အသစ်များ > နိုင်ငံရေးပါတီများ ဒီမိုကရေစီနည်းကျလုပ်ငန်းလည်ပတ်ရေးအတွက် အနိမ့်ဆုံး စံချိန်စံညွှန်းများ၊ အမူအကျင့်

နိုင်ငံရေးပါတီများ ဒီမိုကရေစီနည်းကျလုပ်ငန်းလည်ပတ်ရေးအတွက် အနိမ့်ဆုံး စံချိန်စံညွှန်းများ၊ အမူအကျင့်

2023-01-21

ဤကောက်နုတ်ချက်သည် “နိုင်ငံတကာအရေးကိစ္စရပ်ဆိုင်ရာအမျိုးသားဒီမိုကရေစီအင်စတီကျု(အန်ဒီအိုင်) ၏ နိုင်ငံရေးပါတီများဒီမိုကရေစီနည်းလုပ်ငန်းလည်ပတ်ရေးအတွက် အနိမ့်ဆုံးစံချိန်စံညွှန်းများ” မှယူထား ခြင်းဖြစ်သည်။ ကောက်နုတ်ချက်၏ရည်ရွယ်ချက်မှာ “ဒီမိုကရေစီပါတီများနှင့် ၎င်းတို့၏ကိုယ်စားလှယ် များ၏ ဆောင်ရွက်ချက်များကို ပုံဖော်သတ်မှတ်ပေးမည့် အခြေခံကျင့်ဝတ်စံနှုန်း”တချို့ကို အသေးစိတ်ဖော်ပြပေးရန် ဖြစ်သည်။ ထို့အပြင် ဤကောက်နုတ်ချက်သည် ဒီမိုကရေစီပါတီအများစုက ၎င်းတို့၏ပြဋ္ဌာန်းဥပဒေများတွင် ကိုင်တွယ်ဖြေရှင်းချင်မည့် အဖွဲ့အစည်းဆိုင်ရာပြဿနာရပ်များကိုလည်း အရိပ်အမြွတ်ဖော်ပြ ထားသည်။

ပါတီအမူအကျင့်

ပါတီများသည် မည်သည်တန်ဖိုးများနှင့် ရည်ရွယ်ချက်များကို ထားရှိသည်၊ မည်သည့်အရာကို အရေးကြီးကိစ္စ ရပ်များအဖြစ် ထားရှိသည်၊ ပါတီအတွင်း၊အပြင်ပဋိပက္ခများကို မည်သို့ တာဝန်ယူဖြေရှင်းသည်၊ ကိုယ်စားပြု မည်ဟုဆိုသည့် နိုင်ငံသားများအပေါ် မည်သို့တာဝန်ယူမှုရှိစွာ ပြုမူဆက်ဆံသည်တို့ကို ပါတီအမူအကျင့်ဟူ၍ ဆိုလိုသည်။ ယင်းကဲ့သို့ အမူအကျင့်မျိုးကသာ ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ်များကို ရှင်သန်အားကောင်းစေ ရေးအတွက် ပါတီ၏ပံ့ပိုးထည့်ဝင်ချက်များကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းကဲ့သို့ အမူအကျင့်သည် ပါတီကို ဩဇာအရှိန်အဝါကြီးသော နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူဂုဏ်ပုဒ်မျိုးအောင်မြင်စွာ ရရှိလာရာတွင်ဖြစ်စေ၊ ယင်းဂုဏ်ပုဒ်ကို မပျက်ယွင်းစေရာတွင်ဖြစ်စေ အကျိုးသက်ရောက်မှုရှိနိုင်သည်။

လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း

အခြေခံအကျဆုံးအဆင့်တွင် ဒီမိုကရေစီပါတီအားလုံးသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာ တမ်းမှ အာမခံပေးထားသည် အခွင့်အရေးများမှ အကျိုးကျေးဇူးရရှိပြီး ယင်းအခွင့်အရေးများကို ထောက်ခံ အားပေးသင့်သည်။

