အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - နိဒါန်းများ

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် ပါဝင်သောအစိတ်အပိုင်းများ - နိဒါန်းများ

2022-10-01

နိဒါန်းဟူသည် အခြေခံဥပဒေစာတမ်း၏အစတွင် အဆိုပါစာတမ်း၏အရေးပါပုံအကြောင်း ရှင်းပြသောတင်ပြ ချက်တစ်ရပ်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိဒါန်းတစ်ရပ်သည် တိုင်းပြည်တွင်း ပြည်သူလူထု၏နိုင်ငံ ရေးတန်ဖိုးများနှင့် ပန်းတိုင်များကို ရှင်းပြသည်။ လူထုအသိုင်းအဝိုင်းက အရေးအကြီးဆုံးဖြစ်သည်ဟု ထင်မြင် ယူဆသော တန်ဖိုးများကိုဖွဲ့စည်းပုံအခြေခံဥပဒေများက ကိုယ်စားပြုနေတတ်သည်။ ဤအခြင်းအရာကိုကြည့် ခြင်းဖြင့် မိမိတို့သည် တိုင်းပြည်၏နိုင်ငံရေးယဉ်ကျေးမှုအကြောင်း တစ်စုံတစ်ရာကို သိမြင်သွားသည်။”လွတ် လပ်မှု” နှင့် “သဘောထားကြီးသည်းခံခြင်း”ကဲ့သို့သော တန်ဖိုးများသည် လစ်ဘရယ်နိုင်ငံရေးယဉ်ကျေးမှုကို ညွှန်းဆိုပြနိုင်သလို၊ “အစဉ်အလာဓလေ့”နှင့် “တရားဥပဒေစိုးမိုးရေး”တို့ကဲ့သို့သောတန်ဖိုးများသည် ရှေးရိုးပို ဆန်သောနိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ညွှန်းဆိုလိမ့်မည်ဖြစ်သည်။

သီးခြားရွေးထုတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများမှ နိဒါန်းကောက်နုတ်ချက်များ

ရုရှားဖက်ဒရယ်ပြည်ထောင်စု

ရုရှားပြည်ထောင်စုအတွင်းရှိ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းသည် ကိုယ့်မြေကိုယ်ရေပေါ်တွင် ဘုံတူ ညီသောကံကြမ္မာတစ်ရပ်ဖြင့် စည်းလုံးညီညွတ်ခဲ့ကြ၏။ ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်များ ချန်ထားရစ်ခဲ့သည့် အတိတ်ကာလအောက်မေ့ဖွယ်ရာများကို လေးစားသော ပြည်သူများ၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှုနှင့် ပြည်နယ်များသမိုင်းဝင်ပေါင်းစည်းမှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်။

အင်ဒိုနီးရှား

အများပြည်သူ သက်သာချောင်ချိရေးကို တိုးတက်မြင့်မားစေရန်၊ ပြည်သူ့ဘ၀ ပညာတတ်ဖြစ်စေရန်နှင့် လွတ် လပ်မှု၊ ထာ၀ရငြိမ်းချမ်းရေးနှင့် လူမှုရေးတရားမျှတမှုတို့အပေါ် အခြေခံထားသည့် ကမ္ဘာ့အစီအစဉ်တစ်ရပ် ထူ ထောင်ရေး ချီတက်ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ရန်

တရုတ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးမှ ပူးပေါင်း တည်ဆောက်ခဲ့သည့် ပြည်နယ်မျိုးစုံပါဝင်သောတစ်ပြည်ထောင်နိုင်ငံဖြစ်သည်။ တန်းတူညီမျှမှု၊ စည်းလုံးမှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီခြင်းအစရှိသည့် ဆိုရှယ်လစ်ဆက်ဆံရေးများကို တိုင်းရင်းသားပြည်သူများကြား ထူထောင်ထားပြီးဖြစ်သည်။
ဂျပန်

ကျွန်ုပ်တို့ ဂျပန်ပြည်သူများသည် နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှုအသီးအပွင့်များဖြစ် ထွန်းရေးနှင့် လွတ်လပ်မှု၏ကောင်းကျိုးချမ်းသာများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်။ အစိုးရ ပယောဂမကင်းသည့် စစ်ပွဲအနိဌာရုံများကို ထပ်မံရင်ဆိုင်ရခြင်းမရှိစေရန် မိမိတို့ဂျပန်ပြည်သူများ အားထုတ် ကြိုးပမ်းမည်ဖြစ်သည်။

ဗီယက်နမ်

ဆိုရှယ်လစ်စနစ်သို့ကူးပြောင်းနေစဉ်ကာလတွင် အမျိုးသားရေးတည်ဆောက်မှုစီမံကိန်းကို လက်တွေ့ဖော် ဆောင်ရင်း ဗီယက်နမ်ပြည်သူများသည် မျိုးချစ်စိတ်ဓာတ်အစဉ်အလာကို အပြည့်အ၀ထိန်းသိမ်းစောင့်ရှောက် ရန်၊ တစ်သွေးတစ်သားတည်းအဖြစ် စည်းလုံးညီညွတ်စေရန်၊ တိုင်းပြည်ကို တည်ဆောက်ရာတွင် ကိုယ့်အား ကိုယ်ကိုးခြင်းနှင့် ကိုယ်ထူကိုယ်ထဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းအစရှိသည့်စိတ်ဓာတ်ကို ကိုင်စွဲကာ ဆောင် ရွက်ပါမည်ဟု ကတိပြုသည်။

အရှေ့တီမော

ဗိုလ်ကျစိုးမိုးခြင်း၊ ဖိနှိပ်ခြင်း၊ လူမှုရေး၊ ယဉ်ကျေးမှု သို့ ဘာသာရေးအရလွှမ်းမိုးခြယ်လှယ်ခြင်းနှင့် ခွဲခြားခြင်း ပုံစံမှန်သမျှကို တိုက်ဖျက်ရန်၊ နိုင်ငံလွတ်လပ်ရေးကို ကာကွယ်ရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားများ၏အခြေ ခံအခွင့်အရေးများကို လေးစားပြီး အာမခံပေးရန်။