အသစ်များ > ပါတီလုပ်ငန်းဆောင်တာများ

ပါတီလုပ်ငန်းဆောင်တာများ

2023-01-20

နိုင်ငံရေးသဘောထားအမြင်ချမှတ်ခြင်း

ပါတီများသည် လူမှုရေးအကျိုးစီးပွားများကို ရှာဖွေဖော်ထုတ်ကာ အတည်ပြုပေးသည်။ ပါတီများသည် နိုင်ငံ ရေးစနစ်အတွက် လူမှုရေးအုပ်စုများ၏ လူထုအကျိုးမျှော်မှန်းချက်များနှင့် တောင်းဆိုချက်များကို ဖော်ပြပေး သည်။

ဤနည်းအားဖြင့် ပါတီများသည် အစိုးရအဖွဲ့နှင့် ကျန်ရှိသည့်လူ့အဖွဲ့အစည်းအတွက် ပါတီဝင်များကို ကိုယ်စား ပြုစေသည့် အသံတစ်သံ ဖြစ်လာသည်။

မူဝါဒချမှတ်ခြင်း၊ နိုင်ငံရေးလမ်းစဉ်ကို တိုးတက်ဖွံ့ဖြိုးစေခြင်း

ပြည်သူ့ရေးရာမူဝါဒနှင့်ပတ်သက်ပြီး ပါတီများသည် အကြံပေးတိုက်တွန်းမှုများကို ပြုလုပ်သည်။ ပါတီများ သည် နိုင်ငံကို အစိုးရတစ်ရပ်က (ပိုမိုကောင်းမွန်လာအောင်) စီမံခန့်ခွဲပေးနိုင်မည့် နည်းလမ်းများအား လေ့ လာပြီး ဆွေးနွေးကြသည်။ ထို့နောက် အဆိုပါအတွေးအမြင်များကို ပြည်သူ့ထံ တင်ပြသည်။ ယင်းအတွေးအ မြင်များနှင့် အကြံပေးတိုက်တွန်းချက်များကို ပါတီ၏ ‘မူဝါဒလမ်းစဉ်’ဟု ခေါ်သည်။

နိုင်ငံရေးပါတီများသည် နိုင်ငံရေးမူဝါဒအထွေထွေပါဝင်သော အစုအပိုင်းတစ်ရပ်ထဲတွင် အမျိုးမျိုးသောအကျိုး စီးပွားများကို ပေါင်းစည်းထည့်သွင်းထားပြီး ယင်းအစုအပိုင်းတစ်ရပ်ကို နိုင်ငံရေးမူဝါဒလမ်းစဉ်တစ်ရပ်အဖြစ် ကူးပြောင်းပေးသည်။ ထို့သို့ ကူးပြောင်းပေးနိုင်ရန်အတွက် ပါတီများသည် လူများစုတစ်ရပ်၏လိုက်လျောခွင့် ပြုချက်နှင့် ထောက်ခံမှုကိုရရှိရန် မဲဆွယ်စည်းရုံးတော့သည်။ ပါတီ၏မူဝါဒလမ်းစဉ်များတွင် ဖော်ပြထားသော မူဝါဒပန်းတိုင်များကိုကြည့်၍ မဲဆန္ဒရှင်များက မည်သည့်ပါတီသည် အစိုးရအဖွဲ့တွင် ပါဝင်သင့်သည်ဟူ၍​ ရှင်း ရှင်းလင်းလင်း ရွေးချယ်မဲပေးနိုင်လာတော့သည်။

