အသစ်များ > ပါတီလမ်းစဉ်များနှင့် မူဝါဒကြေညာစာတမ်းများ

ပါတီလမ်းစဉ်များနှင့် မူဝါဒကြေညာစာတမ်းများ

2023-01-21

မူဝါဒချမှတ်ဖော်ဆောင်ခြင်း

နိုင်ငံရေးပါတီများတွင် သေချာရေရာသောအတွေးအခေါ်ဝါဒတစ်ရပ်ရှိသည်၊ အတွေးအခေါ်ဝါဒဟူသည် ပါတီ တစ်ရပ်ကို မည်သည့်ပါတီဖြစ်ကြောင်း ထင်ဟပ်ပြရာ နိုင်ငံရေးယုံကြည်ချက်များနှင့် အတွေးအမြင်များကို ဆို လိုသည်။ ဆိုရှယ်ဒီမိုကရက်ပါတီများသည် ဆင်းရဲ၊ချမ်းသာကွာဟချက်ကို လျော့ကျစေပြီး ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ပေးရင်း လူတိုင်းအတွက် ပညာရေး၊ ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုတို့တွင် တန်းတူ အခွင့်အလမ်းများရရှိစေရေးနှင့် အလုပ်သမားတို့၏အခွင့်အရေးအများကိုအလေးထားတတ်ကြသည်။ လစ်ဘ ရယ်များသည် စီးပွားရေးလွတ်လပ်မှု၊ နယ်စည်းမခြား လွတ်လပ်စျေးကွက်များနှင့် သဘောထားကြီးသည်း ခံမှုတို့ကို အဓိကအရေးထားနိုင်သည်။ ရှေးရိုးကွန်ဆာဗေးတစ်ပါတီများကမူ မိသားစုတန်ဖိုးများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူကိုယ်ကျင့်တရားကောင်းမွန်ရေးတို့အပေါ် အရေးပေးတတ်ကြသည်။

ပါတီ၏အတွေးအခေါ်ဝါဒတစ်ရပ်သည် ၎င်းပါတီ၏နိုင်ငံရေးလမ်းစဉ်ကို ပြသရာရောက်သလို၊ အထူးသဖြင့် ပါတီ၏ရွေးကောက်ပွဲလမ်းစဉ်ကို ထင်ဟပ်နေသည်။ ပါတီလမ်းစဉ်များဟူသည် အများအားဖြင့် ပါတီ၏ယုံ ကြည်ချက်တို့ဖြင့် စိစစ်ထားရှိသည့် စိတ်ကူးထည်အခြေအနေတစ်ရပ်ကို ဖော်ပြရန် ကြိုးပမ်းချက်များဖြစ်ပါ သည်။ ပါတီလမ်းစဉ်များသည် ပါတီတစ်ရပ် အာဏာရလာလျှင် ပြောင်းလဲပစ်လိုသည့် အရာမှန်သမျှတိုင်းနှင့် အဆိုပါအပြောင်းအလဲများကို ရရှိရန် ပါတီက မည်သို့ ကြိုးစားမည်ဟူ၍ ပြုစုထားသည့် စာရင်းရှည်ကြီးတစ်ခု ဖြစ်တတ်သည်။ အဆိုပါစိတ်ကူးအတွေးတို့နှင့် လိုအင်ဆန္ဒများကြား၊ ပါတီကို အစိုးရဖြစ်လာစေမည့်မူဝါဒများ ကြား ကွာဟချက်တစ်ခုတော့ ရှိတတ်သည်။ ပါတီတစ်ရပ် အာဏာရလာသည်ဖြစ်စေ၊ သို့မဟုတ် လွှတ်တော် တွင်း ကိုယ်စားပြုခွင့်ရလာသည်နှင့်တစ်ပြိုက်နက် မူဝါဒများကို စတင်ကာလက်တွေ့ဖော်ဆောင်ပါလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်သည့် လွှတ်တော်အမတ်များ၏အာဏာရပ်များကို သင့်တင့်မျှတစွာ ကန့်သတ်ပေးထားသည်၊  အလွန့်အလွန်ဆုံးဆိုရင်လျှင် အမတ်များသည် မူကြမ်းဥပဒေအဆိုပြုလွှာတစ်ရပ်ကို (တစ်သီးပုဂ္ဂလအမတ် တစ်ဦး၏ မူကြမ်းဥပဒေ)တင်သွင်းနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် အာဏာရပါတီသည် ဝန်ကြီးအဖွဲ့တွင်း ဝန် ကြီးဌာနအများစုကို အများအားဖြင့် လွှမ်းမိုးရရှိထားနိုင်မည်ဖြစ်၍ ရေရာသောမူဝါဒများ သို့မဟုတ် မူဝါဒအ ပြောင်းအလဲများကို လက်တွေ့ချမှတ်ပြီး ဖော်ဆောင်နိုင်ရန် အာဏာနှင့် အရင်းအမြစ်များ(အစိုးရအမှုထမ်း များအသွင်ဖြင့်)ရှိမည်ဖြစ်သည်။

