အသစ်များ > ပါတီအဖွဲ့အစည်း

ပါတီအဖွဲ့အစည်း

2023-01-21

ပါတီများ၏အဖွဲ့အစည်းဆိုင်ရာရွေးချယ်ချက်များသည် ရည်မှန်းချက်များနှင့်ဆိုင်ရာ၊ မဟာဗျူဟာနှင့်ဆိုင်ရာ အရေးကိစ္စတစ်ရပ်ဖြစ်သည်၊ တစ်နည်းအားဖြင့် ပါတီတွင်းလုပ်ထုံးလုပ်နည်းကိုကြည့်၍ ပါတီသည် မည်သည့် အပေါ် ရပ်တည်သည်ဟူသောအချက်ကို တွေ့နိုင်သည်။ ပါတီစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း များ ရှင်းရှင်းလင်းလင်းရှိခြင်းသည် ရေရှည်ရွေးကောက်ပွဲအောင်မြင်မှုရရှိရေး ကြိုးပမ်းနေသော ပါတီများအ တွက် အဖိုးတန်သည်။ ပါတီတွင်းပဋိပက္ခကို ထိန်းချုပ်ကြပ်မတ်ပေးသည့် လုပ်ထုံးလုပ်နည်းများသည် ပါတီ ရေရှည်တည်တံ့နိုင်အောင် ပံ့ပိုးပေးနိုင်သည်၊ အထူးသဖြင့် စည်းမျဉ်းစည်းကမ်းများသည် ပွင့်လင်းမြင်သာမှုရှိ ခြင်း၊ လူအများရှေ့ကောင်းစွာချပြထားခြင်း၊ အဖွဲ့ဝင်များကနားလည်ပြီး လိုက်နာမှုရှိသည်ဆိုလျှင် ပါတီ၏ရေ ရှည်တည်တံ့မှုအတွက် ပံ့ပိုးပေးနိုင်သည်။

ဘေယုယျအားဖြင့် ပါတီများသည် ပါတီအဆင့်အသီးသီးကြား ဆက်ဆံရေးများကို ရှင်းလင်းစွာဖော်ပြရန်နှင့် ဆုံးဖြတ်ခြင်းလုပ်ထုံးလုပ်နည်းများ သတ်သတ်မှတ်မှတ်ထားရှိရန်အတွက် ပါတီဖွဲ့စည်းပုံဥပဒေများ သို့မဟုတ် ပါတီပြဋ္ဌာန်းဥပဒေများကို ကျင့်သုံးကြသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းများမှာ အများအားဖြင့် ဒေသန္တရအ ဆင့်နှင့် အမျိုးသားဗဟိုအဆင့်ပါတီခေါင်းဆောင်များကို ရွေးချယ်ပုံ(နှင့် တစ်ခါတစ်ခါ ၎င်းတို့ကို ပြန်ဖြုတ်ချ ပုံ)၊ အစိုးရရာထူးအတွက်ကိုယ်စားလှယ်များကို ရွေးချယ်ပုံနှင့် အဆိုပါရာထူးနှစ်မျိုးစလုံးအတွက် ဝင်ပြိုင်ရန် အရည်အချင်းပြည့်မီသူက မည်သူမည်ဝါဖြစ်သည်ဟူသောအချက်တို့ကို အသေးစိတ်ဖော်ပြထားခြင်းဖြစ် သည်။ ပါတီများ၏အဖွဲ့အစည်းဆိုင်ရာရွေးချယ်ချက်များသည် ၎င်းတို့ယှဉ်ပြိုင်ရာပတ်ဝန်းကျင်ကို ထင်ဟပ်မှု ရှိသည်၊ ထို့ကြောင့် ပါတီများသည် နိုင်ငံအများအပြားတွင် အချိန်နှင့်အမျှ မတူဘဲ ကျယ်ပြန့်စွာ အမျိုးမျိုးကွဲ ပြားနေဖွယ်ရာရှိသည်။

သို့သော် အအောင်မြင်ဆုံးသောဒီမိုကရေစီပါတီအများစုက ရင်ဆိုင်ရဖွယ်ရှိသည့် အဖွဲ့အစည်းဆိုင်ရာအခြေခံ ပြဿနာတစ်ချိုရှိသည်။

ပါတီအမှတ်တံဆိပ်များကို ဖွင့်ဆိုသတ်မှတ်ခြင်းနှင့် ကာကွယ်ခြင်း

 ပါတီများသည် ၎င်းတို့၏ပြဋ္ဌာန်းဥပဒေများကို အသုံးချကာ တရားဝင်အမျိုးအမည်ကို ထူထောင်နိုင်ပြီး ပါတီ အမှတ်တံဆိပ်ကို အသုံးချနိုင်သည့်သူကိုလည်း သီးခြားသတ်မှတ်ထားနိုင်သည်။

ပါတီနာမည်များသည် အတိုကောက်ရေးထားသောအဆိုအမိန့်များဖြစ်သည်၊ အဆိုပါအဆိုအမိန့်များကြောင့် နိုင်ငံသားများမှာ မည်သည့်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်နှင့် မည်သည့်ကိုယ်စားလှယ်များက သီးခြား  အခြေခံမူတစ်ရပ်ရပ်ကို ထောက်ခံခြင်း၊ သို့မဟုတ် သီးခြားခေါင်းဆောင်တစ်ဦးဦးကို ထောက်ခံခြင်းနှင့် နှီးနွှယ် ပတ်သက်မှုရှိကြောင်းကို ဖော်ထုတ်သိနိုင်မည်ဖြစ်သည်။ ပါတီအမည်ပုံသေမြဲနေခြင်းသည် သီးခြားခေါင်း ဆောင်များနှင့် နှီးနွှယ်ပတ်သက်မှုရှိကြောင်း ထုတ်ဖော်ပြသရာရောက်သည့်အပြင် ပါတီအပေါ် မဲဆန္ဒရှင်များ ၏သစ္စာရှိမှုကို မြှင့်တင်ပေးခြင်းအားဖြင့် ပါတီရေရှည်တည်တံရေးကို ပံ့ပိုးပေးနိုင်ပါသည်။

