၊ အကြောင်းမူ အေအာပီအေ၏လူမှုထောက်ခံမှု သည် အဆိုပါ(….)အင်အားအပေါ် မှီခိုရခြင်းကြောင့်ဖြစ်သည်။ ခေတ်မီပြီးပွင့်လင်းသောလူမှုရေးခံယူချက် အာဘော်တစ်ရပ်ရှိထားမှသာ ပါတီအပေါ် အရေးပေးထောက်ခံမည့်စိတ်ဓာတ် ပီရူးနိုင်ငံသားများကြား ရေရှည် တည်ရှိနေရန် အကူအညီပေးနိုင်မည်ကို ကျွန်ုပ်တို့ သိထားရမည်။ သို့မဟုတ်ပါက ပါတီ၏ရွေးကောက်ပွဲ ထောက်ခံမှု သို့မဟုတ်လူအများလက်ခံမှုသည် ထပ်မံကျဆင်းသွားနိုင်သည်။ (…) ဤအချက်မှာ အေအာပီ အေကို လူ့အဖွဲ့အစည်းထံ ပြန်တင်ပေးရေးနှင့် ခေတ်မီအောင်ပြင်ဆင်ရာတွင် ကနဦးလှမ်းရမည့်ခြေလှမ်းဖြစ် သည်”(ရဲဘော်များ သို့ ပေးစာ၊ ၂၀၀၁၊ ဇူလိုင် ၂၃ ရက်)။

၁၉၃၀ တွင်စတင်တည်ထောင်ခဲ့ချိန်မှစ၍ ပါတီသည် ၂၀ရာစုအစောပိုင်းက ကုန်သွယ်ရေးသမဂ္ဂ၏ဖွဲ့ စည်းတည်ဆောက်ပုံအတိုင်း လုပ်ငန်းလည်ပတ်ခဲ့သည်၊ တစ်နည်းအားဖြင့် လုပ်ငန်းဆောင်ရွက်မှုပိုင်းနှင့် စည်းမျဉ်းစည်းကမ်း၊ အဖွဲ့အစည်းဌာန၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်၊ ဘဏ္ဍာရေးအစရှိသည်တို့ကို ကိုင်တွယ်ဆက် ဆံရန် တာဝန်ရှိသောပါတီကလာပ်စည်းများ၊ ကော်မတီများနှင့် အတွင်းရေးမှူးဌာနများနှင့် လုပ်ငန်းလည် ပတ်ခြင်းပင်ဖြစ်သည်။ အတွင်းကျိတ်လုပ်ငန်းစဉ်လည်ပတ်မှုသည် မြေအောက်လှုပ်ရှားမှုကာလများအတွင်း သင့်တော်သည်၊ သို့သော် ဒီမိုကရေစီစနစ်စနစ်တွင်မူ ထိုသို့လည်ပတ်မည်ဆိုပါက နိုင်ငံသားများသည် အတွေးအခေါ်ဝါဒများနှင့် အစဉ်အလာနိုင်ငံရေးစည်းရုံးလှုံ့ဆော်ဆောင်ရွက်မှုတို့အပေါ် မှီတွယ်အားထားမှု လျော့ နည်းလာပြီး နိုင်ငံရေးပါတီများအပေါ် ယုံကြည်မှုလည်း ကျဆင်းလာတော့သည်။ ထို့ကြောင့် ပါတီသည် နိုင်ငံသားထုဆီလမ်းဖွင့်ပြီး ဆက်ဆံနိုင်ရေးကို မတူကွဲပြားသောနည်းလမ်းတစ်ရပ်ဖြင့် ဆောင်ရွက်ရန်လိုအပ် သည်။ သို့ဖြစ်၍ ပါတီခေါင်းဆောင်ပိုင်းကလည်း ပီရူးဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးဟူသော ပိုမိုကျယ်ပြန့် သောအဆက်အစပ်အတွင်း မဟာဗျူဟာစီ မံကိန်းချမှတ်ရေးဖြစ်စဉ်ကို  ထည့်သွင်းနေရာချထားပေးရန်ကြိုး စားတော့သည်။

ခေတ်မီတိုးတက်ရေးဟူသောတောင်းဆိုချက်မှာ ပါတီဖွဲ့စည်းတည်ဆောက်ပုံအပေါ် ပြန်လည်သုံးသပ်ခြင်းဖြစ် စဉ်တစ်ရပ်ပင် ဖြစ်သည်၊ ယင်းဖြစ်စဉ်ကို အဖွဲ့အစည်း၏သက်ဆိုင်ရာအတွင်းရေးမှူးရုံးဌာနက ဦးဆောင်ပြု လုပ်သည်၊ ယင်းဖြစ်စဉ်တွင် မတူကွဲပြားသောရွေးချယ်စရာများနှင့် အတွေးအမြင်များကို တစ်နိုင်ငံလုံးအတိုင်း အတာအနှံ့ဆွေးနွေးခြင်းမျိုး ပါဝင်သည်၊ တစ်နည်းအားဖြင့် ပါတီ၏အောက်ခြေလူတန်းစားများနှင့် ယခင်က တိုင်ပင်ညှိနှိုင်းခဲ့ကြသည့် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့်ခေါင်းဆောင်ပေါင်း အယောက်၁၅၀၀ ခန့်တို့ ပါဝင်သော တိုင်းဒေသညီလာခံခုနှစ်ခုကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူးသည် ညီလာခံ တွင်းဆွေးနွေးကြသည်များအား အကြံပြုတင်ပြချက်များအဖြစ် ကောက်နုတ်စုစည်းပေးသည်။ အဆိုပါအကြံ ပြုတင်ပြချက်များကိုကြည့်ကာ ပါတီထူထောင်မှုပုံစံသည် ဗြူရိုကရေစီပုံစံ၊ ဒေါင်လိုက်နှင့် အပေါ်အောက်ပုံစံ၊ ဗဟိုချုပ်ကိုင်မှုပုံစံနှင့် ခေတ်မမီသောပုံစံဖြစ်လာသည်ဟု ကောက်ချက်ချသည်။ ယင်းနောက် မတူသောပုံစံ သုံးရပ်အတိုင်းပါတီရှင်သန်ရပ်တည်နိုင်စေရန် ဖွဲ့စည်းတည်ဆောက်မှုပုံစံသစ်တစ်ရပ်ကို အဆိုပြုကြသည်။