မူဝါဒချမှတ်ဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီများသည် အဓိကအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်သည်။ ပါတီများ သည် မဲဆန္ဒရှင်ပြည်သူများ၏လိုအင်ဆန္ဒများကို အစိုးရသက်တမ်းကာလအတွင်းဖြစ်စေ၊ အစိုးရမဖြစ်ခင်ဖြစ် စေ ခိုင်လုံခြေမြစ်သောမူဝါဒအဆိုပြုချက်များအဖြစ် ပြောင်းလဲပုံဖော်ပေးကြရသည်။  မူဝါဒများ ချမှတ်ဖော် ဆောင်ခြင်းသည် နိုင်ငံရေးတွင် ပြည်သူများ ပါဝင်ပတ်သက်လာစေရေးအတွက် ကောင်းမွန်သောနည်းလမ်း တစ်ရပ်ဖြစ်သည်။ ပါတီတစ်ရပ်က မူဝါဒများကို ချမှတ်ဖော်ဆောင်နိုင်ပုံနည်းလမ်းအမျိုးမျိုးရှိသည်။

ဇယား ၁၊ မူဝါဒအပေါ် အတွေးအခေါ်ဝါဒက လွှမ်းမိုးသရုပ်ဖော်ပေးပုံ

ကိုးကား၊ Political Parties and Democracy in theoretical and Practical Perspectives: Developing Party Policies.

ပါတီလမ်းစဉ်နှင့် မူဝါဒကြေညာစာတမ်းများ

အခြေခံပါတီလမ်းစဉ်သည် ပါတီ၏သီးခြားအမှတ်အသားကို ထုတ်ဖော်ပြရာရောက်သလို၊ နိုင်ငံသားများနှင့် မဲ ဆန္ဒရှင်ပြည်သူများအတွက် ပါတီ၏ လမ်းညွှန်အခြေခံသဘောတရားများနှင့် အတွေးအမြင်များကိုလည် ဖော် ပြပေးသည်။ ပါတီလမ်းစဉ်ရှိမှ ပါတီသည် ၎င်း၏မျှော်မှန်းချက်များကို ပြသနိုင်ပြီး အခြားပါတီနှင့် မည်သို့ကွဲ ပြား​ခြားနားမှုရှိပါသည်ဟူ၍ ရှင်းပြနိုင်မည်ဖြစ်သည်။ ပါတီလမ်းစဉ်သည် ပါတီတစ်ရပ်၏နိုင်ငံရေးရည်မှန်း ချက်နှင့် အခြေခံစံတန်ဖိုးများ၊ တောင်းဆိုချက်များနှင့် အကြံပြုတိုက်တွန်းချက်တို့ကို ပြသနေသည်။

ပါတီလမ်းစဉ်နှင့် ရွေးကောက်ပွဲကြေညာချက်(တစ်ခါတစ်လေ ရွေးကောက်ပွဲလမ်းစဉ်ဟုလည်း ခေါ်)တို့မတူ ကွဲပြားသည်။ ရွေးကောက်ပွဲကြေညာချက်တွင် သီးခြားရွေးကောက်ပွဲတစ်ရပ်ကို အကြောင်းပြု၍ သီးခြားအ ကြံပြုတိုက်တွန်းချက်များနှင့် တောင်းဆိုချက်တို့ပါဝင်ပြီး အချိန်နှင့်အမျှ ပြန်လည်ပြင်ဆင်ပေးရတတ်သည်။ ပါတီလမ်းစဉ်တစ်ရပ်တွင် ရေရှည်ဟူသောစရိုက်လက္ခဏာတစ်ရပ်ရှိသည်။ လက်ရှိဖြစ်ပေါ်နေဆဲ နိုင်ငံရေးအ ငြင်းအခုံတစ်ရပ်နှင့်ဆိုင်ရာအရေးကိစ္စများကို ပါတီလမ်းစဉ်က မရည်ညွှန်းပါ။ ယင်းသို့ရည်ညွှန်းချက်မျိုးကို ရွေးကောက်ပွဲကြေညာချက်က ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲကြေညာချက်သည် ရွေးကောက်ပွဲအတွက် သို့မဟုတ် လက်ရှိဖြစ်ပေါ်ဆဲနိုင်ငံရေးအငြင်းအခုံများ၏ရည်ရွယ်ချက်များအတွက်ဟူသော ရေတိုရှုထောင့်အ မြင်တစ်ရပ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။ ပါတီသေးဖြစ်စေ၊ ပါတီအသစ်ဖြစ်စေ ပါတီလမ်းစဉ်နှင့် ရွေး ကောက်ပွဲကြေညာချက်ကြား ကွဲပြားခြားနားနေသည်ဟူ၍တော့ မရှိနိုင်(သေး)ပါ။