မူဝါဒကြေညာစာတမ်းတစ်ရပ်သည် သက်ဆိုင်ရာရွေးကောက်ပွဲတစ်ရပ်တွင် ပိုမိုကောင်းမွန်သော ပြည်သူရေး ရာမူဝါဒများပေါ်ထွန်းရေးအတွက် ပါတီ၏ အကြံပြုတိုက်တွန်းချက်များကို ဖော်ပြထားသည့် စာတမ်းတစ် စောင်ပင်ဖြစ်ပါသည်။ အဆိုပါစာတမ်းများတွင် နိုင်ငံရေးပန်းတိုင်များနှင့် အစိုးရအဖွဲ့ဖြစ်လာပါက ယင်းတို့၏ ပန်းတိုင်များကို အကောင်အထည်ဖော်ရရှိနိုင်ရန် ပါတီက ဆောင်ရွက်ရမည့်အဆင့်များနှင့်ပတ်သက်သော အ သေးစိတ်အချက်အလက်များပါဝင်သည်။ ပါတီများသည် ၎င်းတို့၏အားထုတ်ကြိုးပမ်းချက်များ မူဝါဒချမှတ် မှုထဲ ပါဝင်လာနိုင်စေရန်အတွက် မဲဆန္ဒရှင်များထံ ချဉ်းကပ်ခြင်းဖြင့် မူဝါဒကြေညာစာတမ်းများကို  တိုးတက် ဖွံ့ဖြိုးအောင်ဆောင်ရွက်သည်။

နိုင်ငံရေးပါတီများသည် မူဝါဒကြေညာစာတမ်းများကို ပြည်သူလူထုထံ တင်ပြသည့်အခါ ရှင်းလင်းပြရန်လို အပ်သည်။ ဤသို့ရှင်းလင်းပြရာတွင် နိုင်ငံရေးအသိပညာပေးခြင်း၊ မူဝါဒကြေညာစာတမ်းတွင် ကိုင်တွယ်ဖြေ ရှင်းပြထားသည့် အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ် သည်။ ဤအချက်သည် လူထုကို တည်ဆဲလက်ရှိအခြေအနေအပေါ် ပိုမိုကောင်းမွန်စွာနားလည်နိုင်ရေးအ တွက် အထောက်အကူဖြစ်စေသည်။ တစ်နည်းအားဖြင့် လူမှုရေးနှင့် နိုင်ငံရေးပြဿနာရပ်များနှင့်ပတ်သက် သောသတင်းအချက်အလက်ကိုပေးခြင်းနှင့် ယင်းပြဿနာရပ်များ၏အကြောင်းနှင့်အကျိုးတို့ကို ရှင်းလင်းပြ ခြင်းအားဖြင့် အထောက်အကူဖြစ်စေသည်။

မူဝါဒကြေညာစာတမ်းများသည် အထက်ပါပြဿနာရပ်များကို ပါတီ၏မူဝါဒများက မည်သို့ ဖြေရှင်းပေးလိမ့် မည်ဟူသောအချက်ကိုလည်း ဖော်ပြပေးသည်။ အထက်ပါပြဿနာရပ်များကို တည်ဆဲလက်ရှိအစိုးရ၏မူဝါဒ များက ဖြေရှင်းမပေးနိုင်ပုံနှင့်စပ်လျဉ်း၍မူ အတိုက်အခံပါတီ၏မူဝါဒကြေညာစာတမ်းက ရှင်းပြပေးနိုင်သည်။ ဤအချက်သည် ဗဟုအများစုဝါဒနှင့် လူထုဆွေးနွေးပွဲများကို ထောက်ခံအားပေးသဖြင့် ဒီမိုကရေစီနိုင်ငံရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပါသည်။

ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းနှင့် ထောက်ခံခြင်း

ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်း

နိုင်ငံရေးပါတီများသည် နိုင်ငံရေးအမှုထမ်းကို ဖြည့်တင်းသည်၊ ရွေးချယ်သည်၊ ထို့နောက် အနာဂတ်နိုင်ငံရေး သမားမျိုးဆက်များကို လေ့ကျင့်ပျိုးထောင်သည်။ ပါတီများသည် လူပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ရွေးကောက် ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်များအဖြစ်သတ်မှတ်တင်ပြသည်။