အထူးအားဖြင့် ဤအချက်သည်လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာဟောပြောခွင့်တို့ကိုနှင့်စပ် လျဉ်းမှန်ကန်သည်၊ ယင်းအခွင့်အရေးများသည် ဒီမိုကရေစီနိုင်ငံရေး ရေရှည်ထိန်းသိမ်းထားရေးအတွက် အ ရေးကြီးသည်။ နိုင်ငံရေးပါတီများသည် အခြားနိုင်ငံသားများကို ယင်းတို့၏အခြေခံဖွဲ့စည်းပုံဥပဒေအခွင့်အရေး များ သို့မဟုတ် လူ့အခွင့်အရေးများ(ဥပမာ လူမှုလိင်၊ ဘာသာတရား၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးစုတို့ကိုအ ခြေခံ၍ ခွဲခြားဆက်ဆံမှုကို ဆော်ဩစည်းရုံးခြင်းအားဖြင့်) ကို မပေးဘဲပိတ်ပင်ထားရန်ကြိုးပမ်းခြင်းအားဖြင့် မိမိတို့အပိုင်မဲဆန္ဒရှင်ပြည်သူများ၏အဆင့်အတန်း တိုးတက်လာရေးအတွက်ဟုဆိုကာ ကြိုးပမ်းဆောင်ရွ​က် ခြင်းမပြုသင့်ပါ။ အာဏာရပါတီများသည် အစိုးရကို မထောက်ခံသော တစ်သီးပုဂ္ဂလများကိုဖြစ်စေ၊ လူနည်းစုဝင်အုပ်စုများကိုဖြစ်စေ အခြေခံအစိုးရဝန်ဆောင်မှုများနှင့် ကာကွယ်မှုများကို မပေးဘဲငြင်းဆိုခြင်း အားဖြင့် ယင်းတို့၏အစိုးရဟူသောရပ်တည်အား အလွဲသုံးစားမပြုသင့်ပါ။ တချို့အခြေအနေများတွင် ဒီမိုက ရေစီပါတီများသည် ဒီမိုကရေစီအစီအစဉ်ကို အောက်ခြေကလှိုက်စားအောင်ကြိုးစားသည့် ပါတီများ၏အခွင့် အရေးများအပေါ် ကန့်သတ်ချက်များကို တရားနည်းလမ်းတကျဖြင့် အတည်ပြုပေးနိုင်သည်။ သို့ရာတွင်ယင်း သို့အတည်ပြုရာ၌ ပါတီများသည်  ခွင့်ပြုမရနိုင်သောဟောပြောမှု သို့မဟုတ် ဆောင်ရွက်ချက်များဟု သတ် မှတ်ပြောဆိုရာတွင် ဥပဒေနှင့်ညီသော သို့မဟုတ် ဖွဲ့စည်းပုံဥပဒေနှင့်ညီသောစည်းမျဉ်းဘောင်အတွင်းကသာ အတည်ပြု နိုင်သည်။ ထို့အပြင် ပါတီများသည် ထိုကဲ့သို့ ချိုးဖောက်မှုများ ဖြစ်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ တာဝန်ခံ ဆောင်ရွက် မည့်အဖွဲ့အစည်းများ(တရားရုံးများ သို့မဟုတ် အခြားသောဖွဲ့စည်းပုံဥပဒေနှင့်အညီဖွဲ့စည်းထား သော စည်းကမ်းရေးရာအဖွဲ့များ)၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသင့်သည်။

တရားဝင်သောရွေးကောက်ပွဲများကို အစိုးရဖွဲ့ခြင်း၏အခြေခံအဖြစ် လေးစားလိုက်နာခြင်း

ဒီမိုကရေစီနည်းကျနိုင်ငံရေးပါတီများသည် ဖော်ပြခဲ့သည့်အတိုင်း တရားမျှတသောရွေးကောက်ပွဲများကို အစိုး ရ၏အခြေခံအဖြစ်သတ်မှတ်ခြင်းမှတစ်ဆင့် ပြည်သူလူ၏စိတ်ဆန္ဒကို လက်ခံရန်သဘောတူသည်။