ရွေးကောက်ပွဲကြေညာစာတမ်းဟူသည်သီးခြားရွေးကောက်ပွဲတစ်ရပ်အတွက် ပြင်ဆင်ရေးသားထားခြင်း ဖြစ် ပြီး ယင်းကြေညာစာတမ်းထဲ ပါတီတစ်ရပ်က အစိုးရဖွဲ့စည်း သို့မဟုတ် အစိုးရအဖွဲ့ထဲပါဝင်လာပြီးနောက် အကောင်အထည်ဖော်ပေးရနိုင်သည့် အနာဂတ်လှုပ်ရှားဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဆိုပြုချက်များ နှင့် တောင်းဆိုချက်များ ပါဝင်တတ်သည်။ ရွေးကောက်ပွဲမကျင်းပခင် ရွေးကောက်ပွဲလမ်းစဉ်များကို ရေးသား ထားရသည်။ သာမန်အားဖြင့်ဆိုလျှင် ရွေးကောက်ပွဲလမ်းစဉ်များကို ပြည်သူထံ မိမိတို့၏နိုင်ငံရေးသဘော ထားအမြင်များကို ချပြရေးအတွက် တာဝန်ရှိသောပါတီတစ်ရပ်မှ ထိပ်သီးကိုယ်စားလှယ်များနှင့် အနီးကပ် ဆက်သွယ်ကာ ရေးသားထားခြင်းဖြစ်သည်။

မိမိတို့၏အထွေထွေလမ်းစဉ်နှင့် ရွေးကောက်ပွဲကြေညာစာတမ်းများအပြင်ပါတီတချို့၌ ဥပမာ စီးပွားရေးမူဝါဒ များ၊ စွမ်းအင်မူဝါဒများ၊ အမျိုးသမီးများ၊ လူငယ်ထု သို့မဟုတ် မိသားစုများအတွက် မူဝါဒများ၊ ကျေးလက်ရေး ရာမူဝါဒများနှင့် ယဉ်ကျေးမှုရေးရာမူဝါဒများအပါအဝင် တိကျရေရာသောမူဝါဒများနှင့်စပ်လျဉ်းသော ၎င်းတို့ ၏သဘောထားအမြင်များကို ဖွင့်ဆိုသတ်မှတ်ပေးထားသည့် အထူးလမ်းစဉ်များ သို့မဟုတ် ရပ်တည်ချက်စာ တမ်းများလည်းရှိတတ်ကြသည်။ တာဝန်ယူကိုင်တွယ်နေသည့် အထက်ပါမူဝါဒကဏ္ဍအသီးသီး၏ ကိုယ်စား လှယ်များ ပါဝင်ဆောင်ရွက်ကာ အကောင်အထည်ဖော်ပေးနိုင်ခြင်းသည် အထက်ပါလမ်းစဉ်များ သို့မဟုတ် ရပ်တည်ချက်စာတမ်းများ၏ စိတ်ဝင်စားဖွယ်ရာ အထူးအသွင်အပြင်တစ်ရပ်ဖြစ်ပါသည်။ အဆိုပါစာတမ်း သည် ပါတီနှင့် အထက်ပါမူဝါဒကဏ္ဍများကြား ပိုမိုခိုင်မာသောဆက်ဆံရေးတစ်ရပ် ဖြစ်ထွန်းအောင်ပံ့ပိုးပေး နိုင်သည်။

ပါတီလမ်းစဉ်နှင့် မူဝါဒကြေညာစာတမ်းတို့ကို မည်သူက ချမှတ်ဖော်ဆောင်သနည်း

မူဝါဒရေးရာဌာန

ပါတီအများအပြားတွင် ကိုယ်ပိုင်မူဝါဒရေးရာဌာန ရှိကြသည်။ သီးခြားအရေးကိစ္စတစ်ခုနှင့်စပ်လျဉ်းသော သ တင်းအချက်အလက်တို့ကို စုဆောင်းပေးရန် အဆိုပါဌာနကို ပါတီခေါင်းဆောင်ပိုင်းက စေခိုင်းနိုင်သည်။ အ ထက်ပါသတင်းအချက်အလက်တို့ကို စုဆောင်းရန်အလွယ်ကူဆုံးနည်းမှာ  ပါတီဝင်များကို မေးမြန်းရန်ဖြစ် သော်လည်း သီးခြားအကျိုးစီးပွားအုပ်စုများနှင့် တိုင်ပင်ခြင်း သို့မဟုတ် သဘောထားစစ်တမ်းကောက်ခြင်း တို့ကိုလည်း ပြုလုပ်နိုင်သည်။ ထိုအခါ သတင်းအချက်အလက်ကို မူဝါဒသစ်များအဖြစ် ကူးပြောင်းပေးရတော့ သည်။

