ပါတီစနစ်ဟူသည်မှာ ပါတီများ ရပ်တည်ရှင်သန်နေသည့် ပတ်ဝန်းကျင်နှင့် ဖွဲ့စည်းမှုပုံစံပင်ဖြစ်သည်။ နိုင်ငံများမတူလျှင်မတူသည့်အလျောက် နိုင်ငံရေးပါတီများကြား ဆက်ဆံရေးများမှာလည်း မတူကွဲပြားသည်။ ဤသို့ကွဲပြားရခြင်းမှာ သက်ဆိုင်ရာနိုင်ငံ၏နိုင်ငံရေးယဉ်ကျေးမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်း အစိုးရကို ပြင် ဆင်နေရာချထားပုံတို့အပါအဝင် အခြားအကြောင်းချက်ပေါင်းများစွာအပေါ် မူတည်သည်။
ပါတီစနစ်သည် တစ်သီးပုဂ္ဂလပါတီများကြား တစ်ခုနှင့်တစ်ခု ဆက်စပ်၍ ဆက်ဆံရေးအစဉ်ပုံစံကို ထင်ဟပ်မှု မှုရှိသည်။ ပါတီစနစ် ဖွဲ့စည်းချမှတ်ရသည့် အဓိကအကြောင်းရင်းနှစ်ချက်ရှိသည်။ တစ်ဖက်တွင် လူမှုရေးပဋိပ က္ခများနှင့် အကျိုးစီးပွားများနှင့်ဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ ဥပမာ အစဉ်အလာတွေ့မြင်နေကြ ပဋိပက္ခများမှာ အရင်းနှင့် လုပ်အားကြား သို့မဟုတ် ဘာသာရေးနှင့်မပတ်သက်သောပါတီများနှင့်ပတ်သက် သောပါတီများကြားပဋိပက္ခများပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ပါတီနှင့် ရွေးကောက်ပွဲဥပဒေများသည် လည်း ပါတီစနစ်အပေါ် ဩဇာညောင်းနေခြင်းပင်ဖြစ်သည်။ အဆိုပါဥပဒေများသည် ပါတီသစ်ကို ဖွဲ့စည်းထူ ထောင်ရန် မည်မျှလွယ်ကူသည်၊ သို့ မည်မျှခက်ခဲသည်ဆိုသောအချက်အပေါ် သက်ရောက်မှုရှိနိုင်သည်၊ ထို့အ ပြင် ရွေးကောက်ပွဲစနစ်က လွှတ်တော်တွင်း ပါတီအရေအတွက် ခပ်များများကို နေရာဝင်ထိုင်ခွင့်ပြုမည်၊မပြု မည်ဟူသောအချက်အပေါ်ကိုလည်း သက်ရောက်မှုရှိနိုင်သည်။
အစိုးရစနစ်ကလည်း ပါတီစနစ်အပေါ် ဩဇာညောင်းမှုရှိပြန်သည်။ လွှတ်တော်စနစ်သည် နိုင်ငံရေးပါတီများအ တွက် ဩဇာပိုမိုညောင်းနိုင်စေမည့်အခွင့်အလမ်းကို ပေးအပ်သည်၊ အကြောင်းမူ အစိုးရသည် ပါတီများက လွှမ်းမိုးထားသည့် လွှတ်တော်မှ တိုက်ရိုက်ပေါ်ပေါက်ရခြင်းကြောင့်ဖြစ်သည်။ သမ္မတစနစ်တွင်မူ အစိုးရအဖွဲ့ အကြီးအကဲဖြစ်သော သမ္မတကို ပြည်သူကတိုက်ရိုက်ရွေးကောက်ခြင်းဖြစ်ရာ သမ္မတ၏တရားဝင်မှုသည် လွှတ်တော်အပေါ် အဓိကအခြေခံထားခြင်းမဟုတ်ဖြစ်နေသည်။