ပါတီများသည် ခွင့်ပြုချက်ရသည့်အတိုကောက်စာလုံးများ သို့မဟုတ် မတူကွဲပြားသောအမှတ်တံဆိပ်များကို ဖော်ပြလိုကြသည်။ ဥပဒေနှင့်အညီဖြစ်သောအမည်ကို ပေးခြင်းသည် စည်းလုံးမှုကို ရရှိစေသလို၊ ဆန္ဒမဲကို လည်း မပျက်ယွင်းစေဘဲ မီဒီယာထုတ်လွှင့်ချက်အရလည်း ကောင်းမွန်သည်။ ထို့အပြင် ပြိုင်ဘက်ပါတီများ သို့ မဟုတ် တစ်စင်ထောင်သွားသောပါတီများနှင့် နာမည်တူလာမည့်အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်သည်။ နာမည်တူပေါ်ထွက်ခြင်းသည် ပါတီတစ်ရပ်အတွက် ၎င်း၏သိသာထင်ရှားသောသီးခြားအမှတ်အသားကို ထိန်းသိမ်းနိုင်ရေးအတွက် ပိုမိုခက်ခဲသွားလိမ့်မည်ဖြစ်သည်။

ပါတီသီးခြားအမှတ်အသားကို ကာကွယ်စောင့်ရှောက်ရန်အဖို့ငှာ ပါတီများသည် ပါတီအမှတ်တံဆိပ်ကို မည် သူကသာ အသုံးချခွင့်ရှိသည်ဟူသောစည်းမျဉ်းများကို ချမှတ်ထားလိုကြသည်။ တချိုကိစ္စများတွင် အဆိုပါ စည်းမျဉ်းများထဲ အမျိုးသားဗဟိုပါတီခေါင်းဆောင်မှု သို့မဟုတ် အမျိုးသားဗဟိုအဆင့်ပါတီလမ်းစဉ်ကို အ တိုက်အခံပြုနေသည်ဟုတွေ့ရှိရသည့် ရွေးကောက်ခံအရာရှိများ သို့မဟုတ် ဒေသန္တရအဆင့် သို့မဟုတ် တိုင်း ဒေသအဆင့်ပါတီရုံးခွဲများကို ထုတ်ပယ်ပစ်ရန်လုပ်ထုံးလုပ်နည်းများလည်း ပါဝင်နေနိုင်သည်။ ပါတီအတွက် ပြောရေးဆိုခွင့်ရှိသူက မည်သူဟူ၍ ထိန်းချုပ်ရေးယန္တရားတချို့ရှိထားခြင်းသည် ပါတီအမှတ်တံဆိပ် မောင် ပိုင်စီးမခံရရေးအတွက် အရေးပါလှသည်။ သို့သော် သင့်တင့်ကောင်းမွန်သောပါတီတွင်းအငြင်းအခုံများကို တားဆီရန်အတွက်တော့ အဆိုပါလုပ်ထုံးလုပ်နည်းများကို အသုံးမချသင့်ပါ။

ပါတီအဖွဲ့ဝင်ဖြစ်ရေးအတွက် လိုအပ်သောအခြေအနေများ

ပါတီစည်းမျဉ်းများသည် အဖွဲ့ဝင်လက်ခံမှုအရည်အချင်းလိုအပ်ချက်များကို သတ်မှတ်ဖော်ပြထားသင်ပြီး အဖွဲ့ ဝင်များ၏အခွင့်အရေးများ၊ အခန်းကဏ္ဍများနှင့် တာဝန်၀တ္တရားများကိုပါ ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့် သည်။

နိုင်ငံရေးပါတီအများအပြားသည်၎င်းတို့အပေါ်ထောက်ခံသူများအား ပါတီစာရင်းဝင်အဖွဲ့ဝင်များအဖြစ် သတ် သတ်မှတ်မှတ်ထည့်သွင်းထားသည်။ ပါတီစာရင်းဝင်အဖြစ်သတ်မှတ်ခြင်းကြောင့် ပါတီများအနေဖြင့် မိမိတို့၏ အတွေးအမြင်များကို ပြန့်နှံ့အောင်လုပ်နိုင်သည်၊ လူထုထောက်ခံမှုရေသောက်မြစ်များကို ခိုင်မာအောင်လုပ်နိုင် သည်။ ပါတီဝင်ကြေးသည် ပါတီဝင်ငွေအတွက် အရေးပါသောအရင်းအမြစ်တစ်ခုလည်း ဖြစ်နိုင်သည်။

ပါတီများသည် အဖွဲ့ဝင်လက်ခံရေးဌာနအဖွဲ့အစည်းများကို အသုံးပြုကာ အဓိပ္ပာယ်ပြည့်၀သောနိုင်ငံရေးပါဝင် ဆောင်ရွက်မှုကို အားပေးမြှင့်တင်နိုင်ပြီး ထောက်ခံသူနှင့်ခေါင်းဆောင်ကြား ဆက်ထုံးများကို ခိုင်မာအား ကောင်းအောင်လုပ်နိုင်သည်။

ပါတီဝင်သတ်မှတ်ချက်စည်းမျဉ်းများ ရှင်းရှင်းလင်းလင်းထားရှိပါက အထက်ပါပူးပေါင်းဆောင်ရွက်ခြင်း၊ အ ထူးသဖြင့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းနှင့် ခေါင်းဆောင်များကို မွေးထုတ်ခြင်းတို့တွင် ပါဝင်ဆောင် ရွက်မှုကို လွယ်ကူချောမွေ့စေနိုင်သည်။ အဆိုပါစည်းမျဉ်းများသည် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်လက်ခံပေးနိုင်သော အာဏာမည်သူတွင်ရှိရမည်၊ သို့မဟုတ် ဝင်ခွင့်ငြင်းပယ်ရန်အာဏာ၊ မည်သည့်အခြေခံအကြောင်းရင်းများအ ပေါ်မူတည်ကာ ဝင်ခွင့်ပြုသည်၊ မပြုသည်ဟူ၍လုပ်နိုင်သောအာဏာမည်သူတွင်ရှိရမည်ဆိုသည်နှင့်စပ်လျဉ်း ၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်သည်။

အဖွဲ့ဝင်များ၏အခွင့်အရေးများကိုလည်း ရှင်းရှင်းလင်းလင်းဖော် ပြထားသင့်သည်။ အများအားဖြင့် ပါတီဝင်များ နှစ်သက်သောအခွင့်အရေးများတွင် ကိုယ်စားလှယ်ရွေးချယ် ရေးလုပ်ထုံးလုပ်နည်းများ၊ ပါတီတွင်းသာပြုလုပ်သောဆွေးနွေးဖလှယ်ပွဲများသို့ တက်ရောက်နိုင်မှုနှင့် ပါတီထံ မှ အထူးသတင်းအချက်အလက်ကို ရရှိမှုတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ပါဝင်သည်။ ပါတီ ဝင်များထမ်းဆောင်ရမည့်သာမန်တာဝန်၀တ္တရားများတွင် ပါတီဝင်ကြေးကို လစဉ် သို့မဟုတ် နှစ်စဉ်ပေးရန် တာဝန်လည်း ပါဝင်သည်၊ တချို့ကိစ္စများတွင်မူ အစည်းအဝေးပွဲများသို့ တက်ရောက်ရန်လိုအပ်ချက်ကိုလည်း ထည့်သွင်းထားသည်။ မည်သူက ပါတီတွင်း ဝင်နိုင်သည်ဟူ၍ ပါတီဝင်ခွင့်အရည်အချင်းလိုအပ်ချက်များကို လည်း ရှင်းရှင်းလင်းလင်းဖော်ပြထားရမည်။