သုတေသနရေးရာဌာနများ

နိုင်ငံရေးပါတီအများအပြားတွင် ကိုယ်ပိုင်သုတေသနရေးရာဌာန သို့မဟုတ် အကြံပေးအဖွဲ့ကိုယ်စီရှိကြသည်။ ယင်းဌာနများသည် ယေဘုယျအားဖြင့် ပါတီနှင့် နည်းအမျိုးမျိုးဖြင့် ဆက်စပ်နေသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများဖြစ်သည်။ ပါတီ၏ကိုယ်ပိုင်မူဝါဒရေးရာဌာနနှင့်မတူသော သုတေသနရေးရာဌာနများ သို့မ ဟုတ် အကြံပေးအဖွဲ့များသည် အများအားဖြင့် (တစ်ဝက်)ကိုယ်ပိုင်လွတ်လပ်မှုရှိသည်။ဤအချက်ကြောင့် အ ဆိုပါဌာနများသည် ပါတီ၏မူဝါဒများအပေါ် လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်၊ လက်ရှိပါတီက စည်းရုံးဆော်ဩ ထားသည်ထက်ကျော်လွန်ကာ တိုးတက်မှုရှိသောအဆိုပြုချက်များကို လွတ်လပ်စွာတင်သွင်းခွင့်အပြင် မူဝါဒ အတွေးအမြင်များ တိုးတက်ဖော်ဆောင်ရာတွင် ပါတီ ပြင်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထည့်သွင်းခွင့်တို့ကို ရရှိ လာခြင်းဖြစ်သည်။ အဆိုပါအကြံပေးနှင့် သုတေနသရေးရာဌာနများ၏အဖွဲ့အစည်းဆိုင်ရာတည်ဆောက်ပုံ  သည် အမျိုးမျိုးကွဲပြားသည်။ တစ်ခါတစ်ရံတွင် ယင်းအဖွဲ့များသည် အဖွဲ့အစည်းအရ၊ ဘဏ္ဍာရေးအရ ပါတီအ ပေါ် မှီခိုနေရသည့် ဖောင်ဒေးရှင်းများဖြစ်ကြသော်လည်း သီးခြားလွတ်လပ်သောထောက်ပံ့ရေးနည်းနာများ ရှိ သည့် အလုံးစုံ သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းများလည်း ဖြစ်နိုင်ပါသည်။ နယ်သာလန်နိုင်ငံတွင် ပါတီ များ၏သုတေသနအဖွဲ့ကို အစိုးရက ရန်ပုံငွေထောက်ပံ့ပေးပြီး ထောက်ပံ့ငွေပမာဏသည် လွှတ်တော်တွင်းပါ တီကရရှိသည့် အမတ်အရေအတွက်အပေါ် မူတည်ပြီးပေးခြင်းဖြစ်သည်။ အဆိုပါအကြံပေးအဖွဲ့များသည်  ပါတီက တင်သွင်းသောမူဝါဒအဆိုပြုချက်အသစ်များကို ဖော်ဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင် တတ်သည်။ အကြံပေးအဖွဲ့ဝင်များသည် သီးခြားနယ်ပယ်များ(ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးမူဝါဒအစရှိ သဖြင့်)တွင် မူဝါဒများကို တိုးတက်ဖော်ဆောင်ပေးမည့် ပါတီတွင်း အမျိုးမျိုးသောကော်မတီများရှိ အဖွဲ့ဝင် များလည်း ဖြစ်တတ်ကြသည်။

အကြံပေးအဖွဲ့

အကျိုးစီးပွားအုပ်စုတစ်ရပ်ဖြစ်ပြီးအထူးသဖြင့် မူဝါဒအဆိုပြုချက်များကို လက်တွေ့ဖော်ဆောင်ရန်ဖွဲ့စည်း ထားခြင်းဖြစ်ကာ သဘောထားအမြင်ချပြသူများနှင့် မူဝါဒရေးဆွဲသူများကြား ၎င်းတို့အပေါ်လက်ခံပေးရန်အ တွက် စည်းရုံးသည်။