အစိုးရအဖွဲ့တွင်းရာထူးတစ်နေရာအတွက် ရွေးကောက်ပွဲရှိလျှင် ပါတီများသည် အဆိုပါရာထူးအတွက် ပါတီ ဝင်များကို ရွေးချယ်ပြီး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ကာ ပါတီဝင်များကို ထောက်ခံအားပေးတော့ သည်။ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် နည်းလမ်းအမျိုးမျိုးကို ပါတီများက သုံးသည်။အမေရိကန်ကဲ့ သို့သော တချို့နိုင်ငံများတွင် ပါတီ၏အဖွဲ့ဝင်များက ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်ကို ရွေးချယ်သည်။ အိန္ဒိ  ယနိုင်ငံကဲ့သို့ကျန်နိုင်ငံများတွင်မူ ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီအဖွဲ့ဝင်များကို ရွေးချယ်သည်။ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီးနောက် ပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို စီစဉ်ဆောင်ရွက်ရန် အဆိုပါကိုယ်စားလှယ်ကို ကူညီထောက်ပံ့သည်။

မဲဆွယ်စည်းရုံးရေးကာလအတွင်း ပါတီသည် ယင်း၏ကိုယ်စားလှယ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူ ညီသည်။ ပါတီဝန်ထမ်းများသည် လိုအပ်သည့်သတင်းအချက်အလက်ကို မီဒီယာသို့ ပေးခြင်း၊ ဟောပြောရ မည့်မိန့်ခွန်းများကို ရေးသားခြင်း သို့မဟုတ် အချက်အလက်လေ့လာစုဆောင်းခြင်းတို့ကို ပြုလုပ်ပေးရနိုင်ပါ သည်။ဤသို့ကူညီခြင်းဖြင့်ကိုယ်စားလှယ်များအနေဖြင့်လည်းမဲဆန္ဒရှင်များ၏ လိုအပ်ချက်များနှင့်အလေးထား ချက်များကို သိနားလည်ပြီး ၎င်းတို့နှင့် ထိရောက်စွာ ဆက်သွယ်လာနိုင်တော့သည်။ အခြားသောပါတီဝင်များ ကမူ လက်ကမ်းစာစောင်များ ဝေခြင်း၊ နံရံကပ်ပိုစတာများ ချိတ်ခြင်း သို့မဟုတ် ပွဲများစီစဉ်ကျင်းပခြင်းတို့ကို ပြုလုပ်ပေးရနိုင်သည်။ အထက်ပါလှုပ်ရှားဆောင်ရွက်ချက်များသည် အောက်ခြေအဆင့်များတွင် လူထု ထောက်ခံမှုကို စုစည်းရရှိနိုင်ရန် အလွန်အရေးကြီးသည်။

အစိုးရနှင့် ပြည်သူလူထုကြား ပေါင်းကူးတံတားအဖြစ်ဆောင်ရွက်ပေးခြင်း

လူမှုအသင်းအဖွဲ့စိတ်ဓာတ်ပျိုးထောင်ခြင်း[1]နှင့် ပါဝင်ဆောင်ရွက်ခြင်း

နိုင်ငံရေးပါတီများသည် နိုင်ငံသားများ၏ နိုင်ငံရေးအသင်းအဖွဲ့စိတ်ဓာတ်ပျိုးထောင်ခြင်းနှင့် ပါဝင်ဆောင်ရွက် ခြင်းတို့ကို မြှင့်တင်ပေးသည်။ ပါတီများသည် နိုင်ငံသားများနှင့် နိုင်ငံရေးစနစ်ကြား အချိတ်အဆက်တစ်ခုကို ဖန်တီးပေးပါသည်။ တစ်နည်းအားဖြင့် ပါတီများကြောင့် တစ်သီးပုဂ္ဂလများနှင့် အစုအဖွဲ့များ၏ နိုင်ငံရေး ပါဝင်ဆောင်ရွက်ခြင်းသည် အောင်မြင်မှုအလားအလာကို ရရှိနိုင်ခြင်းဖြစ်သည်။ ပါတီများကြောင့် ပြည်သူလူ ထုအနေဖြင့် နိုင်ငံရေးပါတီထဲဝင်ခြင်း သို့မဟုတ် ထောက်ခံခြင်းအားဖြင့်လည်းကောင်း၊ ပါတီအဖွဲ့ဝင်များ အ ဖြစ်ပါတီ၏ မူဝါဒများ နှင့်/သို့ လမ်းစဉ်များအပေါ် ဩဇာလွှမ်းမိုးခြင်းအားဖြင့်လည်းကောင်း ယင်းတို့၏ရည် မှန်းချက်များ၊ လိုအပ်ချက်နှင့် အလေးထားချက်များကို အစိုးရထံ ထုတ်ဖော်ပြနိုင်သည့်အခွင့်အလမ်းများကို ရရှိလာသည်။

အကျိုးစီးပွားများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စုစည်းဖော်ထုတ်ခြင်း

“ရှာဖွေဖော်ထုတ်ခြင်း”ဟူသည် အစုအဖွဲ့တစ်ရပ်၏ သီးခြားအမြင်များ၊ လိုအပ်ချက်များ သို့မဟုတ် အလေး ထားချက်များကို ကျန်ရှိသောလူ့အဖွဲ့အစည်းနှင့် အစိုးရထံ ထုတ်ဖော်ပြခြင်းကို ဆိုလိုသည်။ “စုစည်းဖော် ထုတ်ခြင်း”ဟူသည် မတူကွဲပြားသောနိုင်ငံသားများ၏အကျိုးစီးပွားများ၊ လိုအပ်ချက်နှင့် အလေးထားချက်များ ကို စနစ်တကျ စုစည်းကောက်ယူပြီး ယင်းတို့ကို စုပေါင်း၍ ထုတ်ဖော်ပြခြင်းကို ဆိုလိုသည်။ နိုင်ငံရေးပါတီ များသည် ယင်းတို့အပေါ်ထောက်ခံကြသူများ၏ အလေးထားချက်များကို အစဉ်နားစွင့်နေပြီး အဆိုပါအလေး ထားချက်များကို ပိုမိုကျယ်လောင် ပီသသောအသံတစ်သံဖြင့် အစိုးရထံ ဆော်ဩပေးသည်။

နိုင်ငံရေးတွင် တည်ငြိမ်မှုကို မြှင့်တင်ခြင်း

နိုင်ငံရေးအာဏာလုပ်ငန်းရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်း

နိုင်ငံရေးပါတီများသည် အစိုးရအဖွဲ့တွင်း နိုင်ငံရေးရာထူးများကို ရယူနိုင်ရန် ရွေးကောက်ပွဲများ၌ ပါဝင်ဆောင် ရွက်ကြသည်။ ဒီမိုကရေစီနိုင်ငံများတွင် အစိုးရအာဏာပိုင်အဖွဲ့ဟူသည် နိုင်ငံရေးပါတီများမှ ထွက်ပေါ်လာရ ခြင်းဖြစ်သည်ဟူသောအချက်မှာ ကောင်းမွန်သောအစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်သည်။

ပါတီများသည် နိုင်ငံရေးခေါင်းဆောင်များကို ပေါ်ပေါက်လာစေခြင်းဖြင့် တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်သည်။ နိုင်ငံရေးပါတီများသည် ပါတီဝင်များကို နိုင်ငံရေးခေါင်းဆောင်မှုပညာနှင့်စပ်လျဉ်း၍ လေ့ကျင့်သင်တန်းပေး ခြင်း၊ အတွေ့အကြုံမျှဝေဖလှယ်ပေးခြင်းတို့ကိုဆောင်ရွက်သည်။ ပါတီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း အားဖြင့် ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများသည် အစိုးရဝန်ကြီးဌာနများကို ဦးဆောင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုများ၊ အသိပညာနှင့် အတွေ့အကြုံတို့ကို ရရှိလာသည်။

စနစ်တကျစီစဉ်ဆောင်ရွက်သောအစိုးရလုပ်ငန်းဆောင်တာ

အစိုးရအဖွဲ့အတွင်း နိုင်ငံရေးပါတီများသည် အစိုးရတစ်ရပ် လုပ်သင့်လုပ်ထိုက်သည့်အရာနှင့်စပ်လျဉ်းသော ပန်းတိုင်များနှင့် သဘောထားအမြင်များကို မျှဝေဖော်ဆောင်ရေးဟူသောအချက်အပေါ် အများအားဖြင့် မှီ တည်လုပ်ကိုင်နိုင်သည့် ညွန့်ပေါင်းအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ ဤအချက်သည် ဆုံးဖြတ်ချက်ချခြင်းကို ပိုမို လွယ်ကူစေသည်။ အကြောင်းမူ လွှတ်တော်အချေအတင်ဆွေးနွေးပွဲများပြုလုပ်နေစဉ်အတွင်း စီမံခန့်ခွဲဆောင် ရွက်နိုင်သည့်အဆင့်ထိ ဖော်ထုတ်ပြနိုင်သော ရွေးချယ်စရာများ၊ အမြင်များနှင့် ကန့်ကွက်မှုများကို လျှော့ချ ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ သို့မှသာ ပါလီမန်အတွင်း အဓိပ္ပာယ်ပြည့်၀သော တိုးတက်မှုကို ဖော်ဆောင်နိုင် မည်ဖြစ်သည်။