ပြဋ္ဌာန်းသတ်မှတ်ချက်များတွင် ယေဘုယျအားဖြင့် ပါတီဝင်ဖြစ် ရန် အနိမ့်ဆုံးအသက်အရွယ်၊ အခြားပါတီတစ်ခုတွင် ပါတီဝင်ဖြစ်နေသော ပါတီဝင်မျိုး လက်မခံခြင်း၊တချို့ကိ စ္စများတွင် နေထိုင်ခွင့် သို့မဟုတ် နိုင်ငံသားဖြစ်ရမည်ဟူသောလိုအပ်ချက်အစရှိသည်တို့ ပါဝင်သည်။ ပါတီဖွဲ့ စည်းပုံဥပဒေများတွင် ပါတီဝင်သက်တမ်းကာလအပြင် ပါတီဝင်အဖြစ်မှရပ်စဲခြင်းအတွက် အခြေခံအကြောင်း ရင်းတရားတို့ကို ဖော်ပြထားနိုင်သည်။

ပါတီဌာနစိတ်များကြား ဆက်ဆံရေး

ပါတီစည်းမျဉ်းဥပဒေများသည် ပါတီ၏အမျိုးမျိုးသောအလွှာများကြား ဆက်သွယ်ရေး၊ လုပ်ပိုင်ခွင့်၊ တာဝန် ခံမှုတို့နှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း ရေးဆွဲပြထားနိုင်သည်။

ပါတီအများစုသည် မြောက်များစွာသော နိုင်ငံရေးအဆင့်များ(ဒေသန္တရ၊ ပြည်နယ်၊ နိုင်ငံလုံးဆိုင်ရာ)တွင် တည် ရှိကြပြီး ရှုထောင့်များစွာ(လုပ်အားပေးအဖွဲ့အစည်း၊ ဥပဒေပြုအုပ်စုနှင့် တချို့ကိစ္စများတွင်မူ သမ္မတနှင့် ပြည် နယ်အမှုဆောင်အရာရှိချုပ်များ)လည်းရှိသည်။ ဤအချက်က မေးခွန်းထုတ်စရာတစ်ခုဖြစ်လာသည်။ ယင်းမှာ ပါတီသည် မည်သည်အရာအပေါ် ရပ်တည်နေပါသည်ဟူ၍ မည်သူက လုံးလုံးလျားလျား သတ်မှတ်ဆုံးဖြတ်သ နည်းဟူသောမေးခွန်းပင်ဖြစ်သည်။ ကိစ္စရပ်အတော်များများတွင် ပါတီဖွဲ့စည်းပုံအလွှာများသည် အမျိုးသားဗ ဟိုအဆင့်နိုင်ငံရေးဖွဲ့စည်းပုံအလွှာများကို ထင်ဟပ်မှုရှိလိမ့်မည်ဖြစ်သည်။

ဥပမာပြရလျှင် ဖက်ဒရယ်နိုင်ငံများ တွင် ပါတီများ၏တိုင်းဒေသအဆင့်ပါတီဌာနစိတ်များ၌ ကိုယ်ပိုင်လွတ်လပ်မှု ပိုမိုရရှိနိုင်သည်၊ ဖက်ဒရယ်နိုင် ငံများတွင် ပါတီအဖွဲ့အစည်းသည် တစ်ပြည်ထောင်စနစ်နိုင်ငံများမှာထက် အထက်အောက်ပုံစံပိုဆန်ကောင်း ဆန်နိုင်သည်။ ခရိုင်ရေးရာကိစ္စရပ်များအပေါ်တာဝန်ယူဖြေရှင်းနိုင်ရေးအတွက် တိုင်းဒေသအဆင့်ရွေးကောက် ပွဲများ အပြိုင်ရှိကြသည့် နိုင်ငံများတွင် ပြည်နယ်ပါတီများ၌ ကိုယ်ပိုင်လွတ်လပ်မှုရှိရေးသည် အထူးအားဖြင့် နိုင်ငံရေးအရ ကောင်းမွန်သောအဓိပ္ပာယ်ပင်ဖြစ်နိုင်သည်။ သို့သော် အဆိုပါအခြေအနေမျိုးများနှင့်ရင်ဆိုင်ရ သည့်တိုင် နိုင်ငံလုံးဆိုင်ရာနှင့် တိုင်းဒေသအဆင့်ပါတီခေါင်းဆောင်များကြား ပဋိပက္ခများကို ဖြန်ဖျေပေးရန် စည်းမျဉ်းများ  အစီအစဉ်တကျရှိနေရန် အရေးကြီးသည်။

ပါတီတစ်ရပ်တွင် အဖွဲ့အစည်းအလိုက်အဆင့်ပေါင်းများစွာ၊ အုပ်ချုပ်ရေးဌာနခွဲပေါင်းများစွာရှိသည့်အခါ  ပါ တီ၏ပြဋ္ဌာန်းဥပဒေများသည် ပါတီတွင်း အမြင့်မားဆုံးလုပ်ပိုင်ခွင့်အာဏာကို သတ်မှတ်ပေးထားသင့်သည်။ တချို့ကိစ္စရပ်များတွင် အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာသည် မူဝါဒနယ်ပယ်မတူရင်မတူသလို ကွဲပြားမှုရှိနိုင် သည်။ ဥပမာအားဖြင့် ဥပဒေပြုအဖွဲ့သည် ပါတီခေါင်းဆောင်ကို ရွေးချယ်နိုင်သည့် အကြွင်းမဲ့လုပ်ပိုင်ခွင့်အာ ဏာရှိနိုင်သည်၊ တစ်ဖက်တွင် ပါတီ၏နှစ်ပတ်လည်ညီလာခံသည် ပါတီအမှုဆောင်ဘုတ်အဖွဲ့ကို ရွေးချယ်ရေး အတွက် အဆုံးသတ်စီရင်ပေးသူဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် အထူးစာရင်းစစ်ကော်မတီတစ်ရပ်သည် ပါ တီ၏ဘဏ္ဍာရေးရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်နိုင်သည်။ ထို့အပြင် ပါတီများတွင် နေ့တဓူ၀အရေးကိ စ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးသည့်ပိုမိုသေးငယ်သောအမှုဆောင်ဘုတ်အဖွဲ့များရှိတတ်သည်။ အဆိုပါ ဘုတ်အဖွဲ့များသည် ပါတီ၏နှစ်ပတ်လည်ညီလာခံကို တာဝန်ခံရနိုင်သည်၊ သို့မဟုတ် ၎င်းဘုတ်အဖွဲ့များကို ဥ ပဒေပြုရေးအဖွဲ့က ရွေးချယ်ပေးနိုင်သည်(သို့မဟုတ် ၎င်းဘုတ်အဖွဲ့များသည် ညီလာခံရော၊ ဥပဒေပြုအဖွဲ့ နှစ် ခုစလုံးကိုပေါင်းစပ်၍ ကိုယ်စားပြုနိုင်သည်)။