အမြဲတမ်းအကြံပေးဘုတ်အဖွဲ့များ

သီးခြားမူဝါဒရေးရာနယ်ပယ်များတွင် အကြံပေးနိုင်ရန် ပါတီ(နှင့်တစ်ခါတစ်ရံ ပါတီပြင်ပမှ)မှ ကျွမ်းကျင်သူ များပါဝင်သော အမြဲတမ်းအကြံပေးဘုတ်အဖွဲ့များ ပါတီအများအပြားတွင် ရှိနေသည်။ ယင်းဘုတ်အဖွဲ့များ သည် သီးခြားအရေးကိစ္စတစ်ရပ် သို့မဟုတ် မူဝါဒအကြံပြုချက်များနှင့်စပ်လျဉ်းသော နိုင်ငံရေးဖြစ်ပေါ်တိုး တက်မှုများအကြောင်း အကြံပေးနိုင်ကြသည်။

ထို့ကြောင့်ဒတ်ချ် PvdA ပါတီတွင် နိုင်ငံတကာရေးရာကိစ္စများကို အဓိကထားသော အကြံပေးဘုတ်အဖွဲ့နှစ်ဖွဲ့ ထားရှိသည်၊ ဥရောပမူဝါဒရေးရာအကြံပေးဘုတ်အဖွဲ့နှင့် ‘တောင်မြောက်ကော်မတီ’ဟူ၍ဖြစ်ပြီး ဖွံ့ဖြိုးတိုး တက်ရေးအကူအညီနှင့်ဆက်စပ်သောမူဝါဒများအပေါ် အလေးထားကိုင်တွယ်သည်။ တောင်မြောက်ကော်မ တီဝင်များသည် အန်ဂျီအိုအဖွဲ့များတွင် အားတက်သရောပါဝင်ကြသလို၊ ပညာရှင်နောက်ခံရှိပြီး အထက်ပါ နယ်ပယ်များတွင် နိုင်ငံရေးအရတာဝန်ယူမှု ရှိသည်။ ထို့အပြင် PvdA တွင် အမျိုးသမီးကွန်ရက်၊ ရှေ့နေကွန် ရက်၊ ဂေးကွန်ရက်၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တို့နှင့်ဆိုင်သောကွန်ရက်တို့ ရှိသည်။ ယင်းကွန်ရက်အားလုံး၏ရည်ရွယ်ချက်မှာ ပါတီ၏မူဝါဒများ အပေါ် လွှမ်းမိုးဩဇာညောင်းနိုင်ရေးဖြစ်ပြီး ပါတီတွင်း ရှိသမျှသောအသိပညာအားလုံးကို ထိရောက်စွာခိုင်မာ လာစေရေးပင်ဖြစ်သည်။

ယာယီအကြံပေးဘုတ်အဖွဲ့များ

ပါတီညီလာခံ သို့မဟုတ် အမှုဆောင်ကော်မတီသည် သီးခြားအရေးကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်းသော ယာယီအ ကြံပေးဘုတ်အဖွဲ့ကို ဖွဲ့စည်းရန်ကိုလည်း ဆုံးဖြတ်ချက်ချနိုင်သည်။ ယင်းဘုတ်အဖွဲ့များကို အများအားဖြင့် တိ ကျရှင်းလင်းစွာသတ်မှတ်ထားသောအလုပ်တာဝန်တစ်ရပ်ပေးထားပြီး သတ်မှတ်ချိန်ကာလတစ်ရပ်အတွင်း အ ကျိုးရလဒ်တစ်ခု(မူဝါဒစာတမ်းတစ်စောင်) ဖြစ်ထွန်းအောင်လုပ်ရဖွယ်ရှိသည်။ ဥပမာ ယင်းဘုတ်အဖွဲ့များထံ  အနာဂတ်အလုပ်သမားရွှေ့ပြောင်းမှုအကြောင်း သို့မဟုတ် နိုင်ငံရေး၊ လူ့အဖွဲ့အစည်းတွင်း အမျိုးသမီးများပါ ဝင်ဆောင်ရွက်မှုအကြောင်းတို့နှင့်စပ်လျဉ်း၍ အကြံဉာဏ်တောင်းနိုင်သည်။ ယင်းဘုတ်အဖွဲ့မျိုးအတွက် ရွေး ချယ်ထားသော ဥက္ကဌသည် အများအားဖြင့် ဝါရင့်အတွေ့အကြံရှိ(ဝန်ကြီးဟောင်းတစ်ဦးကဲ့သို့) နိုင်ငံရေးသမား တစ်ဦးဖြစ်လေ့ရှိသည်။ အဆိုပါယာယီကော်မတီများသည် အထိအခိုက်မခံနိုင်သောအရေးကိစ္စတစ်ရပ် သို့မ ဟုတ် မူဝါဒနယ်ပယ်တစ်ရပ်ကို အလေးထားကိုင်တွယ်ချိန်မျိုးတွင် ပါတီအတွင်း၊ အပြင်နှစ်ဘက်စလုံးမှ စိတ် ဝင်စားမှု အများအပြား ရရှိသဖြင့် ကော်မတီ၏တွေ့ရှိချက်များကို အောင်အောင်မြင်မြင် ခုခံကာကွယ်ပေးနိုင် သည်အထိလုံလောက်သောလုပ်ပိုင်ခွင့်အာဏာရှိထားသူတစ်ဦးဦးလည်း ဥက္ကဌဖြစ်နိုင်ပါသည်။