ပြည်သူလူထု၏စိတ်ဆန္ဒကို လမ်းပေါ်စည်းမျဉ်းမှမဟုတ်ဘဲ ရွေးကောက်ပွဲများမှတစ်ဆင့် ဖော်ပြရမည်ဖြစ် ကြောင်းကို ဒီမိုကရေစီပါတီများက သဘောတူသည်။ ရွေးကောက်ပွဲကို အရှုံးဖြင့်ရင်ဆိုင်ရနိုင်သည်ကိုလည်း ပါတီများက လက်ခံသည်။ ပါတီများသည် အဆိုပါအခြေအနေများနှင့်အညီ ပြုမူကျင့်ကြံကြသည်။ အပြန်အ လှန်အားဖြင့် ဒီမိုကရေစီပါတီများတွင် ရွေးကောက်ပွဲများကို မျှမျှတတ ကျင်းပပေးမည်ဟု မျှော်လင့်ပိုင်ခွင့် တစ်ရပ်လည်းရှိသည်။ အာဏာရပါတီများသည် တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်များကို အထူးအခွင့်အရေးပေး ရန် သို့မဟုတ် အတိုက်အခံကို နှိမ်နင်းရန်အတွက် အစိုးရအရင်းအမြစ်များအား အလွန်အကျွံသုံးစွဲမရကြောင်း ကိုလည်း ပါတီများက လက်ခံသည်။ ပါတီမျးာသည် ယေဘုယျအားဖြင့် မျှတသည်ဟု ယူဆသည့်ရွေး ကောက်ပွဲများမှ ထွက်ပေါ်လာသောရလဒ်များကို လေးစားလိုက်နာပြီး လက်ခံပေးသင့်သည်။

ရွေးကောက်ပွဲဖြစ်စဉ်များကို လေးစားလိုက်နာခြင်း

 ပါတီများသည် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းဥပဒေများ၊ မဲရုံစည်းမျဉ်းဥပဒေများနှင့် မဲလက်မှတ်ဖြစ်စဉ်များအပါအ ဝင် အသုံးပြုရန်ရွေးချယ်ထားသော ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာသင့်သည်။

ဒီမိုကရေစီနိုင်ငံရေးပါတီများသည် အစိုးရ၏စည်းမျဉ်းများ၊ စံနှုန်းများနှင့်အညီ ရွေးကောက်ပွဲများကို ဝင်ပြိုင်ရ မည်၊ တရားမဝင်သောမဲဆွယ်ရေးလှုပ်ရှားမှုများဖြင့် မယှဉ်ပြိုင်ရ၊ ယှဉ်ပြိုင်ဘက်များ၏မဲဆွယ်ရေးများကို မ လျော်မကန် အပုပ်ချမလုပ်ဆောင်ရပါ။ ပါတီများသည် ရွေးကောက်ပွဲဖြစ်စဉ်အဆင့်အားလုံးတွင် ပါတီထောက် ခံသူများအား အပြည့်အ၀ပါဝင်ဆောင်ရွက်ခြင်းပြုလာရန် တိုက်တွန်းအားပေးသင့်သည်။ သို့သော် ယှဉ်ပြိုင် ဘက်ပါတီများ၏ထောက်ခံသူများကိုလည်း အလားတူပါဝင်ဆောင်ရွက်ရေးတွင် အခက်အခဲဖြစ်အောင် ဒီမိုက ရေစီပါတီများက မလုပ်ဆောင်သင့်ပါ။  ရွေးကောက်ပွဲဖြစ်စဉ်များကို လေးစားလိုက်နာခြင်းဟူသည် ဥပဒေ ကြောင်းအရ ပိတ်ပင်ထားသောအယူခံဖြစ်စဉ်များ မရှိသလောက်ကုန်ခမ်းသွားပြီဆိုသည်နှင့် အငြင်းပွားဖွယ် ရာရွေးကောက်ပွဲရလဒ်များကို လိုက်နာသင့်သည်ဟု အဓိပ္ပာယ်ရသည်။

ဒီမိုကရေစီပါတီများတွင် မျှတသောရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သည်ဟု လေ့လာသိရှိ ချက်များအား ကန့်ကွက်ဆန္ဒပြပိုင်ခွင့်တစ်ရပ်ရှိသည်။ သို့သော် မပြီးပြည့်စုံသောဒီမိုကရေစီစနစ်တစ်ရပ်ဖြစ်ဦး တော့၊ ထိုစနစ်ကို ပေါ့ပေါ့တန်တန်သဘောထားကာ ဖြုတ်ချရန် ပါတီများက မကြိုးစားသင့်ပါ။ ထို့အပြင် တစ် နည်းနည်းဖြင့် အပြစ်အနာဆာရှိသည်ဆိုဦးတော့၊ ယေဘုယျအားဖြင့် မျှတသည်ဟုယူဆထားသည့် ရွေး ကောက်ပွဲများကို အကြမ်းဖက် ပယ်ဖျက်ရန်လည်း ပါတီများက မကြိုးစားသင့်ပါ။ အဆိုပါအပြစ်အနာအဆာ များကို ကုစားမိစေရေးအပေါ် ပါတီများက အလေးထားနိုင်သည်၊ အလေးထားသင့်သည်။ သို့ရာတွင် ပါတီများ သည် ရေရှည်တွင် ဒီမိုကရေစီတည်ငြိမ်မှုကို ရှင်သန်အားကောင်းအောင်လုပ်နိုင်သည်၊ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသည်စည်းမျဉ်းများကို ပံ့ပိုးထားသည့် အခြေခံမူကို မြှင့်တင်ပေးခြင်းဖြင့် ရွေးကောက်ပွဲစ နစ်များမျှတမှုရှိအောင် ဆောင်ရွက်နိုင်သည်၊ ဤအချက်သည် စည်းမျဉ်းများကို တိုးတက်အောင်လုပ်ဆောင် နိုင်သည့်အချိန်၊ တိုးတက်အောင်လုပ်ဆောင်သင့်သည်အချိန်မျိုးတွင်ပင် မှန်ကန်သည်။