၁။ ဌာနအဖွဲ့အစည်းအလိုက်ပုံစံ၊ ပါတီတွင်းအရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်

၂။ လူမှုရေးအလိုက်ပုံစံ၊ လူ့အဖွဲ့အစည်းအုပ်စုများတွင်း ပုံစံတကျပေါင်းစည်းခြင်းမျိုးမလုပ်ဘဲ အဆိုပါအုပ်စု များနှင့် အပြန်အလှန်ကူးလူးဆက်ဆံရန် နှင့်

၃။ အစိုးရဌာနပုံစံ၊ အစိုးရဆောင်ရွက်ချက်ကို အစဉ်မျက်ခြေပြတ်မခံစေရန်နှင့် အစိုးရစီမံကိန်းများနှင့် အစီအ စဉ်များကို အချိန်နှင့်တစ်ပြေးညီသိနိုင်ရန်

အကြံပြုတင်ပြချက်များကို ပါတီဖွဲ့စည်းပုံဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းရေးအဆိုပြုလွှာတစ်စောင်အဖြစ် ကူး ပြောင်းပြန်ဆိုကာ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာတွင် ၅၅ကြိမ်မြောက် ပါတီမျက်နှာစုံညီအစည်းအဝေးနှင့်နောက် ဆုံး ၂၀၀၄ ခုနှစ်၊ ဇွန်လတွင် ၂၂ကြိမ်မြောက် အမျိုးသားကွန်ဂရက်တို့ ကျင်းပကာ အတည်ပြုခဲ့သည်။ လူမှု ရေးအလိုက်ပုံစံနှင့် အစိုးရပုံစံများသည် ပါဝင်လာသောအကြောင်းအရာသစ်များဖြစ်ကြပြီး ယင်းဌာနပုံစံများ ၏အကြီးအကဲများမှာ ထိပ်တန်းဆုံးဖြတ်ချက်ချရေးအဖွဲ့ဖြစ်သည့် အမျိုးသားအမှုဆောင်ကော်မတီတွင်တစ် စိတ်တစ်ပိုင်းပါဝင်လိမ့်မည်ဖြစ်သည်။

လူမှုရေးအလိုက်ပုံစံသစ်တွင် ညွှန်ကြားရေးမှူးအဖွဲ့ဝင်ငါးဖွဲ့ပါဝင်သည်၊ အမျိုးသမီးများ၊ တတ်ကျွမ်းပညာရှင် များ၊ အလုပ်သမားများ၊ စီအက်စ်အိုများနှင့် ပြည်သူ့ရေးရာအဖွဲ့အစည်းများတို့ဖြစ်သည်။ အစိုးရဌာနပုံစံတွင်မူ  ဝန်ကြီးရာထူးအားလုံးနီးပါး လောက်ရှိသည့် ညွှန်ကြားရေးမှူးအဖွဲ့ဝင်၁၇ဖွဲ့ပါဝင်ပြီး စင်ပြိုင်ဝန်ကြီးအဖွဲ့ပုံစံ နှင့်ဆင်သည်။

ပါတီဖွဲ့စည်းပုံဥပဒေသစ်မှ အမျိုးသားခေါင်းဆောင်ပိုင်းအား မဟာဗျူဟာကျကျအကြံပေးနိုင်သည့် လုပ်ပိုင်ခွင့် ရှိထားသော မဟာဗျူဟာရေးဆွဲစီမံရေးဆိုင်ရာ အမြဲတမ်းအမျိုးသားကော်မရှင်တစ်ရပ်သည်လည်း ပေါ် ပေါက်လာခဲ့သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် အေပီအာအေသည် မဟာဗျူဟာရေးဆွဲစီမံခြင်းကို တစ်ပွဲ ထိုးဆောင်ရွက်ရသည့်အလုပ်ထက် ပါတီ၏အမြဲတမ်းဆောင်ရွက်ရမည့်တာဝန်တစ်ရပ်ဖြစ်သည်ဟု ယူဆထား ကြောင်းကို ဖော်ညွှန်းပြနေပါသည်။

ကိုးကား၊ Strategic Planning for Political Parties-a Practical Tool