ရွေးကောက်ပွဲလမ်းစဉ်/မူဝါဒကြေညာစာတမ်းကော်မတီ

ယာယီအကြံပေးဘုတ်အဖွဲ့နှင့်စပ်လျဉ်း၍ လူသိများပြီးအရေးပါသောနမူနာတစ်ခုမှာ ရွေးကောက်ပွဲလမ်းစဉ် ရေးဆွဲရေးကော်မတီဖြစ်သည်။ ပါတီပြဋ္ဌာန်းချက်များသည် အများအားဖြင့် အပြီးသတ်ရွေးကောက်ပွဲလမ်းစဉ် ကို မည်သို့ သတ်မှတ်ဆုံးဖြတ်ထားမည်ဟူ၍ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ဒေသန္တရပါတီရုံးခွဲများနှင့် တစ်ခါတစ် ရံ တစ်သီးပုဂ္ဂလပါတီဝင်များသည် ပါတီညီလာခံတွင် ပြင်ဆင်ချက်များအကြောင်း ဆွေးနွေးပေးရန် ကမ်း လှမ်းလာတတ်သည်။ ညီလာခံတွင် အပြီးသတ်ပြဋ္ဌာန်းရေးသားချက်ကို ဆုံးဖြတ်ပေးရသည်။ အများအားဖြင့် ပြဋ္ဌာန်းချက်ထဲမပါသည့်အရာက ကနဦးလမ်းစဉ်မူကြမ်းကို မည်သူက အရေးဆိုတင်သွင်းသင့်သနည်းဟူသော ကိစ္စပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် အဆိုပါလမ်းစဉ်မူကြမ်းကို ဝန်ကြီးအဖွဲ့ခေါင်းဆောင်က ဖြစ်စေ၊ နာမည် ကြီးနိုင်ငံရေးသိပံ္ပပညာရှင်တစ်စုကဖြစ်စေ တစ်ထိုင်တည်းရေးထားတတ်ကြသည်။ သို့သော် အသုံးပြုလေ့အရှိ ဆုံးနည်းလမ်းမှာ လမ်းစဉ်မူကြမ်းရေးဆွဲရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ကော်မတီများကို ပါတီခေါင်းဆောင်ပိုင်းက လက်ရွေးစင်ထုတ်နုတ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ယင်းကော်မ တီများသည် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အန်ဂျီအို၊ ကုန်သွယ်ရေးသမဂ္ဂ သို့မဟုတ် စီးပွားရေးလုပ်ငန်း များမှ ကိုယ်စားလှယ်တို့ဖြင့် အားဖြည့်ထားသည် ပါတီ၏စီမံခန့်ခွဲရေးအပေါ်လွှာ(ဒေသန္တရနှင့် နိုင်ငံအဆင့်ရှိ ထင်ရှားသောနိုင်ငံရေးသမားများ)ကြီးကို ကိုယ်စားပြုထားသောအဖွဲ့ဖြစ်တတ်သည်။ အမှန်စင်စစ်တွင် ရွေး ကောက်ပွဲလမ်းစဉ်သည် ပါတီအတွက် အလွန်အရေးကြီးသည်၊ အကြောင်းမူ လာမည့်သက်တမ်းအတွက်ပါတီ ၏ရည်မှန်းချက်များကို ထိုလမ်းစဉ်က ထုတ်ပြန်ပေးထား၍ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲမဲဆွယ်ရေးအ တွက်လည်း အဆိုပါလမ်းစဉ်က အဓိကအခန်းကဏ္ဍရှိနေပြန်သည်၊ ထို့ကြောင့် မဲဆွယ်ရေးစီမံသူများနှင့် ဗျူ ဟာရေးဆွဲရေးသမားများသည် လမ်းစဉ်ဖွံ့ဖြိုးတိုးတက်ရေးကို အနီးကပ်မျက်ခြေမပြတ်တမ်းစောင့်ကြည့်ရ ခြင်းဖြစ်သည်။ မဲဆွယ်ရေးအဖွဲ့၊ ပါတီခေါင်းဆောင်ပိုင်း၊ ဝန်ကြီးအဖွဲ့နှင့် အစိုးရအားလုံးသည် ကော်မတီအ ပေါ် လွှမ်းမိုးဩဇာညောင်းလိုကြသည်။ အကျိုးစီးပွားအရ မြှုပ်နှံပါဝင်နေမှုများလည်းရှိသည်။ တစ်နည်းအား ဖြင့် အာဏာရနိုင်ငံရေးသမားများသည် ၎င်းတို့၏မူဝါဒများအပေါ် ဝေဖန်မှုလမ်းကြောင်းအဖြစ် ကော်မတီကို ရှုမြင်လာနိုင်၍ ယတိပြတ်မူဝါဒပြောင်းလဲခြင်းမျိုးကို အများအားဖြင့် မျက်နှာသာမပေးတတ်ကြပါ။