လွှတ်တော်တွင်း ကိုယ်စားပြုခွင့်ရသော ပါတီအရေအတွက်အပေါ်ကို အစိုးရစနစ်က အနည်းအကျဉ်းသာ ဩ ဇာညောင်းမှုရှိသည်။ ဤအချက်သည် လူမှုရေးကွဲပြားချက်များနှင့်ဆိုင်ရာကိစ္စဖြစ်သည်၊ နောက်ဆုံးကုန်ကုန် ပြောရလျှင် နိုင်ငံတစ်နိုင်ငံတွင်း လူမျိုးစုနှင့် အခြားကွဲပြားချက်များ၊ ပဋိပက္ခများနှင့် အကျိုးစီးပွားများဆိုင်ရာ အဆောက်အအုံနှင့် ရွေးကောက်ပွဲစနစ်တို့နှင့်ဆိုင်ရာအရေးကိစ္စတစ်ခုဟု ဆိုရပါမည်။
ပါတီစနစ်များကို အများအားဖြင့် အမျိုးအစားခွဲခြားရာတွင် အာဏာရရေးကြိုးပမ်းနေသော ပါတီအရေအ တွက်နှင့်အညီ ခွဲခြားတတ်ကြသည်။ ဤနည်းအတိုင်း ပါတီစနစ်တစ်ခုသည် အခြားစနစ်တစ်ခု၊ နှစ်ခုနှင့် စနစ် ပေါင်းများစွာဖြင့် ကွဲပြားမှုရှိနိုင်သည်။ “တစ်ပါတီ”စနစ်တွင် ပါတီတစ်ခုကသာ လွှမ်းမိုးထားပြီး လက်တွေ့ အားဖြင့် ပါတီများကြား နိုင်ငံရေးယှဉ်ပြိုင်ဟူ၍မရှိပါ။ “နှစ်ပါတီစနှစ်”ဆိုသည်မှာ နိုင်ငံရေးယှဉ်ပြိုင်မှုတွင် ပါ တီနှစ်ခုက အဓိကလွှမ်းမိုးထားပြီး အခြား ပါတီသေးလေးများက အရန်အနေဖြင့်သာ ပါဝင်ရသည်။”ပါတီစုံစ နစ်”တွင် နှစ်ပါတီထက်မက နိုင်ငံရေးယှဉ်ပြိုင်မှုတွင် သက်ရောက်မှုရှိရှိဖြင့် ပါဝင်ကြသည်။
တစ်ပါတီလွှမ်းမိုးသည့်စနစ်များ
တစ်ပါတီလွှမ်းမိုးသည့်စနစ်တွင် ပါတီတစ်ဖွဲ့သည် အလွန်လူကြိုက်များ(သို့ အရှိန်အဝါကြီး)ပြီးရွေးကောက်ပွဲ အောင်နိုင်ရေး အခွင့်အလမ်းကောင်းတစ်ရပ်ကို ရရှိထားသည့် တစ်ဖွဲ့တည်းသောပါတီဖြစ်သည်။ ဤစနစ် သည် လွတ်လပ်ရေးတိုက်ပွဲဝင်ပြီး ကိုလိုနီအာဏာမှ လွတ်လပ်ရေးရခဲ့သည့်နိုင်ငံများတွင် အသုံးများသည်။ ဤသို့ဆိုလျှင် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော နိုင်ငံရေး သို့မဟုတ် စစ်ဘက်အဖွဲ့အစည်းသည် နှစ်ပေါင်းများ စွာကြာ နိုင်ငံ၏အာဏာရပါတီဖြစ်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလအတွင်း နိုင် ငံကို ဦးဆောင်ပြီး လွတ်လပ်ရေးအရယူခဲ့ခြင်းမှ ရရှိသော တရားဝင်မှု နှင့်/သို့ အာဏာကြောင့်ဖြစ်တတ်သည်။