ပါတီများကြောင့် နိုင်ငံရေးသည် ပိုမိုစနစ်တကျဆောင်ရွက်ရသည့်အရာဖြစ်လာသည်ဟု တချို့လူများက ဆို ကြသည်။ ဤသို့ဆိုရခြင်းမှာ ပါတီများအနေဖြင့် ကြီးမားသောလူအုပ်စုတစ်ရပ်၏ သဘောထားအမြင်များကို ကိုယ်စားပြုသည့် အကြံပြုတိုက်တွန်းချက်များကို စနစ်တကျလေ့လာကာ တင်ပြနိုင်စွမ်းရှိသည့်အတွက် ကြောင့်ဖြစ်ပါသည်။ မူဝါဒဆုံးဖြတ်ချက်တစ်ရပ်အပေါ် တူညီသောသဘောထား ပါတီဝင်အားလုံးတွင် ရှိထား ပါက ဥပဒေပြုလွှတ်တော်အတွက် ဆုံးဖြတ်ချက်များကို အလျှင်အမြန်၊ ထိထိရောက်ရောက် ချမှတ်ရန်ပိုမို လွယ်ကူသည်။

ဥပဒေပြုခြင်းလုပ်ငန်းဆောင်တာ

နိုင်ငံရေးစနစ်၏တရားဝင်မှုကို နိုင်ငံရေးပါတီများက ပံ့ပိုးထည့်ဝင်ပေးသည်။ တစ်နည်းအားဖြင့် နိုင်ငံသား များ၊ လူမှုရေးစုဖွဲ့ဆောင်ရွက်မှုများနှင့် နိုင်ငံရေးစနစ်ကြား ဆက်သွယ်ချက်ကို တည်ဆောက်ပေးရာတွင် ပါတီ များသည် နိုင်ငံသားများ၏သိစိတ်အတွင်း နိုင်ငံရေးအစီအစဉ် ဖြစ်ထွန်းအောင်၊ လူမှုရေးအင်အားစုများအတွင်း နိုင်ငံရေးအစီအစဉ်ပေါ်ပေါက်အောင် ပဲ့ကိုင်ပံ့ပိုးပေးသည်။

နိုင်ငံရေးပါတီများ၏အရေးပါသောလုပ်ငန်းဆောင်တာများ

ပါတီတစ်ခုတွင် ဆောင်ရွက်စရာ အရေးပါသောလုပ်ငန်းများရှိသည်။ အတွင်းလုပ်ငန်းများ(ပါတီဝင်များကိုရည် ရွယ်) နှင့် အပြင်လုပ်ငန်းများ(ကျယ်ပြန့်သောကမ္ဘာကြီးကိုရည်ရွယ်)ဟူ၍ ခွဲခြားကြည့်နိုင်သည်။