ပါတီတွင်းနှင့် လူ့အဖွဲ့အစည်းအတွင်း လမ်းစဉ်ရေးဆွဲရေးအတွက် ထောက်ခံမှုရအောင် စည်းရုံးခြင်းနှင့် ပံ့ပိုး အားဖြည့်မှုရရှိအောင် စုစည်းခြင်း

မူဝါဒတစ်ရပ်ကို ပါတီနှင့် လူ့အဖွဲ့အစည်းတွင်း ထောက်ခံအားပေးမှု ပိုကျယ်ပြန့်လေ ယင်းမူဝါဒကို လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်အခွင့်အရေးပိုရှိလေဖြစ်သည်။ဤသို့ဖြစ်ရခြင်းမှာ မူဝါဒအပေါ် လွှတ်တော်တွင်း ထောက်ခံမှု(ဆန္ဒမဲ) ပိုရရှိမည်ဖြစ်ရာ အတည်ပြုပြဋ္ဌာန်းခံရမည့်အခွင့်အရေးပိုများမည်ဖြစ်သောကြောင့်ပင်။  ထောက်ခံမှုရရှိရန် ပါတီများသည် မိမိတို့ပါတီထောက်ခံသူများအပြင် အခြားပြည်သူများနှင့် လူထုဆွေးနွေး ပွဲတစ်ရပ်စတင်ပြုလုပ်ရမည်။ ဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်တွင် အဆင့်သုံးဆင့်ပါသည်၊ သတင်းအချက်အ လက်၊ ဆွေးနွေးငြင်းခုံခြင်း(သဘောထားအမြင် ချပြခြင်း) နှင့် ဆုံးဖြတ်ချက်ချခြင်းဟူ၍ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်ကို တတ်နိုင်သမျှ မျှတပြီး ပွင့်လင်းမြင်သာမှုဖြစ်စေရန် ပါတီများဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရေးအလွန်အရေးကြီးသည်။ ပြင်ပကမ္ဘာလောကနှင့် တွေ့ဆုံဆွေးနွေးရေး သည် သတင်းအချက်အလက်အဆင့်နှင့် ဆွေးနွေးငြင်းခုံခြင်းအဆင့်တို့တွင် အကျုံးဝင်ပါသည်။ အများအား ဖြင့် ဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်သည် ပါတီအတွင်းရေးကိစ္စတစ်ရပ်ဖြစ်သည်။ သတင်းအချက်အလက်အဆင့် ကာလတွင် ပါတီကော်မတီသည် တတ်နိုင်သမျှ သတင်းအချက်အလက်များများစားစား ရရှိရေးစုဆောင်းရ သည်။ နယ်မြေဆင်းခြင်း၊ ကုမ္ပဏီများနှင့် အသင်းအပင်းများသို့ သွားလည်ပတ်ခြင်း၊ ကြားနာခြင်းများ၊ ကျွမ်း ကျင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း သို့မဟုတ် သက်ဆိုင်ရာစာပေတို့ကို လေ့လာလိုက်စားခြင်းအားဖြင့် သ တင်းအချက်အလက်စုဆောင်းခြင်းကို ပြုလုပ်နိုင်ပါသည်။ ဤနည်းဖြင့်ရရှိလာသောသတင်းအချက်အလက် သည် နောက်ဆုံးမူဝါဒအဆိုပြုရေးအတွက် အခြေခံဖြစ်လာလိမ့်မည်။ ဆွေးနွေးငြင်းခုံခြင်းအဆင့်ဟူသည်မှာ ပါတီအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်များ၊ အထူးအကျိုးစီးပွားအုပ်စုများ၊ အန်ဂျီအိုများ၊ ပညာရှင်များအစရှိသည်တို့မှ တတ်နိုင်သမျှသဘောထားအမြင်များကို နှိုက်ထုတ်ယူခြင်းသဘောပင်ဖြစ်သည်။  ဆွေးနွေးပွဲကို စီစဉ်ပြုလုပ် ပုံနည်းအမျိုးမျိုးရှိနိုင်သည်၊ သို့သော် အဓိကအရာမှာ တတ်နိုင်သမျှ တက်ရောက်လာသော လူအများက ဆွေး နွေးပွဲကို မိမိတို့ ပံ့ပိုးအားဖြည့်ပေးနိုင်မှုရှိကြောင်း၊ မိမိတို့အသံများ ထုတ်ဖော်ကြားနာခွင့်ရရှိကြောင်းဟူ၍ ခံ စားထင်မြင်မိနိုင်စေရေးပင်ဖြစ်သည်။ ဤအဆင့်တွင် ဆွေးနွေးငြင်းခုံပွဲသည် အဆိုပြုလွှာများ၊ ဆွေးနွေးရန်အ တွက်စာတမ်းများ သို့မဟုတ် အပြီးသတ်အစီရင်ခံတင်ပြချက်၏ကနဦးမူကြမ်းတစ်ရပ်ကိုပင် အဓိကထားဆွေး နွေးနိုင်ပါသည်။ သင့်အနေဖြင့် ဆွေးနွေးငြင်းခုံပွဲတစ်ရပ်ကို အောက်ပါနည်းလမ်းတချို့နှင့် စီစဉ်ပြုလုပ်နိုင် သည်။