ပါတီများသည် အခြားအုပ်စုများနှင့် ဆက်ဆံရေးများကိုလည်း တရားနည်းလမ်းတကျ သတ်မှတ်ထားချင် သည်။ ပါတီအများအပြားတွင် လူ့အဖွဲ့အစည်း၏ အထူးသီးခြားအပိုင်းကဏ္ဍများအတွက် တာဝန်ယူဆောင် ရွက်ပေးသော၊ သီးခြားလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသော ရုံးခွဲဌာနစိတ်များနှင့် ပါတီနှင့်နှီးနွယ် ဆက်စပ်သောအသင်းအပင်းများရှိသည်။ ဥပမာပြရလျှင် အကြံပေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့အစည်း များ၊ သို့မဟုတ် လူငယ်ထုကိုယ်စားပြုအဖွဲ့များ၊ သို့မဟုတ် ပါတီတွင်း လော်ဘီလုပ်ဆောင်ပေးသည့် မူဝါဒရေး ရာအဓိကအဖွဲ့များတို့ပင်ဖြစ်သည်။

အဆိုပါရုံးခွဲဌာနစိတ်များသည် ပါတီနှင့် လုံးလုံးသီးခြားလွတ်လပ်မှုရှိပြီး ယင်းအုပ်စုများကို အလွတ်သဘော ချိတ်ဆက်ပေးထားသည့်အရာများမှာ အတူလက်ခံထားသောရည်မှန်း ချက်များနှင့် တစ်ပြိုင်တည်းတည်ရှိနေသည့် ပါတီဝင်အင်အားစုများပင်ဖြစ်သည်။ သို့မဟုတ် အဆိုပါရုံးခွဲဌာန စိတ်များသည် ပါတီစေတနာ့အဖွဲ့အစည်း၏ လက်အောက်တွင် တရားဝင်ရှိနိုင်သည်။ ပါတီအတွက် မည်သူက ပြောရေးဆိုခွင့်ရှိသည်ဟူသော ဝေခွဲမရမှုမျိုး မဖြစ်ပေါ်စေရန် ပါတီပြဋ္ဌာန်းဥပဒေများသည် အဆိုပါဆက်ဆံ ရေးများကို ရှင်းရှင်းလင်းလင်းဖော်ပြထားနိုင်သည်။

ပါတီပြဋ္ဌာန်းဥပဒေများသည် ပါတီနှင့်မသက်ဆိုင်သော အ ဖွဲ့အစည်းများနှင့် တရားဝင်ဆက်ဆံရေးရှိသောပုံစံများကို ရှင်းရှင်းလင်းလင်းဖော်ပြထားနိုင်သည်၊ အထူးသ ဖြင့် ပါတီ၏မူလဇစ်မြစ်များ၊ ရှိနေဆဲတာဝန်များနှင့် နီးနီးကပ်ကပ် ဆက်နွှယ်နေသောအဖွဲ့အစည်းများကို ဆိုလိုသည်။ ဥပမာပြရလျှင် ဆိုရှယ်ဒီမိုကရေစီဦးတည်သောပါတီများသည် ကုန်သွယ်ရေးသမဂ္ဂများနှင့် နီးနီး ကပ်ကပ် ချိတ်ဆက်နေသည်။ တချို့ကိစ္စများတွင် ကုန်သွယ်ရေးသမဂ္ဂများသည်  ပါတီ၏အဖွဲ့အစည်းပိုင်းနှီး နွှယ်ပတ်သက်နေသောအဖွဲ့များဖြစ်သည်၊ မဲပေးခွင့်များ၊ ဘဏ္ဍာရေးပိုင်း တာဝန်၀တ္တရားများတွင် ပါတီနှင့် ဆက်စပ်နေသည်။ တချို့အနေအထားများတွင် သမဂ္ဂများသည် တရား၀င်အခွင့်အရေးမရှိသော သီးခြားလွတ် လပ်သော ထောက်ခံသူများဖြစ်သည်။

ဘာသာရေးလှုပ်ရှားမှုနှင့်မကင်းသောပါတီများတွင် ဘာသာရေးအာ ဏာပိုင်အဖွဲ့များသည် ပါတီအသိုင်းအဝိုင်းများအတွင်း သီးခြားရပ်တည်ချက်ရှိနိုင်သည်။ အဆိုပါဆက်ဆံရေး များ၏အတိုင်းအဆနှင့် အကန့်အသတ်များကို သတ်မှတ်ထားခြင်းဖြင့် ပါတီများသည် မည်သည်အတွက် ၎င်းတို့ရပ်တည်နေသည်၊ ပါတီအတွက် မည်သူက ပြောရေးဆိုခွင့်ရှိနိုင်သည်ဟူသော အချက်တို့ကို သတ်မှတ် နိုင်ရန်အထောက်အကူရသည်။

အငြားပွားမှုဖြေရှင်းရေးယန္တရားများ

ပါတီပြဋ္ဌာန်းဥပဒေများသည် ပဋိပက္ခများကို ကြိုတင်ပြင်ဆင်ထားသင့်ပြီး ပါတီတွင်းကောင်းမွန်သောအငြင်း အခုံများကို အားပေးမြှင့်တင်ရုံသာမက၊ ထိန်းချုပ်ထားရေးအတွက် လုပ်ငန်းဘောင်များကိုပါ ချမှတ်ပေးထား သင့်သည်။