အခြားပါတီများနှင့် လွတ်လပ်စွာယှဉ်ပြိုင်မှုတို့ကို လေးစားလိုက်နာခြင်း

 ဒီမိုကရေစီပါတီအားလုံးတွင် ၎င်းတို့နှင့် ၎င်းတို့အပေါ်ထောက်ခံသူများမှ သဘောထားအမြင်များကို လွတ် လပ်စွာထုတ်ဖော်ခွင့်ရမည်ဟု မျှော်မှန်းပိုင်ခွင့်တစ်ရပ်ရှိသည်။ တစ်နည်းအားဖြင့် အာဏာရပါတီများနှင့် အစိုး ရအင်စတီကျူးရှင်းများတွင် အဆိုပါအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကို မထိခိုက်စေရန် တာဝန်၀တ္တရားတစ်ရပ်ရှိသည်။

နိုင်ငံရေးပါတီများသည် လူ့အဖွဲ့အစည်းအတွင်း အခြားပါတီများနှင့် အကျိုးစီးပွားတို့အပေါ် လေးစားလိုက် နာခြင်းအားဖြင့် ဒီမိုကရေစီနည်းကျဆုံးဖြတ်ခြင်းအပေါ် ခိုင်မာစွာယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြသသင့်ပါ သည်။ ပါတီများ၊ အထူးသဖြင့် အစိုးရအဖွဲ့တွင်းပါတီများသည် အခြားပါတီများနှင့် အုပ်စုများအပြင် တစ်ဦးပု ဂ္ဂလနိုင်ငံသားများအားလုံးတွင် ၎င်းတို့အပေါ် ငြိမ်းချမ်းစွာ စိန်ခေါ် အတိုက်အခံပြုပိုင်ခွင့်ရှိသည်ကို အသိအ မှတ်ပြုထားသင့်သည်။ ဆိုလိုသည်မှာ ပါတီမဲဆွယ်ရေးမည်မျှပင် ပြင်းထန်သည်ဖြစ်စေ ပါတီများသည် မိမိတို့ ၏အကျိုးစီးပွားများကို ကာကွယ်ပြီး မိမိတို့၏အခြေခံမူများကို မြှင့်တင်နိုင်သည့် အခြားပါတီများ၏ အခွင့်အ ရေးများအပေါ် မေးခွန်းထုတ်၍ရလိမ့်မည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။ အသိအမှတ်ပြုထားသည့်ဒီမိုကရေစီ နည်းကျလုပ်ငန်းဘောင်အတွင်းမှာပင် အခြားအတိုက်အခံများ လှုပ်ရှားလုပ်ဆောင်ခွင့်ကို ပေးရမည်။ ဆိုလို သည်မှာ ဥပဒေပြုလွှတ်တော်ထဲပါဝင်သောပါတီများသည် အခြားသောရွေးကောက်ခံကိုယ်စားလှယ်အားလုံး နှင့် ဆက်ဆံမှုရှိရလိမ့်မည်၊ အဆိုပါကိုယ်စားလှယ်များ၏လုပ်ပိုင်ခွင့်၊ ဥပဒေပြုလွှတ်တော်အမတ်နေရာထိုင်ခွင့် တို့ကိုပါ အသိအမှတ်ပြုပေးရလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် အာဏာရပါတီများသည် အခြားအသံ များကို ကြားခွင့်မရနိုင်စေသောနည်းလမ်းများ(ဥပမာ မီဒီယာဆင်ဆာပိတ်ပင်မှု ပြဋ္ဌာန်းခြင်းအားဖြင့်)ဖြင့် ဥပ ဒေပြုရေးလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် အစိုးရအရင်းအမြစ်များကို အသုံးချ၍ရလိမ့်မည်မဟုတ်ပါ။ ပါတီ များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြင်းပြင်းထန်ထန် သဘောကွဲလွဲနိုင်သည်၊ သို့သော် အနည်းဆုံးအနေဖြင့် ပါတီများ သည် ယင်းတို့၏ဒီမိုကရေစီအတိုက်အခံများကိုမူ စိတ်ရှည်သည်းခံပေးရမည်၊ အမှန်စင်စစ်တွင် ပါတီများသည် ဒီမိုကရေစီနိုင်ငံရေး၏အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်နေခြင်းကြောင့် အထက်ပါအငြင်းအခုံဖြစ်ရပ်အများစု အပေါ် လက်ခံကြိုဆိုပေးကောင်းပေးရနိုင်သည်။

