အသစ်များ > ပါတီဖွဲ့စည်းပုံအခြေခံဥပဒေ

ပါတီဖွဲ့စည်းပုံအခြေခံဥပဒေ

2023-01-21

ပါတီ၏ဖွဲ့စည်းပုံဥပဒေမှာ ပါတီ၏ဖွဲ့စည်းတည်ဆောက်မှုပုံစံများနှင့် အတွင်းလုပ်ထုံးလုပ်နည်းများကို ဖော်ပြထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံဥပဒေကို ပါတီ၏အမြင့်ဆုံးဖြစ်သော ဆုံးဖြတ်ချက်ချခြင်းအဖွဲ့(အမျိုးသားညီ လာခံဟုလည်း ခေါ်ဆိုတတ်ကြ)က ပြင်ဆင်ပြောင်းလဲနိုင်သည်။ ပါတီဖွဲ့စည်းပုံဥပဒေများတွင် ပါတီ၏အ တွေးအခေါ်ဝါဒအခြေခံအုတ်မြစ်၊ ပါတီ၏တန်ဖိုးများနှင့် အခြေခံမူများ ပါဝင်နေတတ်သည်။ ဖွဲ့စည်းပုံဥပဒေ သည် လွှတ်တော်အမတ်များနှင့် ခေါင်းဆောင်မှုကို ရွေးကောက်တင်မြှောက်ရန်လုပ်ထုံးလုပ်နည်းများကို လည်းဖော်ပြထားသည့်အပြင် ပါတီဝင်များကို စည်းကမ်းမလိုက်နာလျှင် မည်သို့ ပိတ်ပင်နိုင်သည် သို့မဟုတ် ပါတီမှ မည်သို့ထုတ်ပယ်နိုင်သည်ဆိုသောအချက်တို့လည်း ပါဝင်သည်။

အဖွဲ့အစည်းအလိုက်ဌာနခွဲများ

ပါတီဖွဲ့စည်းပုံဥပဒေများသည် ပုံမှန်အားဖြင့် အဖွဲ့အစည်းအား တာဝန်ကို တတ်နိုင်သမျှ အကျိုးရှိရှိ ဖော် ဆောင်နိုင်စေမည့် အဖွဲ့အစည်အလိုက်ဌာနခွဲများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများကို အရိပ်အမြွတ်ဖော်ပြထားသည်။

ဆောင်ရွက်ရမည့်အခန်းကဏ္ဍနှင့် တာဝန်၀တ္တရားများ တိကျရှင်းလင်းစွာရှိမထားသော အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် အကျိုးဖြစ်ထွန်းမှုမရှိတတ်၍ အကျိုးဖြစ်ထွန်းသောနိုင်ငံရေးပါတီများဖြစ်ရန်အတွက် အရေးအသားဖြင့်ရှိသောစည်းမျဉ်းများ သို့မဟုတ် ပြဋ္ဌာန်းဥပဒေများ နှင့် အဖွဲ့အစည်းအလိုက်ဌာနခွဲများရှိရန်လို အပ်သည်။ ထို့အပြင် ပါတီဝင်များကို လေ့ကျင့်သင်တန်းပေးခြင်း၊ အသိပညာမြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် အထက်ပါပြဋ္ဌာန်းဥပဒေများနှင့်ဌာနခွဲများနှင့်ပတ်သက်ပြီး အသိအမြင်ရှိနေစေရန်အရေးကြီးသည်။