ဒီမိုကရေစီနိုင်ငံရေးပါတီများတွင် စိတ်ဓာတ်ခိုင်မာပြီး ရည်မှန်းချက်ကြီးသောနိုင်ငံရေးသမားများ၌ တိုင်း ပြည်နှင့် ပါတီအတွက် မည်သည့်မူဝါဒများနှင့် လမ်းစဉ်များက အကောင်းဆုံးအကျိုးစီးပွားဖြစ်စေမည်ဟူသော ကိစ္စနှင့်စပ်လျဉ်း၍ ပဋိပက္ခဖြစ်နေသောရှုထောင့်အမြင်များရှိကြခြင်းကို ရှောင်လွှဲမရနိုင်သလို၊ လိုလားအပ် သောကိစ္စလည်းဖြစ်နေသည်။ ပါတီတွင်း ပဋိပက္ခဖြေရှင်းစီရင်ပေးရေးစည်းမျဉ်းများရှိထားခြင်းသည် အငြင်း အခုံများ ရေချိန်တက်မလာစေရန် ကာကွယ်တားဆီးပေးနိုင်ပြီး နစ်နာရသောအဖွဲ့ဝင်များအနေဖြင့် အငြင်း အခုံများကို တရားရုံးတက်ဖြေရှင်းယူရခြင်းမျိုးအဆင့်ထိ မဖြစ်ပွားစေနိုင်ပါ။

အဆိုပါလုပ်ငန်းဘောင်များတွင် ပါတီအဖွဲ့ဝင်များ သို့မဟုတ် ပါတီကိုယ်စားလှယ်များ ပါတီမှ ထုတ်ခံရခြင်းမျိုး၊ သို့မဟုတ် ပါတီ၏ဥပဒေပြု ရေးဆိုင်ရာလျှို့ဝှက်အစည်းအဝေးမှ ဖယ်ကြဉ်ခံရခြင်းမျိုးစသည့်ကိစ္စများဖြစ်ပေါ်လာပါက ပါတီတွင်း သီးခြား လွတ်လပ်သောအယူခံရုံးဌာနတစ်ခုကိုထည့်သွင်းထားသင့်သည်။ ပါတီတွင်း သီးခြားလွတ်လပ်သောအယူခံရုံး ဌာနရှိထားခြင်းက ဆုံးဖြတ်ချက်များကို ပိုမိုစဉ်းစားချင့်ချိန်ချမှတ်လာနိုင်စေသလို၊ ဒေသန္တရ သို့မဟုတ် အမျိုး သားဗဟိုအဆင့်ပါတီရေးရာအုပ်စုများအတွက် ဖြုတ်ထုတ်ယန္တရားများကို သုံးပြီး ယင်းတို့၏အာဏာကိုကာ ကွယ်ရန် သို့မဟုတ် ပုဂ္ဂိုလ်ရေးမဲတင်းမှုများကို ဖြေရှင်းရန်အတွက် ပိုမိုခက်ခဲသွားစေနိုင်သည်။

ပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်း

ပါတီများသည် ပါတီခေါင်းဆောင်များနှင့် ရွေးကောက်ပွဲဝင်ပါတီကိုယ်စားလှယ်များကို ပုံမှန်ရွေးချယ်ခြင်း(နှင့် အမတ်လောင်းအဖြစ်ပယ်ဖျက်ပစ်နိုင်ခြင်း)နှင့်ပတ်သက်သောစည်းမျဉ်းများ ရှင်းရှင်းလင်းလင်းရှိထားပါကအ ကျိုးများမည်သာဖြစ်သည်။

စည်းမျဉ်းများရှင်းလင်းပါက နိုင်ငံရေးသမားများကြား၊ စင်ပြိုင်မူဝါဒကွဲလွဲချက်များကို လှုံ့ဆော်ကြသူများ ကြားယှဉ်ပြိုင်မှုလမ်းကြောင်းကို ဖွင့်လှစ်ပေးပြီး အားပေးမြှင့်တင်ရန်အတွက် အထောက်အကူရသည်။ ဒီမိုက ရေစီအခြေခံမူများကို သက်ဝင်ယုံကြည်သည့်ပါတီများအတွက် ပါတီအဖွဲ့အစည်းအတွင်း ပါတီဝင်များကို ကိုယ်စားလှယ်ပါတီကွန်ဂရက်များမှတစ်ဆင့်ဖြစ်စေ၊ တိုက်ရိုက်ပါတီဝင်မဲဆန္ဒများမှတစ်ဆင့်ဖြစ်စေ အရေးပါ သောဆုံးဖြတ်ချက်များတွင် အသံထုတ်ဖော်ခွင့်ပေးရင်း ဒီမိုကရေစီအခြေခံသဘောတရားများကို လက်တွေ့ အကောင်အထည်ဖော်ရေးစိတ်ဝင်စားချက်တချို့ရှိပါသည်။

သို့သော် ဆုံးဖြတ်ချက်ချခြင်းစည်းမျဉ်းများတွင် အားလုံးခြုံငုံပါဝင်မှုမည်သို့ပင်ရှိစေကာမူ ရှုံးသွားသောယှဉ်ပြိုင်သူများအနေဖြင့် ရလဒ်အပေါ် လေးစားမှုရှိရန်၊ တည်ဆဲစည်းမျဉ်းများနှင့်အညီ အနိုင်ရရေး အားထုတ်လာစေရန်၊ သို့မဟုတ် ပါတီသစ်များထူထောင်၍ လမ်း ခွဲထွက်လိုက်ခြင်းထက် စည်းမျဉ်းများပြောင်းလဲရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်းလာစေရန်အတွက် ရှင်းလင်းပြီးစနစ်ကျသောလုပ်ထုံးလုပ်နည်းများရှိနေမှသာ ပိုမိုဖြစ်လာနိုင်ဖွယ်ရာရှိပါသည်။  ဤသို့ပဋိပက္ခ လမ်းကို ဖွင့်ပေးလိုက်ခြင်းသည် ပွင့်လင်းမြင်သာသောစည်းမျဉ်းများရှိနေခြင်း၏ကောင်းမြတ်ခြင်းတရားများ အနက်တစ်ခုပင်ဖြစ်သည်။

ရွေးချယ်ရေးစည်းမျဉ်းများသည် ပါတီရာထူးအတွက် မည်သူက ယှဉ်ပြိုင်ရန်အရည်အချင်းပြည့်မီသည်၊ အစိုးရ ရာထူးအတွက် ဝင်ပြိုင်မည့်ကိုယ်စားလှယ်ကမည်သူမည်ဝါဖြစ်သည်ဟူ၍ တိတိကျသတ်မှတ်ထားရန်လိုအပ် သည်။ ရွေးချယ်ရေးစည်းမျဉ်းများသည် ရွေးချယ်ခြင်းဖြစ်စဉ်များတွင် မည်သူက ပါဝင်ဆောင်ရွက်ရန်အရည်အ ချင်းပြည့်မီသည်ဟူသောအချက်ကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရန်လည်းလိုအပ်သည်။