အကြမ်းမဖက်ရေးမူကို စွဲစွဲမြဲမြဲယုံကြည်မှု

ဒီမိုကရေစီစနစ်များတွင် ဒီမိုကရေစီပါတီများသည် နိုင်ငံရေးအသုံးချကိရိယာတစ်ခုအဖြစ် အကြမ်းဖက်မှုကျင့် သုံးခြင်းကို ငြင်းဆန်ရမည်။

ဒီမိုကရေစီပါတီများသည် အကြမ်းဖက်ခြင်းကို မလှုံ့ဆော်သင့်၊ အကြမ်းဖက်ခြင်းအပေါ် အားမထားသင့်၊ နိုင် ငံရေးအသုံးချကိရိယာတစ်ရပ်အဖြစ် ၎င်းတို့ပိုင်တပ်မတော်ကို ထိန်းသိမ်းကိုင်စွဲမထားသင့်၊ သို့မဟုတ် အမုန်း စကားကို အသုံးမချသင့်ပါ။ ဒီမိုကရေစီပါတီများသည် ပြိုင်ဘက်ပါတီများ၏အစည်းအဝေးများကို နှောင့်ယှက် ဖျက်ဆီးရန်မကြိုးစားသင့်သလို၊ မိမိတို့နှင့်ဆန့်ကျင်ဖီလာသောအမြင်များရှိနေသည် အဆိုပါတီများ၏ လွတ် လပ်စွာဟောပြောခွင့်တို့ကိုလည်း ဟန့်တားပိတ်ပင်မှု မပြုလုပ်သင့်ပါ။ နိုင်ငံရေးတွင် အကြမ်းမဖက်ရေးမူကို စွဲ မြဲစွာယုံကြည်ထားသည့် ပါတီများတွင် အခြားပါတီများထံမှ ထိုသို့ယုံကြည်မှုမျိုးကို မျှော်လင့်ပိုင်ခွင့်ရှိသည်။  အစိုးရအာဏာပိုင်များသည် အဆိုပါအခွင့်အရေးမျိုး လေးစားလိုက်နာမှုမခံရသည့်ပါတီများရှိလျှင် ထိုပါတီများ ကို ကာကွယ်မှုပေးရလိမ့်မည်။ ထို့အပြင် အစိုးရအာဏာပိုင်များအနေဖြင့် ၎င်းတို့အပေါ်ထောက်ခံကြသူများ မှာ လွတ်လပ်စွာစည်းဝေးတိုင်ပင်မှု ရှိနိုင်ရမည်၊ အကြမ်းမဖက်နည်းလမ်းများဖြင့် ပါတီသဘောထားအမြင် များကို ဆက်သွယ်ပြောဆိုနိုင်ရမည်၊ ယင်းသဘောထားအမြင်များကို အထူးသဖြင့် နိုင်ငံတော်ပိုင်မီဒီယာမှ အ ချိုးအစားညီညီ ထုတ်လွှင့်မခံရအောင် အကျဉ်းနည်းဖြင့် ပိတ်ပင်မှုမရှိဘဲ လွတ်လပ်စွာဖော်ပြခွင့်ရမည်ဟူသော အချက်တို့ကို မျှော်လင့်ပိုင်ခွင့်ရှိသည်။