အတွင်းလုပ်ငန်းများ

  • ပါတီတွင်းဆက်သွယ်ရေး(ပါတီဝင်များ၏ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုက်၊ ကြေညာချက်များအစရှိသည်)
  • လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပညာပေးခြင်း
  • ပါတီဖွံ့ဖြိုးတိုးတက်ရေး
  • ဘဏ္ဍာရေး(အသုံးစရိတ်ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပါတီဝင်ကြေးသတ်မှတ်ခြင်း၊ ပါတီလုပ်ငန်းလည် ပတ်မှုအတွက် လုံလောက်သောဘဏ္ဍာငွေကောက်ယူခြင်း၊ အစိုးရထံမှ ပါတီရန်ပုံငွေရရှိရန်မဲဆွယ် ဆော်ဩခြင်း)
  • အုပ်ချုပ်ရေးဌာန
  • သုတေသနဌာန
  • ဝန်ထမ်းရေးရာနှင့် အဖွဲ့အစည်း
  • သတင်းအချက်အလက်နည်းပညာ
  • ဥပဒေရေးရာအထောက်အပံ့
  • အဖွဲ့ဝင်အုပ်ချုပ်ရေး
  • ပြည်နယ်အဖွဲ့အစည်းများ၊ဒေသန္တရအသင်းအပင်းများနှင့် ဆက်သွယ်မှု
  • လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအစရှိသဖြင့် ပါတီတွင်း သီးခြားအကျိုးစီးပွားတူအ စုအဖွဲ့များ
  • မီဒီယာနှင့် ပြင်ပဆက်သွယ်ရေး
  • မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေး

ပြည်ပအဆက်အသွယ်များ

  • အဖွဲ့ဝင်သစ်ဖြည့်တင်းခြင်း
  • အရည်အချင်းပြည့်၀သူလူသစ်များကို စောင့်ကြည့်ခြင်း
  • စေတနာ့လုပ်အားရှင်များကို စီမံဆောင်ရွက်ခြင်း
  • ရန်ပုံငွေရှာဖွေခြင်း
  • မဲဆွယ်စည်းရုံးခြင်း
  • အခမ်းအနားကျင်းပခြင်း

ကိုးကား။ Becoming a better politician: political skills manual

[1] ဆိုရှယ်လိုက်ဇေးရှင်းဟူသည်မှာ ကျယ်ပြန့်သောဝေါဟာရဖြစ်သည်။ အမေရိကန်လူမှုဗေဒပညာရှင် ဝီလျံ ဖီးလ်ဒင်း အော့ဘန်းဖွင့်ဆိုခဲ့သည့်ဝေါဟာရဖြစ်သည်။ ၎င်းက အစု အဖွဲ့၏စံနှုန်းသတ်မှတ်ချက်များနှင့်အညီ နေထိုင်ရေး တစ်သီးပုဂ္ဂလက သင်ယူသောဖြစ်စဉ်ဟုတိုတိုတုတ်တုတ်ဖွင့်ဆိုခဲ့သည်။ ထို့နောက် နှောင်းပိုင်းပညာရှင်များက ချဲ့ထွင် လာကြရာဆိုရှယ်လိုက်ဇေးရှင်းဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်၏တန်ဖိုးများ၊ အလေ့အထများနှင့် ခံယူချက်အမြင်များကိုတစ်သီးပုဂ္ဂလများက ဆည်းပူးရယူခြင်းဖြစ်စဉ် ဟုဆိုသည်။ ဤသို့နှင့် နိုင်ငံရေးသိပံ္ပပညာရှင်များကလည်း political socialization ဟုထပ်မံသုံးနှုန်းပြီးဖွင့်ဆိုလာသည်။ နိုင်ငံရေးနှင့်တွဲကပ်သုံးနှုန်းရာတွင် ဖွင့်ဆိုချက်က နိုင်ငံရေးသင်္ကေတများ၊ အင်စတီကျူးရှင်းများနှင့် လုပ်ထုံးလုပ်ဟန်များနှင့်ဆိုင်ရာအချက်အလက်များမှတစ်ဆင့် နိုင်ငံရေးစနစ်တစ်ရပ်ကိုလေ့လာသင်ယူခြင်းဖြစ်စဉ်နှင့် အ ဆိုပါနိုင်ငံရေးစနစ်ကိုပံ့ပိုးနေသော တန်ဖိုးစနစ်နှင့် အတွေးအခေါ်ဝါဒတို့ကို စူးစမ်းမှတ်သားခြင်းဖြစ်ပြီး ခြုံရလျှင် နိုင်ငံရေးယဉ်ကျေးမှုကို ဆည်းပူးခြင်းဖြစ်စဉ်တစ်ရပ်ဖြစ် ကြောင်းဟူ၍အဓိပ္ပာယ်ပြန့်ကားသွားတော့သည်။