ဥပမာပြရလျှင် ဇင်ဘာဘွေနိုင်ငံမှ (၁၉၈၀တွင် လွတ်လပ်ရေးရပြီးနောက်အာဏာရလာသည့်) ZNAU-PF သို့မဟုတ် (၁၉၉၄ အသားအရောင်ခွဲခြားသည့်အစိုးရပြုတ်ကျပြီးနောက်ပိုင်းအာဏာရလာသည့်) တောင်အာဖရိက၏အာဖရိကန်အမျိုးသားကွန်ဂရက် တို့ပင်ဖြစ်သည်။ ပိုမိုအစွန်းကျသောပုံစံကိုပြောရလျှင် “တစ်ပါတီအစိုးရ” ဟူဖြစ်သည်၊ တစ်ပါတီအစိုးရအဖွဲ့တွင် ပါတီတစ်ဖွဲ့တည်းသာရှိပြီး အခြားပါတီများဖွဲ့စည်းပါက ဥပဒေချိုး ဖောက်ခြင်းပင်ဖြစ်သည်။ ဤစနစ်နှင့်ပတ်သက်၍ဥပမာပေးရလျှင် တရုတ်နှင့် မြောက်ကိုရီးယားတို့ရှိ အာဏာရှင်အုပ်ချုပ်ရေးများပင်ဖြစ်သည်။
နှစ်ပါတီစနစ်များ
နှစ်ပါတီစနစ်တွင် လွှမ်းမိုးထာသည်က အဓိကနိုင်ငံရေးပါတီနှစ်ဖွဲ့ဖြစသ်ည်။ အခြားပါတီသေးများတည်ရှိ သော်လည်း ပါတီနှစ်ဖွဲ့တည်းကသာ ရွေးကောက်ပွဲနိုင်လောက်မည့် ဆန္ဒမဲများကို ရရှိနိုင်သည်။
ထိုပါတီများသည် အများအားဖြင့် လူကြိုက်များသည်။ သို့ဖြစ်၍ ဥပဒေပြုလွှတ်တော်တွင်း အများစုထောက်ခံ မှုကို ရရှိနိုင်လောက်မည့် ဆန္ဒမဲများကို ယင်းပါတီများ ယူနိုင်ခြင်းဖြစ်သည်။ ဤစနစ်တွင် အာဏာသည် အ များအားဖြင့် ရွေးကောက်ပွဲနှစ်ခါ သို့ သုံးခါလျှင်တစ်ကြိမ် ပါတီနှစ်ဖွဲ့ကြား ကူးချည်သန်းချည်ရှိနေသည်။ နှစ်ပါ တီစနစ်များသည် အများအားဖြင့် အလွန်ယှဉ်ပြိုင်မှုအရှိန်ကြီးသည်။ အကြောင်းမူ ပါတီတစ်ဖွဲ့အတွက် အ ကောင်းဟူသောအရာသည် အခြားပါတီအဖွဲ့အတွက် အဆိုးဖြစ်နေခြင်းကြောင့်ပင်။ ဤအချက်သည် အစိုးရအ ဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်ရန်ခက်ခဲနိုင်သည့်အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ နှစ်ပါတီ နစ်စများသည် ကိုယ်စားလှယ်တစ်ဦးရွေးချယ်ခွင့်ဆန္ဒမဲခရိုင်စနစ်များတွင် အသုံးများသည်။ ဤစနစ်ကိုသုံး သောနိုင်ငံများတွင် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့ပါဝင်သည်။
ပါတီစုံစနစ်များ
ပါတီစုံစနစ်ဆိုသည်မှာ နှစ်ပါတီထက်မကပါတီများတွင် “ညွန့်ပေါင်း”အဖွဲ့တွင်း အခြားပါတီများနှင့် ပူးပေါင်း ၍ဖြစ်စေ၊ ကိုယ်ပိုင်ဖြစ်စေ အာဏာရရေးအခွင့်အလမ်းကောင်းတစ်ရပ်ရှိခြင်းပင်ဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့ဆို သည်မှာ ယှဉ်ပြိုင်နေသောနိုင်ငံရေးပါတီနှစ်ဖွဲ့ထက်မက ရွေးကောက်ပွဲအောင်နိုင်မည့်အခွင့်အလမ်းများ မြင့် မားစေရန် အတူပူးပေါင်းလိုက်ခြင်းဖြစ်သည်။ အများအားဖြင့် ညွန့်ပေါင်းအဖွဲ့များသည် ဥပဒေပြုလွှတ်တော် တွင်း အများစုထောက်ခံမှုကို ရရှိနိုင်လောက်မည့် ဆန္ဒမဲများကိုယူရန် ဤသို့ပြုလုပ်ခြင်းဖြစ်သည်။