အခြေခံမူများ၊ မူဝါဒအဆိုပြုချက်များနှင့် လုပ်ငန်းပြီးမြောက်မှုများကို ဆက်သွယ်ပြောဆိုခြင်း

ပါတီများသည် ၎င်းတို့ထားရှိသောအခြေခံမူများ၊ မူဝါဒအဆိုပြုချက်များနှင့် လုပ်ငန်းပြီးမြောက်မှုများကို ပါတီ အဖွဲ့ဝင်များ၊ ပါတီထောက်ခံသူများအပြင် အခြားသောနိုင်ငံသားများနှင့်အတူ ဆက်သွယ်ပြောဆိုသင့်သည်။

တရားဝင်သောနိုင်ငံရေးပါတီများတွင် လူထုကို စည်းလုံးစေမည့် အခြေခံတန်ဖိုးများနှင့် သဘောထားမူများအ ပေါ် သဘောတူညီမှုရရှိရေး လုပ်ဆောင်ချက်တချို့ရှိနေစမြဲပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အောင်မြင်သော ပါတီများသည် လူ့အဖွဲ့အစည်းအတွက် ပိုမိုကျယ်ပြန့်သောမျှော်မှန်းရှုမြင်ချက်တစ်ရပ်ကို ပိုင်ဆိုင်ထားသည်။ ပါတီများသည် ရွေးကောက်ပွဲစင်မြင့်၊ ပါတီလမ်းစဉ်တို့ဖြင့် အဆိုပါအခြေခံမူများကို ထုတ်ဖော်ပြသနိုင်သည်။ အထက်ပါအခြေခံမူစာတမ်းများသည် ပါတီ၏သီးခြားစရိုက်လက္ခဏာတစ်ရပ်ကို ခိုင်မာအားကောင်းစေနိုင် သည်။ သို့သော် ပါတီတစ်ရပ်တွင် တရားဝင်လမ်းစဉ်တစ်ရပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပါတီအခြေခံမူ များ၊ မူဝါဒအဆိုပြုချက်များနှင့် လုပ်ငန်းပြီးမြောက်မှုများကို ဆက်သွယ်ပြောဆိုခြင်းသည် နိုင်ငံသားများအား ပါတီနှင့်ကိုယ်စားလှယ်တို့ ဝင်ပြိုင်အရွေးခံမှု၏အခြေခံဖြစ်သည့် ဉာဏ်အမြော်အမြင်ပြည့်၀သောရွေးကောက် ပွဲရွေးချယ်ချက်များကို ပြုလုပ်လာနိုင်အောင် ပံ့ပိုးကူညီပေးရန်အတွက် အခြေခံဖြစ်ပါသည်။  ဤဖြစ်စဉ်တွင် လူထုအခြေပြုမီဒီယာသည် အရေးကြီးကဏ္ဍမှပါဝင်နေသော်ငြား နိုင်ငံသားများကို ၎င်းတို့ လိုအပ်သောသ တင်းအချက်အလက်အပေါ် သိရှိခွင့်ရနိုင်စေရန်အတွက် ပါတီများတွင်လည်း တာဝန်ယူမှုရှိသည်။ ပါတီများနှင့် ခေါင်းဆောင်များသည် သတင်းထုတ်ပြန်ချက်များ၊ သီးခြားလွတ်လပ်သောမီဒီယာနှင့် တွေ့ဆုံစကားပြောဆိုမှု များ၊ ပါတီထိန်းချုပ်သောမီဒီယာ (ပါတီသတင်းစာ၊ ဝက်ဘ်ဆိုက်စာမျက်နှာများ) အပြင် လူထု သို့မဟုတ် ပါတီဝင်သာပါဝင်သောတွေ့ဆုံပွဲများမှတစ်ဆင့် ပါတီအာဘော်များကို ဆက်သွယ်ပြောဆိုနိုင်သည်။

နိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်းကို အားပေးခြင်း

ပါတီများသည် နိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ချိန်တွင် ၎င်းတို့အတွက်ရော၊ ပိုမိုကျယ်ပြန့်သောဒီမို ကရေစီလူ့အဖွဲ့အစည်းအတွက်ကိုပါ အကျိုးရှိစေပါသည်။