အင်တာနက်ပေါ်၊ အင်တာနက်ပေါ် အဖွင့် သို့မဟုတ် အပိတ်ဖိုရမ်များမှတစ်ဆင့် လူများသည် ဆွေး နွေးပွဲသို့ ဝင်လာနိုင် သို့မဟုတ် ၎င်းတို့၏အမြင်များကို ဖော်ပြနိုင်သည်။
ကော်မတီ၏မေတ္တာရပ်ခံချက်ဖြင့် ကျင်းပသောမြို့တော်ခန်းမအစည်းအဝေးများ၊ ယင်းနေရာတွင် တတ်နိုင်သမျှ လူအများအပြား(ပါတီအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သူများ)က ၎င်းတို့၏သဘော ထားအမြင်များကို ထုတ်ဖော်ပြနိုင်သည်။ ဤနေရာသည် လူတစ်ယောက်အနေဖြင့် မတူကွဲပြားသော အမြင်အများအပြားကို ထုတ်ဖော်ပြသခွင့်ရမည်ဟု မျှော်လင့်နိုင်သောနေရာတစ်နေရာဖြစ်သည်။
စာဖြင့်ရေးသားပံ့ပိုးအားဖြည့်မှုများ၊ ကော်မတီသည် လူတချို့နှင့် အဖွဲ့အစည်းများထံမှ ကော်မတီ တွင်းဆွေးနွေးရမည့် အကြောင်းအရာကို စာဖြင့်ရေးသားပံ့ပိုးပေးပါရန် တောင်းဆိုနိုင်သည်။
တွေ့ဆုံမေးမြန်းမှုများနှင့် ညှိနှိုင်းတိုင်ပင်မှုများ၊ ပံ့ပိုးအားဖြည့်ပေးမည့် ကျွမ်းကျင်သူများနှင့် တွေ့ဆုံ မေးမြန်းချက်များကို ကော်မတီက အထူးတန်ဖိုးထားသည်။
လုံလောက်သောထောက်ခံမှုကိုရရှိရန် ကော်မတီဘက်က အပြီးသတ်အစီရင်ခံချက်ကို မည်သို့ ရေးဆွဲထား သည်၊ သတင်းအချက်အလက်နှင့် ဆွေးနွေးငြင်းခုံမှုအဆင့်တို့တွင် ပါဝင်သော လူအမျိုးမျိုး၊ အဖွဲ့အစည်းအသီး သီးထံမှ ပံ့ပိုးအားဖြည့်မှုများကို မည်သို့ အသိအမှတ်ပြုပါသည်ဟူ၍ ရှင်းလင်းပြရန် အရေးကြီးသည်။ အခြေအနေအားလုံးအဆင်ပြေလျှင် ဤနည်းလမ်းသည် နောက်ဆုံးအားဖြင့် မူဝါဒသစ်တစ်ရပ်၊ တည်ဆဲမူဝါဒများ တွင် အပြောင်းအလဲတစ်ရပ် သို့မဟုတ် ရွေးကောက်ပွဲလမ်းစဉ်တစ်ရပ်ကို ပေါ်ပေါက်စေပါသည်။