ညွန့်ပေါင်းအဖွဲ့များသည် ရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲပြီးနောက်(မဲများရေတွက်ပြီး အနိုင် ရသူပြတ်ပြတ်သားသားမရှိချိန်) ပေါ်ပေါက်လာနိုင်သည်။ ဤစနစ်တွင် ပါတီများစွာသည် ညွန့်ပေါင်းအစိုးရဖွဲ့ ရန် အတူပေါင်းစည်းလာပြီး အစိုးရအဖွဲ့ကို ဖွဲ့တတ်ကြသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါတီအသီးသီးသည် နိုင်ငံကို စီမံခန့်ခွဲရန်တာဝန်၀တ္တရားများအား ခွဲဝေယူကြသည်။ ဥပမာ ပညာရေးဝန်ကြီးသည် ပါတီတစ်ဖွဲ့မှ ဖြစ်လာပြီးကျန်းမာရေးဝန်ကြီးက တခြားပါတီမှဖြစ်လာမည်။ ညွန့်ပေါင်းအဖွဲ့ဝင်များသည် တာဝန်ထမ်း ဆောင်ချိန်သက်တမ်းကာလအတွင်း လက်တွေ့ဖော်ဆောင်/သရုပ်ဖော်ချင်သည့်အရာကို ညွန်းဆိုသော (စေ့ စပ်ညှိနှိုင်းရေးအပေါ်အခြေခံသည့်)မူဝါဒလုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်ကြသည်။ ဘရာဇီး၊ ဖင်လန်နှင့် နယ်သာ လန်နိုင်ငံတို့တွင်အသုံးပြုခဲ့သည့်စနစ်များကဲ့သို့ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်များတွင် ပါတီစုံစနစ် များကို ပိုမိုအတွေ့ရများသည်။
ညွန့်ပေါင်းဖွဲ့စည်းခြင်းသည် ပါတီစုံနိုင်ငံရေးစနစ်၏အရေးကြီးသောသွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သည်။ အ ထူးသဖြင့် ပါတီများအနေဖြင့် လွှတ်တော်တွင်း ပကတိမဲအများစု မရနိုင်သည့်နိုင်ငံများတွင်ဖြစ်သည်။ ထိုသို့ ဖြစ်လျှင် နှစ်ပါတီထက်မကပါတီများသည် မည်သည့်မူဝါဒများကို လက်တွေ့ဖော်ဆောင်မည်၊ မည်သူတို့ကို ဝန်ကြီးများအဖြစ်ခန့်အပ်မည်ဟူ၍ သဘောတူညီချက်တစ်ရပ်ကို အမြဲတမ်းရရှိလိမ့်မည်။ သို့ရာတွင် အဆိုပါ သဘောတူညီချက်အပြင် ပါတီများသည် ဥပမာ သီးခြားအကျိုးစီးပွားတူအစုအဖွဲ့များနှင့် အကျိုးအမြတ်မဖက် သောအဖွဲ့အစည်းများနှင့် အတူညှိနှိုင်းပူးပေါင်းခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း ထောက်ခံမှုရအောင် ရှာရ သည်။