ဒီမိုကရေစီရွေးကောက်ပွဲများတွင် အနိုင်ရခြင်းမြင့် မိမိတို့၏သဘောထားအမြင်များကို လက်တွေ့ဖော်ဆောင် ရန်မျှော်လင့်ထားသည့် ပါတီများသည် ယေဘုယျအားဖြင့် လူထုထောက်ခံမှုရရှိအောင် စည်းရုံးရေးအတွက် ရည်ရွယ်ကြသည်။ အနိမ့်ဆုံးအဆင့်တွင် ပါတီများသည် ထောက်ခံသူများအား ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင် စေရန်ကြိုးစားကြလိမ့်မည်ဖြစ်သည်။ သို့သော် တစ်ခါတစ်ခါတွင် ပါတီများသည် အဖွဲ့ဝင်သစ်ဖြည့်တင်းခြင်း၊ လှူဒါန်းမှုများကို ရှာဖွေခြင်း၊ နိုင်ငံသားများကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်စေခြင်းအားဖြင့် ပိုမိုနက်ရှိုင်း သောယုံကြည်ချက်စွဲစွဲမြဲမြဲထားရှိရေး အားပေးတတ်ကြသည်။  ထို့အပြင် ပါတီများသည် မိမိတို့၏သဘော ထားအမြင်များအပေါ် ကန့်ကွက်ကြသူများအား နိုင်ငံရေးဖြစ်စဉ်များ၌ပါဝင်ဆောင်ရွက်ခြင်းမှ ပိတ်ပင်ထား မည့် ဖွဲ့စည်းတည်ဆောက်ပုံအရအတားအဆီးများ၊ နိုင်ငံရေးအရအတားအဆီးများ သို့မဟုတ် အခြားအတား အဆီးများကို  ချမထားသင့်ပါ။

အမျိုးသမီးများနှင့် တိုင်းရင်းသား သို့မဟုတ် အခြားလူနည်းစုဝင်များအပါအဝင် သမိုင်းစဉ်ဆက် အပယ်ခံ သို့မ ဟုတ် ကိုယ်စားပြုခွင့်မရဖြစ်နေသောသူများမှ ပါဝင်ဆောင်ရွက်ခြင်းကို ပျိုးထောင်ပေးရန်ကြိုးပမ်းချက်များ သည် လူထုထောက်ခံမှုကို ကျယ်ပြန့်စေခြင်းအားဖြင့် ပါတီများကို အကျိုးရှိစေနိုင်သည်။ တစ်ပြိုင်တည်းမှာ ပင်အဆိုပါအပယ်ခံအုပ်စုများသည် ပါတီများ ဝင်ယှဉ်ပြိုင်နေသည့် နိုင်ငံရေးစနစ်၏တရားဝင်မှုကိုပါ မြင့်မား စေနိုင်သည်။

ပါတီများသည် နိုင်ငံရေးနယ်ပယ်တွင်း သမိုင်းစဉ်ဆက် ကိုယ်စားပြုခွင့်မရဖြစ်နေသော အုပ်စုများကြား ပါ ဝင်ဆောင်ရွက်မှုရှိလာရေးကို အားတက်သရော ပျိုးထောင်ပေးခြင်းအားဖြင့် ထိုအုပ်စုများ၏အလုံးစုံထောက် ခံမှုနှင့် နိုင်ငံရေးပင်ကိုစွမ်းရည်ရှိသူများကို လက်ဆင့်ကမ်းမွေးထုတ်နိုင်ရေးကိုပါ ခိုင်မာအားကောင်းစေနိုင် သည်။ ဥပမာအားဖြင့် အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးစု သို့မဟုတ် ဘာသာရေးလူနည်းစုများ သို့မဟုတ် နယ်မြေဒေသအလိုက်အကျိုးစီးပွားများကို စည်းရုံးနိုင်ရေးအတွက် အထူးသီးခြားကြိုးပမ်းတတ်ကြသည်။ ပါ ဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရေးနည်းလမ်းများသည် ထိပ်ဆုံးမှတွန်းအားပေးခြင်း (ပါဝင်ဆောင် ရွက်ခြင်းကို ကျယ်ပြန့်စေရမည်ဟု သန္ဓိဋ္ဌာန်ချယုံကြည်ချက်)မှသည် ပါတီရေးရာအဖွဲ့အစည်း(လူငယ်ရေးရာ၊ အမျိုးသမီးရေးရာအုပ်စုများစသဖြင့်)ထူထောင်မှုအလယ်၊ ရေရာသောရလဒ်များကို ဦးစားပေးထွက်ပေါ်စေ မည့် ကိုယ်စားလှယ်ရွေးချယ်ရာတွင် သုံးသော ခွဲတမ်းစနစ် သို့မဟုတ် အခြားသောပုံသေနည်းများအဆုံး အ မျိုးမျိုးရှိနိုင်ပါသည်။ လူထုထောက်ခံမှုအခြေခံကို ကျယ်ပြန့်လာနိုင်ရေးအတွက် အထက်ပါယန္တရားများအား လုံး သို့မဟုတ် တချို့ကို ပါတီများက ရွေးချယ်အသုံးချနိုင်သည်။ သို့သော် မည်သည့်ယန္တရားကိရိယာကို ရွေး ချယ်သည်ဖြစ်စေ အဆိုပါယန္တရားများသည် ရည်ရွယ်ထားသောအုပ်စုများမှ ပါဝင်ဆောင်ရွက်ခြင်းကို ကျယ် ပြန့်စေရန် ပါတီအဆင့်အားလုံး၌ ခိုင်မာသောသန္ဓိဋ္ဌာန်ချယုံကြည်ချက်မရှိလျှင် သက်ရောက်မှုများများစားစား ရှိနိုင်ဖွယ်ရာမမြင်ပါ။ တစ်နည်းအားဖြင့် စာရွက်ပေါ်တွင်သာရှိနေသော ယုံကြည်ချက်များသည်လည်း များများ စားစား အကျိုးသက်ရောက်မှုရှိနိုင်ဖွယ်ရာမမြင်ပါ။