ဥပမာ ကိုယ်စားလှယ်များနှင့် ရွေးချယ်သူများသည် ပါတီဝင်များဖြစ်နေရမည်၊ ယင်းတို့တွင် ရွေးကောက်ပွဲမတိုင်ခင် လနှင့်ချီကြာ အဆိုပါ ပါတီဝင်ဟူသောဂုဏ်ပုဒ်မျိုးရှိနေရမည်ဟူ၍ စည်းမျဉ်းများက ဖော်ပြပေးရန်လိုအပ်နိုင်ပါ သည်။ မဲပေးခြင်းယန္တရားများ(လျှို့ဝှက်မဲပေးမှုလား၊ ဗဟုအများစုအနိုင်ရသူစနစ်လား၊ နှစ်ကျော့ရှုံးထွက်ရွေး ကောက်ပွဲစနစ်လားအစရှိသဖြင့် . . .)ကိုလည်း စည်းမျဉ်းများကသတ်မှတ်ထားသင့်သည်၊ ထို့အပြင် မဲပေးခြင်း ဖြစ်စဉ်ကို တာဝန်ယူကြီးကြပ်မည့် ပါတီတွင်းအဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းများ ချိုးဖောက်ခံရခြင်း မျိုးပေါ်ပေါက်လာလျှင် ကြားနာစစ်ဆေးပေးနိုင်မည့် ပါတီတွင်းအဖွဲ့အစည်းများကို စည်းမျဉ်းများက ဖွဲ့စည်း ပေးထားသင့်သည်။ ရွေးချယ်ရေးလမ်းကြောင်းသည် (ပါတီ၏ရွေးကောက်ပွဲစာရင်းတွင် ကိုယ်စားလှယ်ရာထူး များ ဖြည့်ထားသည့် အမျိုးသားဗဟိုအဆင့်ပါတီအမှုဆောင်ကဲ့သို့) နှိုင်းစာလျှင်သေးငယ်သောအုပ်စုတစ်စုဖြစ် နေသည့်တိုင် အဆိုပါစည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်သည်။

ရွေးချယ်ရေးစည်းမျဉ်းများကို ကြံဆဖန်တီးကြသည့်အခါ ပါတီများသည် ပဋိပက္ခဖြစ်နေသောဖိအားပေါင်းများ စွာကို တုံ့ပြန်တတ်ကြသည်။ အဆိုပါဖိအားများအနက်တစ်ခုမှာ ပါတီထောက်ခံသူတစ်ခွင်လုံးက ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံပေးမှုကို ယူနိုင်သော ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များကို တင်ပြရန်အဖို့ငှာ ရွေး ချယ်ရေး လုပ်ထုံးလုပ်နည်းများတွင် အားလုံးပိုမိုအကျုံးဝင်ပါဝင်စေလိုသောစိတ်ဆန္ဒပင်ဖြစ်သည်။ ဤဆန္ဒ နောက်အကောင်အထည်ဖော်ကြရာတွင် ပါတီအများအပြားသည် အရေးပါသောဆုံးဖြတ်ချက်များ၌ ပါတီဝင် များကို အဓိပ္ပာယ်ရှိသောအခန်းကဏ္ဍတစ်ရပ်ကို ပေးထားကာ ပါတီအတွင်းပိုင်းဒီမိုကရေစီယန္တရားများကို တိုး တက်ဖော်ဆောင်ထားကြတော့သည်။ ထို့အပြင် တစ်ခါတစ်ရံပဋိပက္ခဖြစ်နေသော နောက်ထပ်ဖိအားတစ်ခုမှာ  ကိုယ်စားလှယ်အားလုံးက အဓိကပါတီရည်ရွယ်ချက်များအပေါ် သဘောတူလာစေရန် လုပ်ဆောင်ခြင်းဖြင့် ပါတီသီးခြားအမှတ်အသားကို ထိန်းသိမ်းစောင့်ရှောက်ရေးပင်ဖြစ်သည်။  

တတိယမြောက်ဖိအားမှာ ရွေးချယ်ခံ ရသောသူများအနေဖြင့် ပါတီတွင်း မဲဆန္ဒနယ်မြေ ပေါင်းစုံပါဝင်နေသောအပိုင်းကဏ္ဍတစ်ရပ်ကို ကိုယ်စားပြု လာစေရန် လုပ်ဆောင်ရေးဖြစ်နိုင်သည်၊ တစ်နည်းအားဖြင့် အဆိုပါမဲဆန္ဒနယ်မြေပေါင်းစုံဟုဆိုရာတွင် ပထဝီ နယ်မြေအရဒေသများ၊ ဘာသာဗေဒ သို့မဟုတ် လူမျိုးစုဆိုင်ရာအသိုင်းအဝိုင်းများ၊အမျိုးသမီးများ၊ သို့မဟုတ် အမျိုးမျိုးသောပါတီတွင်း သက်ဆိုင်ရာအုပ်စုအသီးသီးမှကိုယ်စားလှယ်များလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ယခု တင်ပြသည့် သိသာထင်ခြားစွာကွဲပြားပြီး တရားနည်းလမ်းကျသောထည့်သွင်းစဉ်းစားချက်များ၊ ပါတီများယှဉ် ပြိုင်ရာ ရွေးကောက်ပွဲစနစ်များ စုံလင်ကွဲပြားမှုတို့ကို ထောက်ရှုပါက ပါတီများအတွက် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ရန် တစ်ခုတည်းသောအကောင်းဆုံးနည်းလမ်းဟူ၍မရှိပါ။ တကယ်တမ်းတွင် ပါတီအများအပြားသည် အထက်တွင်ဖော်ပြခဲ့သည့် ဖိအားများကို တုံ့ပြန်ရင်း ရွေးချယ်ရေးစည်းမျဉ်းများကို မ ပြတ်တမ်း ပြောင်းလဲနေရသည်သာဖြစ်သည်။ သို့သော် ပါတီတွင်း၀ရုန်းသုန်းကားမဖြစ်စေရန်နှင့် ရွေးချယ်ခံရ သူများ၏တရားဝင်မှုကိုမြှင့်တင်ပေးရန် ပါတီများသည် လူရွေးပွဲတစ်ခုချင်းစီမကျင်းပခင် ရှင်းလင်းတိကျသော စည်းမျဉ်းများကို ကောင်းစွာချမှတ်ထားရန် အားထုတ်သင့်ပါသည်။

ပါတီတွင်းစည်းမျဉ်းများကို လိုက်နာခြင်း

ပါတီအရာရှိများနှင့် ပါတီဝန်ထမ်းများသည် ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များကို ရွေးချယ်ရေးဆုံးဖြတ် ချက်များအပါအဝင် ဆုံးဖြတ်ချက်ချရေးအတွက် ပါတီစည်းမျဉ်းများကို လိုက်နာသင့်သည်။