အခြားသောအဖွဲ့အစည်းများကဲ့သို့ နိုင်ငံရေးပါတီတစ်ရပ်သည် တာဝန်နှင့် လုပ်ငန်းဆောင်တာတို့ကို ယှဉ်ပြိုင် ပတ်ဝန်းကျင်တစ်ရပ်အတွင်းမှာပင် အကောင်းဆုံးဖော်ဆောင်နိုင်သည်အထိ ပြင်ဆင်မှုရှိထားရန်လိုအပ်သည်။ စနစ်တကျဖွဲ့စည်းထားသောပါတီများသည် အတွေးအခေါ်ဝါဒ၊ မျှော်မှန်းချက်နှင့် သမိုင်း၊ နိုင်ငံ၏ပထဝီနယ် မြေ၊ ပြည်သူတို့၏လိုအပ်ချက်များနှင့် နိုင်ငံသားများ၏ယဉ်ကျေးမှုနှင့် လူမျိုးစုနောက်ခံသမိုင်းတို့ကို အလေး ထားထည့်သွင်းစဉ်းစားရသည်။ ထိုကဲ့သို့ ထည့်သွင်းစဉ်းစားစရာတစ်ပုံတစ်ပင်ရှိနေသော ပါတီများသည် ပထ ဝီနယ်မြေဆိုင်ရာဌာနများနှင့် လက်တွေ့လုပ်ငန်းဝင်မည့်ဌာနများဟူ၍ ခွဲခြားထားသည့် ပါတီတွင်းဖွဲ့စည်း တည်ဆောက်ပုံများကို ပြင်ဆင်ထားခြင်းအားဖြင့် အဖွဲ့အစည်းဆိုင်ရာလုပ်နိုင်စွမ်းအားနှင့် အရင်းအမြစ်များ ကို တိုးချဲ့မြှင့်တင်နိုင်ရန် ကြိုးစားကြသည်။ အထက်ပါဌာနခွဲများရှိနေခြင်းမှ ပါတီများအတွက် ရရှိမည့်အကျိုး ကျေးဇူးမှာ ပါတီဝင်များကို ဆွဲဆောင်နိုင်ခြင်းနှင့် တိုင်းပြည်၏မတူခြားနားသောနေရာဒေသအသီးသီးနှင့် လူ အမျိုးမျိုးတို့အတွက် တန်ဖိုးထားရမည့် မူဝါဒများကို တိုးတက်ဖော်ဆောင်နိုင်ခြင်းပင်ဖြစ်သည်။

စည်းမျဉ်းဥပဒေ အရင်းအမြစ်များ

ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံများတွင် အထက်ပါအရေးပါသောလုပ်ငန်းများကို နိုင်ငံရေးပါတီများ ထမ်း ဆောင်ရသည့်အချက်ကိုထောက်ရှုလျှင် ပါတီများ၏အတွင်းပိုင်းလုပ်ငန်းဆောင်ရွက်ပုံသည် အလွန်အရေးကြီး သည်ကို တွေ့ရမည်။ နိုင်ငံရေးပါတီတစ်ရပ်ကို ကြည့်လျှင် ပါတီ၏ဖွဲ့စည်းမှုပုံစံနှင့် လုပ်ငန်းလည်ပတ်ပုံအား ဖွဲ့စည်းပုံဥပဒေ သို့မဟုတ် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကဲ့သို့သော ပြင်ပဥပဒေသများဖြင့် လည်း ကောင်း၊ ပါတီဖွဲ့စည်းပုံဥပဒေကဲ့သို့သော အတွင်းပါတီစည်းမျဉ်းများဖြင့်လည်းကောင်း၊ သို့မဟုတ် အဆိုပါ အပြင်၊အတွင်းဥပဒေသများဖြင့်လည်းကောင်း လမ်းညွှန်ထိန်းကွပ်ထားနိုင်သည်ကို တွေ့ရပါမည်။ သို့ရာတွင်  လက်တွေ့အစစ်အမှန်တွင် ဆုံးဖြတ်ချက်များကို ချမှတ်ပုံ၊ သို့မဟုတ် အာဏာ သို့မဟုတ် ဖြန့်ဝေထားပုံသည် အရေးအသားဖြင့်ရှိသော ပါတီဖွဲ့စည်းပုံဥပဒေများ သို့မဟုတ် အတွင်းစည်းမျဉ်းစည်းကမ်းများနှင့် မတူကွဲပြား မှုရှိတတ်ပါသည်။ ဤသို့ကွဲပြားရသည့်သွင်ပြင်လက္ခဏာများတွင် နိုင်ငံရေးပါတီ၏ မူဝါဒချမှတ်ခြင်းနှင့် အ ထွေထွေဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်၊ ပါတီဝင်များနှင့်ပါတီအုပ်စုများပါဝင်ပတ်သက်မှုနှင့် ပါတီခေါင်းဆောင် ပိုင်း၏တာဝန်ခံမှုတို့လည်း ပါဝင်နေသည်။