တာဝန်ယူမှုရှိရှိအုပ်ချုပ်ခြင်း

မိမိတစ်ဖွဲ့တည်းဖြစ်စေ၊ သို့မဟုတ် ညွန့်ပေါင်းအဖွဲ့တွင်းဖြစ်စေ အုပ်ချုပ်ရန်လုပ်ပိုင်ခွင့်အာဏာရှိထားသော ပါတီများသည် တာဝန်ယူမှုရှိရှိ အုပ်ချုပ်သင့်သည်။

ပါတီများသည် မဲဆွယ်စည်းရုံးခဲ့စဉ်ကထားရှိသော ရည်ရွယ်ချက်များထဲမှ အနည်းဆုံး တချို့လောက်ကို မဲဆန္ဒ ရှင်ပြည်သူများအတွက် လက်တွေ့ကြိုးစားဖော်ဆောင်ပေးရမည့်တာဝန်၀တ္တရားရှိသည်။  ပါတီများသည် အ ဆိုပါရည်ရွယ်ချက်များကို နိုင်ငံအတွက် တစ်မျိုးသားလုံးကောင်းစားရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေး ရေရှည် တည်ငြိမ်မှုရှိရေး အစရှိသည့် ထည့်သွင်းစဉ်းစားများနှင့် ဟန်ချက်ညီညီဖော်ဆောင်ပေးရမည့်တာဝန်၀တ္တရား ရှိသည်။ အုပ်ချုပ်ရေး သို့မဟုတ် ဥပဒေပြုရေးဆိုင်ရာအင်စတီကျူးရှင်းများအဖြစ် ပုံပေါ်လာနိုင်သည့် ပါတီ များသည် အဆိုပါအင်စတီကျူးရှင်းများ၏အကျိုးထိရောက်နိုင်စွမ်းကို ခိုင်မာအားကောင်းစေရန် လုပ်ဆောင် ရင်း ယင်းအင်စတီကျူးရှင်းများ၏ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်သင့်သည်။ ဒီမိုကရေ စီစနစ်တွင်  လူများစုဖြစ်သောပါတီသည် မိမိတို့၏ရှုထောင့်အမြင်ကို ပြောင်းလဲပစ်ရန်ကြိုးစားလာဖွယ်ရှိသည် ဟု အတိုက်အခံပါတီတို့က ရိပ်စားနားလည်ပြီး လူများစုပါတီနှင့်မတူကွဲပြားသောရှုထောင့်အမြင်များကို ချပြ တတ်သည်။ အတိုက်အခံပါတီများအတွက် အဆိုပါရှုထောင့်အမြင်များကို ချပြနိုင်မည့်အခွင့်အလမ်းများအား ယေဘုယျအားဖြင့် အထက်ပါအင်စတီကျူးရှင်းများကပေးသည်ဟူသော အချက်အား ပါတီများက လေးစား သင့်သည်။