ပြဋ္ဌာန်းထားသည့်စည်းမျဉ်းများအတိုင်း လိုက်နာပါမည်ဟု ပါတီတွင်းအဖွဲ့ဝင်များကသဘောတူညီမှုရှိလျှင် လုပ်ထုံးလုပ်နည်းပိုင်းမူဘောင်များသည် ပါတီရေရှည်တည်ငြိမ်မှုကို ပံ့ပိုးပေးနိုင်သည်။ ဤသို့ဆိုခြင်းကြောင့် ပါတီတွင်း ယှဉ်ပြိုင်ဘက်များသည် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းမှန်သမျှတိုင်းနှင့် အမြဲထပ်ကြပ်မကွာလိုက် နာမှုရှိသည်ဟု မဆိုလိုပါ။ ပါတီပြဋ္ဌာန်းချက်များတွင် ပြဋ္ဌာန်းသတ်မှတ်ချက်များကို မည်သို့ပြင်ဆင်မည်ဟူ သောလုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းထားသင့်သည်၊ ယေဘုယျအားဖြင့် ပါတီပြဋ္ဌာန်းချက်များ သည် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများထက် ပြင်ဆင်ရသည့်အပိုင်းတွင် အများကြီးပိုမိုလွယ်ကူပါသည်။ သ ဘောက လက်ရှိသက်ရောက်နေဆဲစည်းမျဉ်းများကို လေးစားပါကြောင်း၊ စည်းမျဉ်းများကို မိမိတို့အကြိုက်ပို ဖြစ်လာအောင် ပြောင်းလဲနိုင်ခြင်းကို မလုပ်ဆောင်နိုင်ခင်နှင့် မလုပ်ဆောင်လျှင် ကြားကာလလုပ်ငန်းစဉ်ကို လိုက်နာပါကြောင်း ယှဉ်ပြိုင်သူများဘက်က သဘောတူညီထားသည်ဟု ဆိုလိုသည်။ ချမှတ်ထားသည့်လုပ် ထုံးလုပ်နည်းများအတိုင်း လိုက်နာမည်ဟု ပါတီတွင်းသဘောတူညီထားခြင်းသည် ပါတီတွင်း တရားနည်း လမ်းတကျသဘောထားကွဲလွဲနိုင်မည့် အခွင့်အလမ်းများနှင့် နယ်နိမိတ်ဘောင်များကို တိတိကျကျရှင်းလင်းသိ မြင်သွားစေသည်။ ထို့အပြင် ကိုယ့်စည်းကမ်းကိုယ်လိုက်နာသော ပါတီများသည် စည်းကမ်းရှိရေးအရေးကြီး ကြောင်းကို လက်တွေ့ဆောင်ရွက်ချက်များဖြင့် ထုတ်ဖော်ပြသခြင်းအားဖြင့် တိုင်းပြည်တွင်း ဒီမိုကရေစီယဉ် ကျေးမှုများကို ရှင်သန်အားကောင်းစေပါသည်။

ပါတီဘဏ္ဍာရေးပိုင်း တာဝန်ခံမှုရှိခြင်း

 နိုင်ငံရေးပါတီများသည် ကြောင်းကျိုးခိုင်လုံပြီး မှန်ကန်သောဘဏ္ဍာရေးမှတ်တမ်းများကို ထိန်းသိမ်းထားရ မည်။ ထိုသို့ထိန်းသိမ်းနိုင်မှ ပါတီအပေါ် ယုံကြည်မှုကို ရရှိစေမည်၊ အားကိုးမှုကို တိုးမြင့်စေမည်၊ ပါတီလုပ်ငန်း လည်ပတ်မှုများထံ ငွေကြေးထည့်ဝင်ပံ့ပိုးမှုများရှိလာအောင် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်သည်။ ထို့အ ပြင် ရာထူးလက်ကိုင်ရှိသူများနှင့် ပါတီရုံးဌာနအစိတ်အပိုင်းများသည် ၎င်းတို့၏သက်ဆိုင်ရာအဖွဲ့များအတွင်း ပါတီဘဏ္ဍာရေးအတွက် အတွင်းပိုင်း တာဝန်ခံနိုင်မှုရှိရန်လိုအပ်သည်။

ပါတီနှင့် ပါတီကိုယ်စားလှယ်ကို ငွေပေးလိုက်သောသူနှင့် ပေးလိုက်သောငွေသည် မည်သည့်နေရာတွင် အဆုံး သတ်သွားသည်တို့ကို ခြေရာခံနိုင်ရေးအတွက် တိကျရှင်းလင်းသောလုပ်ထုံးလုပ်နည်းများ ပါတီတွင်ရှိနေခြင်း ကို ပါတီတွင်းတာဝန်ခံမှုရှိခြင်းဟု ခေါ်သည်။ ထို့အပြင် ပါတီရုံးခွဲဌာနစိတ်အားလုံး၏ငွေစာရင်းများကို စစ် ဆေးခွင့်ရှိသော၊ ငွေစာရင်းများကို တိတိကျကျထုတ်မပေးဘဲထားသော ပါတီအရာရှိများကို ထုတ်ဖော်အရေး ယူနိုင်သည့် ပါတီကြီးကြပ်ရေးဘုတ်အဖွဲ့များကို ဖန်တီးထူထောင်ထားခြင်းဟုလည်း အဓိပ္ပာယ်ရသေးသည်။

ထို့သို့ ထိန်းသိမ်စောင့်ရှောက်ရေးအလုပ်များကိုလုပ်ရသည့် ပါတီများသည် အထက်ပါလှူဒါန်းငွေများကို မည် သို့ ပေးနိုင်မည်(ဥပမာ တိကျသောပမာဏတစ်ခုနှင့်အထက်ဖြစ်လျှင် အမည်မဖော်ပြဘဲ ငွေသားလှူဒါန်းခြင်း မျိုးမရ)နှင့် မည်သူ့ကို ပေးနိုင်မည်ဟူသည်နှင့်စပ်လျဉ်း၍ ကိုယ်ပိုင်စည်းမျဉ်းများကို ချမှတ်ထားနိုင်သည်။ ယင်းစည်းမျဉ်းများ၏အခြေခံရည်ရွယ်ချက်မှာ ပါတီဝန်ထမ်းများနှင့် ပါတီကိုယ်စားလှယ်များထံပေးလိုက် သည့်ရန်ပုံငွေများကို ပုဂ္ဂိုလ်ရေးအတွက်မဟုတ်ဘဲ ပါတီအကျိုးစီးပွားရည်ရွယ်ချက်များအတွက်သုံးစွဲနိုင်စေ ရန်ပင်ဖြစ်သည်။ အထက်ပါခြေရာခံယန္တရားများရှိနေခြင်းသည် ပါတီအပေါ်ယုံကြည်ကိုးစားမှုကို ပြင်းပြင်း ထန်ထန်ပျက်စီးစေနိုင်သည့် ငွေကြေးအရှုပ်အထွေးများဖြစ်ပေါ်လာခြင်းမှ ပါတီများကို ကာကွယ်ပေးနိုင် သည်။

ဘဏ္ဍာရေးအစီရင်ခံတင်ပြမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် ပါတီတွင်း ပုဂ္ဂိုလ်ရေးအာဏာအခြေခံ မြင့်မားစေရန် ရန်ပုံငွေများကို မလျော်ကန်သည့်နည်းဖြင့် အသုံးချနိုင်သော ပါတီခေါင်းဆောင်များ၏လုပ်နိုင် စွမ်းအားကို ကန့်သတ်ပေးလိုက်နိုင်သည်။ တချို့နိုင်ငံများတွင် အဆိုပါလုပ်ထုံးလုပ်နည်းများကို နိုင်ငံဥပဒေ များနှင့်အညီ လိုက်နာကျင့်ကြံရန် ပါတီများက လိုအပ်သည်။သို့သော် ဥပဒေပြုရေးဆိုင်ရာလိုအပ်ချက်များမရှိ သည့်တိုင် ပါတီများသည် နိုင်ငံရေးအရအကျိုးဖြစ်ထွန်းစေရန်အတွက် ပါတီတွင်းဘဏ္ဍာရေးပိုင်းပွင့်လင်းမြင် သာမှုအတိုင်းအဆပမာဏ ရေရာသေချာစွာရှိအောင် ဆောင်ရွက်ရနိုင်သည်။ ပါတီဘဏ္ဍာရေးပိုင်းဥပဒေပြ ဋ္ဌာန်းချက်ရှိသောအခါ နိုင်ငံရေးပါတီများသည် မပြည့်စုံသေးသည့်တိုင် ဥပဒေ၏လိုအပ်ချက်များကို လေးစား ပြီးအကောင်အထည်ဖော်ရန် ကြိုးစားသင့်သည်၊ ဥပဒေရေးရာနည်းလမ်းဘောင်များမှတစ်ဆင့် အဆိုပါစည်း မျဉ်းဥပဒေများ တိုးတက်လာရေးအတွက် ကြိုးစားလုပ်ဆောင်ထိုက်သည်။

ပါတီဝင်ငွေများ အတွင်းပိုင်းပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းအပြင် ပါတီ များအနေဖြင့် ဘဏ္ဍာရေးပိုင်းစာရင်းစစ်ထားသည့်အခြေအနေနှင့်ပတ်သက်ပြီး အနည်းဆုံးအသေးစိတ်အချက် အလက်တချို့ကို ပြည်သူလူထုထံ ချပြပေးနိုင်ပါသည်။ ပါတီငွေစာရင်းများကို လူထုရှေ့ချပြခြင်းသည် အထွေ ထွေအကျိုးဖြစ်ထွန်းရေးအတွက်အဓိကမထားဘဲ အရှိန်အဝါကြီးအလှူရှင်အနည်းငယ်၏ပုဂ္ဂလအကျိုးစီးပွား များကို အဓိကထားကာ ပါတီတချို့လှုပ်ရှားဆောင်ရွက်နေကြသလားဟူ၍ သံသယစိတ်များ ပါတီများအပေါ် ကင်းရှင်းသွားစေရန်အတွက် နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။ ရန်ပုံငွေများကို တာဝန်ရှိရှိဖြင့် ပါတီများက တာဝန်ယူလုပ်ဆောင်ခြင်းသည် အစိုးရထောက်ပံ့ကြေးများကို ရချိန်တွင် ထပ်ဆင့်မြင့်မားလာသည်။ တချို့နိုင် ငံများတွင် အထူးသဖြင့် ပါတီများကို အစိုးရထောက်ပံ့ကြေးပေးထားသည့်နိုင်ငံများတွင် ပါတီများသည် စာ ရင်းစစ်ဝင်ထားသောငွေစာရင်းများကို အစိုးရအာဏာပိုင်အဖွဲ့များထံ ချပြပေးရသည်၊ တစ်ခါ အဆိုပါငွေစာ ရင်းများကို လူထုသိအောင်လည်း ချပြပေးရသည်။ သို့သော် ယင်းသို့ငွေစာရင်းများ လူထုရှေ့ချပြပေးရန်မလို အပ်ချိန်တွင် ပါတီတချို့သည် ယင်းတို့၏ရန်ပုံငွေရင်းမြစ်များအပေါ် အထောက်အထားမခိုင်လုံဘဲ သင်္ကာမ ကင်းဖြစ်လာမည့်အရေးမှ မိမိကိုယ်ကိုကာကွယ်ရေးအတွက် ငွေစာရင်းများကို လူထုရှေ့ချပြပေးတတ်ကြ သည်။

နိုင်ငံရေးအဂတိလိုက်စားမှုတိုက်ဖျက်ရေးစီမံချက်များ

ရာထူးနေရာများကို ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် အလွဲသုံးစားမှုပြုသော ပါတီအရာရှိများနှင့် အခြား ခေါင်းဆောင်များအတွက် ပါတီများက တာဝန်ယူမှုရှိသင့်သည်

အထက်ပါပြစ်မှုများကို ပါတီကိုယ်စားလှယ်များ ကျူးလွန်ပါက ယင်းတို့ကို ထုတ်ပယ်ပစ်ရမည်၊ ပြစ်မှုကို လျော့ပါးအောင်မကြိုးစားသင့်ပါ။ သက်သေထင်ရှားမရှိဖြစ်နေသည့်တိုင် ပါတီတွင်း ယုံကြည်လောက်သော အဂတိလိုက်စားမှုစွဲချက်များကို ဥပက္ခာပြုမိသော ပါတီများသည် ရေရှည်ပါတီ၏ရည်မှန်းချက်များကို ထိခိုက် စေနိုင်သည်၊ ဒီမိုကရေစီထောက်ခံမှုကို ပျက်ယွင်းစေနိုင်သည်၊ အကြောင်းမူ ဥပက္ခာပြုမိခြင်းသည် ကိုယ်ကျိုး စီးပွားကသာ ပါတီ၏အခြေခံနိုင်ငံရေးရည်ရွယ်ချက်ဖြစ်ပါသည်ဟု အသိပေးလိုက်ခြင်းပင်ဖြစ်တော့သည်။